Pages

Monday, June 10, 2019

တစ်ဦးတည်းသော ကျောင်းသူကို မိန့်ခွန်းပြောမည့် သရုပ်ဆောင် ဂျင်နီစလိတ်

မက်ဆာချူးဆက် ပြည်နယ် ကတ်တီဟန့်ခ်ကျွန်း ငယ်လေးမှ တစ်ဦးတည်းသော ကျောင်းသူသည် ဟာသနှင့် သရုပ်ဆောင် ဂျင်နီစလိတ်၏ အထူးချီးမြှောက်ခြင်းခံရမည်ဖြစ်သည်။ စလိတ်သည် ယခုလအတွင်းကတ်တီဟန့်ခ် မူလတန်းကျောင်း ၏ မူလတန်းပြီးဆုံးကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောမည်ဖြစ်သည်။ တစ်နှစ်တာလုံး လူဦးရေ ၁၂ ဦးသာရှိသော ယင်းကျွန်းပေါ်တွင် အဆိုပါ စာသင်ကျောင်းသည် အခန်းတစ်ခန်းသာရှိသည်။

 စလိတ်၏ ပရိသတ်များ သည် ဂျီဝန်လင့်ခ်ျ အမည်ရှိ ကျောင်းသူ၊ ၎င်း၏ မိသားစုနှင့် ကတ်တီဟန့်ခ်ဒေသခံများ ဖြစ် မည်ဖြစ်သည်။ စလိတ်သည် မက်ဆာချူး ဆက်ဇာတိအဖြစ် ကတ်တီဟန့်ခ် ကျွန်းနှင့် အကျွမ်းတဝင်ရှိကြောင်း မိန့်ခွန်းပြောမည့်သူ ရှာဖွေရာတွင် အကြီးအကဲဖြစ်သော ဒေသခံ မိုက်ကယ်အောစထရုက ပြော သည်။ လင့်ခ်ျ၏အစ်ကို ကာတာ က ပြီးခဲ့သည့်နှစ်က မူလတန်းပြီး ဆုံးကြောင်း အောင်လက်မှတ်ရရှိ ပြီး ယင်းအခမ်းအနားသို့ အာကာ သယာဉ်မှူး ကာဒီကိုးလ်မန်းကတက်ရောက်ကာ မိန့်ခွန်းပြော ကြားသည်။

No comments:

Post a Comment