Pages

Saturday, June 15, 2019

ပါကစ္စတန်သမ္မတဟောင်း အဇစ် ဇာဒါရီရဲ့ ညီမဖြစ်သူကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ဇွန် ၁၄ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့ပါတယ်။ သံသယဖြစ်ဖွယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်လို့ သမ္မတဟောင်း ဇာဒါရီရဲ့ ညီမဖြစ်သူ ဖာရယ် တာပါကို အစ္စလာမ်ဘတ်မြို့မှာ ရှိတဲ့နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။ သမ္မတဟောင်း ဇာဒါရီကို ဒီသတင်းပတ် အစောပိုင်းက  ဖမ်းဆီးပြီးနောက်မှာ အခုလို အတိုက်အခံ ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဖာရယ် တာပါကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့တာပါ။


အဲဒီလို ထိန်းသိမ်းတာကို သမ္မတဟောင်းရဲ့သား ဘီလာဝယ် ဇာဒါရီ အပါအ၀င်  ပါကစ္စတန် ပြည်သူ့ပါတီ (PPP) တာဝန်ရှိသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဘီလာဝယ် ဇာဒါရီက အီမရန်ခန်း အစိုးရဟာ တရားဥပဒေစိုးမိုးအောင် မလုပ်ဆောင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သမ္မတဟောင်း ဇာဒါရီလိုပဲ ၀န်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်ဖ်နဲ့ တူဖြစ်သူဟာလည်း အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေပါတယ်။

No comments:

Post a Comment