Pages

Monday, July 1, 2019

အရှိန်မထိန်းနိုင်သည့် လယ်ထွန်စက်မှ လမ်းဘေးကမ်းပါးရံအား ဝင်ရောက်တိုက်မိသဖြင့် လူ(၁)ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အထက်မှန်ကင်းကျေးရွာအနီး မြေသားလမ်း ကုန်းဆင်းတွင် ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က လယ်ထွန်စက်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။  မြင်သာကျေးရွာနေ နုလွင်(၄၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ စိုးနိုင်လင်း(၃၉)နှစ် လိုက်ပါလာသော လယ်ယာသုံး လယ်ထွန်စက်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးရံအား ဝင်ရောက်တိုက်မိပြီး ရှေ့ဝဲဘက်ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့သော ကြောင့် နုလွင်မှာ လယ်ထွန်စက်ပိမိ၍ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သဖြင့် ဟုမ္မလင်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment