Pages

Saturday, June 15, 2019

ကမ်းရိုးတန်းနှင့် အထက်ပိုင်းဒေသများ မိုးကောင်းနိုင်၍ သဘာဝဘေး သတိပေး

 ဘင်္ဂလားပင်လယ်အော် တွင် လေထုမတည်မငြိမ်ဖြစ်နေ၍ ကမ်းရိုးတန်းဒေသများနှင့် မြန်မာ နိုင်ငံအထက်ပိုင်းဒေသများ တစ် ပတ်ခန့်ကြာ မိုးကောင်းနိုင်ပြီး သဘာဝဘေး သတိပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် မိုးဇလဌာနက သတိပေးသည်။ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေထု မတည်မငြိမ်ဖြစ်နေ၍ မုတ်သုံလေ အားကောင်းနေပြီး မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်တို့တွင် ပုံမှန်ထက် မိုး ကောင်းနိုင်သည်ဟု ဒေါက်တာ ထွန်းလွင်က သတိပေးသည်။



‘‘ဒီနေ့ (ဇွန်လ ၁၄ ရက်) ကနေ နောက်တစ်ပတ်လောက် အထိ မိုးက ကောင်းနေနိုင်တယ်။ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှု ဘေးတွေ၊ ကမ်းရိုးတန်းဒေသတွေ မှာ ပုံမှန်ထက် လေပြင်းတာတွေ သတိထားဖို့လိုတယ်’’ဟု ဒေါက် တာထွန်းလွင်က သတိပေးသည်။

   မြန်မာ့ကမ်းရိုးတန်းနှင့် ထိစပ်နေသော ဘင်္ဂလားပင်လယ် အော်နှင့် ကပ္ပလီပင်လယ်အတွင်းယခုရက်ပိုင်းအတွင်း မုတ်သုံလေအားအလွန်ကောင်းနေ၍ နေရာ ကွက် မိုးကြီးမည့်အခြေအနေကို သတိ ပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၄ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ရခိုင်ပြည် နယ်တွင် ဒေသအလိုက်နှင့် မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်နှင့် ချင်းပြည် နယ်တွင် နေရာကွက် မိုးကြီးနိုင် ကြောင်း  သတင်းထုတ်ပြန်ထား သည်။  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အတွင်း မိုးနှင့် လေ အားကောင်းနေစဉ် အာရေဗျပင်လယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်နေသည်။ VARU ဆိုင်ကလုန်းမုန်တိုင်းဟု ခေါ်သော အဆိုပါ မုန်တိုင်းသည်ဇွန်လ ၁၄ ရက် ညနေတွင် အိုမန်နိုင်ငံဘက်သို့ ရွေ့လျားနေသည် ဟု ဒေါက်တာထွန်းလွင်က ရှင်းပြ သည်။

No comments:

Post a Comment