ဇူလိုင် ၁၅ ရက်နေ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် လိင်အကြမ်းဖက်ခံရတဲ့ Victoria အမှုအတွက် ရဲတပ်ဖွဲ့က တရားစွဲတင်ထားတဲ့ အောင်ကြီးကို ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိတ်ဝင်စားစောင့်ကြည့်နေသည့် အမှုဖြစ်သည်နှင့်အညီ တရားရုံးထုတ်နေ့တွင်လည်း ဝန်းရံသူများလည်း လာရောက်ဝန်းရံနေကြတာလည်း တွေ့မြင်ရပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ဖမ်းဆီးထားတဲ့ ယာဉ်မောင်းအောင်ကြီးကို ရမန်ယူပြီး ဇူလိုင် ၂၄ ရက်ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။
No comments:
Post a Comment