Monday, December 11, 2017

City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ကုန်နောက်ဆုံးထားပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ယာဉ်အစီးရေ များလွန်းသောကြောင့် ရက်ထပ်တိုး ပေးရန်စီစဉ်နေ

City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ဒီဇင်ဘာလ၃၁ရက်နေ့နောက်ဆုံးထားကာမှတ်ပုံတင်ရန်သတ်မှတ်ထားသော်လည်းယာဉ်အစီးရေများပြားသည့်အတွက်ရက် ထပ်တိုးပေးရန်စီစဉ်လျက်ရှိကြောင်းYRTAမှသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအဌား ယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် Taxi ယာဉ်အားလုံးကို ဒီဇင်ဘာလ၃၁ရက်နောက်ဆုံးထားကာCity Taxi အဖြစ် မှတ်ပုံတင်ရန် သတ်မှတ်ထားသော်လည်း မှတ်ပုံတင်ပြုလုပ်သည့်ယာဉ်အစီးရေ များပြားလွန်းနေပြီးအချိန်မလုံလောက်သည့် အတွက် ရက်ထပ်တိုးပေးရန်ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံတင်ပြထားကြောင်း YRTA City Taxi မှတ်ပုံတင်ဌာနမှသိရသည်။

"၂၀၁၇ ခုနှစ်အတွင်း Youtube မှ ကန်ဒေါ်လာ ၁၁သန်းဝင်ငွေရရှိသော အသက် ၆ နှစ်အရွယ်ကလေးငယ်"

အသက် ၆ နှစ် အရွယ် ကလေးငယ်တစ်ဦး၏ Ryan ToysReview အစီအစဉ်ကို Youtube တွင် တင်လွှင့်လျှက်ရှိရာ ၂၀၁၇ ခုနှစ်တွင် ယင်းအစီအစဉ်မှ ၀င်ငွေ ကန်ဒေါ်လာ ၁၁ သန်းခန့်ရှိကြောင်းသိရသည်။ ယင်းဝင်ငွေမှာ အခွန်မကောက်ရသေးသော ငွေဖြစ်သော်လည်း Forbes မဂ္ဂဇင်း၏ နှစ်စဉ် ၀င်ငွေအများဆုံးရရှိသော Youtube ဆယ်လီများစာရင်းဝင်ခဲ့သည်။ ယင်းဝင်ငွေသည် တစ်လလျှင် ကန်ဒေါ်လာ ၁ သန်းနီးပါးရှိနေသည်။

ကမ္ဘာ့ အမြန်ဆုံး စူပါကွန်ပျူတာများ

ပြီးခဲ့တဲ့ ရက်က ဂျပန်နိုင်ငံ အနေနဲ့ ကမ္ဘာ့ အမြန်ဆုံး Supercomputer စနစ်ကို တပ်ဆင် အသုံးပြုသွားဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတာကြောင့် လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အသုံးပြုနေတဲ့ Supercomputer တွေထဲက ဘယ်ကွန်ပျူတာ စနစ်တွေက အမြန်ဆုံး ဖြစ်နေသလဲ ဆိုတာ သိချင်စိတ် ပေါ်လာခဲ့ ပါတယ်။ ဒါကြောင့် ရှာဖတ်မိခဲ့သလို ပြန်ပြီး ဝေမျှချင်ပါတယ်။
လက်ရှိ ကမ္ဘာ့ အမြန်ဆုံး Supercomputer စနစ်တွေကတော့ –
(၁) တရုတ်နိုင်ငံ၊ ဝူဇီမှာ ရှိတဲ့ National Supercomputing Center မှာ အသုံးပြုနေတဲ့ Sunway TaihuLight
(၂) တရုတ်နိုင်ငံ၊ ဂေါင်ဇူးမှာ ရှိတဲ့ National Supercomputing Center မှာ သုံးနေတဲ့ Tianhe-2 (MilkeyWay-21)
(၃) အမေရိကန်နိုင်ငံ၊ Oak Ridge National Laboratory မှာ ရှိတဲ့ Titan

ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ တိုက်ပွဲဖြစ် ၅ဦးသေ စိတ်ကြွဆေး ၁.၉သန်း ဖမ်းမိ

ထိုင်း- မြန်မာနယ်စပ် မယ်ဖလုံ ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လက်နက် ကိုင် များနှင့် ထိုင်းစစ်တပ်အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားရာ လက်နက်ကိုင် ၅ ဦး သေဆုံး ခဲ့ပြီး မက်သာဖက်တမင်း စိတ်ကြွဆေး ၁.၉သန်း ဖမ်းမိတယ်လို့ Bangkok Post သတင်းက ဆိုပါ တယ်။ ထိုင်း အမှတ် ၃ စစ်တိုင်းရဲ့ ပြောဆိုချက်အရ မက်သာဖက်တမင်း စိတ်ကြွဆေး အမြောက်အမြား ထိုင်း နိုင်ငံထဲ ဝင်ရောက်လာမယ်ဆိုတဲ့ ကြိုတင်သတင်းကြောင့် မြန်မာနယ်စပ် မယ်ဖလုံ ခရိုင်ထဲမှာ သောကြာနေ့က တပ်တွေ တိုးမြှင့် ချထားခဲ့တာကြောင်း၊ ဒီနေ့ မနက် ၅နာရီမှာ လက်နက်ကိုင် လူ ၂၀ခန့်ဟာ အထုတ်တွေနဲ့ ထိုင်းနယ်မြေထဲကို မီတာ ၇၀၀ခန့် ဝင်ရောက်လာရာ တိုက်ပွဲ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ တိုက်ပွဲဟာ ၁၀မိနစ်ခန့်သာကြာပြီး အဆိုပါ လက်နက်ကိုင်အုပ်စုမှ ဆုတ်ခွာသွားပြီးနောက် ထိုင်းစစ်တပ်က ဆက်လက်ရှင်းလင်းရာ အလောင်း ၅လောင်း နဲ့ အိတ် ၁၉လုံးမှာ ထည့်ထားတဲ့ မက်သာဖက်တမင်း ၁.၉သန်းကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံး မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များ

လက်ရှိ ကမ္ဘာ့ဆိုင်ကယ်ဈေးကွက်ကို လေ့လာမှုတွေနဲ့ ဆိုင်ကယ်နှစ်သက်သူတွေဆီကနေ ပြန်လည်ရရှိတဲ့ စစ်တမ်းကောက်ခံချက်တွေအရ ဘယ်ဆိုင်ကယ် အမှတ်တံဆိပ်က အကောင်းဆုံး ဖြစ်နေသလဲ ဆိုတာ ကြည့်ရအောင်ပါ။

(၁) Honda
လက်ရှိ ဂျပန်အခြေစိုက်ကုမ္ပဏီက ကမ္ဘာ့ဆိုင်ကယ်ဈေးကွက်မှာ ပြိုင်ဘက် မရှိလောက်အောင် ကိုယ်ထည် အမျိုးမျိုးသော ဆိုင်ကယ်တွေကို ထုတ်လုပ်ရောင်းချနေသလို လူကြိုက်အများဆုံးအဖြစ် ရပ်တည်နေပါတယ်။ စီးနင်းသူတွေရဲ့အကြိုက်ဆုံးအဖြစ် သတ်မှတ်ခံရမှု ရရှိထားတာပါ။ အထူးသဖြင့်တော့ အိမ်စီး ဆိုင်ကယ်တွေတင်မဟုတ်ဘဲ SportBike, Cruiserနဲ့ Touringမော်ဒယ်တွေကို ကောင်းကောင်း ထုတ်လုပ်လာနိုင်လို့ အမေရိကန်အခြေစိုက် အမှတ်တံ ဆိပ်တွေကို ကျော်တက်အောင်မြင်မှု ရသွားတာ ဖြစ်ပါတယ်။

သင့်ဘေးက အမှိုက်တစ

“လူတိုင်းလူတိုင်းက ကိုယ့်ဘေးမှာ ရှိတဲ့ အမှိုက်တစစီကို နေ့တိုင်းကောက်သွားမယ်ဆိုရင်၊ သန်း ၇ ထောင် ပြည့်တော့မယ့် ကျနော်တို့ ကမ္ဘာကြီးက အမှိုက်ကင်းစင်သွားမှာပဲ”။ အခုလို ပြောကြားခဲ့တဲ့ သူကတော့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့က Klean Foundation ကို တည်ထောင်ထားတဲ့ ပီတာစမစ်ဆိုတဲ့ ဒတ်ခ်ျလူမျိုးတဦးပဲ ဖြစ်ပါတယ်။ ပီတာစမစ်ဟာ အနုပညာရှင်၊ ဓာတ်ပုံဆရာ တဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလကတည်းက စတင်ခဲ့တဲ့ တနိုင်တပိုင် အမှိုက်ကောက်တဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် နာမည်ရလာတဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ တကိုယ်တော် အမှိုက်ကောက် တဲ့ လှုံ့ဆော်မှု စတင်ခဲ့တဲ့ အချိန်က စက်ဘီးတစီး၊ အမှိုက်ကောက်တံတခုနဲ့ အမ်စတာဒမ်မြို့ပေါ်က အမှိုက်ပလတ်စတစ် တွေ  အများကြီးထွက်တဲ့ နေရာတွေမှာ ရတတ်သမျှ အမှိုက်တွေကို စုပြီး ပြန်လည်အသုံးချဖို့ စီစဉ်ခဲ့သူပါ။

အပျော်တမ်း ရိုက်ကူးရေး အတွက် အိတ်ဆောင် Dobby 810 4K HD Cam Drone

Zerotech ရဲ့ ထုတ်လုပ်မှု တခုဖြစ်တဲ့ 4K HD ရုပ်ထွက်ထိအောင် ရိုက်ကူးပေးနိုင်မယ့် ကင်မရာပါ ထည့်သွင်း ဖန်တီးထားတဲ့ အိတ်ဆောင် Drone ဖြစ်ပါတယ်။ ဈေးကွက်မှာ ဒေါ်လာ ၃၉၀ နဲ့ ရောင်းချနေတာ ဖြစ်ပြီး သူ့ရဲ့ အရည်အသွေး၊ စွမ်းဆောင်ရည်တွေအရ သဘောကျစရာ ကောင်းတဲ့ Drone တခုပါ။ Pro သမားတွေ အတွက်တော့ အဆင်ပြေမှာ မဟုတ်ဘဲ လုပ်ငန်းသုံး ဒေါ်လာ ၁ ထောင် ဝန်းကျင်ရှိ Drone တွေလိုတော့ အရွယ်အစားလည်း မကြီးမားသလို တခြားကင်မရာ သယ်ဆောင် ရိုက်ကူးနိုင်မှုလည်း အားနည်းချက် ရှိနိုင်ပါတယ်။

ညကြီးမင်းကြီး ထပြီး ထိုင်မနေရအောင်

အိပ်မပျော်တာ၊ အိပ်ချင်စိတ်မရှိတာ၊ အိပ်ဖို့ ကြိုးစား မရတာတွေ အပြင် အိပ်တာနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတဲ့ အကြောင်းတခု ရှိပါသေးတယ်။ လူတိုင်းလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ အိပ်နေရင်း နိုးလာပြီး ပြန်အိပ်မရ တာပေါ့။ အိပ်ရေးဝတာလည်း မဟုတ်၊ နိုးရမယ့် အချိန်လည်း မဟုတ်၊ နိုးပြီး ပြန်အိပ်လို့ မရတော့တာ။ ဒါနဲ့ပတ်သက်ပြီး အမျိုးမျိုး အထွေထွေ ကြုံတာတွေ အတွက် ဖြေရှင်းလို့ ရမယ့် အချက်အလက် ကလေးတွေ ရှိနေတတ်ပါတယ်။

ဟန်လင်းက ဆားချက်ရာသီ

လေးထောင့်စပ်စပ် သွပ်ဒယ်ထဲက ရေ မြန်မြန်ခမ်းပြီး ဆားထွက်လာရေး မီးခိုးအူနေသော ထင်းကို မီးတောက်လာအောင် ခပ်ပြင်းပြင်း ယပ်ခတ်လိုက်သည်။ မီးခိုးစပ်နေသော မျက်လုံးကို မပွင့်တပွင့် ဖွင့်ရင်း ဆားဒယ်ကို တချက်မွှေလိုက်သူက ဟန်လင်းဒေသခံ အသက်  ၆၀ အရွယ် ဒေါ်မြင့်စိန် ဖြစ်သည်။ ဆားချက်နေသော မီးဖိုအနီးတွင် ဆားထည့်ရန် ပုတ်၊ ဆားငန်ရေများ ထည့်ထားသော ရာဝင်အိုးများက အစီအရီ ရှိနေသော်လည်း ဆားထွက်ရာသီ အစဖြစ်သည့်အတွက် အလွတ်သာ ရှိနေသေးသည်။ ရွာနီးချုပ်စပ်က လာဝယ်ကြသူများကြောင့် တနေ့ချက်သောဆား တနေ့တည်းတွင် ကုန်သည်။

ဆဲလ်ဖုန်းတွေနဲ့ ဗိုင်းရပ်စ်

ဆဲလ်ဖုန်းတွေ၊ စမတ်ဖုန်းတွေမှာ ဗိုင်းရပ်စ်တွေ ဒုက္ခ ပေးနိုင်သလား၊ မိုဘိုင်းလ် ပစ္စည်းတွေမှာ ဗိုင်းရပ်စ်တွေ ကာကွယ် တားဆီးပေးတဲ့ (Antivirus) ဆော့ဖ်ဝဲတွေ Install လုပ်ထား သင့်သလား ဆိုတာမေးလေ့ရှိတဲ့ မေးခွန်းတွေ ဖြစ်ပါ တယ်။ ကွန်ပျူတာတွေမှာတော့ ဗိုင်းရပ်စ်တွေ ဒုက္ခပေးတာ ခံခဲ့ရပေါင်း များနေပါပြီ။ ဆဲလ်ဖုန်းတွေ၊ စမတ်ဖုန်းတွေမှာ တော့ ဗိုင်းရပ်စ် ဒုက္ခပေးတာသိပ် မကြုံရပါဘူး။

လားရှိုးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ၍ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း တပ်မတော်၊ မန်ပန်ပြည်သူ့စစ်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ စစ်ကြောင်းများ အရှိန်မြင့်လာ၍ ဒေသခံများက တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ နမ့်ပေါင်တိုက်နယ်ဒေသ၊ နားနန်းကျေးရွာအုပ်စုအတွင်းရှိ ပလောင် ကျေးရွာများတွင် ဒီဇင်ဘာလ ဒုတိယပတ်ကစ၍ အင်အား ၁၅၀ ခန့်ရှိ TNLA တပ်များ ဝင်ရောက်လှုပ်ရှားမှု ရှိလာသလို တပ်မတော် တပ်ရင်းတခုနှင့် မန်ပန်ပြည်သူ့စစ် အဖွဲ့များလည်း ဒီဇင်ဘာ ၁၁ ရက်နေ့ကစ၍ ထိုဒေသတွင် လှုပ်ရှားလာသည်ကို တွေ့ရသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပါရှားပြည်က ခြင်္သေ့ သို့မဟုတ် အီရန်ဘောလုံးအသင်း

အီရန်လက်ရွေးစင် ဘောလုံး အသင်းဟာ အာရှမှာတော့ ခြေစွမ်းကောင်းတဲ့ အသင်းတသင်းပါ။ အခြား အာရှ အသင်းတွေထက် ကမ္ဘာ့ပြိုင်ပွဲတွေမှာ ဝင်ခွင့်ရထားတယ်၊ အီရန်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိတဲ့ အခု အသင်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာ အတွင်း အာရှမှာ အကောင်းဆုံး အသင်း အဖြစ်တောင် အမြင့်ဆုံး သတ်မှတ်ခံရဖူးတယ်၊ အခုနှစ်ထဲမှာ အမြင့်ဆုံး အဆင့် အဖြစ်လည်း သြဂုတ်လ အတွင်းကလည်း FIFA ကနေ သတ်မှတ်တဲ့ ကမ္ဘာ့အဆင့်မှာ အမြင့်ဆုံး အဆင့် ၂၇ ထိတက်လှမ်း နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဆင်ဖမ်းမယ့် ဝတ္ထုတိုများ

၁၉၈၀နဲ့ ၉၀ ကြား ဆယ်စုနှစ်တခုဟာ မြန်မာ့ဝတ္ထုတိုတခေတ်လို့ဆိုရလောက်အောင် ဖြစ်ထွန်းခဲ့တဲ့နှစ်များ ဖြစ်ပါတယ်။ ရီရယ်လစ်ဇင်း၊ မော်ဒန်အစုံ ဝတ္ထုတိုလက်ရာများကို အားကောင်းမောင်းသန် ဖတ်ရှုရတဲ့ အချိန်အခါများ ဖြစ်ပါတယ်။ ထိုအချိန်ကာလတွေက ဝတ္ထုတိုဆရာများဖြစ်ကြတဲ့ သဲအိမ်မောင်နေဝါ၊ ဝင်းစည်သူ၊ ညီပုလေး၊ သိုက်ထွန်းသက်၊ ဂျိုဇော်၊ ကျော်စွာထက်၊ ကြည်ဇော်ဝင်း၊ ကိုငြိမ်း(မန္တလေး)၊ ညိုထွန်းလူ၊ ကြူးနစ်၊ နေမျိုး၊ စိုးအောင်(မန္တလေး)၊ နိုင်ဝင်းသီ၊ ဂျူး၊ မေ မောင်၊ မဝင့် (မြစ်ငယ်)၊ ခက်မာ၊ မေငြိမ်း၊ အစရှိတဲ့ စာရေးဆရာမများရဲ့လက်ရာတွေကို အုံနဲ့ကျင်းနဲ့ ဖတ်ရှုရတဲ့ အချိန်တွေ ပဲဖြစ်ပါတယ်။

NCA ထိုးရန် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့နှင့် UNFC ထိပ်တိုက်ဆွေးနွေးလို

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဖြင့် ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သတင်း ထုတ်ပြန်လိုက်သည်။ UNFC တပ်ပေါင်းစုက ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရတို့ အကြား NCA ထိုးနိုင်ရန် ၁၇ လ အကြာ နှစ်ဘက် တရားဝင်ဆွေးညှိနှိုင်းမှု ရပ်တန့်သွားပြီးနောက် တစ်ဆို့နေသည့် အချက်ကို ခေါင်းဆောင် ၂ ဦးနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ရန် UNFC က ကြိုးပမ်းလာခြင်း ဖြစ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေ ထွက်မည်

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ဆိုင်ရာ နည်းဥပဒေ ယခု တပတ်အတွင်း အတည်ပြု ပြဋ္ဌာန်းတော့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။ြ ပည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “မသန်စွမ်း နည်းဥပဒေက အတည်ပြုပြီ။ နောက်ရက် ထဲမှာ ကြေညာတော့မယ်။ အစိုးရက တရားဝင် ထုတ်ပြန်ဖို့ပဲ လိုတော့တယ်။။ ရက်ပိုင်းလေးပဲ။ ထွက်ပြီလို့တောင် ပြောလို့ရတယ်”ဟု ဆိုသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ငံအသင်းအတွက် ပွဲထွက်ကစားလိုသည့် တိုက်စစ်မှူး ဂျရူး

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အိုလီဗီယာဂျရူးဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲထွက်ကစားလိုတာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်း တသင်းသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဂျရူးဟာ သူ့ရဲ့မိသားစု လန်ဒန်မှာ ရှိနေတာကြောင့် တခြားမြို့တခုကို ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဂျရူးဟာ အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲတပွဲမှ ပွဲထွက်ကစားခွင့်မရသေးပဲ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့မှာသာ ပွဲထွက်ကစားခွင့် ရထားပါတယ်။ ဂျရူးအနေနဲ့ မိခင် ပြင်သစ်အသင်းမှာ တိုက်စစ်မှူးအများအပြား ရှိနေခဲ့တာကြောင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ် မျက်စိကျရေးအတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းတသင်းကို ပြောင်းရွှေ့လိုနေတာပါ။ ဂျရူးဟာ မိသားစုနဲ့အတူ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် နည်းပြ မိုရက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပါတယ်။

ငဖဲမြို့နယ်တွင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဒေသမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နတ်ရေကန်ဒေသဝန်းကျင်မှာ ငဖဲမြို့နယ်အခြေစိုက် အမတ ၃၇၅ မှ တပ်မတော်သားတွေနဲ့  ရဲတပ်ဖွဲဝင်တွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဘိန်းစိုက် အပင်အမြင့် ၂ လက်မခွဲမှ အမြင့် ၁ ပေခွဲရှိ ဘိန်းပင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကို ပြောပါတယ်။

အိမ်ရှင်မန်ယူကို မန်စီးတီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အိမ်ရှင် မန်ယူအသင်းက မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ကွာဟချက် ပိုမိုကြီးမားသွားပြီ ဖြစ်ပါတယ်။ ဒီပွဲအရှုံးကြောင့် ဇယားထိပ်က မန်စီးတီးအသင်းဟာ ဒုတိယနေရာက မန်ယူအသင်းကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ မန်ယူကစားသမား လူကာကူရဲ့ ဖျက်ထုတ်မှု မသေချာမှုကို အခွင့်အရေး အရယူပြီး မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးဗားက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပဲခူးရိုးမအတွင်း တရားမဝင်​သစ်​ခွဲသားမျိုးစုံ တန် ၇၀ ဝန်းကျင်​ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်အနောက်ဘက် ပဲခူးရိုးမအတွင်း ဖြူးချောင်းဖျားနဲ့ ချောက်ကမ်းပါးတွေမှာ တရားမဝင်သစ်တန် ၇၀ ကို ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ေ တာင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သစ်တောအရာရှိတဦးက ပြောပါတယ်။ “လောလောဆယ် ပျဉ်းကတိုးခွဲသားဆိုက်စုံ တန် ၆၀ လောက်၊ ကျွန်းခွဲသားဆိုက်စုံ ၃ တန်လောက်နဲ့ အခြားသားခွဲသားဆိုက်စုံ ၇ တန်လောက် စုစုပေါင်းတန် ၇၀ လောက် ဖမ်းမိထားတယ်။ တချို့သစ်တွေက ချောက်ကမ်းပါးတွေထဲမှာဆိုတော့ အပေါ်ရောက်မှပဲ အတိအကျသိရမယ်။ အခုဟာက အကြမ်းဖျင်း သိရသလောက်ပေါ့။ အခုချိန်ထိ တရားမဝင်သစ်တွေကို ဆက်လက်ရှာဖွေဖမ်းဆီးနေတုန်းပဲ။”

အာဆင်နယ်နှင့် ဆောက်သမ်တန် တဂိုးစီသရေကျ

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ဆောက်သမ်တန်ပွဲစဉ်မှာ လူစားဝင်တိုက်စစ်မှူး ဂျရူးရဲ့ နောက်ကျချေပဂိုးကြောင့် အာဆင်နယ်တို့ သရေတမှတ် ရယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်ကတည်းက အာဆင်နယ်ကစားသမား မာတီဆက်ကာရဲ့ အမှားကနေတဆင့် ရလာတဲ့ ဘောလုံးကို ဆောက်သမ်တန် ကစားသမား ဒူဆန် တာဒစ် ဖြတ်ပို့ပေးရာမှာ တိုက်စစ်မှူး အော်စတင်က အမှားအယွင်းမရှိ သွင်းယူပြီး ဦးဆောင်နိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပေးလိုက်ရတဲ့ဂိုးကို ပြန်လည်ချေပနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အိမ်ရှင် ဆောက်သမ်တန်ကလည်း အချိတ်အဆက်မိမိနဲ့ တန်ပြန်တိုက်စစ်ကနေ ဖိအားပေး ထိုးဖောက်ကစားခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၈ မိနစ်မှာတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျရူးက ခေါင်းတိုက်သွင်းယူခဲ့လို့ အာဆင်နယ်တို့ သရေတမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်တွင် နှင်းအကြီးအကျယ်ကျ၍ လေကြောင်း၊ ရထား ခရီးစဉ်များ ဖျက်သိမ်း

ဗြိတိန်နိုင်ငံမှာ မနေ့က နှင်းတွေ အကြီးအကျယ်ကျခဲ့လို့ လေကြောင်းခရီးစဉ်တွေ၊ ရထား ခရီးစဉ်တွေနဲ့ ရပ်ဘီဘောလုံး ပြိုင်ပွဲကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။ အင်္ဂလန်နယ် အလယ်ပိုင်း တလွှားမှာ မိုးလေဝသဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားတယ်။ ခရီးသည်တွေအနေနဲ့ ကားလမ်း၊ ရထားလမ်းနဲ့ လေကြောင်းလမ်း ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံရနိုင်တယ်၊ ယာဉ်ကြောတွေ သောင်တင်နေတာနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေ ဖျက်သိမ်းတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ ဗြိတိန် မိုးလေဝသ ဌာနက ပြောပါတယ်။ေ ဝလပြည်နယ်မှာ နှင်းက ၂၈ စင်တီမီတာထိ ကျဆင်းခဲ့တာပါ။ လန်ဒန်မြို့တော် အပြင်ဘက်မှာတော့ နှင်းထု ၁၂ စင်တီမီတာထိ ကျဆင်းခဲ့ပါတယ်။ အင်္ဂလန်နယ် အလယ်ပိုင်းမှာ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး ရထားလိုင်းပေါင်း ဆယ်လိုင်းကျော် နှောင့်နှေးခဲ့ပါတယ်။

တအာင်း နှစ်​သစ်​ကူးအခမ်းအနား က​လောတွင်​ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပိန္နဲပင်ကျေးရွာမှာ ၂၇၀၉ နှစ်မြောက် တအာင်းနှစ်သစ်ကူး အခမ်းအနားကို ဒီနေ့ မနက်က ကျင်းပပါတယ်။ တအာင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်းရှိတဲ့ မိုင်းကိုင်၊ ရပ်စောက်၊ မိုင်းနောင်၊ ကျေးသီး၊ ရွာငံ၊ နမ့်ဆန်၊ခိုလမ်၊ မိုင်းစိတ်စတဲ့ တအာင်းမိသားစုဝင်တွေ အားလုံးတက်ရောက်ခဲ့ကြပါတယ်။ ဒါအပြင် မူဆယ်၊ ကျောက်မဲ၊ ရန်ကုန်၊ မန်တုံ၊ နမ့်ဆန်၊ စစ်ကိုင်း၊ လားရှိုး စတဲ့မြို့နယ်တွေမှာလည်း တအာင်းနှစ်သစ်ကူးကို ကျင်းပခဲ့ကြပါတယ်။ – နိုင်နိုင်

ကယ်လီဖိုးနီးယား တောမီးကြောင့် မြင်းကောင်ရေ ၅၀၀ ခန့် ဘေးလွတ်ရာလွှတ်ပေး

ကယ်လီဖိုးနီးယား တောမီးကြောင့် ဒီဇင်ဘာ ၇ ရက်နေ့က ဆန်ဒီယေဂိုမြို့  မွေးမြူရေးခြံအတွင်းရှိ မြင်းတွေကို ဘေးလွတ်ရာ လွှတ်ပေးခဲ့ရပါတယ်။ေ စတနာ့ဝန်ထမ်းတွေဟာ ဆန်လူးဝစ်ရေး သင်တန်းကျောင်းရှိ မွေးမြူရေးခြံတံခါးတွေ ဖွင့်ပြီး မြင်းအုပ်တအုပ်ကို ဘေးလွတ်ရာ လွှတ်ပေးခဲ့ပါတယ်။ အဲဒီသင်တန်းကျောင်းမှာ မြင်းကောင်ရေ ၅၀၀ လောက်ရှိတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။ေ ဒသခံမီဒီယာ အဆိုအရ တောမီးကြောင့် မြင်း ၃၅ ကောင် သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်တဲ့ မြင်းတွေကို ဒယ်လ်မာပွဲဈေးရှိ မြင်းဇောင်းတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆန်ဒီယေဂိုမြောက်ပိုင်း ဧက ၄,၁၀၀ အကျယ်အဝန်းရှိတဲ့ မီးလောင်ကျွမ်းမှုကို ၂၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ေ ထာပတ်သီးခြံတွေကြောင့် ထင်ရှားတဲ့ ဖောဘရွတ်ခ်မြို့ဟာ မီးလောင်ကျွမ်းခဲ့ပြီး အငြိမ်းစားရိပ်သာရှိ အိမ်တွေဟာလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးနှင့်အဲဗာတန် သရေတမှတ်စီ ခွဲယူ

ပရီးမီးယားလိဂ် မာဆေးဆိုဒ် ဒါဘီပွဲစဉ်ဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်ပွဲစဉ်မှာ သရေတမှတ်စီ ခွဲယူခဲ့ကြရပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးက အသာစီး ဖိကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် ၄၂ မိနစ်မှာ ဆာလာက နောက်ခံလူတွေကြားထဲကနေ လှလှပပ သွင်းယူပေးခဲ့တာပါ။ လီဗာပူးဟာ ပွဲစဉ်တလျှောက်လုံး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းမှုမှာပါ အသာရခဲ့ပေမယ့် ဂိုးထပ်မံ မသွင်းယူနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်မှာ လီဗာပူး နောက်ခံကစားသမား လိုဗရန်က အဲဗာတန် တိုက်စစ်မှူး ကလာဗတ်လီဝင်ကို တွန်းလှဲခဲ့တာကြောင့် ပယ်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို အဲဗာတန်တိုက်စစ်မှူး ရွန်နီက ကန်သွင်းပြီး ချေပဂိုး ရယူခဲ့တာပါ။ ပွဲပြီးချိန်ထိ အိမ်ရှင်အနေနဲ့ ဆက်တိုက် အနိုင်ရအောင် ဖိကစားပေမယ့် ဂိုးထပ်မံ မသွင်းယူနိုင်တာကြောင့် ၁ ဂိုးစီ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဗြိတိန်အဆိုတော် ကာတာဟိုတယ်ခန်းထဲ သေဆုံးနေ

အင်္ဂလန်နိုင်ငံက မသန်စွမ်းထောက်ပံ့ကြေးတွေ ရပ်တန့်ခံခဲ့ရတဲ့ ဝက်ရူးပြန်ရောဂါနဲ့ ဦးနှောက်အကြိတ်ရောဂါတွေ ရနေတဲ့ ဗြိတိန်အဆိုတော်ဟာ ကာတာနိုင်ငံ ဟိုတယ်ခန်းတခုထဲမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကာတာနိုင်ငံရဲ့ မြို့တော်ကို ရောက်ပြီး ၁ ပတ်လောက်အကြာမှာ ဒိုဟာအပြည်ပြည်ဆိုင်ရာဟိုတယ်က သူမရဲ့အခန်းထဲမှာ အသက် ၃၂ နှစ်အရွယ် ကလေးတယောက်အမေ ဒန်နီယယ်လာ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့ ကြေကွဲနေတဲ့ ချစ်သူဖြစ်သူက ဒန်နီယယ်လာ ထောက်ပံ့ကြေးတွေ ရပ်တန့်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းကို ပြောင်းလာတာနဲ့ ၂၀၁၇ အစောပိုင်းမှာ အလုပ်လုပ်တာတွေ ပြောပြပါတယ်။

မုန်တိုင်းငယ် အားပျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားဒေ့ရှ်ဘက် ရွေ့လျား

အနောက်ဘင်္ဂလားကမ်းခြေနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှာ ပြီးခဲ့တဲ့ရက်က ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ် (Depression) ဟာ  ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားခဲ့ပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက် မိုးဇလ ထုတ်ပြန်ချက်အရ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးက ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လတ်တလော ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေး၏ ဘေးထွက်ပစ္စည်း (သို့မဟုတ်) ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသ

အစမကောင်းခဲ့သော ဗွေဆော်ဦးတိုက်ပွဲ
တိုက်ပွဲပြီးဆုံး၍ နိဂုံးချုပ်သည့်အခါ ရဲဘော်နော်ဆိုင်းက တိုက်ပွဲကို ဦးစီးသည့် ရဲဘော်သန်းရွှေ (ဗိုလ်သန်းရွှေ ခေါ် ဟူကောင်း) ကို အပြစ်တင်လိုက်သည်။ “ကျုပ်တို့ အင်အားက ရန်သူ့ထက်သာတယ်။ ညတိုက်ပွဲလည်း ဖြစ်တယ်။ ဝိုင်းရံတိုက်ခိုက်တဲ့ စစ်ဗျ။ အခွင့်အရေးရှိရက်နဲ့ ခင်ဗျားတပ်သားတွေက အချိန်မီ ရောက်သင့်တဲ့နေရာမှ မရောက်ဘဲ။ သေမှာ ကြောက်တာကိုး။ ရန်သူကို ဝိုင်းရုံသာ ဝိုင်းထားပြီး အပြတ်မတိုက်ဘူး။ ဒီတော့ လွတ်ထွက်ပြေးကုန်တော့တာပေါ့။ ကျုပ် နော်ဆိုင်းတပ်က ဒီလိုမျိုး တွန့်ဆုတ် တွန့်ဆုတ်တိုက်ပွဲမျိုး ဘယ်တုန်းကမှ မတိုက်ခဲ့ဘူးဗျ။   ဗမာတပ်သားတွေ သေမှာ ကြောက်ကြတာကိုး။ ခင်ဗျားတို့လည်း ဒီအတန်းအစားထဲကပါပဲဗျာ။”

သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရန် လူ့အခွင့်အရေးကော်မရှင် ပြော

လက်ရှိအချိန်မှာ သေဒဏ်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းမရှိတဲ့ အတွက် သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေး အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လှူအခွင့်အရေးနေ့ သတင်းထုတ်ပြန်ချက်မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေး အကြံပြုချက်ကိုနိုင်ငံ တော်သမ္မတထံ တင်ပြထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဥက္ကံချောင်းကူး မီးရထားသံလမ်းပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်၊ ၁ ဦးသေ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျန်စစ်သားရပ်ကွက်မှာ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက ဥက္ကံချောင်းအားဖြတ်ထားတဲ့ မီးရထားသံလမ်းပေါ်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ဖြတ်မောင်းစဉ် ဆိုင်ကယ်တိမ်းမှောက်ပြီး တံတားအောက်ပြုတ်ကျတာကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒာဏ်ရခဲ့ပါတယ်။ ဥက္ကံနယ်မြေရဲစခန်း အမှုစစ်ဒုရဲအုပ် နေသူရိန်မင်းက “ကျနော်တို့ ဆိုင်ကယ်မှောက်တယ် သတင်းကြားလို့ သွားကြည့်တော့ ရွှေနားကွင်းကျေးကနေ မောင်းနှင်ပြီး နောက်မှာ နေဝင်းဦး လိုက်ပါလာတဲ့ ဆိုင်ကယ်က မီးရထားသံလမ်းအတိုင်း ချောင်းကိုဖြတ်ကူးပြီး သမ္မာန်ကျော်ကျေးရွာကိုအသွား ဆိုင်ကယ်မှောက်ပြီး တံတားအောက်ကိုပြုတ်ကျလို

မသန်စွမ်းများ အခွင့်အရေးချိုးဖောက်ခံရပါက အွန်လိုင်းမှတိုင်ကြားနိုင်ရန် စီစဉ်

မသန်စွမ်းသူတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိလာပါက အွန်လိုင်း ကတဆင့် တိုင်ကြားနိုင်မယ့် နည်းပညာဆိုင်ရာ ပလက်ဖောင်းတခု တည်ထောင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ iSchool-Myanmar နည်းပညာဆိုင်ရာ အွန်လိုင်းပလက်ဖောင်းကို မသန်စွမ်းသူတွေ အနေနဲ့ လူ့အခွင့်အရေး ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ ချိုးဖောက်ခံရတာတွေကို တိုင်ကြားနိုင်မှာဖြစ်ပါတယ်။ အခုလို တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအနေနဲ့ ကူညီဖြေရှင်း အကြံဉာဏ် ပေးမှုတွေ လုပ်ဆောင်ပေးမှာဖြစ်သလို ဌာနဆိုင်ရာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ပေါင်မြို့နယ် တောင်ပေါ်ခြံတစ်ခု၌ အမည်မသိအမျိုးသားအလောင်းတွေ့ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ဦးထွန်းထွန်းရဲ့ တောင်ပေါ်ခြံအတွင်းမှာ ဒီဇင်ဘာ ၁၀ ရက်က အမည်မသိအမျိုးသားတစ်ဦးရဲ့ အလောင်းတွေ့ရှိခဲ့တယ်လို့ ပေါင်ရဲစခန်းက သိရပါတယ်။ေ တာင်ပေါ်ခြံပိုင်ရှင် ဦးထွန်းထွန်းက “ကျနော်ခြံထဲမှာ ပိန္နဲသီးလာခူးရင်းတွေ့ခဲ့တာပါ။ ခြံထဲကိုမရောက်ဖြစ်တာက တစ်ပတ်လောက်ရှိပါပြီ။ ရုပ်ပျက်ဆင်းပျက်ကြီးသေနေတာတွေ့တော့ ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ ကျနော့်ခြံထဲမှာက အရင်ကတည်းက ထင်းခြောက်တွေ လိုက်ခုတ်နေတဲ့ကလေးတွေ မကြာခဏထင်းလာခုတ်နေကြပါ။ ခြံထဲမှာက ပိန္နဲ၊ ဒညင်း၊ မရမ်းပင်တွေ အများဆုံးစိုက်ထားတာပါ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကလည်း ဒီအနီးနား တဝိုက်မှာဘဲ ကြိုးဆွဲချသေတာနဲ့ သစ်ပင်ပေါ်ကပြုတ်ကျသေတာ ရှိခဲ့ဖူးပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဆွီဒင်ဘုရင် ကားလ်ဂုစတပ်ဖ်က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေနဲ့ စီးပွားရေးပညာဆိုင်ရာ နိုဘယ်လ်ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ ၂၀၁၇ ရူပဗေဒ နိုဘယ်လ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ရိန်နာဝိုက်စ်၊ ဘယ်ရီဘားနစ်ရှ်နဲ့ ကစ်ပ်သောန်တို့က ရရှိသွားပါတယ်။ ဓာတုဗေဒ နိုဘယ်လ်ဆုကိုတော့ ဆွစ်ဇာလန်၊ အမေရိကန်နဲ့ ဗြိတိသျှသိပ္ပံပညာရှင် ၃ ဦးတို့က ရရှိခဲ့ပါတယ်။

ဘာစီလိုနာကဲ့သို့ လှပသည့်ကစားကွက်ဖြင့် ကစားနိုင်ပြီဟု ဂွါဒီယိုလာ ပြော

ပရီးမီးယားလိဂ်မှာ ဘာစီလိုနာအသင်းလို လှပတဲ့ကစားကွက်နဲ့ ကစားနိုင်ခဲ့ပြီလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ နည်းပြ ဂွါဒီယိုလာအနေနဲ့ မန်ယူအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲက ခြေစွမ်းကို ကျေနပ်နေပြီး ဘာစီလိုနာအသင်းလို လှပတဲ့ကစားကွက်နဲ့ မန်ယူကို အနိုင်ယူခဲ့တယ်လို့ ဆိုပါတယ်။ လူအများစုက ဘာစီလိုနာလို ကစားပုံနဲ့ အင်္ဂလန်မှာ မကစားနိုင်ဘူးလို့ ဝေဖန်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ မိမိလိုချင်တဲ့အတိုင်း ကစားနိုင်ခဲ့တယ်လို့ ဂွါဒီယိုလာက ဆက်ပြောပါတယ်။

ရေအရင်းအမြစ်ဖွံ့ဖြိုးရေး လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာကို တိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်တယ်လို့ မြန်မာနိုင်ငံအမျိုးသားရေအရင်းအမြစ် စီမံခန့်ခွဲရေး ကော်မတီအကြံပေး ဒေါက်တာခင်မောင်လွင်ကပြောပါတယ်။ “ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စပါပဲ။ နောက်ပြီးတော့ ကျနော်တို့ ဗွီဒီယိုမှာ ပြသွားတဲ့အတိုင်း မြန်မာပြည်မှာ ရေနဲ့ပတ်သက်လို့ အားသာချက်လည်းရှိတယ်။ အားနည်းချက်လည်း ရှိတယ်။ ထိခိုက်နိုင်တဲ့ အန္တရာယ်လည်း အများကြီးရှိတယ်။ နောက်ပြီးတော့ မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေ လည်း ရှိတယ်ဆိုတော့ သူ့အနေနဲ့က မြန်မာနိုင်ငံရဲ့ ရေဖွံ့ဖြိုးရေးဘက်မှာ နိုင်ငံတကာက ဝိုင်းပြီးပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ သူတိုက်တွန်းသွားတာ ကျနော်ကြားလိုက်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာကို ပြောကြားတာနဲ့ပတ်သက်လို့ ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

ခလုတ်​တိုက်​မိရာမှခိုက်​ရန်​ဖြစ်​ပွားပြီး လူသတ်​မှုဖြစ်

တောင်ကြီးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ မြောက်ဘက်အဝင်ပေါက်မှာ မနေ့ည ၁၀ နာရီလောက်က  ပလက်ဖောင်းပေါ်မှာ ဂီတာတီးနေတဲ့ လူငယ် ၅ ဦးကို လမ်းလျှောက်လာသူ လူငယ်တစ်ဦးက ခလုတ်တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ် ပွားခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက“ပလက်ဖောင်းပေါ်ထိုင်နေတဲ့သူကို ခြေထောက်နဲ့ ခလုတ်တိုက်မိတာကို တမင်လုပ်တယ် ထင်ပြီး ရန်ဖြစ်ကြတာပါ။ နောက် လူငယ် ၁၀ ဦးလောက်က ဓားနဲ့ရောက်လာပြီး ဝိုင်းရိုက်ကြတယ်။ ခုတ်ကြတယ်ပေါ့။ အဲမှာ လင်းလင်းဆိုသူက ဓားဒဏ်ရာနဲ့အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွား”လို့ ပြောပါတယ်။

အင်းတော်တွင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူသည့် ၁၀ တန်းကျောင်းသား ၇ ဦးကိုဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရပြီး ၂၄ နာရီအတွင်း ခိုးယူခံရတဲ့ ဖုန်းတွေနဲ့ အတူ (၁၀) တန်းကျောင်းသား ၇ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ဥယျာဉ်မှူး ဘော်ဒါဆောင်သို့ သွားရောက်စစ်ဆေးစဉ် အဆောင်နေ ၁၀ တန်းကျောင်းသား ၇ ဦးထံမှ ၄င်းတို့ခိုးယူခဲ့တဲ့ ဖုန်းတွေနဲ့အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။

အာဆီယံဒေသတွင်း ရွှေ့ပြောင်းလုပ်ကိုင်ခွင့်ရမည့် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးမည်

အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ခွင့်ရမယ့် အသိအမှတ်ပြုလက်မှတ်တွေ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကနေ ထုတ်ပေးသွားဖို့ အစီအစဉ်တွေ လုပ်ဆောင်ဖို့ရှိနေပါတယ်။ေ နပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင် တွေ ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဒီကနေ့ကျင်းပရာမှာ အာဆီယံနိုင်ငံတွေက ကော်မတီဝင်တွေ ရောက်ခဲ့ကြပြီး လာမယ့် ၅ နှစ်အတွင်းမှာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

တမူးမြို့ Town Plan ဖျက်သိမ်းရေးအဆို တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးနိမ့်

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ Town Plan ဖျက်သိမ်းရေးအဆိုကို ဒီဇင်ဘာ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။ အဆိုကို တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက လွှတ်တော်ကို တင်သွင်းခဲ့ပြီး ဒီနေ့မှပြန်လည်ဆွေးနွေးခဲ့တာပါ။ “တမူးမြို့ နယ်စပ် ကုန်သွယ်ရေးဇုန်က လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်ေတာ်မှာလည်း ပြန်လည်ဖြေကြားထားတယ်။ နောက်ပြီး လက်ရှိတည်ဆဲ ဥပဒေတွေ၊ အမျိုးသားမြေအသုံးချမှု မူဝါဒတွေနဲ့လည်း မကိုက်ညီဘူး။ ဒီဟာအတွက် သိမ်းထားတဲ့ မြေဧက ၆၀ ထဲမှာ ဘုန်းကြီးကျောင်း၊ ခရစ္စယာန်ကျောင်းမြေ၊ ဟိန္ဒူ ဘုရားကျောင်းတွေအပြင် တောင်သူ ၂၅ ဦးရဲ့မြေယာတွေ၊ အိမ်တွေလည်းပါနေတယ်။

မန်ယူ-မန်စီးတီးပွဲအပြီး နှစ်ဖက်ကစားသမားများနှင့် အသင်းဝန်ထမ်းများ ပြဿနာဖြစ်

မန်စီးတီးက မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ မန်ယူနဲ့ မန်စီးတီးအသင်း ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေ ပြဿနာဖြစ်ခဲ့ကြပါတယ်။ မန်ယူနဲ့ မန်စီးတီး ကစားသမားတွေနဲ့ အသင်းဝန်ထမ်း ၂၀ လောက်ဟာ အဝတ်လဲခန်းသွားတဲ့ လျှောက်လမ်းထဲမှာ ပြဿနာဖြစ်ခဲ့ကြကာ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ ဦးခေါင်းကို ရေဘူးအခွံနဲ့ ထိမှန်ခဲ့ပြီး ကစားသမားတွေ သောက်တဲ့ နို့ရည်တွေလည်း စင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးကစားသမားတွေ အနေနဲ့ နိုင်ပွဲရတဲ့အပေါ် အလွန်အကျူး အောင်ပွဲခံတာကနေ ပြဿနာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မန်ယူအသင်းအပေါ် လေးစားမှုမရှိတဲ့အတွက် ပြဿနာဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုနဲ့ မန်စီးတီးဂိုးသမား အီဒါဆန်တို့ စကားများခဲ့ကြသလို ကစားသမားတချို့လည်း လက်သီးနဲ့ထိုးတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေက ပြောပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအရှုံးရလဒ်ကြောင့် အဆင့် ၁ က မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟသွားပါတယ်။

စီးပွားဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် ကုန်သည်အသင်းချုပ်တို့ နီးနီးကပ်ကပ် လက်တွဲလုပ်မည်

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားဖို့ အပါအ၀င် ကုန်သည်စက်မှုအသင်းချုပ်ညီလာခံကနေ ဆုံးဖြတ်ချက် ၁၇ခု ချမှတ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှာ ကျင်းပခဲ့တဲ့ ကုန်သည်စက်မှုအသင်းချုပ်ညီလာခံမှာ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပြီး  ညီလာခံကို မြန်မာနိုင်ငံအနှံ့အပြားက  ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်  ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းအားလုံးအကျိုးရှိမယ့် ဖွံ့ဖြိုးတိုးတက်မှုရှိစေမယ့် ညီနောင်အသင်းတွေ၊ အသင်းဝင်တွေ အားလုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် လုပ်ဆောင်ကြဖို့၊ ညီနောင်အသင်းတွေအနေနဲ့ တိုင်းနဲ့ပြည်နယ်အစိုးရနဲ့ ပိုပြီး နီးနီးကပ်ကပ်ချိတ်ဆက်လုပ်ဆောင်ပြီး ယုံကြည်မှု တည်ဆောက်ရေးအားပေးဖို့ စတဲ့အချက်တွေလည်း သဘောတူဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။

ဖြူးမြို့၌ လမ်းဘေးကျူးကျော်ဆိုင်ခန်းများ ဖယ်ရှား၊ ဆိုင်ခန်းရှင်အချို့ အခက်ကြုံ

ပဲခူးတိုင်း ဖြူးမြို့မှာ လမ်းနယ်နမိတ်နဲ့ စည်ပင်နယ်နမိတ်အတွင်းရှိ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းနဲ့ အဆောက်အဦအချို့ကို မြို့နယ်စည်ပင်နဲ့ အခြားဌာနဆိုင်ရာတွေက ရှင်းလင်းခဲ့တဲ့အတွက် ပျံကျဈေးသည်တွေနဲ့ ရပ်ကွက်နေပြည်သူအချို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိုင်ခန်းဖျက်သိမ်းပေးရသူ ဈေးသည်တဦးက “ကျမဒီနေရာမှာ ဈေးရောင်းလာတာနှစ် ၂၀ ကျော်ပြီ။ အထိုင်လည်း ကျနေပြီ။ အခုမှ နေ့ချင်းညချင်းဖျက်မယ်၊ မဖျက်ရင် တရားစွဲခံရမယ့်ပုံစံမျိုး ဖြစ်လာတယ်။ အမှန်ဖြစ်သင့်တာက ကျမတို့လို နယ်မြို့လေးတွေကိုထားဦး မြို့ကြီးတွေကို အရင်လုပ်ပြ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်

တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် နီပေါတပ်မ တော် ကြည်းတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရေး ရှင်း သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက် တွင် စတင်ထွက်ခွာသွားသည်။ ယင်းခရီးစဉ်သည် မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်အဖြစ် နီပေါနိုင်ငံသို့သွား ရောက်သည့် ပထမဆုံးခရီးစဉ်ဖြစ်ပြီး နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ်များ လေ့လာကာ အထင် ကရနေရာများ ကြည့်ရှုလေ့လာ မည်ဟု သတင်းထုတ်ပြန်သည်။

မာလ်တီမီဒီယာ အကယ်ဒမီ သတင်းစာပညာသင်တန်းအတွက် စတင်လျှောက်ထားနိုင်

ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီမီဒီယာတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်မယ့် မာလ်တီမီဒီယာ အကယ်ဒမီ သတင်းစာပညာသင်တန်းအတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ သင်တန်းကာလ- သင်တန်းကာလ ၃ လ ကြာမြင့်မှာပါ။ ချင်းမိုင်တက္ကသိုလ်မှာ ရက်သတ္တပတ် ၂ ပတ် ဦးစွာသွားရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ ရက်သတ္တပတ် ၈ ပတ်ကို ရန်ကုန်မှာ ဆက်လက်သင်ယူရမှာ ဖြစ်ပါတယ်။

ယခုနှစ် ၁၁ လကျော်အတွင်း သက်ငယ်မုဒိမ်းမှု ခုနစ်ရာကျော်ဖြစ်ပွား ယခင်နှစ် တစ်နှစ်လုံးထက် အမှု ၈၀ ကျော်တိုးလာ

၂၀၁၇ နိုဝင်ဘာအထိ တစ်နိုင်ငံလုံးတွင် သက်ငယ်မုဒိမ်း မှု ခုနစ်ရာကျော် ဖြစ်ပွားကြောင်း ဒီဇင်ဘာ ၉ ရက်၌ နိုင်ငံပိုင်ရုပ်သံ က ကြေညာခဲ့သည်။ အဆိုပါစာရင်းကို လူမှုဝန် ထမ်းဦးစီးဌာနက ထုတ်ပြန်ပြီး ယမန်နှစ် တစ်နှစ်လုံး၏ သက် ငယ်မုဒိမ်း ဖြစ်ပွားမှုထက် ၈၂ မှု ပိုများခဲ့သည်။ြ မန်မာနိုင်တစ်နိုင်ငံလုံးတွင် ၂၀၁၆ က သက်ငယ်မုဒိမ်း ၆၇၁ မှု ဖြစ်ပွားပြီး ၂၀၁၇ ဒီဇင်ဘာ ၉ ရက်အထိ ၇၅၃ မှု ဖြစ်ပွားကြောင်း ကြေညာသဖြင့် ယမန်နှစ်ကထက် ၈၂ မှုတိုးကြောင်း တွေ့ရသည်။

“အာရှ- ပစိဖိတ် ရေညီလာခံဖွင့်ပွဲ”

အာရှ-ပစိဖိတ်ဒေသတွင်းဆိုင်ရာ တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံဖွင့်ပွဲအခမ်းအနား ကို ယနေ့ ( ဒီဇင်ဘာ ၁၁ ရက် ) နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အစိုးရ အဖွဲ့ဝင်များတက်ရောက်ကြသည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

၂၀၁၇ အတွက် အကောင်းဆုံးအလုပ်ရှင်ဆု ဘယ်သူရသလဲ

၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်ရှင်ဆု (Myanmar Employer Awards) ပေးအပ်ပွဲကို ဒီဇင်ဘာ ၉ ရက်ညက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ လူကြိုက်အများဆုံးဆုကို (International choice award) အူရီဒူး ၊ ပြည်တွင်း (Local people choice Award) ဆုကို MPT ၊ အကောင်းထဲက အကောင်းဆုကို (International Overall best of the best) ဆုကို Unilever ကုမ္ပဏီက ရရှိခဲ့ပါတယ်။

"လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ် စာနယ်ဇင်းမိတ်ဆက်ပွဲ"

စာရေးဆရာ ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဇာတ်လမ်းကို စင်တင်ပြဇာတ်အဖြစ် တင်ဆက်မည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်က နိုဗိုတယ်ဟိုတယ်၌ပြုလုပ်ခဲ့သည်။အဆိုပါ  စင်တင်ပြဇာတ်တွင် ကျော်သူ ၊ လူမင်း ၊ သူထူးစံ ၊ ကျော်ကျော်ဗို ၊ ကျော်ကျော် ၊ခိုင်သင်းကြည် ၊ ဝတ်မှုံရွှေရည်၊ ဆုမြတ်နိုးဦး ၊ သင်ဇာမြင့်မိုရ်တို့နှင့် အခြားအနုပညာရှင်များပါဝင်တင်ဆက်ပေးမည်ဖြစ်သည်။
မန္တလေး အင်တာတိန်းမန့် မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ဇာတ်ညွှန်းကို စာရေးဆရာ ချစ်ဦးညို၏ သား လင်္ကာညိုက ရေးသားကာ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ဇာနည်ကဆောင်ရွက်မည်ဖြစ်သည်။ ယင်းစင်တင်ပြဇာတ်ကို မန္တလေးမြို့၌ ဇန်နဝါရီ ၃၀ နှင့် ၃၁ ရက်တွင် ကပြသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်းပြုလုပ်သွားရန် အစီအစဉ်ရှိသည်။

တရားမဝင် ချက်အရက်ရောင်းဝယ်မှု ဆန္ဒပြခဲ့သည့် အိန္ဒိယအမျိုးသမီး ရိုက်နှက်ခံရ

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ တရားမဝင်ချက်အရက် ကုန်သွယ်ရောင်းချမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦး ရိုက်နှက်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြထားပါတယ်။ တရားမဝင် ချက်အရက်ဆိုင်တွေကို ညဘက်ဝင်စစ်ချိန် အမျိုးသမီးနဲ့ သူမရဲ့အဖော်တွေက အရက်ဆိုင်တွေကို လိုက်လံပြသကူညီခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အခင်းဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးများအတွက် ဒေလီကော်မရှင်အဖွဲ့မှာ လုပ်အားပေးလုပ်သူ အမျိုးသမီးက သူမအပေါ် ရိုက်နှက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

မိတ္ထီလာတွင် ဟိုတယ်အခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့မ (၄) ရပ်ကွက် ဟန်းနီးဟိုတယ်မှာ စိတ်ကြွဆေးပြားတွေနဲ့အတူ အမျိုးသား ၃ ဦးကို ဒီဇင်ဘာ ၉ ရက်က ဖမ်းမိတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။ ရဲတပ်ဖွဲ့က ဟန်းနီးဟိုတယ်အခန်းအမှတ် (၃၀၃) ကို ဝင်ရောက်ရှာဖွေရာ အခန်းအတွင်းမှာ သက်ထွေးမောင်(ခ)ဖိုးသား၊ သော်ဇင်အောင်(ခ)ငဘွင်းနဲ့ ဝင်းမင်းသန်း(ခ)ကြယ်နီတို့ ၃ ဦးကို 88/1 စာတန်းပါ စိတ်ကြွဆေးပြားအပြား ၂၀၀ နဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာပါ။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဒေးဒရဲ မြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉ဝ၃ ဦးအား အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆော်ဒီဦးဆောင်သော ညွန့် ပေါင်းတပ်ဖွဲ့ ၏ လေကြောင်းတိုက်ခိုက်မှုတွင် ဟူတီသူပုန်၂ဝ ဦးသေဆုံး

ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း Hajjah ပြည်နယ်၌ ဆော်ဒီအာရေးဗီးယားဦးဆောင်သော ညွန့် ပေါင်းတပ်ဖွဲ့ ၏ ဒီဇင်ဘာ ၁ဝ ရက်က ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုအတွင်း ဟူတီသူပုန်အနည်းဆုံး ၂ဝ ဦးသေဆုံးခဲ့ရကြောင်း ဟူတီလုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “ တိုက်ခိုက်ရေးသမား ၂ဝ နီးပါး သေဆုံးသွားတယ်။ ပစ်မှတ်ထိသွားတဲ့နေရာက အခြား တပ်ဖွဲ့ ဝင်အများအပြားလည်း ဒဏ်ရာရသွားတယ်” ဟု အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက ဆိုသည်။

သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတစ်လျှောက် အိမ်ခြံမြေဈေး သုံးနှစ်အတွင်း အဆမတန်မြင့်တက်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတစ်လျှောက် အိမ်ခြံမြေ ဈေးနှုန်းများမှာ သုံးနှစ်တာ ကာလအတွင်း မြေတစ်ဧကခန့် တစ်ကွက်လျှင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီ ဖြစ်လာကြောင်း သိရသည်။ သံတွဲမြို့နှင့် ၂၇ မိုင်ခန့်အကွာ ကျောက်ကလပ်ကျေးရွာ အုပ်စုအတွင်း ကျောက်ကလပ်၊ မောင်ရွှေလေး၊ ကွင်းဝိုင်း၊ ရေဖြူအိုင်၊ ပိုက်ကောက်၊ သဗြုချိုင် စသည့်ကျေးရွာများမှာ သာယာလှပသော ပင်လယ်ကမ်းခြေတွင် တည်ရှိနေပြီး အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်ဇုန်တည်ဆောက်ရန် အိမ်ခြံမြေကွက်များအား လုပ်ငန်းရှင်များ အနေဖြင့် အိမ်ခြံမြေပွဲစားများနှင့် အပြိုင်အဆိုင် ၀ယ်ယူရာမှ မြေတစ်ဧကခန့် တစ်ကွက်လျှင် ကျပ်သိန်းသောင်းချီ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဂျေရုဆလင်၌ ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ဒီဇင်ဘာ ၁ဝ ရက်တွင် ပါလက်စတိုင်းလူမျိုးတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။ တိုက်ခိုက်သူမှာ အနောက်ဘက်ကမ်းဒေသတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ပါလက်စတိုင်းလူမျိုးတစ်ဦးဖြစ်ကြောင်း၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ ပြင် ၄င်းတိုက်ခိုက်မှုကို “ အကြမ်းဖက်မှု” အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုးညှင်းခရိုင်တွင်း မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေး ဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မြသီတာရပ် ပြည်ထောင်စုလမ်းမကြီးဘေး ဒီဇင်ဘာကဖေးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ေ ဆွးနွေးပွဲကို မိုးညှင်း၊ အင်းတော်ကြီး၊ ကြာကြီးကွင်း၊ ငါးမိုင်၊ ဆယ်မိုင်ရွာသစ် စတဲ့ ကျေးရွာတွေက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲစီစဉ်သူ ဦးရွှေနီက “ဒီပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသခံတွေရဲ့ဆန္ဒအရ ဒီဒေသမှာ မူးယစ်ဆေးဝါး ပပျောက်စေဖို့ တခုတည်းပါပဲ။ ရဲစခန်းကတော့ ဖိတ်ထားပေမယ့် လာမတက်ဘူး”လို့ ပြောပါတယ်။

တောင်ဝင်ရိုးစွန်းဒေသ၌ တရုတ်နိုင်ငံ၏ ၅ ခုမြောက် သုတေသနစခန်းဖွင့်ရန် ပြင်ဆင်နေ

တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း တောင်ဝင်ရိုးစွန်းဒေသ (Antarctic)တွင် ၄င်းတို့ ၏ ၅ ခုမြောက် သုတေသနစခန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာ ၉ ရက် ၊ ၁ဝ ရက် များတွင် တောင်ဝင်ရိုးစွန်းဒေသ Ross ပင်လယ်၏ Terra Nova ပင်လယ်ကွေ့ Inexpressible ကျွန်းပေါ်ရှိ အလေးချိန် ၂၅ဝ တန် ရှိသော သုတေသနဆိုင်ရာ ပစ္စည်းများကို စခန်းသစ် ဖွင့်မည့် နေရာသို့ ပို့ ဆောင်နေကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ တောင်ဝင်ရိုးစွန်းဒေသ သုတေသန လုပ်ငန်းအတွက် တည်ဆောက်ထားသော မဟာတံတိုင်းကြီး( Great Wall ) နှင့် Zhongshan စခန်း နှစ်ခုမှာ မတူခြားနားသော လားရာများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တစ်ခုမှာ အတ္တလန်တိတ်သမုဒ္ဒရာ နှင့် အခြားတစ်ခုမှာ အိန္ဒိယသမုဒ္ဒရာ ဘက်ဆီသို့ အသီးသီး ဦးတည်၍ သုတေသန လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သိရသည်။
Xinhua

ဒါဘီပွဲအပြီး ဥမင်အတွင်း မန်ယူနှင့် မန်စီးတီး အချင်းများ ခိုက်ရန်ဖြစ်ပွား မော်ရင်ဟို ရေဘူးထိမှန်၊ မန်စီးတီးလက်ထောက်နည်းပြ ခေါင်းကွဲ

မန်ယူ၏ အိမ်ကွင်းအိုးလ်ထရက်ဖို့ ဒ်တွင် ကစားခဲ့သည့် မန်ချက်စတာဒါဘီပွဲအပြီးတွင် မန်ယူနှင့် မန်စီးတီးတို့ အကြား လူ ၂၀ ကျော်ပါဝင်သည့် နည်းပြ၊ နည်းပြအဖွဲ့ ဝင်များနှင့်ကစားသမားများပါဝင်သည့်အုပ်စုလိုက်အချင်းများခိုက်ရန် ဖြစ်ပွားခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟို၏ ခေါင်းကို ရေဘူးထိမှန်ခဲ့သလိုမန်စီးတီးလက်ထောက်နည်းပြအာတီတာ ခေါင်းကွဲခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု တစ်နေ့တခြား များပြားလာ၊ ၂၀၁၇၊ ဧပြီလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာနှင့်လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်မှု ၄၅၈၄၇၂ ဦးရှိ

ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု တစ်နေ့တခြား များပြားလာလျက် ရှိကြောင်းနှင့် ၂၀၁၇၊ ဧပြီလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာနှင့် လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်မှု ၄၅၈၄၇၂ ဦးရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက် အရ သိရသည်။ြ မန်မာနိုင်ငံ၏ အေးချမ်းသာယာမှု၊ သဘာဝတောတောင်၊ ရေ၊ မြေ၊ ရာသီ ဥတုသာယာမှု၊ သဘာဝရှုခင်းများ ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အဆောက်အအုံ၊ ဘုရားပုထိုးစေတီများ၊ လူမျိုးစုများ၏ မတူညီသော ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပေါကြွယ်ဝမှု၊ သာယာ လှပသော ကမ်းခြေများ၊ ကျွန်းစုများ၊ သဘာဝ ရေချိုအိုင်ကြီးများနှင့် သဘာဝဘေးမဲ့ တောများနှင့် တောတိရ္ဆာန်များ စသည့် လေ့လာချင်စရာများ ပေါကြွယ်ဝ မှုများကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ တစ်နေ့တခြား ဝင်ရောက်မှု များပြားလာ ခဲ့ကြောင်း သိရသည်။

အမျိုးသမီးဓာတ်ပုံသမားအား ကန်ကျောက်ခဲ့မိသည့်အတွက် ဂျော့ရှ်ဟိုမီတောင်းပန်

အမေရိကန်ရော့ခ်ဂီတအဖွဲ့ Queens of the Stone Age ၏ ရှေ့ထွက်အဆိုတော်ဖြစ်သူ ဂျော့ရှ်ဟိုမီက လော့စ်အိန်ဂျယ်လိစ်၌ကျင်းပခဲ့သော ဖျော်ဖြေပွဲတစ်ခု၌ အမျိုးသမီးဓာတ်ပုံသမားတစ်ဦးကို ကန်ကျောက်ခဲ့မိ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တောင်းပန်စကားပြောကြားခဲ့သည်။ ချဲလ်ဆီးလော်ရန်အမည်ရှိ အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သောစနေနေ့ညက ဖျော်ဖြေပွဲစတိတ်စင်ဘေး၌ ဓာတ်ပုံ ရိုက်နေစဉ်တွင် ဂျော့ရှ်ဟိုမီက သူမအား ကန်ကျောက်မိခဲ့ပုံအား မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်တစ်ခုကို လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည်။

အစ္စရေးနှင့် ဆက်ဆံရေးအဆုံးသတ်ပါက ဆော်ဒီနှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွားရန် အသင့်ရှိကြောင်း အီရန်သမ္မတပြောကြား

အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ က ဆော်ဒီအာရေဗီးယားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါက အီရန်နိုင်ငံသည် ဆော်ဒီ နှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားလိုက်သည်။ ရိုဟာနီ က ဆော်ဒီသည် အစ္စရေးအား ဦးညွှတ်နေခြင်းကိုရပ်တန့်ပြီး ၎င်းကိုယ်၎င်း မှီခိုမှု ပြုလုပ်ပါက အီရန် နှင့် ဆော်ဒီအကြားဆက်ဆံရေးတွင် ပြဿနာရှိမည်မဟုတ်ကြောင်း ပါလီမန်အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။

ဂျေရုဆလင်သည် အစ္စရေးမြို့တော်ဆိုသည့် အရှိတရားကို ပါလက်စတိုင်း လက်ခံရမည်ဟု နေတန်ညာဟု သတိပေး

ဂျေရုဆလင်သည် အစ္စရေး၏ မြို့တော်ဖြစ်သည်ဆိုသော အရှိတရားကို ပါလက်စတိုင်း အနေဖြင့် မဖြစ်မနေ လက်ခံရလိမ့်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက သတိပေးလိုက်သည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ဆယ်စုနှစ်များစွာ ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည့် ဂျေရုဆလင်မြို့ကို အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန် အစိုးရက အသိအမှတ် ပြုလိုက်သည့်နောက် ဒေသတွင်းတွင် ပြဿနာများစွာ ပေါ်ပေါက်လာခဲ့သည်။ အာရပ်နိုင်ငံ အများအပြားက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် အစ္စရေး အစိုးရကို ဆန့်ကျင် ဆန္ဒပြကြသလို ပါလက်စတိုင်း နယ်မြေများတွင်လည်း အုံကြွမှုများ ဖြစ်ပေါ်လာသည်။

ဒီဇင်ဘာ ၉ ရက်ထိ ရွှေ့ပြောင်းလုပ်သားဦးရေ တစ်ဆယ့်ငါးသိန်းကျော် ပြန်လည်ဝင်ရောက်လာ

ဒီဇင်ဘာလ ၉ ရက်နေ့ထိ မြန်မာရွှေ့ပြောင်း လုပ်သားဦးရေ တစ်ဆယ့် ငါးသိန်းကျော် ပြန်လည် ၀င်ရောက်လာခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် လျက်ရှိပြီး ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်း၌ မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေး တံတားမှ ၃၂၆ ဦး (ကျား ၂၅၅၊ မ ၇၁)တို့ ပြန်လည် ၀င်ရောက် လာခဲ့သည်။

အိန္ဒိယတွင် စစ်သားတစ်ဦးက လုပ်ဖော်ကိုင်ဖက် လေးဦးကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

အိန္ဒိယတွင် စစ်သားတစ်ဦးက လုပ်ဖော်ကိုင်ဖက် တပ်ဖွဲ့ဝင် လေးဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ ဗဟိုရဲတပ်ဖွဲ့နှင့် ဆက်စပ်ထားသည့် အရန်တပ်ဖွဲ့ဝင် တစ်ဦးသည် အိန္ဒိယ အလယ်ပိုင်းရှိ စစ်စခန်း တစ်ခုတွင် ယခုလို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ ၎င်း၏ ပစ်ခတ်မှုကြောင့် လေးဦးသေပြီး အခြားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက ရှာတစ္စဂါးပြည်နယ်၊ ဘီဂျာပွာ ဒေသရှိ ဘာဆူဂူဒါ စစ်စခန်းတွင် ဖြစ်ပွားသော ပစ်ခတ်မှုမှ တရားခံကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အသက် ၃၅ နှစ် အရွယ်ရှိ ဆာနက်သ် ကူးမားသည် AK-47 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်ဖြင့် ယခုလို တိုက်ခိုက်မှု ကျူးလွန်ခဲ့ခြင်းဟု သိရသည်။

“စီးပွားရေးလုပ်မယ်ဆိုရင် လျှပ်စစ်မရှိလို့ မရဘူး”လို့ ပြောတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်

ရန်ကုန်မှ ၂၈၃ ကီလိုမီတာဝေးသော ကရင်ပြည်နယ်သည် လူမျိုးစု ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်အကြား ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများကြောင့် ပျက်ဆီးယိုယွင်းနေသည်။ ၂၀၁၂ ခုနှစ်တွင် ထိုဒေသအတွင်း ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုပြည်နယ်တွင် လူဦးရေ ၁.၅ သန်းကျော်နေထိုင်ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအပေါ် မှီခိုနေရသည်။၂၀၁၀ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်သွားပြီးနောက်ပိုင်း လူ ၈၈၀ ခန့်သာ အလုပ်ပေးနိုင်သော ပြည်ပကု မ္ပဏီ ၂ ခုသာ ထိုပြည်နယ်တွင် လုပ်ငန်းများ စတင်လုပ်ကိုင်ကြသည်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုသည် ကမ္ဘာ့လုံခြုံရေး ပြဿနာကြီး ဖြစ်လာပြီဟု ကုလသမဂ္ဂဆို

ကိုရီးယားကျွန်းဆွယ် တင်းမာမှုသည် လက်ရှိ ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှု အကြီးဆုံး ပြဿနာဟု မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အရာရှိက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ နိုင်ငံတကာ မူဝါဒရေးရာဌာန အကြီးအကဲ ယက်ဖရေး ဖဲ့လ်တ်မန်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းသို့ သွားရောက်ကာ မြောက်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ဖဲ့လ်တ်မန်းသည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ မြှင့်တင်ရေးနှင့် ဆက်စပ်၍ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းအပေါ် အလေးထား ဆွေးနွေးခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့်မူ လူချင်း မတွေ့ဖြစ်ခဲ့ဟု ဆိုသည်။

၂၀၂၀ မှာ ဘယ်သူ့ကို ရွေးကြမလဲ အပိုင်း (၁)

သမ္မတကြီးဦးထင်ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသပြီး ကိုယ်အလေးချိန် ၁၅ ပေါင်ကျသွာတာက အစ၊ သမ္မတကြီးဦးထင်ကျော်ဟာ ရုပ်သေးရုပ်သမ္မတလိုဖြစ်နေသလားဆိုတဲ့ မေးခွန်းအလယ်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD အစိုးရလက်ထက်တွင် ပြောင်းလဲချိန်တန်ပြီဆိုသော်လည်း ထင်သလောက် ပြောင်းလဲလာခြင်းမရှိသည့် ပြဿနာ၊ အနိမ့်ဆုံးလုပ်ခ အခကြေးငွေကို တနေ့ ၅၆၀၀ ကျပ်တွင်ထားရှိရန် အလုပ်သမားများမှ ဆန္ဒပြတောင်းဆိုကြသော ပြဿနာ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ မြင့်တက်နေသည့် ပြဿနာ၊ စီးပွားရေးတိုးတက်မှု ထိုင်းမှိုင်းလေးလံသည့် ပြဿနာ၊ စီးပွားရေးမကောင်း သော်လည်း အခွန်အကောက်တိုးမြှင့်ကောက်ခံလာသည့် ပြဿနာ၊ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည်ဆိုသော ပြဿနာ၊

မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၉၅၀၀၀ သိမ်းဆည်းရမိ

မောင်တောမြို့နယ်မြောက်ပိုင်း ငခူရရွာမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက လူမနေတဲ့ အိမ်တလုံးထဲမှာ WY နဲ့ R စာတမ်းပါ စိတ်ကြွဆေးပြား ၉၅၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။ “အဓိကကတော့ တဖက်နိုင်ငံက မသင်္ကာစရာ လူတွေဝင်လာတာရှိ မရှိ အဖွဲ့နဲ့ လိုက်စစ်ဆေးတာပါ။ အိမ်တွေကို စစ်ရင်းနဲ့ အလယ်ရွာက ဆွေယော့ဟူဆိန်း ရဲ့အိမ်မှာ တွေ့တာပါ။ ဆေးပြား ၉၅၀၀၀ ပါ” လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

၂၀၂၀ မှာ ဘယ်သူ့ကို ရွေးကြမလဲ အပိုင်း (၂)

NLD ကို မဲမပေးတော့ရင် ၂၀၂၀ ၌ ဘယ်သူတွေကို မဲပေးကြမလဲဆိုတာလည်း စဉ်းစားစရာကောင်းသော အချက်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘယ်ပါတီတွေ ဘယ်လောက်နိုင်ခဲ့သလဲဆိုတာ ပြန်ပြောချင် သည်။ မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးရွေးကောက်ပွဲ၌ လွှတ်တော်သုံးရပ်၏ အမတ်နေရာ ၁,၁၅၀ အတွက် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦးသည် ပြည်သူ့လွှတ်တော် ၃၂၃ နေရာအတွက် ၁,၇၃၃ ဦး၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာအတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် တိုင်းရင်းသားလူမျိုးစု နေရာ ၆၅၉ နေရာအတွက် ၃,၄၁၉ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ဂျေရုစလင်အရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပြုလုပ်နေဆဲဖြစ်

ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်မှုအတွက် မွတ်စလင် နေရပ်နိုင်ငံတွေမှာ အသီးသီး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီး မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မှာလည်း အစ္စတန် ဘူလ်ရှိ တူကရီနိုင်ငံသား ထောင်ပေါင်းများစွာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဆန္ဒပြသူတွေဟာ အမေရိကန်အလံတွေနဲ့ သမ္မဒေါ်နယ်ထရမ့်ရဲ့ ပုံတွေ မီးရှို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့က အဲ့ဒီကြေညာချက် ထွက်ပေါ်ပြီးနောက် ဆန္ဒပြမှု ၄ ရက် မြောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘားအံမြို့တွင်တပ်မတော်နှင့်နိုင်ငံဝန်ထမ်းကောင်းများငြိမ်းချမ်းရေး တည်ဆောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ထောက်ခံပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည်၁၂နာရီ အချိန်ကတပ်မတော်နှင့်နိုင်ငံဝန်ထမ်းကောင်းများငြိမ်းချမ်းရေးတည်ေ ဆာက်ခဲ့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားထောက်ခံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ အခမ်းအနားအား(၁၂၃၅)အချိန်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းအား သီဆိုခြင်း၊ တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအားဂုဏ်ပြုသည့်အနေဖြင့်(၁)မိနစ် ငြိမ်သက်ခြင်း၊ ကရင်ပြည်နယ်၊ မဘသ(ဥက္ကဌ) ဇွဲကပင်ဆရာတော် ဦးက၀ိဓဇမှ ပေးပို့သည့် သ၀ဏ်လွှာအား ဇွဲကပင်လုံမ္ဗိနီဥယျာဉ် ကျောင်းတိုက်ဆရာတော် အရှင်စာရိတ္တဓမ္မမှ ဖတ်ကြားခြင်း၊

မြောင်းမြ သုံးလောင်းပြိုင် လူသတ်မှု့ မှ တရားခံဟု ယူဆရသူကို သတင်းပေးရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မေတ္တာရပ်ခံထား

မြောင်းမြမြို့နယ်၊တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် (၃)လောင်းပြိုင် လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံဟု ယူဆရသည့် သန်းဇော်ကိုတွေ့ ရှိပါကဆက်သွယ်သတင်းပေးရန် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သန်းဇော်၏ ဓါတ်ပုံနှင့်အတူ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဒီဇင်ဘာ ၁၁ မွန်းလွဲ ၂ နာရီခန့်  က ကြေညာခဲ့သည်။

ရခိုင်​ပြည်​နယ်​နေ မျိုးနွယ်​စုဝင်​​များသဟဇာတဖြစ်​​ရေး ဆွေး​နွေး

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်တွေအကြား သဟဇာတ ဖြစ်စေဖို့နဲ့ လူမှုဆက်သွယ်ရေးကွန်ရက်တိုးတက်လာစေရန်ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို စစ်တွေမြို့က စစ်တွေဟိုတယ်မှာ ဒီကနေ့စတင်ကျင်းပပါတယ်။ ၂ရက်ကြာ ဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အတွင်း မှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ အခက်အခဲတွေကို မျိုးနွယ်စုအလိုက် တင်ပြဆွေးနွေးကြသလို တိုင်းရင်းမျိုးနွယ်စုတွေအရေအတွက် ဘယ်လောက်ရှိကြောင်း စာရင်းကောက်ယူပြုစုတာတွေလည်း လုပ်ဆောင်ကြပါတယ်။

မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့် က (၃)လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ေ သဆုံးသူများမှာ မတင်တင်စန်း - ၃၃နှစ်၊ (ဘ)ဦးလှရီ၊ ဒေါ်ခင်ရီ - ၆၀နှစ်၊ (ဘ)ဦးချစ်အောင်၊ မောင်လင်းလင်းထိုက် - ၁၀နှစ်၊ (ဘ)ဦးဇော်ထိုက် တို့ဖြစ်ပြီး မစန္ဒာဦး - ၂၅နှစ်၊ (ဘ)ဦးသိန်းဇံမှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပါသည်။ အခင်းဖြစ်ရပ်မှ သေဆုံးသူ မတင်တင်စန်း၏ ယောင်္ကျားဖြစ်သူမှာ ပျောက်ဆုံးလျှက်ရှိပါသည်။ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်သည် မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွန့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညဏ်လွင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်း အဖွဲ့တို့နှင့်အတူ ည ၇ နာရီ အချိန်တွင် အခင်းဖြစ်ရပ်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး သေဆုံးသူ မတင်တင်စန်း၏ ယောင်္ကျားဖြစ်သူ သန်းဇော်အား ရှာဖွေတွေ့ရှိနှိုင်ရေးနှင့် တရားခံအား အမြန် စုံစမ်းဖော်ထုတ်ဖမ်းဆီးနှိုင်ရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

တောင်​ကြီး မြို့လယ်​​ခေါင်​တွင်​ ညအချိန်​ အုပ်​စုဖွဲ့ ရမ်းကားမှု​ကြောင့် လူသတ်​မှုဖြစ်

ရှမ်းပြည်နယ်၊ တောင်​ကြီးမြို့ ၊ သစ်​​တောရပ်​ကွက်၊ ​​ဇောတိကလမ်း၊ ဗိုလ်​ချုပ်​ပန်းခြံ​မြောက်​ဘက်​ဝင်​​ပေါက်​​ရှေ့တွင် ဒီဇင်ဘာလ ​၁၀ ရက်နေ့ ည ၁၀နာရီခွဲခန့် က လူငယ်​ ၅ဦးသည် ပလက်ဖောင်းပေါ်ထိုင်​​နေစဉ်​ လူငယ်​တစ်​ဦး၏ ​ခြေ​ထောက်​နှင့်​ ခလုတ်​တိုက်​မိရာမှစတင်​ပြီး လူငယ်​ ၁၀ဦးခန်​နှင့် ခိုက်​ရန်​ဖြစ်​ပွားခဲ့ရာ လင်းလင်း အမည်ရှိ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ထို့အပြင် သားအိုနှင့် အီကိုမှာ ဒဏ်​ရာများ ရရှိခဲ့သဖြင့် ​တောင်​ကြီးမြို့မ ရဲစခန်း(ပ)၁၀၂၆/၁၇ ရာဇသတ်​ကြီး ပုဒ်​မ၃၀၂/၃၂၆/၃၂၅/၁၁၄ဖြင့် အမှူဖွင့် ဆောင်​ရွက်​ခဲ့ပါသည်​။

စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ်လုပ်ငန်းစုက ရန်ကုန်မြို့ Junction City ၌ ၂၅ ထပ်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကြယ်ငါးပွင့်အဆင့်ရှိအဆို ပါ ဟိုတယ်သည် ရန်ကုန်မြို့လယ် အချက်အချာကျသည့် ဗိုလ်ချုပ် ဈေး၊ ဆူးလေစေတီနှင့် ရွှေတိဂုံ စေတီဝန်းကျင်တွင် တည်ရှိပြီး အခန်း ၃၃၆ ခန်း ပါဝင်သည်။ အဆိုပါဟိုတယ်ကို စင်ကာ ပူအခြေစိုက် Pan Pacific ဟို တယ် လုပ်ငန်းစုနှင့် ရွှေတောင် ကုမ္ပဏီအုပ်စုတို့က Pan Pacific (ရန်ကုန်) အဖြစ် အကျိုးတူပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဟိုတယ်၏ စီမံခန့်ခွဲမှုအားလုံးကို စင်ကာပူဘက်က လုပ်ဆောင် မည်ဖြစ်သည်။

ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ အိမ်ရာချေးငွေ ရယူနိုင်မည်

 ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပြည်တွင်းတွင် တန် ဖိုးနည်းအိမ်ရာကို အိမ်ရာချေးငွေ ဖြင့် ဝယ်ယူနိုင်ရန် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်နေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ ဒီဇင်ဘာ ၉ ရက်က ပြုလုပ် သည့် ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ် လည်အထွေထွေ အစည်းအဝေး တွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ‘‘ပြည်ပမှာ သွားရောက်အ လုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေ အိမ်ရာစုဆောင်းငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့၊ အိမ်ရာချေးငွေရယူနိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်’’ ဟု ဦးဝင်းခိုင်က ပြောသည်။

မြန်မာကုမ္ပဏီတွင် နိုင်ငံခြားရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုခြင်းက မတည်ရင်းနှီးငွေ အထောက်အကူပြုဟုဆို

 မြန်မာကုမ္ပဏီများတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များကို ၃၅ ရာခိုင်နှုန်းအထိ ရှယ်ယာပါ ၀င်ခွင့်ပြုခြင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် မတည် ရင်းနှီးငွေတိုးမြှင့်ရေး အထောက် အကူပြုကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။ အသစ်ပြဋ္ဌာန်းသောကုမ္ပဏီ ဥပဒေနှင့်ဆက်စပ်၍ မြန်မာ ကုမ္ပဏီများတွင် နိုင်ငံခြားသား များ၏ ရှယ်ယာပါဝင်မှုအချိုးကို အများဆုံး ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုရန် စီစဉ်ထားကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

သရေခေတ္တရာပျူမြို့ဟောင်းကို အခြေခံ၍ ပြည်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကမ္ဘာ့အမွေအနှစ်စာရင်း ဝင် သရေခေတ္တရာပျူမြို့ဟောင်း ကို အခြေခံပြီး ပြည်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ သည်။  သရေခေတ္တရာပျူမြို့ဟောင်းသည် ၂၀၀၄ ကစတင်ကာ ကမ္ဘာ့အမွေအနှစ်စာရင်း  ဝင်ခဲ့ပြီး နောက်သုံးနှစ်ကျော် ကြာသော် လည်း ယင်းဒေသကို အခြေခံပြီး ပြည်မြို့ ဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေး လိုအပ်ချက်များရှိနေ သဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြု လုပ်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ပြော သည်။ ‘‘လက်ရှိ အခြေအနေက တော့ အားရစရာကို မရှိတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ လုပ် ဆောင်ပေးရမယ့် အချက်တွေ၊ ဒေသခံတွေအနေနဲ့ လုပ်ဆောင် သင့်တာတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေဘက်က ကူညီပံ့ပိုးပေး သင့်တာတွေ စတဲ့အရာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေး နွေးပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

ထောက်ပံ့စရိတ်မရ၍ ရွေးကောက်ပွဲများကို ငွေစိုက်လုပ်နေရဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ပြောကြား

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများအတွက် ထောက်ပံ့စရိတ် မရရှိသော ကြောင့် ကိုယ်ပိုင်ငွေထဲမှ စိုက် ထုတ် ဆောင်ရွက်နေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။ အဆိုပါ ရွေးကောက်ပွဲများ ကို နိုဝင်ဘာလဆန်းကစ၍ ပြု လုပ်ရန် ညွှန်ကြားထားပြီး ကြီး ကြပ်ရေးမှူးအဖွဲ့ကစ၍ ၁၀ အိမ် စုမှူး၊ ရာအိမ်စုမှူးနှင့် အုပ်ချုပ် ရေးမှူးအထိ အဆင့်ဆင့်ရွေးချယ် သည်။ ထိုသို့ အဆင့်ဆင့်ရွေးချယ် ရသဖြင့် လုပ်ငန်းစဉ်တစ်ခုလုံး ပြီးပြတ်ရန် တစ်လခန့်ကြာမည် ဖြစ်ကြောင်း လက်ရှိအုပ်ချုပ်ရေး မှူးအချို့က ပြောသည်။

တနိုင်ငံလုံး လွှမ်းခြုံနိုင်ဖို့ ရွှေလုပ်ငန်းရှင်များအသင်း အသစ်ပြင်ဆင်ဖွဲ့စည်း

တနိုင်ငံလုံးက ရွှေလုပ်ငန်းတွေအားလုံးကို လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းကို အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အသင်းရဲ့ နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။ အသစ် ဖွဲ့စည်းလိုက်တဲ့ ကော်မတီတွေထဲမှာ ဗဟိုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ ရွှေထုတ်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ ကော်မတီ၊ ပန်းထိမ်နဲ့ သက်ဆိုင်တဲ့ ကော်မတီ၊ ရွှေရောင်းဝယ်ရေးနဲ့ သက်ဆိုင်တဲ့ ကော်မတီ စတဲ့ ကော်မတီတွေ ပါဝင်တယ်လို့ ဦးကျော်ဝင်း ပြောကြားချက် အရ သိရပါတယ်။

မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်းရှိ နိုင်ငံစာရင်းတွင် မြန်မာပါဝင်

မြောက်ကိုရီးယား၏ လက်ရှိ ဒုံးကျည်ပစ်ခတ်ရောက်ရှိ နိုင်မှု အကွာအဝေးစံနှုန်းအရ ဒုံး ကျည်ရောက်ရှိနိုင်သည့် ကမ္ဘာ့နိုင် ငံ ၄၀ ကျော်အနက် မြန်မာနိုင်ငံ လည်းပါဝင်နေသည်။  ပြုံယမ်းအစိုးရသည် ဒုံး ကျည်ပစ်လွှတ်မှုနည်းပညာတွင် လက်ရှိစံနှုန်းအရ အများဆုံး ကီ လိုမီတာ ၄,၅၀၀ အကွာအဝေး အထိ ပစ်လွှတ်နိုင်ကြောင်း နိုင်ငံ တကာမှ သိပ္ပံပညာရှင်အချို့က ခန့်မှန်းတွက်ချက်ခဲ့သည်။  ထို့ကြောင့် အဆိုပါသိပ္ပံ ပညာရှင်များ၏ခန့်မှန်းတွက်ချက် မှုအရ ပြုံယမ်းအစိုးရ၏လက်ရှိ ပိုင်ဆိုင်ထားသော ဒုံးကျည် ရောက်ရှိနိုင်သည့် အကွာအဝေး စံနှုန်းအရ မြောက်ကိုရီးယားမှ ၃၆၀၂ ကီလိုမီတာကွာဝေးသော မြန်မာနိုင်ငံသို့ ပစ်ခတ်ရောက်ရှိ နိုင်ကြောင်း ၎င်းတို့က တွက်ချက် ထားသည်။

လူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းချက် နှစ်စဉ်လျော့နည်းလာဟုဆို

အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ထံသို့ တိုင်တန်း ချက်များနှစ်စဉ် ရာချီ၍ လျော့ နည်းလာကြောင်း ကော်မရှင်၏သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေးနေ့၌ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် က သတင်းထုတ်ပြန်လေ့ရှိရာ ထုတ်ပြန်ချက်များအရ ကော်မ ရှင်ထံသို့ တိုင်တန်းချက်များ လျော့နည်းကြောင်း တွေ့ရှိရ သည်။ ၂၀၁၅ တွင် တိုင်စာ ၁,၂၀၀ ကျော်၊ ၂၀၁၆ တွင်  ၄၉၅ စောင်နှင့်၂၀၁၇ တွင် ၃၅၉ စောင် ရရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

NVC လုပ်ငန်းစဉ်အပေါ် ခြိမ်းခြောက်သူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အစိုးရထုတ်ပြန်

နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား(NVC) ထုတ်ပေးရေး လုပ်ငန်းစဉ်အပေါ် ဟန့်တား၊ နှောင့်ယှက်၊ ခြိမ်း ခြောက်မှုများ စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာ ၈ ရက်စွဲဖြင့် သတင်းထုတ်ပြန် သည်။ NVC ထုတ်ပေးရေးလုပ်ငန်း စဉ်တွင် ကူညီဆောင်ရွက်ပေးနေ သည့် ဘင်္ဂါလီကျေးရွာတာဝန်ခံ တစ်ဦးနေအိမ်၌ သတ်ဖြတ်ခံရမှု ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားရာ အစိုးရက ယင်းသို့သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဒေသအနှံ့ မိုးရွာခဲ့ပြီး မြို့ခြောက်မြို့တွင် နေရာကွက်မိုးကြီး

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့တွင် အချိန်အခါမဟုတ် မိုးရွာပြီး မြို့ခြောက်မြို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) က မွန်ပြည်နယ်၊ ကယားပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မှလွဲ၍ ကျန်ဒေသများတွင် အ ချိန်အခါမဟုတ် မိုးရွာခဲ့သည်။ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တီးတိန်မြို့၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၊ ပုသိမ်မြို့နှင့် ရန်ကုန် တိုင်း ကိုကိုးကျွန်းတို့တွင် နေရာကွက် မိုးကြီးခဲ့ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

လူသတ်မှုကျူးလွန်သည့် ယာဉ်မောင်းအမျိုးသမီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ကျ

အမျိုးသားတစ်ဦးကို သတ်ကာ ရွှေထည်ပစ္စည်းများယူ ဆောင်သည့် အငှားယာဉ်မောင်း အမျိုးသမီးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အ နောက်ပိုင်းခရိုင်တရားရုံးမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။ လွန်ခဲ့သောနှစ်ကဖြစ်ပွား သည့် အမှုကို ရန်ကုန်အနောက် ပိုင်းခရိုင်တရားရုံးရှိ ဒုတိယခရိုင် တရားသူကြီး(၇)က တာဝန်ယူစစ် ဆေးပြီး တရားလိုပြသက်သေ၂၀ခန့်၊ တရားခံပြသက်သေတစ်ဦး တို့ကို စစ်ဆေးကာ စွဲချက်တင် သည့်ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာ ၈ ရက်ကအမိန့်ချမှတ်ခဲ့သည်။

စတူဒီယိုခေတ်ဦး တေးသံရှင်ကိုးဦး၏ ‘ရွှေအိုရောင်ဂီတည’ ဖျော်ဖြေပွဲကျင်းပမည်

ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ မြန်မာနိုင်ငံ၏ ဂီတကြယ်ပွင့်များဖြစ်သော စတူဒီယိုခေတ်ဦး တေးသံရှင်များ ဦးဆောင်သည့် ရွှေအိုရောင်ဂီတညအမည်ရှိ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၃ ရက် ည တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင် စိုးပိုင်၊ ဗစ် တာခင်ညို၊ ဘိုဘိုဟန်၊ ကံ့ကော် တော မျိုးအောင်၊ စိန်ဝင်းထွန်း၊ စိုင်းဆိုင်မောဝ်၊ ခင်မောင်ထူး၊ ဂျေမောင်မောင်နှင့် ဂျက်မြသောင်းတို့ က ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။ ဂီတလောက၌ စတီရီယိုသီချင်း၊ စတီရီယိုတေးဂီတဟု ခေါ်တွင်သည့် ခေတ်ပေါ်ဂီတသစ် လမ်းကြောင်းကို ခက်ခဲ၊ ကြမ်းတမ်း၊ ပင်ပန်းဆင်းရဲစွာ ထိုးဖောက်ဖြတ်သန်းခဲ့ရသည့် နိုင်ငံကျော် တေးသံရှင်များသည် ၎င်းတို့၏ အနုပညာကို ချစ်မြတ်နိုးစွာဖြင့် ယနေ့ထက်တိုင် ရှင်သန်လှုပ်ရှားနေသည်ကို ဂုဏ်ပြုလိုခြင်း၊

တတ်နိုင်တဲ့ပရိသတ်တွေ မူရင်းခွေသာဝယ်ပါဆိုတဲ့ ဝိုင်းစုခိုင်သိန်း

အမ်တီဗီများ ရိုက်ကူးရာ တွင် တစ်ခွေထက်တစ်ခွေ ကုန် ကျစရိတ်များ ပိုမိုသောကြောင့် တတ်နိုင်သည့် ပရိသတ်များက အနုပညာရှင်များကို ကူညီသည့် အနေဖြင့် မူရင်းအခွေကို ဝယ်ယူအားပေးစေလိုကြောင်း ဝိုင်းစုခိုင်သိန်းကပြောသည်။ ‘‘အခွေတွေက တဖြည်း ဖြည်း ကုန်ကျစရိတ်တွေတက်တက်လာ တယ်။ မက်လောက်စရာကနေ မျက်လှည့်ဆိုရင် နှစ်ဆတက် တယ်။ မက်လောက်စရာ စရိုက် တုန်းကဆိုရင် ၁၅ သိန်း၊ မျက် လှည့်ကျတော့ ၃၀။ ဒါက Title သီချင်းပဲရှိသေးတယ်။ အခု ခြောက်ခွေမြောက် ရှိပြီဆိုတော့ အဲဒီမှာတင် ချိန်ကြည့်လို့ရတယ်။ အခုတစ်ပုဒ်ရိုက်ရင် အနည်းဆုံး သိန်း လေး၊ ငါး၊ ခြောက်ဆယ်သွားတယ်’’ဟု ကုန်ကျစရိတ် များပြားလာသည့်အပေါ် ၎င်းကပြော ကြားသည်။

သုတေသနလုပ်ငန်းများမှ အနာဂတ်ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတိုးတက်မှုဆီသို့

ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာ ပညာရပ်များအလိုက် သုတေသနပြုလုပ်ခြင်း၏ အခန်း ကဏ္ဍနှင့် အကျိုးပြုပုံများကို ပိုမိုသိရှိခံစားလာရပြီး သုတေသနလုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပိုမိုအားပေး ထောက်ပံ့လာသည်ကိုလည်း တွေ့ရှိရသည်။ မကြာသေးမီကာလမှ စတင်ကာ  နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများ ပိုမိုအားပေး အလေးထား ဆောင်ရွက်လာမှုနှင့် ထောက်ပံ့မှုများမှ သိသာထင်ရှားသော တိုးတက်အောင်မြင်လာမှုများ ရှိလာသည်။

မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာ လာမည့်နှစ်ဇန်နဝါရီတွင် စတင်ထုတ်ဝေမည်

အပတ်စဉ်ဂျာနယ်အဖြစ် ထုတ်ဝေနေသည့် မြန်မာသံတော် ဆင့်က ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကစ၍ နေ့စဉ်သတင်းစာအဖြစ် ပြောင်းလဲ ထုတ်ဝေမည်ဖြစ် ကြောင်း မြန်မာသံတော်ဆင့် သတင်းစာတိုက် ပြန်ကြားရေးနှင့် ဆက်ဆံရေးအမှုဆောင်အရာရှိ ဦးအောင်ကိုကိုက ပြောသည်။ြ မန်မာသံတော်ဆင့်ကို နေ့ စဉ်သတင်းစာအဖြစ် ထုတ်ဝေရန် ယခင်ကတည်းက ဆန္ဒရှိခဲ့၍ လက်ရှိထုတ်ဝေနေသည့် အပတ် စဉ်စာစောင်ကို ဂျာနယ်အဖြစ် မဟုတ်ဘဲ အပတ်စဉ်သတင်းစာ အဖြစ် ထုတ်ဝေပြီး ကြိုတင်ပြင် ဆင်ခဲ့ကြောင်း ၎င်းကပြောသည်။

Lose2Win with Andy ရဲ့ Winner ဆု ပေါင်ချိန်ပေါင်း ၁၆၀ ကျော် လျှော့ချနိုင်ခဲ့သူ ရရှိ

အဝလွန်နေသူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ Lose2Win with Andy Season 1 Grand Final ကို ကျင်းပနေတာပါ။ Winner ဆုကိုတော့ အဝလွန်နေလို့ ငယ်ငယ်ထဲက ဝါသနာကြီးခဲ့တဲ့ တန်းနစ် ကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး ပေါင်ချိန်ပေါင်း ၁၆၆ ပေါင်ကျော်ချနိုင်ခဲ့တဲ့ ကျော်မင်းသူက ရရှိခဲ့တာပါ ။ ကိုကျော်မင်းသူက ၃၂၅ ပေါင်ကနေ ၁၅၆ ပေါင်အထိချနိုင်ခဲ့တာပါ။ အဝလွန်နေသူတွေကိုသာ ယှဉ်ပြိုင်စေခဲ့တဲ့ အဲ့ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ကျော်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တွေဟာ Camp မှာပဲ လပေါင်းများစွာနေပြီး ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ခဲ့ကြရတာပါ ။

အာမခံပြီး ငွေချေးပေးထားသူ နှစ်ဦး ထွက်ပြေး၍ ကြမ်းပိုးဆေးသောက် သေဆုံး

အာမခံဖြင့် ငွေချေးပေး ထားသူနှစ်ဦး ထွက်ပြေးသဖြင့် စိတ်ညစ်ကာ အသက် (၄၀) အ ရွယ် အမျိုးသမီးတစ်ဦး ကြမ်းပိုး ဆေးသောက်သေသည့်ဖြစ်စဉ် လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးမှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။ လှိုင်သာယာမြို့နယ် ရွှေလင် ဗန်းကျေးရွာနေ အသက် (၄၀) အရွယ် မသီတာသည် ဒီဇင်ဘာ ၆ ရက် ညနေက ကြမ်းပိုးဆေး သောက်သဖြင့် အတူနေ အမျိုး သမီးက လှိုင်သာယာဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံသစ်ကြီး သို့ တင်ပို့ပေးခဲ့ကြောင်း လှိုင်သာ ယာမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရေး ဒေသခံများက ထောက်ခံကြိုဆိုပွဲ ဦးဆောင်ပြုလုပ်မည်

ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ထောက်ခံကြိုဆိုပွဲကို ပုဂံဒေသခံ များက ဒီဇင်ဘာ ၁၉ ရက်၌ ပြု လုပ်မည်ဖြစ်သည်။ ‘‘တချို့ဒေသခံတွေက ယဉ် ကျေးမှုအမွေအနှစ်အကြောင်းကို နားမလည်ကြဘူးလေ။ ခရိုနီတွေ ကလည်း ပုဂံဒေသကို ကိုင်ထား တော့ ထင်ရာမြင်ရာတွေ လုပ်နေ ကြတာ။ ဒေသကြီးက မှားနတာ ပေါ့။ အမှားအယွင်းတွေထပ်လုပ်နေရင် ပိုပြီးထပ်မှားမှာစိုးလို့ ပုဂံ ဒေသခံတွေကိုခေါ်ပြီး အစည်းအ ဝေးလုပ်လိုက်တယ်။ ပထမတော့ အခြေအတင်တော့ ပြောရတာ ပေါ့။ နောက်ကျတော့ အကုန်လုံး က သဘောပေါက်လာပြီး ကြိုဆို တဲ့ပွဲ စီစဉ်ကြအောင်ဆိုပြီး ရှေး ဟောင်းနဲ့ ရက်သတ်မှတ်လိုက်ကြ တာပေါ့’’ ဟု ယဉ်ကျေးမှုဒေသအ ထောက်အကူပြုကော်မတီ (ပုဂံ၊ ညောင်ဦး) အဖွဲ့မှ ကိုနိုင်ထွန်းက ပြောသည်။

နေဝင်ရှုခင်းကြည့်နိုင်သည့် ပုဂံဘုရား အဆူ ၅၀ ခန့်တွင် သံပန်းတံခါးများ တပ်ဆင်မည်

ပုဂံဒေသရှိ နေဝင်ချိန်ရှုခင်းများကို တက်ရောက်ကြည့်ရှုနိုင်သည့် ဘုရားအဆူ ၅၀ ခန့်တွင် ဘုရားပေါ်သို့ တက်ရောက်နိုင်သော လှေကားများထိပ်၌ ၂၀၁၈ ဇန်နဝါရီကစ၍ သံပန်းတံခါးများ တပ်ဆင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။ ‘‘အပေါ်တက်လို့ရတဲ့နေရာ တွေမှာ အတတ်နိုင်ဆုံး မတက် အောင်လို့ သံတံခါးတပ်ပြီး ကာ ထားမယ့်သဘောပါ။ ဘေးကနေ၊ ပတ်ပတ်လည်ကြီးကနေ ကာသွားမှာမဟုတ်ပါဘူး။ လှေကားရှိတဲ့ တံခါးတွေမှာဆိုရင် သံတံခါးတပ်ပြီး သော့ခတ်ထားလိုက်ရင် တက်လို့မရတော့ဘူးပေါ့။ အလွယ်တကူတက်လို့မရအောင် ဆောင်ရွက်တဲ့သဘောမျိုးပါ’’ဟု ၎င်းက သံပန်းတံခါးများ တပ်ဆင်မည့်အနေ အထားကို ရှင်းပြသည်။

စီးပွားရေးပညာရှင်ဦးမြင့်၏ အကြံပြုချက်နှင့် ထူးခြားမှုများ

နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ၍ နာမည်ကျော်စီးပွားရေးပညာရှင် ဦးမြင့်က တိုင်းပြည်စီးပွားရေးတိုးတက်အောင် အချက်လေးချက်ဆောင် ရွက်ရန် စနေနေ့က အကြံပြုခဲ့သည်။ ထူးခြားချက်များမှာ အစိုးရသက်တမ်း ၂ နှစ်ခန့်အတွင်း နိုင်ငံ့ စီးပွားရေးနှင့်ပတ်သက်၍ လုပ်သင့်သည်များကို စီးပွားရေးပညာရှင် တစ်ဦးက ပထမဆုံးအကြိမ် အစိုးရအား ပွင့်လင်းမြင်သာစွာအကြံပြု ခြင်းဖြစ်သည်။ ဒေါက်တာဦးမြင့်မှာ ယခင်က ဒေါ်အောင်ဆန်းစု ကြည်နှင့် ရင်းနှီးသောစီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည်။ လက်ရှိတွင် ဦးမြင့်သည် UMFCCI ၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်နေသည်။

ဆရာတော် ရဝေနွယ်(အင်းမ) ကျောင်းတိုက်၌ ဖုန်းနှင့် ငွေ ခိုးယူခံရ

ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) သီတင်းသုံး သည့် ဓမ္မရဝေတောရကျောင်း တိုက်အတွင်း ဒီဇင်ဘာ ၇ ရက် နံနက်အစောက သူခိုးကပ်ကာ လက်ကိုင်ဖုန်းနှင့် ကျပ်ငါးသိန်း ခန့် ခိုးယူခံရကြောင်း ဆရာတော် ၏ ကပ္ပိယ ကိုအောင်သိန်းက ပြောကြားသည်။ ‘‘ကျောင်းက ဦးပဉ္စင်းလေး တစ်ပါးရဲ့ အခန်းထဲက ဖုန်းနဲ့ ပိုက်ဆံငါးသိန်းဝန်းကျင် လောက်ပါ သွားတာ’’ဟု ၎င်းက ရှင်းပြသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး နောက် နာရီပိုင်းအတွင်း ခိုးယူရာ တွင် ပါဝင်သူတစ်ဦးကို ဖမ်းမိခဲ့ပြီး ခိုးယူခံရသည့် လက်ကိုင်ဖုန်းကို ပြန်လည်ရရှိခဲ့သည်။

မန္တလေးတွင် အမှိုက်မှ တစ်ဆင့် လျှပ်စစ်ထုတ်သည့် စီမံကိန်း တင်ဒါသစ်ခေါ်ယူမည်

 မန္တလေးမြို့တွင်စွန့်ပစ် အမှိုက်မှတစ်ဆင့် လျှပ်စစ်ထုတ်သည့် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ဒါသစ်ထပ်မံခေါ်ယူမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။ စွန့်ပစ်အမှိုက်မှ လျှပ်စစ် ထုတ်သည့် စီမံကိန်းဆောင်ရွက် မည့်ကုမ္ပဏီနှင့်ယခင်က သဘော တူထားခြင်းများ ဖျက်သိမ်းခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင် တင်ဒါ အသစ် ထပ်မံခေါ်ယူမည်ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီသန့်ရှင်းရေး ဌာန လက်ထောက်ညွှန်ကြားရေး မှူးဦးစိုးတင့်အောင်က ပြော ကြားသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဧရိယာတိုးချဲ့ရန်နှင့် ယူနက်စကို စာရင်းတင်သွင်းရန် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းမည် ဒေသခံများနှင့် ပြေလည်မှုမရမချင်း ညှိနှိုင်းမည်ဟုဆို

 ခါကာဘိုရာဇီ အမျိုး သားဥယျာဉ်တောင်ပိုင်းကို ဧရိ ယာတိုးချဲ့သတ်မှတ်ရန်နှင့် ယူ နက်စကို၏ အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် အစိုးရက လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်သည်။ ကချင်ပြည်နယ် ခါကာဘိုရာဇီဒေသ၏ တောင်ပိုင်းဧရိယာ ကို အမျိုးသားဥယျာဉ်အဖြစ် တိုးချဲ့ကာ ယူနက်စကိုအသိအမှတ်ပြု သဘာဝနယ်မြေအဖြစ် ထိန်းသိမ်း ရန် ရည်ရွယ်ကြောင်း အစိုးရက ၂၀၁၇ ဇူလိုင်တွင် ထုတ်ပြန်ခဲ့ သည်။ သို့သော် အဆိုပါ နယ်မြေ ရှိ ဒေသခံများက ယင်းအစီအစဉ် ကို ကန့်ကွက်ခဲ့သည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့ မြောက်ပိုင်းခုနစ်ဖွဲ့နှင့် UNFC ထိပ်ပိုင်းခေါင်းဆောင်အချို့ ချင်းမိုင်မြို့တွင်ဆွေးနွေး

တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့၊ မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ (UNFC) တို့မှ ထိပ်ပိုင်းခေါင်း ဆောင်အချို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၉ ရက်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် အလွတ်သဘော  ဆွေးနွေးခဲ့ ကြောင်း ချင်းမိုင်အခြေစိုက် တိုင်း ရင်းသား  လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက အတည် ပြုပြောကြားသည်။ အဆိုပါ တွေ့ဆုံမှုတွင် မြောက်ပိုင်း လက်နက်ကိုင်ခုနစ် ဖွဲ့၌ ပါဝင်သည့် ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ NCA လက်မှတ်ထိုးရှစ်ဖွဲ့တွင် ပါဝင်သည့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက် စစ်နှင့် UNFC မှ ခေါင်းဆောင် အချို့ ပါဝင်သည်ဟု ၎င်းကဆို သည်။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အချို့ပါဝင်သော လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီ YBS ပြေးဆွဲရန်စီစဉ်

ထိပ်တန်းစီးပွားရေးလုပ် ငန်းရှင်အချို့ ရှယ်ယာပါဝင်သည့် လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီ က ကားအစီးရေ ၅၀၀ ဖြင့် YBS တွင် ဝင်ရောက်ပြေးဆွဲရန် စီစဉ် နေကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောကြားသည်။ ကုမ္ပဏီတွင်   ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၁၀ဦးအ ထက်၏ ရှယ်ယာများပါဝင်ပြီး ဧရာဝတီဘဏ်     ချေးငွေဖြင့် ဘတ်စ်ကားများဝယ်ယူကာ အ များပိုင်ကုမ္ပဏီအဖြစ် ယာဉ်လိုင်း ကိုးလိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ‘‘ဧရာဝတီဘဏ်က ချေးငွေ နဲ့ ဆောင်ရွက်တာ။ ယာဉ်လိုင်း တွေက မကျသေးဘူး။ လျှောက် ထားဆဲပါ။ အဓိက ရွှေပြည်သာ ဘက်ကို ပြေးဆွဲဖို့ စီစဉ်ထားပါ တယ်’’ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

လိဂ်ဂိုးအများဆုံး သွင်းထားသူများ

ပရီးမီးယားလိဂ်
ဆာလတ် (လီဗာပူးလ်) ၁၃ ဂိုး
ဟယ်ရီကိန်း(စပါး) ၁၂ ဂိုး
အဂူရို (မန်စီးတီး) ၉ ဂိုး
မိုရာတာ (ချယ်လ်ဆီး) ၉ ဂိုး
စတာလင် (မန်စီးတီး) ၉ ဂိုး

ပျံသန်းနေသော တိမ်တိုက်လေး

သူမ ကလေးငယ်လေးများကို တစ်လှည့်ပြတင်းပေါက်ကနေ တောင်တန်းလေးများကို တစ်လှည့်ကြည့်နေမိသည်။ အပြစ်ကင်းသော ကလေးငယ်လေးများ၊ အပြစ်ကင်းသော တောင်တန်းလေးများ၊ ကဗျာတစ်ပုဒ်ကဲ့သို့ပင် ဖြစ်နေသော တောင်တန်းကလေးများ၊ မြူနှင်းငွေ့များကို ဖက်တွယ်ထားဆဲ တောင်တန်းလေးများဟု သူမရေရွတ်နေမိသည်။ လွတ်လပ်မှုနှင့် အကြင်နာတရားများကို တပြိုင်နက်တည်း သူမဖွင့်ဆိုလိုက်မိသည်။ သူမ၏ဖွင့်ဆိုမှုထဲတွင် သူမ၏ တပည့်ကလေးငယ်လေးများနှင့် တောင်တန်းလေးများက ‘ကဗျာတစ်ပုဒ်ထဲတွင်ဆိုပါက ‘ပါဒ’ များ၊ ‘နရီ’ များ၊ ‘အာရုံရုပ်’ များ ဖြစ်နေမည်မှာ မလွဲဧကန်ပင်။ ထိုကဗျာတစ်ပုဒ်ကို သူမ ထာဝရဖက်တွယ်ထားချင်နေမိသည်။ သို့သော် ညနေစောင်းလျှင် ထိုကဗျာလေးကို သူမစွန့်လွှတ်လိုက်ရတော့သည်။ နှမြောတသစွာနှင့်၊ ကြေကွဲစွာနှင့် ပြန်လည်ရရှိပါ့မလားဟူသော စိုးရိမ်စိတ်နှင့်။