ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်း မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ (၅၃) မိနစ် ၄၀ က ဟင်္သာတမြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၇.၄၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment