Pages

Monday, June 10, 2019

နယ်နှင်ရေးဥပဒေကြမ်းကို ဟောင်ကောင် ပြည်သူများ ကန့်ကွက်ဆန္ဒပြ

 ဟောင်ကောင် ဒေသရှိ နိုင်ငံရေးအတိုက်အခံ များအပေါ် ပစ်မှတ်ထားခွင့်ပြုနိုင် သည်ဟု ဝေဖန်သူများက စိုးရိမ်သော ဥပဒေတစ်ရပ်ကို ဆန့်ကျင် ၍ ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ သည်။ အငြင်းပွားဖွယ် နယ်နှင်ရေး ဥပဒေသည် မသင်္ကာသူ ရာဇဝတ် မှုကျူးလွန်သူများကို ရုံးတင်စစ် ဆေးရန် တရုတ်ပြည်မကြီးသို့ ပို့ ဆောင်ရေး ခွင့်ပြုထားသည်။  ယခု ဆန္ဒပြပွဲများသည် ၂၀၁၄ က လူထောင်ပေါင်းများ စွာ လမ်းပေါ်ရောက်ရှိသော ထီး လှုပ်ရှားမှုပြီးနောက်ပိုင်း အကြီး မားဆုံးဖြစ်သည်။  အစိုးရကမူ ယင်းဥပဒေ ကြမ်းတွင် အကာအကွယ်ပေးမှု များ ပါဝင်ပြီး ဟာကွက်များသာ ဖြည့်သွားမည်ဟုပြောသည်။ သို့သော် ဥပဒေကြမ်းကို ကန့်ကွက်သူများကမူ ယင်းဥပဒေ ကြောင့် ဟောင်ကောင်ရှိ လူများ သည် တရုတ်နိုင်ငံမှ လိုအပ်ချက် များစွာရှိသော တရားရေးစနစ်နှင့် ထိတွေ့ရမည်ဖြစ်ကာ ဟောင် ကောင်၏ တရားရေး အမှီအခို ကင်းမှု ထပ်မံတိုက်စားခံရမှုဆီ ဦးတည်မည်ဟု ပြောကြားသည်။

No comments:

Post a Comment