Pages

Saturday, June 22, 2019

မြိုင်ကြီးငူဒေသတွင် တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့ တိုက်ပွဲဖြစ်

တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) မှ ခွဲထွက်သည့် ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) တို့အကြားယမန်နေ့က  မြိုင်ကြီးငူဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု သည်။ KKO အဖွဲ့များ မြိုင်ကြီးငူဒေသ မီဇိုင်းတောင်သို့ အခြေပြုရောက်ရှိနေကြောင်း သတင်းရ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။



‘‘KKO ခွဲထွက် စောဆန်း

အောင် အဖွဲ့နဲ့ မြင်စိုင်းတောင် ပေါ်မှာတော့ ထိတွေ့မှု ဖြစ်နေတာရှိတယ်။ အဲဒီမှာ သူတို့အဖွဲ့တွေ ရောက်နေတယ်လို့ သတင်းရလို့ ကျွန်တော်တို့က လုံခြုံရေးအရ ဆောင်ရွက်တာ ဖြစ်ပါတယ်’’ ဟုဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အခြေအနေများကို မသိရသေးကြောင်း ၎င်းကဆိုသည်။

ဒေသခံအချို့ ပြောကြား ချက်အရ တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ် ကြောင်း၊ ဇွန်လ ၂၁ ရက် ညနေအ ထိ ပစ်ခတ်သံအချို့ကြားနေရ ကြောင်း ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများစစ်ဘေးတိမ်းရှောင် နေရသည်ဟု သတင်းများထွက် ပေါ်နေသော် လည်း မြိုင်ကြီးငူဘက်သို့ ရောက် လာခြင်း မရှိသေးကြောင်း မြိုင်ကြီးငူ စစ်ရှောင်စခန်းမှ ဦးထွန်းက ပြောသည်။

‘‘မီဇိုင်းက မြိုင်ကြီးငူနဲ့ နှစ်မိုင်သုံးမိုင်လောက် ရှိတယ်။ ဒေသခံတွေတော့ ကျွန်တော်တို့ဆီ ရောက်လာတာ မရှိဘူး။ သေနတ်

သံတွေတော့ ကြားတယ် ဒီမနက်က။ အခုအချိန်ထိ အသံကြားသေးတယ် တစ်ချက်တစ်ချက်’’ ဟု ဦးထွန်းက ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် ပြောသည်။ မြိုင်ကြီးငူဒေသတွင် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့နှင့်DKBA ခွဲထွက်အဖွဲ့တို့အကြား ၂၀၁၆ က စတင်တိုက်ပွဲဖြစ်ပွားခဲ့ ရာ   ဒေသခံငါးထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် မြိုင်ကြီးငူစစ်ရှောင်စခန်း၌ စစ်ရှောင်ဦးရေ ၅,၂၇၀ ကျော်ရှိပြီး နယ်မြေမအေးချမ်း၍ မပြန်နိုင်သေးဟု စစ်ရှောင်စခန်း တာဝန်ရှိသူ ဦးထွန်းက ပြောသည်။

No comments:

Post a Comment