Pages

Saturday, June 15, 2019

GGS ကုမ္ပဏီ၏လျှပ်စစ်လုပ်ငန်းစာချုပ်ကို ဖျက်သိမ်း တနင်္သာရီတိုင်းအတွင်း လျှပ်စစ်ရရှိရေး ဖင်လန်နိုင်ငံကူညီမည်ဟုဆို

 အဂတိအမှုဖြင့် တရား စွဲခံနေရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီကြား ရှုပ်ထွေးမှုပေါ်ပေါက်ခဲ့သည့် ထားဝယ်ခရိုင် လျှပ် စစ်ထုတ်လုပ်ရေးလုပ်ငန်းစာချုပ် ကို ဖျက်သိမ်းခဲ့သည်ဟု တနင်္သာ ရီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ယမန်နေ့တွင် ပြောကြားသည်။ GGS ကုမ္ပဏီက ထားဝယ် ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးလုပ် ငန်းစာချုပ်ပါ စည်းကမ်းချက်များ ကို မလိုက်နာသဖြင့် စာချုပ်ဖျက် သိမ်းပြီး မကြာမီ တင်ဒါအသစ် ခေါ်ယူရန် စီစဉ်နေကြောင်း ဝန် ကြီးက ဆိုသည်။



သို့သော် တင်ဒါအသစ်ခေါ် ယူသည့်ကာလအတွင်း ထားဝယ် ခရိုင်မီးမပြတ်ရန် လျှပ်စစ်ထုတ် လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းကို GGS ကုမ္ပဏီအား တိုင်းအစိုးရအ ဖွဲ့က ဆက်လက် လုပ်ကိုင်ခွင့်ပြု ထားသည်။

‘‘အခု တင်ဒါကော်မတီကို ဖွဲ့စည်းနေတယ်။ ပြီးရင် သတင်း စာမှာ တင်ဒါအသစ်ခေါ်မယ်။ အရင် ဘောင်မဝင်တဲ့ ဟာတွေ ဘောင်ဝင်အောင်၊ ရသင့်ရထိုက် တာတွေလည်း ရအောင် လုပ်ပြီး သွားပြီ’’ဟု ဝန်ကြီးဦးအောင်သူရ က ရှင်းပြသည်။

လက်ရှိတွင် ဖင်လန်နိုင်ငံက တနင်္သာရီတိုင်းအတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းဆောင်ရွက်ရန် တိုင်းအ စိုးရအဖွဲ့ကို ကူညီမည်ဟု ကမ်း လှမ်းထားပြီး ဇွန်လ ၂၆ ရက်တွင် အစိုးရအဖွဲ့ရုံးသို့ လာရောက်ရှင်း လင်းရန်ရှိကြောင်း ၎င်းက ပြော သည်။ ‘‘အစိုးရက လုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတစ်ဝက်ကို ကုမ္ပဏီက အလကားပေးမယ်။ ကျန်တစ်ဝက်ကို သူတို့(ဖင်လန်) နိုင်ငံအစိုးရက ပေးမယ်လို့ ကမ်း လှမ်းထားတာရှိတယ်။ ကျွန်တော် တို့တိုင်းအစိုးရက တောင်းဆိုတာ ကို အကူအညီပေးမယ်ပေါ့’’ဟု ဦးအောင်သူရက ဆက်လက်ပြော သည်။

No comments:

Post a Comment