Pages

Saturday, June 22, 2019

တီးတိန်မြို့တွင်တည်ဆောက်မည့် လေယာဉ်ကွင်းငယ်မြေနေရာကို တာဝန်ရှိသူများ သုံးရက်ကြာကွင်းဆင်းတိုင်းတာ

Image may contain: one or more people, people standing, mountain, outdoor and natureချင်းပြည်နယ် တီးတိန်မြို့တွင်တည်ဆောက်မည့် လေယာဉ်ကွင်းငယ်မြေနေရာကို မြေတိုင်းတာရေးအဖွဲ့မှ သုံးရက် ကြာ လာရောက်ကွင်းဆင်းတိုင်း တာခဲ့ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်တွင် အစိုးရသစ်လက်ထက်၌ လေယာဉ် ကွင်းငယ်များတည်ဆောက်ပေး လျက်ရှိပြီး ပဉ္စမမြောက်လေယာဉ် ကွင်း၏ လေယာဉ်ပြေးလမ်းကို ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဆိုင်း ဇံကျေးရွာအနီးတွင် ဇွန် ၁၆ ရက် မှ ၁ရက်အထိ သုံးရက်ကြာ နေ ပြည်တော် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ မြေ တိုင်းတာရေးအဖွဲ့မှ လာရောက် ကွင်းဆင်းတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။


တီးတိန်မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဂိုဂိုင်ဆွမ်က""တာဝန်ရှိသူ တွေကတော့ မြေအနေအထား ကောင်းတယ်လို့ပြောတယ်။ ဘယ်တော့ဆောက်မလဲ ဆိုတာ တော့မသိသေးဘူး။၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာတော့ ဘတ်ဂျက် မပါသေးဘူး။ ဒီကွင်းက လူ၁၉ ယောက်ဆံ့တဲ့လေယာဉ်ငယ်တွေ ပဲ ဆင်းသက်နိုင်မယ်လို့ပြောတယ်။ တကယ်အကောင်အထည်ဖော် လာမယ်ဆိုရင် အဲဒီနေရာမှာက တောင်ယာစိုက်တဲ့သူတွေကလည်း ဒေသဖွံ့ဖြိုးဖို့ တောင်ယာမြေတွေ လှူဒါန်းမယ်လို့ သဘောတူလက် မှတ်ထိုးပေးထားကြပါတယ်""ဟု ဇွန် ၂၀ ရက်က ဒီမိုကရေစီတူ ဒေးသို့ပြောသည်။

ချင်းပြည်နယ်တွင်လက်ရှိ ဖလမ်း(ဆူဘုန်)လေယာဉ်ကွင်း၊ မတူပီမြို့နယ်ရှိလိုင်လင်းပီလေ ယာဉ်ကွင်းများကို တည်ဆောက် လျက်ရှိပြီး၂၀၁၇ ခုနှစ်ကုန်ပိုင်း တွင် ထန်တလန်မြို့နယ်၊၂၀၁၈ ခုနှစ် မေလတွင် ပလက်ဝမြို့နယ်တို့၌ လေယာဉ်ကွင်းငယ်များတည် ဆောက်နိုင်ရန် လေယာဉ်ပြေးလမ်း များကို တိုင်းတာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ံHealth & Hope\CEO & Founder ဒေါက်တာ ဆာဆာ က""ချင်းပြည်နယ်ကနေ ရန်ကုန် လာဖို့အတွက် ကျွန်တော်ငယ်ငယ် တုန်းကဆိုရင် နှစ်ပတ်လောက် ကြာတယ်။ အခုလမ်းပန်းဆက်သွယ် ရေး နည်းနည်းကောင်းလာတော့ ရန်ကုန်လာဖို့ ဒေသကနေငါးရက် ကြာတယ်။ လေယာဉ်ကွင်းငယ် ပြီးလို့ လေယာဉ်ငယ်တွေသာပြေး ဆွဲနိုင်ရင် မိနစ် ၉၀ သာကြာတော့ မှာပါ။ လေကြောင်းက လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ပြဿနာ တစ်ခုတည်းကို ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။

ချင်းပြည်နယ်တစ် ခုလုံး၊ လိုင်လင်းပီမြို့၊ လိုင်လင်းပီ မြို့ရဲ့ အနီးအနားတစ်ဝိုက်မှာ ကလေးမမွေးနိုင်လို့သေတဲ့ အမျိုး သမီးတွေ တစ်ယောက်မှမရှိစေ ချင်ဘူး။ ဝမ်းပျက်ဝမ်းလျှောကြောင့် ကလေးတစ်ယောက်သေတယ်ဆို တာမျိုးမကြားချင်ဘူး။ လေယာဉ် ကွင်းငယ်လေးဟာ ပါးစပ်နဲ့ပြော လို့မရတဲ့နာကျင်မှုကို ဖြေရှင်းပေး မှာဖြစ်သလို လမ်းပန်းဆက်သွယ်ေ ရးပြဿနာကိုလည်း ဖြေရှင်း ပေးမှာဖြစ်ပါတယ်"" ဟုပြောသည်။

No comments:

Post a Comment