Pages

Monday, June 10, 2019

ဒီချုပ်အစိုးရလက်ထက်နေပြည်တော်၌ ဆန္ဒပြမှု ၄၇ ကြိမ်ရှိ

အုပ်ချုပ်ရေးမြို့ တော် နေပြည်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကဲ့သို့သော ကိစ္စရပ်များအပါအ၀င် လေးနှစ်ခန့်အတွင်း ဆန္ဒထုတ်ဖော်မှု ၄၇ ကြိမ်ရှိခဲ့ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ နိုင်ငံရေးကိစ္စနှင့် တောင်သူလယ်သမားရေးရာ ကိစ္စရပ်များ အတွက် ကိုးကြိမ်စီ၊ အလုပ်သမား ကိစ္စရပ်များအတွက် သုံးကြိမ်နှင့် အထွေထွေကိစ္စရပ်များအတွက် ၂၃ ကြိမ်၊ အခြေခံဥပဒေဆိုင်ရာ သုံးကြိမ်ဖြစ်သည်။



နေပြည်တော်၌ လာရောက် ဆန္ဒထုတ်ဖော်ရာတွင် ငြိမ်းစုစီဥပဒေအရ မည်သူမျှ ကန့်သတ်ထား ခြင်းမရှိကြောင်း၊ အစိုးရအနေဖြင့် ယင်းဥပဒေအတိုင်းသာ ဆောင် ရွက်ခွင့်ပြုပေးနေကြောင်း ဦးဇော်ဌေးက ဆိုသည်။

‘‘နစ်နာတဲ့ သူတွေကတော့ တိုင်ကြားတယ်ပေါ့နော်။ သူတို့သိ သမျှတိုင်ကြားတယ်။ တာဝန်ရှိတဲ့ လူ အဆင့်ဆင့်ကို တိုင်ကြားတယ်။ တိုင်ကြားတဲ့အခါမှာ အရေးယူမှု ပေါ့နော်။ ကြန့်ကြာတာတွေ၊ နှောင့်နှေးတာတွေဆိုရင် နစ်နာမှု အရ ဆန္ဒထုတ်ဖော်တယ်။ မီဒီယာ တွေက တစ်ဆင့် ပြောသည်ဖြစ် စေ၊ ဆန္ဒထုတ်ဖော်သည်ဖြစ်စေ ဒီလိုမျိုးလုပ်ကြတဲ့ အပိုင်းပေါ့။ ဒီအပိုင်းမှာ ဥပဒေနဲ့အညီပဲ လုပ်ဖို့ လိုပါတယ်’’ ဟု ၎င်းကပြောသည်။ ဇွန်လ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောခြင်းဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၉ မေလ ၃၁ ရက်အထိ စာရင်းများကို အခြေခံသည်။

No comments:

Post a Comment