Pages

Sunday, June 30, 2019

ဗြိတိန်နန်းတော်ကြီးထဲတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဘုရင်မကြီးထိတ်လန့်

ဗြိတိန်ရှိ ဘာ့က်ကင်ဟမ်နန်းတော် ကြီးထဲတွင် ကြွက်များ သောင်းကျန်းနေသ ဖြင့် ဘုရင်မကြီး ထိတ်လန့်နေသည်ဟု ဒေးလီးမေးလ်သတင်းက ဆိုသည်။ မီးဖို ချောင်များထဲတွင် ကြွက်များ မကြာခဏ တွေ့နေရသဖြင့် နောက်ဆုံးတွင် နန်း တော်ဝန်ထမ်းများက ပိုးမွှားထိန်းချုပ်ရေးကျွမ်းကျင်သူများကို ခေါ်ရတော့သည်။ ကျွမ်းကျင်သူများက အခြေအနေလာ ကြည့်ပြီး အဆိပ်လာချသော်လည်း မထိ ရောက်လှပေ။]ကော်ရစ်ဒါမှာ ကြွက်တွေ လှစ်ခနဲ၊ လှစ်ခနဲ ပြေးသွားတာမြင်ရ တယ်လို့ဝန်ထမ်းတွေက ပြောတယ်။
ဆေးတွေ ချလိုက်ပေမယ့် ဒါနဲ့ သိပ်မတိုး ဘူး။ ကျွန်တော်တို့လည်း ဒီထက်ပိုပြီး မလုပ်တတ်ဘူး] ဟု သတင်းရင်းမြစ်က ဆိုသည်။ လန်ဒန်တစ်လွှားရှိ အဆောက် အအုံဟောင်းကြီးများတွင် ကြွက်များ သောင်းကျန်းလေ့ရှိသည်။ ကြွက်များ သည် ပိုးမွှားသုတ်သင်ရေးအဖွဲ့များ သုံး လေ့ရှိသည့်အဆိပ်ကို သိပ်မမှုတော့ဟု ကျွမ်းကျင်သူများက ဆိုသည်။

ယခုနှစ် ဆန်းပိုင်းကလည်း နန်းတော်နှင့်တစ်မိုင် မျှသာ ဝေးသည့်နေရာရှိလူများလည်း ကြွက်ပြဿနာတက်ကြသည်။ ယင်းဒေ သတစ်ဝိုက်ရှိ အဆောက်အအုံဟောင်း များကို ပြင်ဆင်နေရသဖြင့် အမှိုက်ပွကာ ကြွက်ပိုပေါလာရသည်ဟု ဒေသခံများက ဆိုသည်။ ဘာ့က်ကင်ဟမ်နန်းတော်ရှိ ဗြိ တိသျှဘုရင်မကြီးစံသည့် အဆောက်အအုံ မှာ ၁၇၀၃ ခုနှစ်ကတည်းက ဆောက်လုပ် ထားသည့်အဆောက်အအုံဖြစ်သည်။ ယင်းတွင် ပြင်ဆင်ရေးလုပ်ငန်းများ လုပ် နေရသဖြင့် ယခုလဆန်းပိုင်းတွင် အမေရိ ကန်သမ္မတရောက်လာသည့်အခါ ယင်း တွင် တည်းခိုခွင့်မရလိုက်ပေ။

No comments:

Post a Comment