Pages

Monday, June 10, 2019

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာ၍ အရေးပေါ်အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ငါးသောင်း ကျော်ရှိလာပြီး မိုးရာသီဝင်ရောက် လာသဖြင့် အရေးပေါ်အကူအညီ များလိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအဖွဲ့အစည်း များက ပြောသည်။  ‘‘ဒါက ဒုက္ခသည်စခန်းတွေ ကို ရောက်လာတဲ့ အရေအတွက် တစ်ခုတည်းပဲ။ တခြားဆွေမျိုး အိမ်တွေနဲ့ နီးစပ်ရာ ရွာတွေမှာ သွားနေကြတဲ့သူတွေ မပါသေး ဘူး’’ဟု ဒုက္ခသည်များကို ကူညီ ပေးနေသူ ဦးသန်းထွန်းက ပြော သည်။



မင်းပြားမြို့နယ်တွင်လည်း လတ်တလောဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးနေရသည့် ဒုက္ခသည် သုံး ထောင်ကျော်ရှိနေပြီး စောင်နှင့် ခြင်ထောင်များ အရေးပေါ်လိုအပ် နေကြောင်း ကူညီရေးအဖွဲ့များက ပြောသည်။

လက်နက်ကြီးကျည်ထိမှန် ၍ သေဆုံး၊ ဒဏ်ရာရရှိမှုများဖြစ် ပွားခဲ့သည့် မင်းပြားမြို့နယ် စပါး ထားကျေးရွာဖြစ်စဉ်အပြီး အနီး တစ်ဝိုက်ကျေးရွာများမှ ရွာသူရွာ သားများ ကြောက်လန့်၍ ထွက် ပြေးလာရာမှ ဒုက္ခသည်များ တိုးလာခြင်းဖြစ်သည်။ ယခင်က မင်းပြားမြို့နယ်တွင် ပန်းမြောင်း ဒုက္ခသည်စခန်းတစ်ခုတည်းသာ ရှိရာမှ ယခုအခါ စခန်းကိုးခုထပ် တိုးလာပြီး ဒုက္ခသည်သုံးထောင် ကျော် ရှိလာသည်။ စခန်းများ၌ ဒုက္ခသည်များသည် ခြင်ထောင် မပါ၊ စောင်မပါဘဲ နေထိုင်နေရ သည်ဟု ကူညီနေသူများက ပြော သည်။

‘‘ခြင်ထောင် မထောင်ဘဲ အိပ်ကြရတယ်၊ စောင်လည်း မရှိ ကြဘူး။ မိုးရာသီဆိုတော့ အေး လာပြီ၊ ခြင်လည်း တအားကိုက် တယ်။ ကြာရင် ရောဂါဖြစ်နိုင် တယ်။ လောလောဆယ် အဲဒါ အရေးပေါ်လိုနေတယ်’’ဟု မင်း ပြားမြို့ ပရဟိတလူငယ်များကွန် ရက်အထွေထွေတာဝန်ခံ ကိုနေ မျိုးထွန်းက ပြောသည်။

အဆိုပါဒုက္ခသည်များသည် ဘုန်းကြီးကျောင်း၌ သမံတလင်း ပေါ်တွင် အခင်းမပါဘဲ အိပ်ရသ ဖြင့် ကျန်းမာရေးထိခိုက်နိုင်၍ အိပ်ရာခင်းများ လိုအပ်နေကြောင်း၎င်းကပြောသည်။ ထို့အပြင် ဆန်နှင့် စားနပ်ရိက္ခာများလည်း လိုအပ်နေသည်ဟု ကိုနေမျိုးထွန်းကဆို သည်။

လက်ရှိတွင် စားနပ်ရိက္ခာ အတွက် အလှူရှင်များကို အားကိုး နေရပြီး အလှူရှင်မရှိသည့်အချိန် တွင် အခက်အခဲရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။ စပါး ထားကျေးရွာအပါအဝင် အနီး တစ်ဝိုက်ရှိ ကျေးရွာများတွင် ပစ် ခတ်မှုများရှိနေဆဲဖြစ်ပြီး ထွက် ပြေးလာသူများ အိမ်မပြန်ရဲသေး ကြောင်း ဒုက္ခသည်များက ပြော သည်။

‘‘အိမ်ကို ပြန်ချင်တာပေါ့။ လယ်တွေ၊ နွားတွေ၊ အိမ်တွေ ဒီ အတိုင်း ထားခဲ့ရတာ။ ဒါပေမဲ့ အခြေအနေမအေးသေးဘဲ မပြန် ရဲဘူ။ ဒီလိုမျိုးထပ်ဖြစ်မှာ ကြောက်တယ်’’ဟု မင်းပြားမြို့ ကျောင်း သစ်ဒုက္ခသည်စခန်းတွင် ခိုလှုံနေ သည့် စပါးထားကျေးရွာမှ ဦးမောင်သိန်းညွန့်က ပြောသည်။

ဇွန်လ ၃ ရက်တွင် စပါးထား ဒေသခံများ ရွာဦးဘုန်းကြီး ကျောင်း၌ ခိုလှုံနေစဉ် လက်နက် ကြီးကျည်ကျရောက်လာသဖြင့် ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအ နက် ဦးမောင်သိန်းညွန့်၏ သား လည်း ပါဝင်သည်။

မင်းပြားမြို့နယ် ရွှေတမာကျေးရွာ ဒေသခံများလည်းနေအိမ် ၌မနေရဲသဖြင့် ဘုန်းကြီးကျောင်း ၌ ခိုလှုံနေရပြီး စားရေး၊ သောက် ရေး အခက်အခဲရှိကြောင်း ကူညီ နေသူများကပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး ကျေးရွာနှင့် ကျောက်တော်မြို့ နယ် ဝါးတောင်ကျေးရွာရှိ စစ်ဘေး ဒုက္ခသည်စခန်းများသည် လယ် ကွင်းပြင်တွင် တာလပတ်အမိုး အကာများဖြင့် ပြုလုပ်ထားကာ အခက်အခဲကြုံတွေ့နေသည်။

No comments:

Post a Comment