Pages

Saturday, June 22, 2019

ကျပ်သန်းပေါင်း ၅၀ဝ၀ ကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့်တောင်ဒဂုံ-သုဝဏ္ဏတံတား ချဉ်းကပ်လမ်း နှစ်လက်မကျော် နိမ့်ကျသွား

ကျပ်သန်းပေါင်း ၅၀ဝ၀ ကျော် အကုန်ကျခံကာ တည်ဆောက်ထားပြီး ဖွင့်လှစ် ထားသည်မှာ လေးလကျော် သာရှိ သေးသည့် တောင်ဒဂုံ-သုဝဏ္ဏ တံတား ချဉ်းကပ်လမ်း နှစ်လက်မ ကျော် နိမ့်ကျမှုဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြင်ဆင် သွားမည်ဖြစ် ကြောင်း တောင်ဒဂုံမြို့နယ် အုပ် ချုပ်ရေးမှူး ဦးလှမြင့်က အတည် ပြုပြောကြားလိုက်သည်။ ဒဒသင်္ဃန်းကျွန်းဘက်က နှစ် လက်မကျော်ကျော်လောက် နိမ့် ဆင်းသွားတယ်။ ချဉ်းကပ်လမ်းက မြေမငြိမ်လို့ဖြစ်တာ။ ချဉ်းကပ် လမ်းက မြေဖို့တဲ့အခါကြတော့ မြေသားမသေခင်မှာ အပေါ်က ကွန်ကရစ်လောင်းရင် မြေနိမ့်ကျ တာ ဖြစ်လေ့ဖြစ်ထရှိတယ်။ ကုမ္ပဏီ ကတော့ တိုင်းတာပြီးပြီ။ ပြင်ဖို့ စီစဉ်နေတယ်ဒဒဟု ゞင်းက ဒီမိုက ရေစီတူဒေးသို့ ဇွန် ၂၀ ရက်က ပြောသည်။



အဆိုပါ တံတားချဉ်းကပ် လမ်းနိမ့်ကျမှုကို တာဝန်ယူဆောက် လုပ်ခဲ့သည့် မြတ်နိုးသူကုမ္ပဏီက ဇွန် ၂၁ ရက် (ယနေ့)စတင်ကာ ပြန် လည်ပြင်ဆင်သွားမည်ဖြစ် ကြောင်း ၄င်းကပြောသည်။ဒတံတားက ဖေဖော်ဝါရီလ က ဖွင့်ထားတာ။ တံတားက သံ ကူကွန်ကရစ်။ နှစ်လမ်းသွားပဲ။ ကိုရီးယားရဲ့ နည်းစနစ်နဲ့ လုပ် ထားတာ။ စည်ပင်လမ်းတံတား ဌာနကို တင်ပြထားတယ်ဒဒဟု ゞင်း က ဆက်လက်ပြောသည်။
အဆိုပါတံတားမှာ တောင်ဒဂုံ မြို့နယ် (၂၃)ရပ်ကွက်နှင့် သင်္ဃန်း ကျွန်းမြို့နယ်၊ သုဝဏ္ဏ ကမာကြည် သို့ ဆက်သွယ်ထားကြောင်း တောင် ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့် က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ ၇ ရက် တွင် တံတားကို စတင်ဖွင့်လှစ်ခဲ့ပြီး တံတားအကျယ် ၁၁ ဒသမ ၅ မီ တာရှိပြီး တံတားအရှည်မှာ ၂၅၈ မီတာရှိကြောင်း တံတားကို ကျပ် ၅ ဒသမ ၈ ဘီလီယံ (ကျပ်သန်းပေါင်း ၅၈၀ဝ) အကုန်အကျခံကာ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ယင်းသို့ နိမ့်ကျမှုကို တောင် ဒဂုံမြို့နယ်ပြည်သူများက စတင် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဆက်လက်ဖြတ်သန်းမောင်းနှင်ပါ က အန္တရာယ်ရှိကြောင်း တောင်ဒဂုံ မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီက ပြော သည်။

No comments:

Post a Comment