Pages

Saturday, June 22, 2019

ရန်ကုန်နှင့် မန္တလေးတွင် အလှည့်ကျမီးဖြတ်စနစ် ရပ်ဆိုင်း ယနေ့ကစ၍ မီးပြတ်တော့မည်မဟုတ်ဟုဆို

ရေအားလျှပ်စစ်စက်ရုံ များ လျှပ်စစ်ဓာတ်အားပုံမှန်ထုတ်ပေးနိုင်သည့်အလားအလာရှိလာ၍ ရန်ကုန်နှင့်မန္တလေးမြို့တွင် အလှည့်ကျမီးဖြတ်သည့်စနစ် ရပ်ဆိုင်းပြီး ဇွန်လ ၂၂ ရက် ကစတင် မီးပြတ်မည်မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့ ကြီးများကို ဦးစားပေးဆောင်ရွက် ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကို ဓာတ် အားပုံမှန်ပေးနိုင်ရန် မကြာမီ ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။



‘‘တစ်နိုင်ငံလုံး ဖြန့်ဖြူးဖို့ကျ တော့ ရာသီဥတုအပေါ်မူတည် တယ်။ ယခင်နှစ်တွေက ပုံမှန်ဆို မေလတစ်လတည်း ဖြစ်တတ် တာ။ အခုက ဇွန်လကုန်အထိဖြစ်နေတယ်’’ ဟု ဦးစိုးမြင့်က ပြောသည်။ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများတွင် မဖြစ်မနေထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ်အခြေအနေ၌သာ ယာယီဓာတ်အားပိတ် သည့်လုပ်ငန်းများကြောင့် မီးပြတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ၂၀၁၉ ဧပြီလတတိယ ပတ်ကစတင်ပြီး ဓာတ်အားသုံးစွဲ မှု တိုးတက်များပြားလာခြင်း၊ ဓာတ်အားထုတ်လုပ်မှုလျော့နည်း ကျဆင်းလာခြင်းတို့ကြောင့် တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် အ လှည့်ကျလျှပ်စစ်ဓာတ်အားဖြတ် တောက်သည့်စနစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသုံးပြု ခဲ့သည်။ ထိုသို့ဓာတ်အားလျော့ခြင်းကြောင့် မေလအတွင်းမဂ္ဂါဝပ် ၆၀၀ မှ ၈၀၀ အတွင်းရှိခဲ့သည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆိုသည်။ ဇွန်လ ၂၀ ရက်တွင် ဓာတ်အားထုတ်လုပ်မှုတစ်နိုင်ငံလုံး တွင် မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းက ၁,၃၀၀ ခန့်နှင့် မန္တလေးတိုင်းက ၆၀၀ ခန့် အသုံး ပြုနေသည်ဟု ၀န်ကြီးဌာနက ကြေညာထားသည်။

No comments:

Post a Comment