Pages

Saturday, June 22, 2019

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူလုံးဝမရှိသည့် ကျောင်းခြောက်ကျောင်းရှိ

ဧရာဝတီတိုင်းဒေ သကြီးတွင် ၂၀၁၉ ခုနှစ်တက္ကသိုလ် ဝင်တန်းစာမေးပွဲ၌ အောင်မြင်သူ လုံးဝမရှိသည့် ကျောင်းခြောက် ကျောင်းရှိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရ သည်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် လုံးဝအောင် မြင်မှုမရှိသည့် ကျောင်းလေးကျောင်း သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်း ခြောက်ကျောင်းရှိခဲ့ရာ အဆိုပါ ကျောင်းများမှာ ဝါးခယ်မမြို့နယ် မှ အထကစပါးရို၊ လပွတ္တာမြို့နယ် မှ အထက အိုင်မ၊ မော်လမြိုင်ကျွန်း မြို့နယ်မှ အထက(ခွဲ)မြင်းကကုန်း၊ အထက(ခွဲ)ကြက်လျှာ၊ ဖျာပုံမြို့ နယ်မှ အထက(ခွဲ)မြို့ကုန်း(၁)နှင့် ဘိုကလေးမြို့နယ်မှ အထက(ခွဲ) ကသမျှင်တို့ဖြစ်သည်။



""မနှစ်က ဇနမသ ရခဲ့တဲ့ကျောင်း တွေကတော့ ဒီနှစ်အောင်ချက်တွေ တက်ပါတယ်။ ဇနမသ မရတော့ပါ ဘူး။ ဒီနှစ်ထဲမှာ ဇနမသ ရတဲ့ကျောင်း တွေကို ကြည့်မယ်ဆိုရင် အထ(ခွဲ)က လေးကျောင်းဖြစ်ပြီးတော့ အ ထကနှစ်ကျောင်းဖြစ်လာပါတယ်။ လာမယ့်အပတ်ထဲမှာ ကွင်းဆင်းမှာ ဖြစ်ပြီး လောလောဆယ်စာရင်း ဇ ယားတွေ တောင်းယူကြည့်တဲ့အခါ မှာ ကျောင်းတွေမှာ ဆရာ၊ ဆရာမ လုံလောက်မှု မရှိပါဘူး။ အထက(ခွဲ) တွေဖြစ်တာကြောင့် ဆရာ၊ ဆရာမ ပြည့်စုံအောင် မခန့်ထားပေးနိုင် ပါဘူး။

နောက်မီးဖွားခွင့်တွေယူတဲ့ အခါကျတော့ ရှိတဲ့လူနဲ့ပဲဖြစ် အောင် သင်ပေးရပါတယ်။ တချို့ ဆရာ၊ ဆရာမတွေဆိုရင် တစ် ယောက်တည်းနဲ့ နှစ်ဘာသာ၊ သုံး ဘာသာခွဲပြီး ကိုင်ရတာမျိုးတွေရှိ ပါတယ်။ နောက်ကလေးတွေအနေ နဲ့ ကြည့်မယ်ဆိုရင်လည်း နယ် ကလေးဖြစ်တဲ့အခါကျတော့ ပညာ ရေးမှာ စိတ်ပါဝင်စားမှု၊လုံ့လဝီရိ ယနဲ့ အားထုတ်မှုအနည်းငယ်အား နည်းပါတယ်။ အဲဒါတွေကြောင့် လည်းပါတယ်""ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး(ပညာ)ဒေါ်မြင့်မြင့်စမ်းက ပြောသည်။

သုညရာခိုင်နှုန်း ပပျောက်ရေး အတွက် အဆိုပါကျောင်းများသို့ ကွင်းဆင်းကာ ကျောင်းအုပ်ကြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား များနှင့်တွေ့ ဆုံညှိနှိုင်းပြီး အခက်အခဲများကို နားထောင်၍ ဖြည့်ဆည်းပေးနိုင် ပါက ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း ဖြည့်ဆည်းပေးနိုင်ခြင်းမ ရှိပါက ဌာနဆိုင်ရာအဆင့်ဆင့် သို့ တင်ပြတောင်းခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment