ခွေရူးပြန်ရောဂါ ကာကွယ်ရန်နှင့် လမ်းဘေးခွေးကောင်ရေ မြင့်တက်လာမှုကို လျှော့ချနိုင်ရန်အတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေး ထိုးခြင်းကို Brilliant Red အဖွဲ့မှ ဦးဆောင်ကာ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ၊ ကျီတော်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။ Brilliant Red မှာ ဆရာဝန်များ၊ တိရစ္ဆာန်ကု ဆရာဝန်များ၊ ခွေးချစ်သူများနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် လှုပ်ရှားလျက်ရှိသည့် အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့မှာ ယခုအပတ်မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေးထိုးရန် စီစဉ်ထားပြီး လာမည့်အပတ်များ၌ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက် ၁၀ ခုတွင် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment