Pages

Saturday, June 15, 2019

ရခိုင်ပြည်နယ်ကို အပြုသဘောကူညီထောက်ပံ့ရန် အာဆီယံအတွင်းရေးမှူးချုပ်တိုက်တွန်း

အာဆီယံအတွင်းရေး မှူးချုပ်  ဒါတိုလင်ကျောက်ဟွိုင် သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အတွက် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့ လာခြင်းနှင့် ပတ်သက်၍ သံတမန်အသိုင်းအ၀န်းကို  ယမန်နေ့က ရှင်းလင်းခဲ့သည်။  အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတည်ရှိရာ အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့၌ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲတွင် နေရပ်စွန့်ခွာသူများအနေဖြင့် လုံခြုံစွာ၊ စိတ်ချစွာနှင့် ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး ကူညီပေးရန် ဆောင်ရွက်မှုများထဲတွင် ပထမဆုံးအချက်သည် အထက်ပါကန ဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း (Preliminary Needs Assessment) ဖြစ်ကြောင်း မစ္စတာဒါတိုလင်က ပြောသည်။



ဆက်လက်၍ အာဆီယံအ တွင်းရေးမှူးချုပ်က ရခိုင်ပြည် နယ်တွင် ငြိမ်းချမ်း၍ ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုရှိစေရန် အာဆီယံမိတ်ဖက်များက အပြုသဘောဆောင်သည့် ကူညီထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

ကနဦးလိုအပ်ချက် ဆန်း စစ်လေ့လာခြင်းအစီရင်ခံစာတွင် ပြန်လည်လက်ခံရေးနှင့် ကြားစ ခန်းများ၏ အခြေအနေကိုတိုးချဲ့ မြှင့်တင်ရန်၊ ဘာသာရေးဆိုင်ရာ သတင်းအချက်အလက်အား ကောင်းစေရေးနှင့် အခြေခံဝန် ဆောင်မှုများ ဖန်တီးပေးခြင်းကို အထောက်အကူပြုရန်တို့ပါဝင်မည်ဟုဆိုသည်။  အာဆီယံအတွင်းရေးမှူး ချုပ်ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ၂၀၁၈ ဒီဇင်ဘာ နှင့် ၂၀၁၉  မေလတွင် မြန်မာ နိုင်ငံသို့လာရောက်ဖူးသည်။

No comments:

Post a Comment