Pages

Monday, July 1, 2019

အရာတော်မြို့နယ်၌ နေအိမ်အတွင်း ဓားဖြင့်ဝင်ရောက်ထိုးသဖြင့် လူ(၁)ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာနေ စိုးခိုင်(၂၇)နှစ်သည် ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်တွင် နေအိမ်တွင် မရီးဖြစ်သူ ဒေါ်ယဉ်နု၊ တူမဖြစ်သူ မဝါလှိုင်၊ တူဖြစ်သူ နန်းလှိုင်တို့နှင့်အတူ တီဗွီကြည့်နေစဉ် ၎င်းတို့နှင့်အတူနေထိုင်သော ဖိုးခွား(၂၂)နှစ်မှာ လက်ဘက်ရည်ဆိုင်သို့သွားရာမှ တစ်ရွာတည်းနေ ရွှေအုပ်(၄၂)နှစ်နှင့် စကားများရန်ဖြစ်ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး တီဗွီကြည့်နေစဉ် ရွှေအုပ်မှ မကျေနပ်၍ နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာကာ ၎င်းတွင် အသင့်ပါလာသော ဓားမြှောင်ဖြင့် ဖိုးခွားအား ထိုး၍ ထွက်ပြေး သွားခဲ့သည်။  ဖိုးခွားတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ရွှေအုပ် အား အရေးယူပေးပါရန် တိုင်တန်းချက်အရ အရာတော်မြို့မရဲစခန်း(ပ)၁၃၄/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment