Pages

Saturday, June 22, 2019

ရခိုင့်ဦးဆောင်ပါတီ လာမည့်ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို အဓိကမဲဆွယ်စည်းရုံးသွားမည်ဟုဆို

အသစ်ထူထောင်ထားသော ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party- AFP)သည်လာမည့်၂၀၂၀ခုနှစ်ရွေးကောက် ပွဲကာလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို အဓိကထား မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် ကျောက်ဖြူဒေသများသည် ယခင်ရွေးကောက် ပွဲကာလများတွင် ရခိုင်အခြေစိုက်ပါတီများ ထိုးဖောက်ဝင်ရောက်မှု အားနည်းခဲ့သည့်အတွက် ယခုကဲ့သို့ဦးစားပေးမဲဆွယ်စည်းရုံးသွား မည်ဖြစ်သည်။

""အဲဒီဘက်တွေက နဂိုကတည်းက ရခိုင့်ပါတီတွေရဲ့စည်းရုံး ရေးထိုးဖောက်မှုအားနည်းခဲ့တဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာတွေကို ကျွန်တော်တို့က အဓိကထားပြီး အာရုံစိုက်ပြီးတော့လုပ်သွားဖို့ရှိပါ တယ်""ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဦးခင်နုက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်တိုက်ပွဲများဖြစ်ပွား နေ၍ ဒေသမတည်မငြိမ်ဖြစ်နေသော်လည်း ဒေသအခြေအနေနှင့် ရွေးကောက်ပွဲအနေအထားအပေါ်မူတည်ကာ မဲဆွယ်စည်းရုံးမှုများ ကို ပြုလုပ်သွားမည်ဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီသည်အကျဉ်းကျခံနေရသည့် ဒေါက်တာ အေးမောင်၏လမ်းညွှန်မှုဖြင့် တည်ထောင်ထားသည့်ပါတီတစ်ခု ဖြစ်ပြီးလက်ရှိတွင် ပါတီဗဟိုဌာနချုပ်ရုံးကို စစ်တွေမြို့ကျောင်းတက် လမ်းရပ်ကွက်တွင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment