Tuesday, June 11, 2019

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပြည်သူလူထူ၏ ဘေးကင်းလုံခြုံမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လက်နက်ကိုင်ရမ်းကားမှုများ၊ခြိမ်းခြောက်မှုများကို ပိုမိုထိရောက်ပြတ်သားစွာ ထိန်းသိမ်းအရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထားသည်။

ဇွန်လ ၁၀ ရက် ၁၈၃၀ နာရီတွင် လပွတ္တာခရိုင် လပွတ္တာမြို့နယ် ရွှေမိတ် ကျေးရွာနေ ကျော်မျိုး(၃၀)နှစ် လယ်လုပ်(ဖ)ဦးပြုံးချိုသည် ဓားကိုင်ရမ်းကားသောင်းကျန်းနေကြောင်း ၎င်း၏ဇနီး မငွေဇင်ဦးမှ တိုင်တန်း၍ ကန်ဘက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်တားဆီးထိန်းသိမ်းစဉ် ကျော်မျိုးမှ ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက်ရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာကျော်မျိုးတွင် ဝမ်းဗိုက်/ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ၎င်း၏ လွယ်အိတ်အတွင်းမှ လေးခွ ၁ လက်၊ အရှည် ၈ လက်မခန့် စကေဘာ ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ၎င်းအား (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/၅၀၆ ဖြင့်လည်းကောင်း၊ (ပ)၁၃၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

ပြည်ခရိုင်တရားရုံးအနီး၌် NLD ပါတီမြို့နယ်ပြန်ကြားရေးတာဝန်ခံအား နေ့ခင်းအချိန်တွင် ဓားဖြင့်ဝင်ထိုးမှုဖြစ်ပွား

ပြည်ခရိုင်တရားရုံးအနီး NLD မြို့နယ် ပြန်ကြားရေးတာဝန်ခံအား နေ့လည်ခင်းအချိန်တွင် ဓားဖြင့်ဝင်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၀ ရက်မွန်းလွဲ ၁ နာရီခွဲခန့်က ခရိုင်တ ရားရုံးရှေ့ ထမင်းဆိုင်တွင် ထိုင်နေသော ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းအား အမျိုးသားတစ်ဦးက ဓားဟုယူဆရသောအရာဖြင့် လည်ပင်းအား ဝင်ရောက်ထိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ သယ်လာသည့် အမျိုးသား နှစ်ဦးကို ဖမ်းမိ

ဘိန်းဖြူ (၂၀)ဂရမ်နှင့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၉၄)ပြား သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့ ည (၈)နာရီခွဲအချိန်က ဖမ်းမိကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့်ပူးပေါင်းအဖွဲ့က အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာက သီပေါဘက်မှ နောင်ချိုဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ရဲကျော်လင်း(ခ) ဖိုးသားနှင့် ဖြိုးဝေ (ခ) အောင်ဖြိုးဝေတို့ သယ်ဆောင်လာသည့် ဘိန်းဖြူ (၁၀)ဂရမ်ပါအထုပ် (၂)ထုပ်နှင့် စိတ်ကြွဆေးပြား (၁၉၇)ပြားစီပါဝင်သည့်အထုပ် (၂)ထုပ်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ရဲကျော်လင်း(ခ)ဖိုးသားနှင့် ဖြိုးဝေ (ခ) အောင်ဖြိုးဝေတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ (ပ) ၃၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ၂၀ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မော်လမြိုင်တပ်နယ်၏ အမှတ်(၁) ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအား သန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၁၁၄ ဦး တက်ရောက်ခဲ့

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်၏ အမှတ်(၁) ဓမ္မစကူးလ်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်၊ သဒ္ဓမ္မစေတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဓမ္မစကူးလ်သင်တန်း ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ငွေအလွဲသုံးစားလုပ်မှုကိစ္စ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေ

သတင်းသမားတွေကို အင်္ဂလိပ်စာသင်တန်းပို့ချဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)က ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး ကောင်စီဝင်တဦးက အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဇွန် ၁၀ ရက်က စတင်စစ်ဆေးနေပါတယ်။ အဖွဲ့ဝင် ၄ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလို့ရတဲ့အချက်အလက်ကိုပဲ သတင်းမီဒီယာကောင်စီကို ပြန်တင်ရမှာဖြစ်ပြီး ကျန်တဲ့အရေးယူမှုအပိုင်းကိစ္စကတော့ ကောင်စီကပဲ ဆုံးဖြတ်သွားမယ်လို့ စစ်ဆေးရေးကော်မတီဝင် တဦးဖြစ်တဲ့ ရှေ့နေ ဦးကျော်ဇေယျက ပြောပါတယ်။

ဟဲဗီးဝိတ် အကျော်အမော် ဝိုင်ဒါနှင့် တိုင်ဆန်ဖျူရီတို့ မကျေပွဲ ပြန်ထိုးမည်

ဟဲဗီးဝိတ် အကျော်အမော်တွေဖြစ်တဲ့ ဒီယွန်တေးဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဝိုင်ဒါကတော့ လာမယ့်စက်တာဘာလလောက်မှာ အောတစ်ဇ်နဲ့ ထိုးသတ်သွားဖို့ရှိနေပြီး လေ့စ်အိန်ဂျလိစ်၊ နယူးယောက် သို့မဟုတ် လတ်စ်ဗီးဂတ်စ်မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဖျူရီနဲ့ ဝိုင်ဒါတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုးသတ်ခဲ့ကြပြီး အငြင်းပွားဖွယ်ရလဒ်တွေနဲ့ သရေကျခဲ့တာကြောင့် အခုလို မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဝိုင်ဒါကတော့ နောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ ဟဲဗီးဝိတ် နာမည်ကြီး အန်တိုနီဂျော်ရွှာနဲ့ ထိုးသတ်ဖို့ ပြင်ဆင်ထားပေမယ့် ဂျော်ရွှာဟာ ပြီးခဲ့တဲ့ရက်ကပဲ အန်ဒီရူအိဇ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ပွဲပျက်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူများ လုပ်ငန်းခွင့်ဝင်နိုင်ရန် အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးစေလို

ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ အထောက်အကူပြုဖို့နဲ့ ကျန်းမာရေးကဏ္ဍမှာ အထောက်အကူဖြစ်စေဖို့အတွက် အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ ကိုယ်အဂါင်္မသန်စွမ်းသူများအရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ ဇွန်လ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးပွဲမှာ ပြောကြားလိုက်တာပါ။

အီရန်နိုင်ငံ ယူရေနီယမ်သန့်စင်မှု တိုးမြှင့်လုပ်နေဟု IAEA ပြော

အီရန်နိုင်ငံဟာ ယူရေနီယမ်သန့်စင်မှုကို တိုးမြှင့်လုပ်နေတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇွန်လ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နျူကလီးယား သဘောတူညီချက်ကို အီရန်လိုက်နာခြင်း ရှိမရှိ စောင့်ကြည့်တဲ့ IAEA အကြီးအကဲ ယူကီယာ အာမန်နိုက အီရန်ဟာ အရင်ကထက် သန့်စင်ပြီး ယူရေနီယမ်တွေကို တိုးမြှင့်ထုတ်လုပ်နေပေမယ့် သဘောတူညီချက်ထဲမှာ ကန့်သတ်ထားတဲ့ ပမာဏကို ဘယ်အချိန် ရောက်မလဲ ဆိုတာကတော့ မသဲကွဲဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာ တရွာလုံးကို အမြောက်တပ်က တရားစွဲ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာတရွာလုံးကို ဒေသအခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်ကနေပြီး အကျိုးဖျက်စီးမှု၊ ပိုင်နက်ကျူးကျော်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ေ ဒါဆိုရှေး အခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ ဒေသခံရွာသားတွေက သွားရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် အခုလို တရားစွဲဆိုတာလို့  တရားစွဲဆိုခံရတဲ့ ရွာသား ဦးသော့မတ်စ်က ပြောပါတယ်။

ရန်ကုန်အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး ၆ ခုတွင် မိုးကြီးနိုင်

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ တ၀န်းလုံးကို ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ မိုးလေ၀သဌာနက ကြေညာထားပြီး ရန်ကုန်တိုင်းအပါအ၀င် ပြည်နယ်တိုင်း ၆ခုမှာ မိုးကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဇွန် ၁၁ရက် မွန်းလွဲ ၂နာရီအချိန် ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်အောင်ရေနံမြေအစမ်းတွင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့များစထွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ရေနံမြေမှာ မေလ ၃၁ ရက်နေ့ကစပြီး တွင်းအမှတ် ၁၇၄ ကနေ တရက်ကို ရေနံစိမ်း ၆၂ စည်နဲ့ သဘာဝဓာတ်ငွေ့ ၀.၀၉၈ ကုဗပေသန်း ထွက်ရှိနေပါတယ်။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေတွင်းအမှတ် (၁၇၄) ကို National 55/4 တွင်းတူးစက်နဲ့ မတ်လ ၃ ရက်နေ့မှာ စတင်တူးဖော်ခဲ့ပြီး သတ်မှတ်အနက် ၅၂၆၀ ပေ သို့ မေလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ ထုတ်လုပ်မှုစမ်းသပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီး မေလ ၃၁ ရက်နေ့မှာ အခုလို ရေနံနဲ့ ဂစ်တွေ ထွက်လာတာဖြစ်ပါတယ်။

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံနေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် လေးဦးကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုညွှန်မှူးကို စတင်စစ်ဆေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ဇွန် ၁၀ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၁၂ ကြိမ်မြောက်အဖြစ ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်ကို စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် နေရာအတွက် ယှဉ်ပြိုင်မယ့် နောက်ဆုံး ဆယ်ဦးစာရင်း အတည်ပြု

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမယ့် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကြမယ့် နောက်ဆုံးကိုယ်စားလှယ်ဆယ်ဦး အမည်စာရင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီ စာရင်းကို နောက်ဆုံးအတည်မပြုခင်ကတည်းက မဲဆွယ်စည်းရုံးမှုတွေ ကြိုတင်လုပ်ဆောင်နေတဲ့ ဂျာရီမီဟန့်၊ ဒေါမနစ်ရတ်ဘ်၊ မတ်ဟန်ကော့နဲ့ မိုက်ကယ်ဂို့ဗို့တို့ အားလုံး စာရင်းထဲ ပါဝင်လာပါတယ်။

အေးသာယာ သာသနာ့လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသော လူငယ်အား ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ သာသနာ့ဂူတွင် ဇွန်လ ၁၀ ရက် ညနေပိုင်းက အရက်မူးပြီး ဂူအတွင်း ဝင်သွားသော လူငယ်အား ယင်းနေ့ ညပိုင်းတွင် ရေနစ်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 11 June 2019

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင် တအိတ်ကို ၈၉၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၁၀၁၀၀၀ ကနေ ၁၀၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၂၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

လိင်ပြောင်းထားသူများအတွက် မှတ်ပုံတင်တွင် ကျားမသတ်မှတ်ချက်များ ဖြေလျော့ပေးရန် တောင်းဆို

LGBT တွေနဲ့ လိင်ပြောင်းထားသူတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)မှာ ကျားမ သတ်မှတ်ချက်တွေကြောင့် အခက်အခဲတွေရှိနေတဲ့အတွက် မှတ်ပုံတင်နည်းဥပဒေကို ဖြေလျှော့ LGBT အရေးဆောင်ရွက်နေသူတွေက တောင်းဆိုပါတယ်။ လိင်ပြောင်းထားသူတွေနဲ့ LGBT တွေအနေနဲ့ ခရီးသွားတဲ့အခါနဲ့ ပြည်ပခရီးစဉ်တွေ သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်မှာပါတဲ့ ကျားမသတ်မှတ်တာတွေနဲ့ ဓာတ်ပုံ မတူတာတွေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

မသန်စွမ်း ကျောင်းသူကျောင်းသား ၃၃ ဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်

၂၀၁၈-၂၀၁၉ ခု ပညာသင်နှစ်မှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာနိုင်ငံတ၀န်း မသန်စွမ်းကျောင်းသား ကျောင်းသူ ၁၅၀ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၃၃ ဦးရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့တဲ့ မသန်စွမ်းကျောင်းသားတွေထဲမှာ အမြင်အာရုံ မသန်စွမ်းသူ ၄ ဦး၊ အကြားအာရုံ မသန်စွမ်းသူ ၃ ဦးနဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူ ၂၆ ဦး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုလိုအောင်မြင်တဲ့ ကျောင်းသားတွေထဲမှာ ဂုဏ်ထူးရတဲ့ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီးချီးမြှင့်မည်

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ စတင်ကျင်းပမည့် အကြိမ်(၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူပေးနိုင်သည့် ပြေးခုန်ပစ်အားကစားသမားများကို တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

တောင်ပိုင်းနယ်စပ်က ဝင်လာသည့် ရွှေ့ပြောင်းနေထိုင်သူများကို မက္ကဆီကို ထိန်းသိမ်း

လူဝင်မှုကြီးကြပ်ရေး အမေရိကန်နဲ့သဘောတူညီချက်အသစ် အသက်ဝင်ပြီမို့ ဇွန်လ ၁၀ ရက်နေ့က မက္ကဆီကို အာဏာပိုင်တွေဟာ တောင်ပိုင်းနယ်စပ်က ဝင်လာတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဂွါတီမာလာနဲ့ မက္ကဆီကို နယ်စပ်အကြား စူချီယာသဲမြစ်ကို ဖြတ်ကူးဝင်လာတဲ့ ရွှေ့ပြောင်းလာသူတွေကို မက္ကဆီကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တာပါ။ နယ်စပ်မြစ် ဖြတ်ကူးဝင်လာသူ ဟွန်ဒူးရပ်စ်နိုင်ငံသားက နယ်စပ်တလျှောက် ခြေကျင်ခရီးနှင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဖမ်းမိ ဆေးခြောက်များ မီးရို့ ဖျက်ဆီးတာမျိုး မလုပ်ရန် နာမည်ကြီးအဆိုတော် ရင့်ယုန် အိုဖါကွန် နဲ့  ဆေးခြောက်ချစ်သူများက တောင်းဆို

ထိုင်းတနိုင်ငံလုံးက ဖမ်းမိတဲ့ ဆေးခြောက် ၂၂ တန်ကို မီးရို့ ဖျက်ဆီးမယ့် အစား ရောဂါဖြစ်နေသူတွေအတွက် ဆေးဖေါ်စပ်ရာမှာ သုံးဘို့  ထိုင်းနိုင်ငံက နာမည်ကြီးအဆိုတော် အက် ကာရဘောင် နဲ့ ပြည်သူ ၅၀၀ကျော်ဟာ လမ်းလျှောက်ပြီး လက်ရှိအစိုးရ ၀န်ကြီးချုပ် ပရယု ကျန်အိုချာကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ဂျက်စတင်ဘီဘာက တွမ်ခရုစ်ကို(UFC)မှာ ထိုးသတ်ဖို့ စိန်ခေါ်

ကနေဒါစူပါစတားတစ်ဦးဖြစ်တဲ့ဂျက်စတင်ဘီဘာက အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တွမ်ခရုကို Ultimate Fighting Championship(UFC)မှာ ထိုးသတ်ဖို့စိန်ခေါ်ကြောင်း သူတို့ရဲ့တွစ်တာမှာ အခုလ(၉)ရက်က တင်ခဲ့ပါတယ်။ အသက် (၂၅)နှစ်ရွယ် ဘီဘာဟာ ကိုယ်ခံပညာပေါင်းစုံအသုံးပြုလို့ရတဲ့ (UFC)ရဲ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ဖိတ်ခေါ်ခဲ့တာပါ။ ကြိုးဝိုင်းထဲမှာထိုးသတ်ဖို့ ကျွန်တော် တွမ်ခရုစ်ကို စိန်ခေါ်ပါတယ်။ တွမ်အနေနဲ့ မတိုက်ခိုက်ဘူးဆိုရင်တော့ သူဟာကြောက်ရွံ့သူဖြစ်ပြီး၊ အခုလိုမတိုက်ခိုက်တဲ့အတွက် သူ့တစ်ဘ၀လုံးအရှက်ရနေရလိမ့်မယ်လို့ ဘီဘာက သူ့ရဲ့တွစ်တာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲကဲ့သို့ နိုင်အောင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ကမ်းပြည်ခိုင်ဖြိုးအမတ်ဆို

ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဖြင့် တိုင်တန်းခံရပြီးနောက် လွှတ်တော်ကိုယ်စားလှယ်နေရာ ဖယ်ရှား ပေးရတော့မည့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်သည် ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲလို သဘောထားပြီး အနိုင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေဆိုရာတွင် ထည့်သွင်းပြောဆို ခဲ့ခြင်းလည်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်၌ အလုပ်သမားမှတ်ပုံတင်နှင့် ထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ ၂ ဦး ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်၌ အလုပ်သမားမှတ်ပုံတင်နှင့် ထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ၂ ဦး ကို ဇွန်လ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၈)ရပ်ကွက်၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးရှေ့ လမ်းထောင့်၌ မင်းဇော်(၃၈)နှစ်အား လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတံဆိပ်ရိုက်နှိပ်ထားပြီး ဦးစီးအရာရှိနေရာတွင် လက်မှတ်ရေးထိုးထားသော အလုပ်သမား မှတ်ပုံတင်ကတ်ပြားအတု ၉ စောင်၊ လှိုင်သာယာမြို့မရဲစခန်း တံဆိပ်အဝိုင်းရိုက်နှိပ်ထားပြီး စခန်းမှူးနေရာတွင် လက်မှတ်ရေးထိုးထားသော ရဲစခန်းထောက်ခံချက်အတု ၄ စောင်၊ ငွေ ၁၆,၂၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လူမျိုးရေး တိုက်ခိုက်မှုတစ်ခုအတွင်း မာလီ ကျေးရွာတစ်ရွာမှာ လူ ၁၀၀ နီးပါး အသတ်ခံရ

ဒိုဂန်တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်တဲ့ မာလီနိုင်ငံအလယ်ပိုင်း ကျေးရွာတစ်ရွာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူတွေက ဇွန် ၁၀ ရက်နေ့ မှာ ပြောဆိုပါတယ်။ေ မာ့ပ်တီပြည်နယ် ဆန်ဂါမြို့ အနီး ဆိုဘိန်းကူကျေးရွာမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူ ၉၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ ရှိထားကာ ဆက်လက်ရှာဖွေမှုတွေ လုပ်နေကြောင်းနဲ့ အလောင်းအများစုဟာ မီးလောင်ခံထားရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မာလီနိုင်ငံမှာ တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ရာမှာ အချို့ ကိစ္စတွေက လူမျိုးရေး မကျေနပ်ချက်တွေကြောင့်ဖြစ်ကာ အချို့ ဖြစ်စဉ်တွေကတော့ ဂျီဟတ်စစ်သွေးကြွအုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပါတယ်။

ကလေးဗန်းပြပြီးတောင်းစားတာက အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ခင်လှိုင် ပြော

ကလေးဗန်းပြပြီးတောင်းစားတယ်ဆိုတာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်တယ်လို့ သရုပ်ဆောင် ခင်လှိုင်က ပြောလာပါတယ်။ နိုင်ငံတကာမှာဆိုရင် ပိုက်ဆံတောင်းသူတွေဟာ သူတို့ရဲ့အတတ်ပညာတစ်ခုနဲ့ဖျော်ဖြေပြီး လူတွေက ချီးကျူးတဲ့အနေနဲ့ပိုက်ဆံပေးကြတာဖြစ်တယ်ဆိုပြီးနှိုင်းယှဉ်ပြောလာတာ ဖြစ်ပါတယ်။ “ ဘာမှမသိသေးတဲ့ ကလေးသူငယ်တွေကိုတောင်းစားခိုင်းတဲ့လူကြီးတွေလည်းရှိသလို လသားအရွယ် ကလေးကိုချီပြီး နေပူထဲမှာ၊ မိုးရွာထဲမှာ လိုက်တောင်းနေတဲ့သူတွေလည်းရှိတယ်။ ဒါဟာ တကယ်တော့မလုပ်သင့်တဲ့အရာပါပဲ။

ရေနစ်နေတဲ့ ကောင်လေးနှစ်ဦးကို ကယ်ဆယ်ခဲ့သူ ကိုယ်တိုင်ရေနစ်သေဆုံးခဲ့ရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပင်လယ်ကမ်းခြေတစ်ခုမှာ အမျိုးသားတစ်ဦးဟာ ရေနစ်နေတဲ့ လူငယ်နှစ်ဦးအား ကယ်ဆယ်ရင်းနဲ့ ကိုယ်တိုင်ရေနစ်သေဆုံးခဲ့ရမှု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။ ၀ပ်သီချုင်း ချာအွန်သမ်အမည်ရ အဆိုပါအမျိုးသားဟာ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်နေစဉ် လှိုင်းလုံတွေကြားထဲမှာ ကောင်လေးနှစ်ယောက်ရေနစ်ပြီး အကူညီတောင်းသံကို ကြားခဲ့တာကြောင့် ကူညီဖို့ ရေထဲကို ခုန်ဆင်းသွားခဲ့တာဖြစ်တယ်လို့ ၄င်းရဲ့ ဆွေမျိုတွေကပြောပါတယ်။
အဲဒီနောက် ကောင်လေးတွေကို ကမ်းစပ်ရောက်အောင် ကူညီနိုင်ခဲ့ပေမယ့်လည်း ခြေကုန်လက်ပန်း ကျနေတဲ့သူ့ကို နောက်ထပ် လှိုင်းလုံးတစ်ခုက ရိုက်ခတ်ခဲ့တာကြောင့် ပင်လယ်ထဲမျောပါကာ ရေနစ်သွားခဲ့ ရတာဖြစ်ပါတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ ကောင်လေးနှစ်ယောက်ကတော့ အသက် ၁၅ နှစ် အရွယ် Singha Wangprai နဲ့ Suthang Wangprai တို့ဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အေလာင်းကိုတော့ ပင်လယ်ရေအနက် ၂၀၀ မီတာခန့်လောက်မှာ ရေငုပ်သမားကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဥထုန်သနီမြို့မှာ နေထိုင်တဲ့ အဆိုပါအမျိုးသားဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး မိသားစုနဲ့ အတူ ကမ်းခြေကို အလည်လာခဲ့ကြတာဖြစ်ပါတယ်။

မူဆယ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၆၅ဝ ကျော်အထိ ကျဆင်း

တရုတ်အစိုးရ၏တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး စီမံချက်ကြောင့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၆၅ဝ ကျော်အထိ ကျဆင်းလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ တရုတ်နိုင်ငံ၏ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးစီမံချက်အရ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ပထမပတ်မှစတင်၍ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေသည့်အပေါ် တရုတ်အစိုးရမှ လုံခြုံရေးတင်းကျပ်စွာဖြင့်ပိတ်ဆို့ထားရှိခဲ့ခြင်းဖြစ်ပြီး

ရခိုင်အမျိုးသားပါတီမှ ပါတီဝင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ထပ်မံ နုတ်ထွက်

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က မာန်အောင်မြို့နယ် ပါတီဝင်များအားလုံး နှုတ်ထွက်မှုဖြစ်ထားသည့် ရခိုင်အမျိုးသားပါတီ(ANP) မှ ပါတီ ၀င်၂ ဦး(လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) တို့ ထပ်မံနှုတ်ထွက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယခုထပ်မံနှုတ်ထွက်လိုက်သည့် ပုဂ္ဂိုလ်များမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် တို့ဖြစ်သည်။ ၎င်းတို့၏ နှုတ်ထွက်စာကို ဇွန် ၆ ရက်နေ့ ရက်စွဲဖြင့်လိပ်မူထားကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်း နေ့စဉ်မိုးရွာသွန်းမှုများရှိနေသော်လည်း လယ်ယာမြေအချို့တွင် အောင်ရေမရရှိသေးသောကြောင့် ရေသွင်းစိုက်ပျိုးခြင်း၊ အောင်ရေစောင့်ဆိုင်းနေရခြင်းများ ရှိနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း နေ့စဉ်မိုးရွာသွန်းမှုများ ရှိနေသော်လည်း မုတ်သုံအဝင်နောက်ကျခြင်း၊ မိုးရေချိန်လုံလောက်စွာ မရရှိခြင်းများကြောင့် လယ်ယာမြေအချို့တွင် အောင်ရေမရရှိသေးဘဲ ရေသွင်းစိုက်ပျိုးရ ခြင်း၊အောင်ရေစောင့်ဆိုင်းနေရခြင်းများ ရှိနေသေးကြောင်း သတင်းရရှိသည်။

မိုက်ကယ်ကျော်မြင့်၏ ယောက္ခမကို ဝရမ်းပြေးလက်ခံထားရှိမှုဖြင့် အမှုဖွင့်

Image may contain: house, tree and outdoorမန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းကံရွာနေ မိုက်ကယ်ကျော်မြင့်ရဲ့ ယောက္ခမဖြစ်သူ အသက် ၈၀ အရွယ် ဦးကျော်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၆ ဝရမ်းပြေး အိမ်မှာလက်ခံထားရှိမှုနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ပင်းတလဲရဲစခန်း တာဝန်ကျရဲအရာရှိက “မိုက်ကယ်ကျော်မြင့်ကို မနေ့က သူ့ယောက္ခမအိမ်မှာ ဖမ်းမိတယ်။ ဒီနေ့မနက်ပဲ သူ့ယောက္ခမ ဦးကျော်မောင်ကို ဝရမ်းပြေး လက်ခံထားမှုနဲ့ အမှုဖွင့်တယ်”လို့ ပြောပါတယ်။

ဓါတ်တိုင်များတင်၍ ရပ်ထားသော ဆယ်ဘီးယာဉ်ကို ဝင်တိုက်မိရာမှ ဆရာဝန်သုံးဦး သေဆုံး

ဖျာပုံ - ကျိုက်လတ် လမ်းမကြီးမှာ ရှိတဲ့ တံတားတွင် ဓာတ်တိုင်များတင်၍   ရပ်ထားသည့် ဆယ်ဘီးကားကို ဆရာဝန်များ လိုက်ပါလာသည့် ကားက ဝင်တိုက်မိရာမှ ကားပေါ်ပါ ဆရာဝန် သုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။   ဇွန်လ ၁၁ရက်နေ့ နံနက် ၂နာရီနှင့် ၃နာရီကြားက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းထားပြီး ၎င်းဖြစ်စဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ နံနက် ၃နာရီခွဲခန့်မှသာ သိရှိရကြောင်းအမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှုးရုံးမှ ခေတ္တတပ်ဖွဲ့စုမှုး   ရဲအုပ်ဇာနည်ထွန်းက ပြောသည်။ “ကနဦး စုံစမ်းလို့ရတာတော့ ၁၀ဘီးကားက စက်ချို့ယွင်းလို့ ရပ်ခဲ့တယ်လို့ သိရတယ်၊ ဘယ်လိုပဲရပ်ရပ် ဒီကားက ယာဉ်မရပ်ရတဲ့ နေရာမှာရပ်ထားတယ်၊ သတ်မှတ်ထားတဲ့ အချက်ပြမီးတွေ၊ မီးဆိုင်းတွေပြမထားဘူး၊ ယာဉ်မောင်း ကလည်း ကားရပ်ပြီးထွက်သွားတယ်”ဟု ရဲအုပ်ဇာနည်ထွန်းက ပြောသည်။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန်- ၁၁၊ ၂၀၁၉

ဒီကနေ့ ဇွန် ၁၁ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၂၄ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၈ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၆ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၁ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၆၉၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၂၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၃၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၃၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၀၅ ကျပ်ဈေးဖြစ်ပါ တယ်။

ဦးဝီရသူအမှု မျက်ကွယ်မှာ စစ်ဖို့ တရားရုံး အမိန့်ချ

ဦးဝီရသူကို လတ်​တ​လောဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် မျက်​ကွယ်​တွင်​ အမှုဆက်​လက်​စစ်​​ဆေးရန်​ တရားသူကြီးက အမိန့်​ချလိုက်​​ကြောင်း အ​နောက်​ပိုင်းခရိုင်တရားရုံး ၏ ​ပြော​ရေးဆိုခွင့်​ရှိသူ ဒုခရိုင်​တရားသူကြီး (၃) ဦးမင်းသန့်​က ​ပြောကြားသည်​။ ထို့​ကြောင့်​ လာမည့်​ ဇွန်​လ ၁၈ရက်​တွင်​ တရားလိုဖြစ်​သူကို စတင်​စစ်​​ဆေးသွားမည်​ဟု ဦးမင်းသန့်​က ​ယ​နေ့ (ဇွန်​လ၁၁ရက်​)တွင်​ သတင်း​ထောက်​များအားေ​ပြာသည်​။ အ​ထွေ​ထွေအမှုဖြင့်​ ​ပြောင်းလဲ အမှုဖွင့်​ထားသည့်  ဦးဝီရသူ၏ ဖမ်းဝရမ်းကို  ရန်​ကုန်​တိုင်း သတင်းရဲတပ်​ဖွဲ့စုမှုး ဒုရဲမှုးတင်​ထွန်းက ယ​နေ့ တရားရုံးသို့ ပြန်​အပ်​ရာ တရားခံပါလာခြင်း မရှိ​ပေ။ ထို့​ကြောင့်​ ဒုရဲမှုး တင်​ထွန်းနှင့်​ သက်​​သေနှစ်​ဦးကို စစ်​​ဆေးပြီး​နောက်​ အမှုကို မျက်​ကွယ်​တွင်​ စစ်​​ဆေးသွားရန်​ တရားသူကြီးက အမိန့်​ချလိုက်​ခြင်း ဖြစ်​သည်​။ ဦးဝီရသူကို တရားခံ​ပြေးအဖြစ်​ ​ကြေညာရန်​ အဆင့်​မ​ရောက်​​သေး​ကြောင်း ဦးမင်းသန့်​က ​ရှင်းပြသည်​။

အရောင်းအဝယ် လုပ်ငန်းများကို ဥပဒေဘောင်အတွင်း ယှဉ်ပြိုင်ရန် စီးပွားကူးသန်းဝန်ကြီး တိုက်တွန်း

 မြန်မာနိုင်ငံယှဉ် ပြိုင်မှု ကော်မရှင်သည် ဥပဒေ ဖောက်ဖျက်မှုကို ဖော်ထုတ်အရေး ယူမည်ဖြစ်၍ လုပ်ငန်းရှင်များက ရောင်းဝယ်ဖောက်ကားခြင်းလုပ် ငန်းများကို သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ရန် လို အပ်ကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောကြားသည်။ ‘‘ယှဉ်ပြိုင်မှုကော်မရှင်အနေ နဲ့ လွတ်လပ်စွာ မျှတတဲ့ ပတ်ဝန်း ကျင်ကောင်းတစ်ခု ဖန်တီးရန်လို အပ်သလို ပြည်သူလူထုနဲ့အတူ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ ယှဉ်ပြိုင်မှုဥပဒေနဲ့အညီ ဆောင် ရွက်ဖို့လိုပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်များအနေနဲ့ သတ်မှတ်တဲ့ ဥပဒေဘောင်ထဲက မိမိတို့ ရောင်းဝယ်ဖောက်ကားတဲ့ လုပ် ငန်းများကို ဥပဒေနဲ့အညီ ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်’’ဟု ဒေါက်တာ သန်းမြင့်က ဆိုသည်။

ဟန်ဂေရီ ကားပြိုင်ပွဲမှာ လူအုပ်ထဲ ပြိုင်ကား ဝင်တိုက်

ဟန်ဂေရီက ရယ်လီ ကားပြိုင်ပွဲ တစ်ခုမှာ လူအုပ်ထဲ ပြိုင်ကား ဝင်တိုက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်က တော့တ်ကွမ်လော့စ်မြို့မှာ ပြိုင်ကား တစ်စီးက ဂငယ်ကွေ့ လမ်းကြောင်းအတိုင်း ပြန်ကွေ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက လူအုပ်ထဲ ဝင်တိုးမိသွားတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို အနားမှာ ရှိနေသူတွေက မှတ်တမ်း ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ကားနဲ့ ဝင်တိုက်မိတဲ့အတွက် လူ ၁၁ ဦး ဒဏ်ရာရသွားပြီး ၂ ဦးကိုတော့ အခြေအနေ စိုးရိမ်ရတဲ့အတွက် ရဟတ်ယာဉ်နဲ့ အမြန်ဆုံး သယ်ယူသွားခဲ့ရပါတယ်။ အာဏာပိုင်တွေက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အကြောင်းရင်းကို စုံစမ်းနေဆဲပါ။ မြို့ရဲ့ ရယ်လီ ကားမောင်းပြိုင်ပွဲကို နှစ်တိုင်း ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက် ရှိခဲ့ပါပြီ။ အခုနှစ် ပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

နယူးယောက်မြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုအမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ ယာဉ်မှူးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ကောင် မန်ဟက်တန်ရပ်ရှိ ၅၄ထပ်အဆောက်အအုံတစ်ခု၏ အမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စီးပျက်ကျရာ ရဟတ်ယာဉ်မှူးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောသည်။ ရဟတ်ယာဉ်ပျက်ကျသော အဆောက်အအုံမှာ မန်ဟက်တန်ရပ် ၅၁လမ်းနှင့် သတ္တမရိပ်သာလမ်းရှိ 787 Seventh Ave ဖြစ်ပြီး၊ ဒေသစံတော်ချိန် ဇွန်လ(၁၀)ရက် မွန်းလွဲ(၁)နာရီခွဲ ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

မင်းသားကြီးအာနိုးရဲ့သမီးနဲ့ ဟောလိဝုဒ်ကြယ်ပွင့် ခရစ္စပရတ် လက်ထပ်

နာမည်ကျော်မင်း သားကြီး အာနိုးရှဝါဇီနီဂါနှင့် မာ ရီယာရှရီဗာ၏ သမီးကက်သရင်း  ရှဝါဇီနီဂါသည် ဟောလိဝုဒ်ကြယ် ပွင့်ခရစ္စပရတ်နှင့် လက်ထပ်လိုက် ပြီဖြစ်သည်။ ၂၀၁၈ နွေရာသီက စတင်  ချစ်ကြိုက်ခဲ့သော ယင်းစုံတွဲ သည် မိသားစုနှင့် မိတ်ဆွေသူငယ် ချင်းများရှေ့မှောက်၌ စနေနေ့က လက်ထပ်ခဲ့သည်။ ယင်းလက်ထပ်ပွဲသို့ မင်း သားကြီးအာနိုးနှင့် မာရီယာရှရီ ဗာတို့အပြင် ခရစ္စပရတ်၏(၆) နှစ်အရွယ်သားဖြစ်သူ ဂျက်တို့ ရောက်ခဲ့သည်။ ယင်းလက်ထပ်ပွဲကို ကြီး ကြီးကျယ်ကျယ်မဟုတ်ဘဲ မြက် ခင်းပြင်ပေါ်၌ အရက်စုံဖျော်ရည်  တို့ဖြင့် ဧည့်ခံခြင်း၊ တီးဝိုင်းဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် အကျဉ်းချုံး သာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ခရစ္စ (၃၉) နှစ်သည် ယခင်  က ဟောလိဝုဒ်ကြယ်ပွင့်အန်နာ  ဖာရစ်နှင့် လက်ထပ်ခဲ့သော်လည်း    ၂၀၁၇ ဇူလိုင်လက ကွာရှင်းခဲ့ သည်။ ခရစ္စနှင့် ကက်သရင်းတို့ သည် ဇန်န၀ါရီကစေ့စပ်ခဲ့ကြပြီး  လများအကြာတွင် လက်ထပ်ခဲ့ ခြင်းဖြစ်သည်။

တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်မယ့် EXO အဖွဲ့ဝင်ဘေဟွန်း

အမျိုးသားကေပေါ့ပ် EXO အဖွဲ့ဝင် ဘေဟွန်းသည် ဇူလိုင်တွင် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ရှိမည်ဖြစ် သည်။ ယင်းမှာ လွန်ခဲ့သော ခုနစ် နှစ်က EXO နှင့်အတူ  အနုပညာ  ပွဲထွက်ပြီးနောက်ပိုင်း  ဘေဟွန်း  ၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည်။ EXO အဖွဲ့ဝင်ချန်းကလည်း April, and a Flower အမည်ရှိ မီနီအယ်လ်ဘမ်နှင့်အတူပထမ ဆုံးတစ်ကိုယ်တော်အခွေထွက်ရှိ ခဲ့သဖြင့် ဘေဟွန်းသည်တစ်ကိုယ် တော်အယ်လ်ဘမ်ထွက်ရှိမည့် ဒု တိယမြောက် အဖွဲ့ဝင်ဖြစ်လာ သည်။ ထိုအတောအတွင်းEXO အ ဖွဲ့ဝင်ချန်ယိုလ်နှင့် ဆီဟန်းသည်   နှစ်ယောက်ပေါင်းဖန်တီးထား  သော အယ်လ်ဘမ်ကို ဇူလိုင်တွင်  ထုတ်လုပ်ရန်ပြင်ဆင်နေပြီး EXO  အဖွဲ့လိုက်ဂီတဖျော်ဖြေပွဲလည်း  ကျင်းပရန် စီစဉ်ထားသည်။

ရီးရဲလ်မက်ဒရစ် အသုံးစရိတ် မြင့်မားနေ၍ ယူရိုသန်း ၃၀၀ တန်ဖိုးအထိ ကစားသမားများ ရောင်းရမည်

ချယ်လ်ဆီးမှ ဘယ်လ် ဂျီယံတိုက်စ်စမှူး ဟာဇက်ကို ယူ ရိုသန်း ၁၅၀ ဖြင့် ဝယ်ယူခြင်းအ ပါအဝင် ကစားသမားအသစ်များ အတွက် ရီးရဲလ်၏ငွေသုံးစွဲမှု မြင့် မားနေသဖြင့် ယူအီးအက်ဖ်အေ ၏ ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင် ရေး စည်းကမ်းနှင့် ကိုက်ညီစေ ရေး ရီးရဲလ်အနေဖြင့် ယူရိုသန်း ၃၀၀ အထိ တန်ဖိုးရှိသော ကစား သမားများကို ရောင်းချရမည်ဖြစ် သည်။ရီးရဲလ်အသင်းဥက္ကဋ္ဌ လော်ရန်တီနို၏ ကြယ်စင်စုအစီအစဉ် အတွက် ငွေအမြောက်အမြားသုံး စွဲမှုနှင့်အတူ ရီးရဲလ်က ဂျိုဗစ်ကို လည်း ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူ ထားသည်။

နေးရှင်းလိဂ်ဖလားကို ပေါ်တူဂီဆွတ်ခူး၊ အင်္ဂလန်အသင်းတတိယရ

ပထမဆုံးကျင်းပသော နေးရှင်းလိဂ်ဖလားဗိုလ်လုပွဲတွင် အိမ်ရှင်ပေါ်တူဂီက နယ်သာလန် ကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးသုံးနှစ် အတွင်း ဒုတိယမြောက်ဆုဖလား ဆွတ်ခူးခဲ့သည်။ မိနစ် ၆၀ တွင် တိုက်စစ်မှူး ဂွီဒက်စ်၏ တစ်လုံးတည်းသောဂိုး က ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီ အတွက် နေးရှင်းလိဂ်ဖလားဗိုလ်စွဲ  စေခဲ့ပြီး ယင်းမှာအသင်းလိုက်စု စည်းညီညွတ်မှု၏ သက်သေဖြစ် ကြောင်း ပေါ်တူဂီနည်းပြဆန်း တို့စ်က ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်နိုင်ငံသို့ အလည်အပတ်သွားမည်

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုသီတင်းပတ်အတွင်း အီရန်နိုင်ငံသို့ ရှားရှားပါးပါး အလည်အပတ်သွားရောက် မည်ဖြစ်ပြီး ဂျပန်၏ အဓိကမဟာမိတ် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ ဖြေလျှော့ပေးရန် မျှော်လင့်နေသည်။ ၂၀၁၅ အီရန်နျူသဘောတူ ညီချက်မှ ပြီးခဲ့သည့်နှစ်က အမေ ရိကန် နုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်ပြီးနောက် အီရန်နှင့် အမေ ရိကန်တို့ တင်းမာနေသည်။

ဂျီ-၂၀ အစည်းအဝေးတွင် စီကျင်းပင်နှင့် ဒေါ်နယ်ထရန့် တွေ့ဆုံရေး တရုတ်အစိုးရ နှုတ်ဆိတ်နေ

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ စီကျင်းပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံနိုင်ခြေ နှင့်ပတ်သက်၍ ကြေညာခြင်းမရှိ သေးသော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းဖွင့်ထား ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက ပြောသည်။ ဇွန်လကုန်ကျင်းပမည့် ယင်း ထိပ်သီး အစည်းအဝေးပွဲတွင် စီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေး ရန် အသင့်ရှိနေကြောင်း ထရန့် က အစဉ်တစိုက် ထုတ်ဖော်ပြော ထားသော်လည်း တရုတ်အစိုးရ က အတည်မပြုသေးပေ။ ပြီးခဲ့သည့်နှစ်က ဗျူနိုအေး ရိ့စ် ထိပ်သီးတွေ့ဆုံပွဲတွင် ခေါင်း ဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ထပ်မံတွေ့ဆုံမည်လား ဆိုသည် ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂန် ရှောင်းက အတည်မပြုခဲ့ပေ။

သေနတ်ကိုင်ဆောင်သူတစ်ဦးကြောင့် လိင်တူစုံမက်သူချီတက်ပွဲ ဝရုန်းသုန်းကားဖြစ်

 အမေရိကန်နိုင်ငံ လိင်တူစုံမက်သူချီတက်ပွဲတွင် ဝရုန်းသုန်းကားဖြစ်စေပြီး လူခုနစ်ဦး ဆေးရုံတက် ကုသခဲ့ရပြီးနောက် အမျိုးသားတစ်ဦး တရားစွဲခံရ သည်။ အက်ဖ်တက်ဘ်ဂျစ်တ်ဆင်း အမည်ရှိ အမျိုးသားသည် ဇွန်လ ၈ ရက်က ချီတက်ပွဲတွင် သေနတ် တစ်လက် ကိုင်မြှောက်ခဲ့သော ကြောင့် လူအုပ်ကြီး ဖရိုဖရဲဖြစ်ခဲ့ သည်။ ဆင်းသည် အန္တရာယ်ရှိ သော၊ လက်နက်ဖြစ်သည့် BB သေနတ်ကို တရားမဝင်ပိုင်ဆိုင်မှုဖြင့် တရားစွဲခံရသည်။ ချီတက်စဉ်အတွင်း ဖောက် ခနဲအသံများ ကြားခဲ့ကြောင်း၊ ထို့နောက် ပြေးလွှားကာ စား သောက်ဆိုင်တစ်ဆိုင်ထဲသို့ တွန်းဝင်ပြီး ရေချိုးခန်းထဲတွင် ပုန်းခဲ့ ကြောင်း ဆယ်ကျော်သက် မိန်း ကလေးတစ်ဦးက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုစစ်ရဲအရာရှိနှစ်ဦးကို တရားခွင်၌ စစ်ဆေး

လက်နက်၊ မူးယစ် ဆေး၊ ဆက်သွယ်ရေးစက်များ သိမ်းဆည်းရမိသဖြင့် အမှုပေါင်း များစွာဖြင့် တရားရင်ဆိုင်နေရ သည့် ဖြိုးကိုကိုတင့်ဆန်း၏ နေ ပြည်တော်နှင့် သက်ဆိုင်သည့်အ မှုသုံးခုအတွက် အမှုစစ်ရဲအရာရှိ နှစ်ဦးကို ဒက္ခိဏခရိုင်တရားရုံးက ယမန်နေ့တွင် စစ်ဆေးသည်။ေ နပြည်တော်တွင် မူးယစ် ဆေးဝါး၊ လက်နက်တို့နှင့်စပ် လျဉ်း၍ ဖြိုးကိုကိုတင့်ဆန်းကို အမှု ရှစ်ခု စွဲဆိုထားခြင်း ဖြစ်သည်။ ရန်ကုန်နှင့်ပတ်သက်သည့် အမှု ခြောက်မှုကိုလည်း နေပြည်တော် ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် တစ် ပေါင်းတည်း စစ်ဆေးနေသော် လည်း ယမန်နေ့က ပြုလုပ်သည့် တရားခွင်၌မူ ပါဝင်ခြင်းမရှိပေ။

စာမေးပွဲကျရှုံးသော ချစ်တပည့်သို့ ပေးစာ

ဇွန်လ ၈ ရက်က တက္ကသိုလ် ၀င်တန်း စာမေးပွဲအောင်စာရင်း တွေ ထွက်တော့သား ကျရှုံးတယ် လို့ သတင်းကြားရတဲ့အတွက် ဆရာစိတ်မကောင်းပါဘူး။ ဒီအ ချိန်မှာ သားရော၊ သားရဲ့ မိဘ တွေရော ၀မ်းနည်းနေကြမယ်ဆို တာ ဆရာနားလည်ပါတယ်။ သားအနေနဲ့ စာမေးပွဲကျရှုံးခြင်းအပေါ် အတော်လေး စိတ်ဓာတ်ကျနေ တယ်လို့ သတင်းကြားရလို့ ဒီစာ ကို ဆရာရေးလိုက်တာပါ။ ဆရာ ဆက်ပြီးပြောမယ့် အကြောင်းအ ရာတွေကို သားသေချာဖတ်ပေး ပါ။ ပြီးတော့မှ သားအနေနဲ့ စိတ် ဓာတ်ကျနေသင့်သလားဆိုတာ ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပါသား ရေ။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ငလျင်လှုပ်

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဇွန်လ ၁၀ ရက် မွန်းလွဲ ၃ နာရီခန့်က ရစ်ခ်ျတာ စကေး ၄ ဒသမ ၂ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် မြေလွှာလှုပ် ခတ်မှု သိသိသာသာ ကြုံတွေ့ခဲ့ သော်လည်း ထိခိုက်ပျက်စီးမှုမရှိ ကြောင်း ဒေသခံများက ပြော ကြားသည်။  ‘‘ရုတ်တရက် လန့်သွား တယ်။ နှစ်ချက်ဆောင့်လှုပ်သွား တာ’’ဟု ဒေသခံ ဦးလွန်းမြိုင်က ပြောသည်။ ငလျင်သည် မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် ခြောက်မိုင် ခန့်အကွာတွင် မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ငလျင်အင်အားနည်းသော် လည်း မြေအနက် ၁၀ ကီလိုမီတာ တွင် ဗဟိုပြုခြင်းဖြစ်၍ လှုပ်ခတ်မှု သိသာခြင်းဖြစ်သည်။ ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း ကချင်ပြည်နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ မိုးညှင်းမြို့နယ်သည် စစ် ကိုင်းပြတ်ရွေ့အပြင် လှုပ်ရှားမှုရှိ သော ငလျင်ပြတ်ရွေ့အချို့နှင့် ဆက်စပ်နေပြီး အင်အားရစ်ခ်ျတာ စကေး ၃ မှ ၅ ကြား ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။

စစ်ကိုင်းတောင်ရိုးလမ်းတစ်လျှောက်ရှိ လမ်းဘေးကျူးကျော်ဆိုင်များကို ဖယ်ရှားမည်

 စစ်ကိုင်းတောင်သွား လမ်းတစ်လျှောက်ရှိ အမာခံဆောက်လုပ်ထားသော လမ်းဘေးကျူးကျော်ဆိုင်များ ဖယ်ရှားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။ စစ်ကိုင်းတောင်ရိုး လမ်းတစ်လျှောက် လမ်းဘေးကျူးကျော် ဆိုင်ခန်း ၃၀ ခန့်ရှိရာ ဧပြီ ၉ ရက်နောက်ဆုံးထား ဖျက်သိမ်းပေးရန် ကျူးကျော်ဆိုင်ရှင်များကို သတိပေးအကြောင်းစာ ထုတ်ထား သည်။ ‘‘စစ်ကိုင်းတောင်ရိုး လမ်း တစ်လျှောက်က နိုင်ငံခြားသား ခရီးသွားတွေ အမြဲသွားလာနေတဲ့လမ်းဖြစ်တယ်။ အမာခံ အဆောက်အအုံတွေဆောက် ဈေးရောင်းချပြီး လမ်းဘေး ၀ဲ၊ ယာရုပ်ဆိုးအကျည်းတန်စေလို့ ဖျက်သိမ်းမှာ’’ဟု ဦးဝင်းနိုင်က ပြော သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုရင်ဆိုင်နေသူ ၁၄ ဦးရှိ

 ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုရင်ဆိုင်နေရသူ ၁၄ ဦးရှိ ကြောင်း ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ပြော သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သည့် ဇွန်လ ၁၀ ရက်တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၏ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရသည့်အမှုနှင့်  တရားခံအရေ အတွက် သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်းပြီး ဦးကြွယ်ကြွယ်က ပြန်လည်ဖြေကြားသည်။ 

တရားမဝင်သစ်တင်ယာဉ်ကို ရဲတပ်ဖွဲ့ပစ်ခတ်ဖမ်းဆီးစဉ် တရားခံမမိ၍ ဝေဖန်ခံနေရ ယာဉ်ငါးစီးခန့် နှောင့်ယှက်သဖြင့် ဖမ်းဆီးရန် ခက်ခဲခဲ့ဟု သစ်တောအရာရှိပြော

တရားမဝင်သစ်တင် ယာဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှု   ထောက်ကြန့် မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ယမန် နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် တရားမ ဝင်သစ်တင်ယာဉ်ကို သိမ်းဆည်း ရမိသော်လည်း ယာဉ်ပေါ်ပါသူ များ ထွက်ပြေးလွတ်မြောက်ကာ ဖမ်းဆီးမှုအတွင်း ပါဝင်သည့် ရဲ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ တရားမဝင်သစ်တင်ဆောင် ထားသည့် ကုန်တင်ယာဉ်ကို လှည့်ကင်းယာဉ်ဖြင့် လိုက်လံဖမ်း ဆီးသော်လည်း ပါဝင်ပတ်သက် သူများကို ဖမ်းဆီးရမိမှုမရှိခြင်း၊ လှည့်ကင်းယာဉ်ကိုတားဆီးသည့် Mark II ယာဉ်အားဖမ်းဆီးနိုင်မှု မရှိခြင်းအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုအများအပြား ထွက်ပေါ် ခဲ့သည်။

ခန္ဓာကိုယ်ထိန်းသိမ်းနေတဲ့ အကြောင်းရင်းကို ပြောတဲ့ နေတိုး

ဇာတ်ဝင်ခန်းလိုအပ်ချက် အရသော်လည်းကောင်း၊ ကျန်း မာရေးအရသော်လည်းကောင်း၊  ခန္ဓာကိုယ်ပိုင်းနှင့်ပတ်သက်ပြီး Gym ကစား၍ ထိန်းသိမ်းနေသလို အစားအသောက်ကိုလည်း Diet Plan နှင့် စားဖြစ်နေကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။ ‘‘ထမင်းအများကြီး မစားဖြစ်ဘူး။ ကျန်းမာရေးအရကို ဦးစား ပေးပြီး လေ့ကျင့်ခန်းလုပ်ဖြစ် တယ်။ အရမ်းကြီးခန္ဓာကိုယ်ကြီး ထွားပြီး သန်မာဖို့အတွက်တော့ မဟုတ်ပါဘူး။ ကျန်းမာရေးအရ Body Beauty ဆော့တာမျိုးတော့ ရှိပါတယ်။ ဘယ်အရာကိုမှ လွန် လွန်ကြူးကြူး လုပ်တာမျိုးတော့ မကောင်းဘူး။

ဘဲပျောက်ဆုံးသည့်ကိစ္စ မကျေနပ်ရာမှ ဓားဖြင့်ထိုးခံရ၍ လူတစ်ဦး သေဆုံး

ထန်းတပင်မြို့နယ် တွင်ဘဲပျောက်သည့်ကိစ္စ မကျေ နပ်ရာမှ ဘဲပိုင်ရှင်က ဓားဖြင့်ထိုး ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း   ထန်းတပင်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးကပြောသည်။ သေဆုံးသူသည်ဇွန်လ ၉ ရက်က ကြက်မွေးမြူရေးခြံ၌ အ လုပ်လုပ်နေစဉ်ကြက်ခြံဘေးတွင် နေထိုင်သူ စိုးပိုင်ကဘဲခြောက် ကောင်ပျောက်သည့် ကိစ္စနှင့်ပတ် သက်၍မကျေမနပ်ဖြစ်ကာကြက် ခြံသို့လာရောက်၍ အသင့်ယူလာ သောအရိုးအသွားခြောက်လက် မရှိဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းကဆိုသည်။ ဓားဖြင့်ထိုးခံရသူ ဦးစံခင်မှာ လည်ပင်းဝဲဘက်ခြမ်းတွင် ထိုး သွင်းဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံး ခဲ့သည်။

ရခိုင်ပြည်နယ်တည်ငြိမ်ရေး အထောက်အကူပြုကော်မတီ ယခုလအတွင်း ထပ်မံကွင်းဆင်းမည်

ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးအထောက်အ ကူပြုကော်မတီသည် ယခုလတတိယပတ်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်မှု ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးဇော်အေးမောင်က ပြောသည်။ အထက်ပါ ကော်မတီညှိ နှိုင်းအစည်းအဝေးကို နေပြည် တော်၌ တတိယအကြိမ်ကျင်းပခဲ့ ပြီး ယခုတစ်ပတ်တွင် ရန်ကုန်၌  ပညာရှင်များ၊အတွေ့အကြုံရှိသူ များ၏ အကြံပြုချက်များလက်ခံ   ဆွေးနွေးမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီး တာဝန် ယူထားသူ ဦးဇော်အေးမောင်က ပြောသည်။ ‘‘ရန်ကုန်မှာ ကျွမ်းကျင်သူ  များရဲ့ဆွေးနွေးမှုတွေ၊ အကြံပြုမှု တွေရယူဖို့အစည်းအဝေးတစ်ခု လုပ်ဦးမယ်။ အဲဒါပြီးရင် ရခိုင်ကို တတိယအကြိမ်ကွင်းဆင်းမယ်’’ ဟု ၎င်းကရှင်းပြသည်။

ရွှေဘိုခရိုင်၌ ပိုးကျနေသော ပြောင်းခင်းများကို ဆေးဖျန်းလုပ်ငန်း စတင်

 ရွှေဘိုခရိုင် ရေဦးမြို့နယ် နှင့် ခင်ဦးမြို့နယ်တွင် ငမြှောင် တောင်ပိုး (FAW/1) ကျရောက် သော အစေ့ထုတ်ပြောင်းစိုက်ခင်း များ ပျက်စီးမှု မရှိစေရန် ပိုးသတ် ဆေးဖျန်းလုပ်ငန်း စတင်ဆောင် ရွက်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးအောင်မျိုးဦးက ပြောသည်။ ရေဦးမြို့နယ်နှင့် ခင်ဦးမြို့ နယ်အကြား ဇီးကန်၊ မုံလှ၊ ပင် စိမ်းခင်းကျေးရွာများတွင် စိုက်ပျိုး ထားသော အစေ့ထုတ်ပြောင်း စိုက်ခင်း ဧက ၂၀၀ ၌ ငမြှောင် တောင်ပိုး (FAW/1) ကျရောက်ခဲ့ သဖြင့် ဇွန်လ ၁၀ ရက်ကစတင် ကာ ပိုးသတ်ဆေးဖျန်းလုပ်ငန်း များ ဆောင်ရွက်နေသည်။

ရေဦးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

 ရေဦးမြို့နယ်တွင် မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ် ပွားရာ နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီး မှူး ဦးအေးမြင့်က ပြောသည်။ ရေဦးမြို့နှင့် ငါးမိုင်ခန့်အ ကွာ ဗိုလ်ရုံကျေးရွာအရှေ့ပိုင်းရှိ အသက် (၄၅) နှစ်အရွယ် အမျိုး သမီးတစ်ဦး၏အိမ်တွင် ဇွန်လ ၁၀ ရက် နံနက် ၁ နာရီခွဲခန့်က မီး လောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ရေဦးမြို့နယ်မီးသတ်စခန်းမှ မီး ငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ် ယာဉ်တစ်စီး၊ ကျေးရွာရေစုပ်စက် ခြောက်လုံးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ရာ မိနစ် ၂၀ ခန့်အကြာတွင် ငြှိမ်း သတ်နိုင်ခဲ့သည်။  ‘‘နေအိမ်ပိုင်ရှင် အမျိုးသမီး ကို အမှုဖွင့်စစ်ဆေးနေပါတယ်’’ ဟု ဦးအေးမြင့်က ပြောသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၂ သိန်းခန့်ရှိကြောင်း မီးသတ်ဌာန မှတ်တမ်းများတွင်  ဖော်ပြထားသည်။  အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အိမ်ရှင်အမျိုးသမီးကို ရေ ဦးမြို့မရဲစခန်းက မီးပေါ့ဆမှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

ရန်ကုန်မြို့တွင် မကွေးမြို့နယ် ပန်းချီအစည်းအရုံး၏ ပန်းချီပြပွဲ ပြုလုပ်မည်

မကွေးမြို့နယ် ပန်းချီ အစည်းအရုံး၏ ပထမအကြိမ် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးပြပွဲခန်းမတွင် ဇွန်လ ၁၉ ရက်ကစ၍ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။  အဆိုပါ ပန်းချီပြပွဲတွင် မကွေးမြို့နယ် ပန်းချီအစည်းအရုံး မှ ပန်းချီဆရာ ၁၅ ဦး၏ ပန်းချီ ကား ၁၀၀ ခန့် ပြသရန် စီစဉ်ထား ကြောင်း ယင်းအစည်းအရုံးဥက္ကဋ္ဌ ပန်းချီဆရာ ဦးဘုဏ်းမော်ကပြောသည်။

အိမ်တွင်း အကြမ်းဖက်မှုကြုံတွေ့သော အမျိုးသမီးများ စိတ်ရောဂါဖြစ်နိုင်သည့် အန္တရာယ်များ

နေအိမ်တွင်အကြမ်းဖက်မှုခံစားရသောအမျိုးသမီးများသည် စိတ်ရောဂါစိန်ခေါ်မှု ဖြစ်ပေါ်နိုင်ခြေသုံးဆပိုများသည်ဟု လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။ ထိုကဲ့သို့ နှိပ်စက်ခံရသောအမျိုးသမီးများသည် စိတ်ကျစိတ် ကြွရောဂါနှင့် စိတ်ကစဥ့်ကလျားရောဂါခံစားရနိုင်ပြီး ရာဇ၀င်ရှိရန်  လည်းသုံးဆပိုများသည်ဟု ဗြိတိန်စိတ်ပညာဂျာနယ်တွင် ဖော်ပြခဲ့ သော သုတေသနကပြောသည်။ အိမ်တွင်းအကြမ်းဖက်မှု၏ ကျယ်ပြန့်မှုကို ထောက်ရှုပါက အ ကြမ်းဖက်မှုနှင့် စိတ်ရောဂါဆက်စပ်မှုကို နားလည်ရန်အရေးကြီး ပြီး အိမ်တွင်း အကြမ်းဖက်ခံရသောအမျိုးသမီးများ၏ ဘ၀ကို အကူအညီပေးရေး နည်းလမ်းများ သိရှိရန်လည်း လိုအပ်သည်ဟု သုတေသနပြုစုသူ ဘာမင်ဂန်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးဌာနမှ ဂျော့ဆင်းချန်ဒရန်လာပြောသည်။

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန် ကြိုးပမ်းမှု သံဃာတော်များတားမြစ် စစ်ရှောင်များကြောက်ရွံ့မှုမရှိစေရေး အရပ်ဝတ်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ဟု မိန့်ကြား

ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စ ခန်းကို တပ်မတော်သား ၅၀ ကျော်အပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင်များက ၀င်ရောက်စစ်ဆေး ရန် ဆောင်ရွက်မှုကို တားမြစ် ထားကြောင်းနှင့် အရပ်ဝတ်ဖြင့် စစ်ဆေးပါကအချိန်မရွေး စစ် ဆေးနိုင်ကြောင်း ပေါက်တော ပြင်ဘုန်းတော်ကြီးကျောင်းမှ သံ ဃာတော်များက မိန့်ကြားသည်။ စစ်ရှောင်ဦးရေ ၇၀၀ ကျော် ရှိသော ပေါက်တောပြင်ဘုန်းကြီး ကျောင်းသို့လုံခြုံရေးတပ်ဖွဲ့များ ကဇွန်လ ၁၀ ရက်နံနက်တွင် စစ်ဆေးရန် ဆောင်ရွက်ခြင်းဖြစ် သည်။

Asia Special Award ဆု ချီးမြှင့်ခံရတဲ့ ဝတ်မှုံရွှေရည်

ကိုရီးယားနိုင်ငံ ဆိုးလ် မြို့၌ ပြုလုပ်သည့် 2019 Asia Model Festival တွင် ဝတ်မှုံရွှေ ရည်ကို Asia Special Award ဆု ချီးမြှင့်ခဲ့သည်။ ‘‘မြန်မာနိုင်ငံမှာ ရှိတဲ့ ကစ်ရဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်း စီကို လေးလေးစားစားနဲ့ အရမ်း ကို ကျေးဇူးတင်ပါတယ်လို့ ပြော ချင်ပါတယ်။ ဒီထက်လည်း အ များကြီး ပိုကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်’’ဟု ဝတ်မှုံရွှေ ရည်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသည်။ အဆိုပါဆုပေးပွဲအခမ်းအ နားကို ဇွန်လ ၉ ရက်က ဆိုးလ်မြို့ အိုလံပစ်ပန်းခြံရှိ အိုလံပစ်ခန်းမ၌ ပြုလုပ်ခဲ့သည်။ ဝတ်မှုံရွှေရည်သည် ကိုရီး ယား၊   မြန်မာချစ်ကြည်ရေးအ ဖြစ် ပူးပေါင်းရိုက်ကူးသည့် ‘တိမ် တွေပေါ်က ပန်း’ ရုပ်ရှင်ရိုက်ကူး ရေးနှင့် ယင်းဆုပေးပွဲတက်ရောက် ရန် ကိုရီးယားနိုင်ငံသို့ ဇွန်လ ၆ ရက်တွင် ရောက်ရှိခဲ့သည်။

စင်္ကြံလမ်းပြည်သူချင်းချိတ်ဆက်မှုနှင့် စိန်ခေါ်ချက်များ

စီးပွားရေး စင်္ကြံလမ်း အောင်မြင် အထ မြောက်ဖို့ ဆိုရင် ပြည်သူချင်း ချိတ်ဆက်တာ အားကောင်းဖို့ လိုတာမို့ ဒေသခံပြည်သူတွေ မထောက်ခံရင်၊ မယုံကြည်ရင် အဲဒီလမ်းတွေ၊ ခါးပတ်တွေဟာ အလုပ်ဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ ပြည်သူချင်းချိတ်ဆက်တာကို ဗဟိုပြုနိုင်ဖို့ဆိုရင် ပြည်သူကို ရှင်းလင်းအသိပေးနိုင်ဖို့ အရေးကြီးသလိုပြည်သူ့အသံကို နားစွင့်ဖော်ဆောင်နိုင်ဖို့ကလည်း သော့ချက်ကျပါတယ်။ ပြည်သူကိုအလေးမထား ဘေးဖယ်ထားမယ် ဆိုရင်တော့ ပြည်သူချင်းချိတ် ဆက်မှုဆိုတာ စကားလုံးသက် သက်သာ ဖြစ်နိုင်ကာ စင်္ကြံလမ်း တွေ၊ ခါးပတ်တွေကို ဖော်ဆောင် တဲ့နေရာမှာ စိန်ခေါ်ချက်တွေ၊ အကျပ်အတည်းတွေကို ပိုလို့တိုး တိုးလာစေမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းရှိ SME လုပ်ငန်းများ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိရေး ဆောင်ရွက်မည်

မန္တလေးတိုင်းရှိ စီးပွား ရေးလုပ်ငန်းများကို နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရရှိရေး လိုအပ်သည့် သင်တန်းများနှင့် လမ်းညွှန်မှုများ ဆောင်ရွက်ပေးမည်ဟု မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာ ကျော်ကပြောသည်။ ‘‘ISO လက်မှတ် ရယူနိုင်ဖို့ အတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေ၊ လိုက်နာရမယ့်ဟာတွေ အဲ ဒါတွေကို သင်တန်းပေးပြီး ကူညီ ဆောင်ရွက်ပေးသွားဖို့ စီစဉ်နေပါ တယ်။ တတိယအဖွဲ့အစည်းတစ် ခုနဲ့ ပူးပေါင်းပြီးတော့ ISO အ ထောက်အကူပြု လက်မှတ်ရနိုင် ဖို့အတွက် အဓိကလုပ်သွားမှာပါ’’ ဟု ဦးဥက္ကာကျော်က ပြောကြား သည်။

ထိုင်းတွင် ပြုလုပ်မည့် အပစ်ရပ်အဖွဲ့များ အစည်းအဝေး တားမြစ်သူသည် မြန်မာစစ်သံမှူးဟု တပ်မတော်အတည်ပြု

အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့၏ ထိုင်းနိုင်ငံ ချင်းမိုင်အ စည်းအဝေးကို တပ်မတော်၏ သီး ခြားညွှန်ကြားချက်ဖြင့် တားဆီး ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံရှိ မြန် မာစစ်သံမှူးက သုံးသပ်ဆောင် ရွက်ခြင်းသာဖြစ်ကြောင်း တပ်မ တော် သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက ပြောသည်။ ကရင်အမျိုးသားအစည်းအ ရုံး(KNU)က အဆိုပြုထားသည့်  NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုး ရသေးသည့်အဖွဲ့တို့ ပါဝင်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ တိုင်ပင်ခံအစည်းအဝေး (PPCM) စုဖွဲ့ရေးကိစ္စကို NCA  ထိုးပြီးအဖွဲ့ ၁၀ ဖွဲ့က ဇွန်လ ၈ရက်တွင် ချင်း မိုင်မြို့ တွေ့ဆုံဆွေးနွေးရန် စီစဉ် ခဲ့သည်။ သို့သော် ယင်းအစည်းအဝေးကို တားဆီးပေးရန် မြန်မာ စစ်သံမှူးက ထိုင်းအာဏာပိုင်ထံ သို့ ဇွန်လ ၇ ရက်စွဲဖြင့် စာပို့ခဲ့၍  အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေးကို ထိုင်းအာဏာပိုင်များက ကျင်းပ ခွင့်မပြုခဲ့ပေ။

အိန္ဒိယအရှေ့မြောက်ပိုင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာခြင်း

အိန္ဒိယအစိုးရသည် စွမ်း အင်အမျိုးမျိုးထုတ်ယူသုံးစွဲရာ တွင် သဘာဝဓာတ်ငွေ့ရှယ်ယာ ကို ၂၀၃၀ မတိုင်မီ ၁၅ ရာခိုင်နှုန်း သို့ တိုးမြှင့်ခြင်းဖြင့် သဘာဝဓာတ် ငွေ့အခြေခံစီးပွားရေးအကောင် အထည်ဖော်ရန် ရည်ရွယ်ချက်ရှိ နေသည်။ ထို့ကြောင့် အိန္ဒိယအစိုးရ သည် အခြားရုပ်ကြွင်းလောင်စာ များနှင့် နှိုင်းယှဉ်ပါက ထိရောက်မှု ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော သဘာဝ ဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန် ခြေ လှမ်းစလှမ်းခဲ့သည်။

ကချင်စစ်ဘေး (၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲ စီစဉ်သူနှစ်ဦးကို ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲ

ကချင်ဒေသ တစ်ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု (၈)နှစ်ပြည့်နေ့ တွင် စစ်ရှောင်များကိုယ်တိုင် ပါဝင်သည့် ကချင်စစ်ဘေး(၈)နှစ် ပြည့် အထိမ်းအမှတ်ပြဇာတ်တင် ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး  ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်း မရှိဟုဆိုကာ ကချင်လူငယ်အဖွဲ့ တာဝန်ခံနှစ်ဦးကို ရဲတပ်ဖွဲ့က  တရားစွဲဆိုခဲ့သည်။ တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲဖြစ်ပွားမှု (၈)နှစ်ပြည့်အ ထိမ်းအမှတ်ဆုတောင်းပွဲကို ဇွန် လ ၈ ရက်က မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်ခဲ့ပြီး တေး သရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနား မြို့လယ်၌ ကချင်လူငယ်များက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၈ ရက် ဆုတောင်းပွဲနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်းမရှိ သော်လည်း ၉ ရက်နေ့  ပြဇာတ် တင်ဆက်မှုနှင့်ပတ်သက်ပြီး တာ ၀န်ခံနှစ်ဦးဖြစ်သည့် မဆိုင်းနူးပန် နှင့် ကိုပေါလုကို ယခုကဲ့သို့တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဇွန်လ ၁၀ ရက်ညနေတွင် ရဲစခန်း သို့ခေါ်ပြီး အာမခံပေးခဲ့သည်။

ဖမ်းဝရမ်းထုတ်ထားသော ဦးပညာဝံသနှင့် မိုက်ကယ်ကျော်မြင့်ကို ဖမ်းမိ

ရန်ကုန်မြို့၌ လွန်ခဲ့သည့် ၂ နှစ်က အစိုးရ နုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဆရာတော် ဦးပညာဝံသကို ယမန်နေ့ (ဇွန်လ ၁၀ ရက်)တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ရန်ကုန်မြို့၌ ယမန်နေ့က ပြုလုပ်သည့် ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲတွင် ပါဝင်လာ သော ဦးပညာဝံသကို ဖမ်းဆီးခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ဆန္ဒပြပွဲမှာ ပါဝင်လာလို့ ဖမ်းဆီးလိုက်တာလို့ သိရတယ်။ ရဲတပ်ဖွဲ့က အမျိုးသားရေးလှုပ်ရှားတဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို အကုန်လုံး ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ကွယ်လွန်သူအမတ်၏မဲဆန္ဒနယ်သို့ အခြားကိုယ်စားလှယ်များ ကွင်းဆင်းပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌမေတ္တာရပ်ခံ

လွှတ်တော်ကိုယ်စား လှယ်သေဆုံးပြီး အစားထိုး ပြန် လည်ရွေးချယ်နိုင်ခြင်း မရှိသေး သည့် ဟုမ္မလင်းမြို့နယ်မှ မဲဆန္ဒ နယ်မြေတစ်ခုသို့ ဒေသတွင်း ကျန် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းပြီး လူထုနှင့် တွေ့ဆုံပေးကြရန် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက စာထုတ်၍ မေတ္တာရပ်ခံသည်။ ဟုမ္မလင်းမြိ့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းညွန့် ကွယ်လွန်ပြီးနောက် ၁၀ လခန့် အကြာတွင် ကျန်လွှတ်တော်ကိုယ် စားလှယ်သုံးဦးကို ဦးသန်းညွန့်၏ မဲဆန္ဒနယ်သို့ ဆင်းရန် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က တိုက်တွန်းခြင်းဖြစ်သည်။

ဦးဝီရသူအတွက် ချီတက်ဆုတောင်းပွဲ ဦးဆောင်သော သံဃာလေးပါးနှင့် လူငါးဦးကို အမှုဖွင့်

ဦးဝီရသူ ဘေးရန်ကင်းစေရေး ချီတက်ဆု တောင်းပွဲပြုလုပ်ရာတွင်ဦးဆောင်သော သံဃာ လေး ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဗဟန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားသည်။ ဦးဝီရသူအရေးနှင့်ပတ်သက်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက သံဃာတော် အပါး ၁၀၀ ခန့်နှင့် လူ ပုဂ္ဂိုလ် ၄၀၀ ကျော် စုစုပေါင်း ၅၀၀ ကျော်သည် ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင် မှ မြို့တော်ခန်းမရှေ့ထိ ချီတက် မေတ္တာပို့ခဲ့ခြင်းဖြစ်သည်။

မြို့ပြအိမ်ရာတွေနဲ့ ကျူးကျော်ပြဿနာတွေအကြောင်း

ကမ္ဘာ့ ဘဏ်ရဲ့မြန်မာနိုင်ငံမြို့ ပြဖြစ်ထွန်းမှုအစီရင်ခံစာမိတ်ဆက်ပွဲနဲ့ အတူ မြန်မာနိုင်ငံရဲ့မြို့ ပြဖွံ့ ဖြိုးတိုးတက်ခြင်း   ဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်၆ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့မြို့ပြအိမ်ရာကဏ္ဍနဲ့ အတူ ရန်ကုန်မြို့ မှာရင်ဆိုင်နေရတဲ့ ကျူးကျော်ပြသနာတွေအပါအဝင် အသေးစိတ်ဆွေးနွေးမှုတွေကို ပညာရှင် ၆ဦးက မိနစ်လေးဆယ်ကျော်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ The Voice Journal ရဲ့ စီအီးအို ဦးဇေယျသူက Modertor အဖြစ်ဆောင်ရွက်ခဲ့ပြီး  Yangon Heritage Trust မှ တည်ထောင်သူဦးသန့် မြင့်ဦး ၊ JICA မှ Urban Policy Advisor  Shigeoki  Tanaka ၊ မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်၊ ADB ၏ Infrastructure  Specialist ဖြစ်သူ ဦးကျော်သူ ၊ World Bank မှ Judy Baker   ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်ရေးတည်ငြိမ်မှု တိုးတက်သော်လည်း နိုင်ငံရေးဆွေးနွေးမှု တိုးတက်မှုမရှိဟု KIA ပြော KIA အဖွဲ့ NCA တွင် ပါဝင်ရေး အားပေးရန် ကချင်ပြည်သူများကို တပ်မတော်တာဝန်ရှိသူ တိုက်တွန်း

 တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့(KIA) အ ကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှစ်နှစ်ကာလအတွင်း လက်ရှိအခြေအနေသည် စစ်ရေး ပိုင်း၌ တိုးတက်မှုရှိသော်လည်း နိုင်ငံရေးဆွေးနွေးမှုတွင် တိုးတက် မှုမရှိသေးကြောင်း KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။ တပ်မတော်နှင့် KIA အကြား ၂၀၁၁ က စတင်ဖြစ်ပွားသည့် တစ်ကျော့ပြန်စစ်ပွဲသည် ဇွန်လ ၉ ရက်တွင် ရှစ်နှစ်ပြည့်မြောက်ပြီး ရှစ်နှစ်ပြည့်ကာလ စစ်ရေး၊နိုင်ငံရေးအခြေအနေကို မေးမြန်းစဉ် KIA ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရေး လိုလားကြောင်း၊ စစ်ပွဲများ ရပ်ဆိုင်းရန် တပ်မတော်အပေါ် အဓိက မူတည်ကြောင်း ၎င်းကဆို သည်။

မယ်ခွေရဲ့ "လက်ဆောင်" ကဗျာ သင်ရိုးထဲပြန်ထည့်ပေးဖို့ တောင်းဆိုနေ

ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်တဲ့ အဋ္ဌမတန်း သင်ရိုးညွှန်းတန်းပါ မယ်ခွေရဲ့ လက်ဆောင် ကဗျာကို ပြန်လည်ထည့်သွင်း သင်ကြားပေးဖို့ တောင်းဆိုနေကြပါတယ်။ ကဗျာကို သင်ရိုးညွှန်းတန်းက ဖြုတ်ဖို့ ဆုံးဖြတ်တာဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

ကျောက်တန်းရွာသားများ သေဆုံးမှုဖြစ်စဉ် လူ့အခွင့်အရေးကော်မရှင် စုံစမ်းပြီး အစီရင်ခံစာပို့

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသားတွေကို တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးနေချိန်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ရွာသား ၇ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ကွင်းဆင်း စုံစမ်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်က သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာရေးပြီး သက်ဆိုင်ရာ အစိုးရဌာနတွေကို ပို့လိုက်ပြီလို့ ပြောပါတယ်။ တွေ့ရှိချက်အသေးစိတ်ကို ထုတ်မပြောဘဲ မကြာခင် တရားဝင် ထုတ်ပြန်မယ်လို့ပဲပြောပါတယ်။ ကော်မရှင်က တွေ့ဆုံမေးမြန်းချိန်အတွင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရတယ်လို့ ဒေသခံတွေက ပြောပေမယ့် အခြေအနေမှန်ကို ဘယ်လောက်ဖော်ပြနိုင်သလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

စစ်တပ်ဝိုင်းထားတဲ့ ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း နောက်ဆုံး အခြေနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာက စစ်ရှောင် ဒုက္ခသည် ၃ထောင်ကျော် ခိုလှုံနေရာ ဘုန်းတော်ကြီးကျောင်း အတွင်းနဲ့ အနီးတ၀ိုက်မှာ မြန်မာ စစ်တပ်က ဆက်ပြီး ၀ိုင်းထားတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သဘာဝနဒီ အရှင် ပညာဇောတက မိန့်ပါတယ်။ တနလာင်္နေ့ မနက်ပိုင်း ကနေ သန်းခေါင်းကျော်အထိ မြန်မာ့ တပ်မတော်က ၀ိုင်းထားတာမို့ စစ်ရှောင် ဒုက္ခသည်တွေရော၊ ဘုန်းကြီးကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတွေရော စိုးရိမ်စိတ်နဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ တနလာင်္နေ့ ညသန်းခေါင်းကျော် အချိန် ဘုန်းတော်ကြီးကျောင်း အခြေအနေကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ သဘာဝနဒီ အရှင် ပညာဇောတက အခုလို မိန့်ကြားပါတယ်။

မြန်မာ-အိန္ဒိယ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာနဲ့ အိန္ဒိယ အဆင့်မြင့်ဆွေးနွေးပွဲတရပ် အင်ဖားမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျင်းပမယ်လို့ သိရပါတယ်။ မြန်မာဘက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦး ဇွန်လ ၉ ရက် မနေ့က မိုးရေးမြို့ကိုရောက်ရှိခဲ့ကြပါတယ်။ အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ အိန္ဒိယရဲ့ အရှေ့ထိတွေ့ မူဝါဒအရ အခုနှစ်ပိုင်းတွေအတွင်း မြန်မာအပေါ် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေ တိုးချဲ့ပေးခဲ့တယ်လို့ The Hindu သတင်းစာက ဖေါ်ပြပါတယ်။ မကြာခင်ကာလတွေက ဗုဒ္ဓဂါယာကို ဘုရားဖူးသွားခဲ့ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေက အိန္ဒိယကို အ၀င်မှာ မလိုအပ်တဲ့ ခရီးသွားလာခွင့် အထောက်အထားပြဿနာတွေ၊ တောင်ထူထပ်တဲ့ မိုးရေးနဲ့ အင်ဖားလမ်း အခြေအနေတွေ ဆိုးရွားနေကြောင်း တိုင်ကြားချက်တွေ ရရှိထားတယ်လို့လည်း သိရပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးမှု မြန်မာကို ဘင်္ဂလားဒေ့ရှ် အပြစ်တင်

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ မြန်မာနိုင်ငံဘက်က ပြန်ခေါ်ဖို့ လိုလိုလားလား မရှိသလို ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြန်ပို့ရေး အစီအစဉ်ကို ကန့်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအပေါ် ခြိမ်းခြောက်မှု အရေးယူဖို့ပြင်နေ

ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအပါအဝင် ဘာသာရေးခေါင်းဆောင်တွေကို လူမှုကွန်ရက်စာမျက်နှာ facebook က တဆင့် အသက်အန္တရာယ် ခြိမ်းခြောက်နေတာတွေကို ဖော်ထုတ် အရေးယူဖို့ ပြင်ဆင်နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်လူငယ်ပရဟိတအဖွဲ့ကလည်း သူတို့ကို AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲတာတွေ ရှိနေတာကြောင့် ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှေးနှစ်ပေါင်းများစွာက စော်ဘွားဝတ်စုံတွေ နှစ်ရှည်ကြာအောင်ထိန်းထားနိုင်ဖို့ မြန်မာမှာ ပထမဆုံး အောင်မြင်စွာလုပ်နိုင်ခဲ့

ရှေးနှစ်ပေါင်းများစွာက ရှမ်းစော်ဘွားတွေ ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ ၁၃၈ ထည်ကို နှစ်ရှည် ခံအောင်ထိန်းထိမ်းထားနိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ဒုတိယ ညွန်ကြားရေးမှူး ချုပ် ဒေါက်တာ ကိုကိုနိုင်က ဘီဘီစီကိုပြောပါတယ်။ '' ဒီဝတ်စုံတွေက အရင် ညောင်ရွှေပြတိုက်မှာ ထိန်းသိမ်းထားတာတွေပါ။ ပထမတော့ ဒါတွေကို နိုင်ငံခြား ကိုပို့မလို့ပဲ။ ဒါပေမယ့် စရိတ်က တအားကြီးလွန်းတော့ ဒီမှာပဲ စမ်းသပ်တာ အခု အောင်မြင်သွားပြီ။ ဒါကို ဌာနကနေ ရေရှည်တည်တံအောင် ထိန်းသိမ်းရေး လုပ်နိုင်ခဲ့ တာပေါ့။'' လို့ ဒေါက်တာကိုကိုနိုင်က ပြောပြပါတယ်။

ချင်းမိုင် အပစ်ရပ်အဖွဲ့အစည်းအဝေးကို မြန်မာစစ်သံမှူးပိတ်ပင်ခိုင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အလုပ်အဖွဲ့အစည်းအဝေးကို တပ်မတော်ဘက်က ကန့်ကွက်တာကြောင့် ကျင်းပခွင့်မရခဲ့ကြောင်း NCA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်က PPST အလုပ်အဖွဲ့အစည်းအဝေးကို မကျင်းပဖို့ ထိုင်းအစိုးရအဖွဲ့ကို စာရေးသားပေးပို့တောင်းဆိုခဲ့တာကြောင့် ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက RFA ကို ပြောပါတယ်။

ဟွာဝေးဖုန်းတွေမှာ Facebook App သုံးခွင့်ရှိတော့မည် မဟုတ်

တရုတ်နိုင်ငံထုတ် ဟွာဝေးဖုန်းတွေမှာ Facebook App သုံးခွင့်ရှိတော့မည် မဟုတ်ကြောင်း၊ ဟွာဝေးဖုန်းနဲ့ Facebook လက်ရှိသုံးနေသူများမှာ ဆက်လက်ပြီး သုံးစွဲနိုင်မှာဖြစ်သလို နောက်ဆုံးနည်းပညာ အချက်အလက် တွေ ရရှိနေမှာဖြစ်ပေမယ့် ဟွာဝေးဖုန်းအသစ်မှာတော့ Facebook ၊ WhatsApp နဲ့ Instagram app တွေကို သုံးစွဲခွင့် မရှိတော့ဘူးလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၁၃ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ Camarines Surပြည်နယ် San Fernandoမြို့တွင် ဇွန် ၈ ရက် က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးအပါအ၀င် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း ယင်း ဒေသ ရှိ ရဲဌာနက ဇွန် ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်မှာ ဇွန် ၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနည်းဆုံး လူ ၅၃ ဦး တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည်  ကုန်းအဆင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကြီးကိုဝင်တိုက်မိခဲ့ကြောင်း ၊ ယင်းနောက် ကုန်းဆင်းကို အရှိန်နှင့်ထိုးဆင်းသွားရာ ယာဉ်ပေါ်ရှိ လူအချို့ကားပေါ်မှလွှင့်စင်သွားသလို လမ်းသွားလမ်းလာအချို့ကိုလည်း ၀င်တိုက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ဆန်တန်ချိန်တစ်သိန်းတင်ပို့ရေး ဒီလအတွင်း မြန်မာနဲ့ တရုတ် သဘောတူလက်မှတ်ရေးထိုးမည်

တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းက တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းကို ဒီနှစ် အောက်တိုဘာလ မတိုင်ခင် တင်ပို့နိုင်ဖို့ ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ ဆန်တွေ အချိန်မှီတင်ပို့နိုင်ဖို့အတွက် ဆန်စက် ၉၉ စက်ကို အရည်အသွေးစစ်ဆေးပြီးဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ရဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်က တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သိန်း တင်ပို့နိုင်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

တပ်မတော်က သက်သေခံတင်သွင်းခွင့် လျှောက်တာကို လက်မခံဖို့ ကျောင်းသားတွေရဲ့ရှေ့နေ တင်ပြ

တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဒီကနေ့ နေ့လယ်က ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တပ်မတော်ဘက်က သက်သေခံတင်သွင်းခွင့်လျှောက်တာကို တရားရုံးအနေနဲ့ လက်မခံသင့်ကြောင်း သံချပ်အဖွဲ့ရဲ့ ရှေ့နေက လျှောက်ထားလိုက်ပါတယ်။ တရားရုံးက ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းတွေကို မလုပ်ဘဲ တရားခံတွေကို ဖမ်းဆီးပြီးမှ သက်သေခံတင်သွင်းတဲ့ ဗီဒီယိုဖိုင်တွေ သံချပ်စားသားတွေ ဓါတ်ပုံတွေကို သက်သေခံ တင်သွင်းတာဟာ သက်သေခံ ဥပဒေနဲ့ မညီညွတ်တာကြောင့် တရားရုံးက လက်မခံဖို့ လျှောက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုအပေါ် အမြင်သဘောထားများ

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ ပါတီတခုတည်းအဖြစ်ပေါင်းစည်းတာ၊ ပြည်နယ်ကိုယ်စားပြုပါတီဖြစ်ဖို့ ကြိုးပမ်းလာ တာတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ တိုင်းရင်းသားပါတီတချို့က ပြောပါတယ်။ ဖက်ဒရယ်စနစ်မှာ ပါတီတခုတည်းကို မဲပေးရွေးချယ်နေတာထက် ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီတွေရဲ့ အချိုးအစားညီမျှဖို့ တိုင်းရင်းသားပါတီတွေက ကြိုးစားလာတာဖြစ်ပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားပါတီတချို့ရဲ့ အမြင်ကိုမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ပုဏ္ဏားကျွန်း စစ်ပြေးဒုက္ခသည်ခိုလှုံ ဘုန်းကြီးကျောင်း တပ်မတော်စစ်ကြောင်း ဝိုင်းထား

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးရှောင် ပြည်သူတွေထဲမှာ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်စပ်ပတ်သက်သူတွေ ရှိမရှိ တပ်မတော် စစ်ကြောင်းကနေ စစ်ဆေးဖို့ တောင်းဆိုရာမှာ ဦးဆောင်သံဃာတော်တွေက စစ်ဝတ်စုံတွေနဲ့ ဝင်ပြီး စစ်ဆေးခွင့် မပေးတဲ့အတွက် စစ်တပ်ကနေ ဝိုင်းပတ် ပိတ်ဆို့ထားဆဲလို့ ဦးဆောင်သံဃာတော်တွေက ပြောပါတယ်။ ဒီလို ပိတ်ဆို့ထားတာကြောင့် ညဘက်မှာ စစ်ရှောင်တွေရဲ့လုံခြုံရေး စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ဘေးရှောင်များခိုလုံနေသော ပေါက်တောပြင်ဘုန်းတော်ကြီးကျောင်းကို စစ်ဆေးရန် စစ်ကြောင်းတစ်ခု ရောက်ရှိသဖြင့် စိုးရိမ်မှုများမြင့်တက်နေ

လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကျေးရွာသား ၇၀၀ ကျော်ရှိနေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်း ပတ်ပတ်လည်တွင် ရဲတပ်ဖွဲ့ဝင် တစ်ချို့အပါအ၀င် တပ်မတော်မှ စစ်ကြောင်း တစ်ခုရောက်ရှိနေသဖြင့် ဒုက္ခသည်များအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။ေ ပါက်တောပြင်စခန်းတွင်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဆရာတော် အာရက္ခမှ “ ဒီနေ့ မနက် ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ တပ်ကနေပြီး ဒီဘုန်းတော်ကြီးကျောင်းကို စစ်ဆေးမယ်ဆိုပြီး ရောက်လာ ပါတယ်။ ဦးဇင်းတို့က ဒီလောက်လူတွေ ကြောက်လန့်နေတဲ့ အထဲမှာ လက်နက်တွေ၊ ယူနီဖောင်းတွေနဲ့ ၀င်စစ်ဆေးရင် လူတွေပိုကြောက်လန့်သွားနိုင်တဲ့ အတွက် အရပ်ဝတ်နဲ့ ၀င်ရောက် စစ်ဆေးမယ်ဆိုရင် စစ်ဆေးလို့ရတယ်။ ဦးဇင်းတို့လည်း စစ်ဆေးတဲ့ အချိန်မှာ နောက်ကနေ လိုက်ပေးမယ် ပြောဆိုလိုက်ပါတယ်” ဟု ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရခိုင်မှ ကျောင်းသားတစ်ဦးမှ မအောင်သည့် ကျောင်းပေါင်း ၂၂ ကျောင်းရှိ

ရခိုင်ပြည်နယ်အတွင်း ယခုနှစ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ တစ်ဦးမျှ မအောင်မြင်သည့်ကျောင်း ၂၂ ကျောင်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါကျောင်းများမှာ မြောက်ဦးမြို့နယ် ပျားတဲ အထက၊ မင်းပြားမြို့နယ် ကျောက်ခုတ် အထက(ခွဲ)နှင့် တောင်ရှည်ပြင် အထက(ခွဲ)၊ မြေပုံမြို့နယ် ကျွန်းသာယာ အထက၊ ဝက်ခေါင်း အထက(ခွဲ)၊ မောင်တောမြို့နယ် အလယ်သံကျော် အထက(ခွဲ)၊ အင်းဒင် အထက(ခွဲ)၊ ကျီးကန်းပြင် အထက(ခွဲ)၊ ငန်းချောင်း အထက(ခွဲ)၊ အောင်သပြေ အထက(ခွဲ)၊ ရမ်းဗြဲမြို့နယ် သင်းပန်းချိန် အထက(ခွဲ)၊ ချောင်းဝ အထက(ခွဲ)၊ မကျည်း အထက(ခွဲ)၊ မာန်အောင်မြို့နယ် သစ်ပုံ အထက၊ အိုးဝ အထက(ခွဲ)၊ အမ်းမြို့နယ် ပဒဲကြော အထက(ခွဲ)၊ စခန်းမော် အထက(ခွဲ)နှင့် ကျောက်တော်မြို့နယ် ဝဲကြီးထောင့် အထက၊ မီးဝ အထက(ခွဲ)၊ သစ်တော အထက(ခွဲ)၊ ကျားနင်းကန် အထက(ခွဲ)နှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက် အထက(ခွဲ) ကျောင်းတို့ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်မိ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။ အဆိုပါ သေဆုံးသွားခဲ့သော အမျိုးသမီးမှာ ဇွန် ၈ ရက်တွင် မြခင်းသာလမ်းနှင့် ဦးကြင်ဥလမ်းထောင့်သို့ ဖြတ်သွားစဉ် ကလေးများမှ လမ်းထောင့်ရှိ ကုက္ကိုလ်ပင်အခေါင်းအတွင်းရှိ ပဒူအုံအား ခဲဖြင့် ပစ်ပေါက်ထွက် ပြေးစဉ် လမ်းလျှောက် လာသော ယင်းအမျိုးသမီး နှင့် ကလေးတစ်ဦးအား ကိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့် ကို ဝမ်းတွင်းက ယောက္ခမရွာမှာ ဖမ်းမိ

 တောင်ဒဂုံ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရတာပါ။
ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ မိုက်ကယ်ကျော်မြင့် ကို ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာက သူ့ယောက္ခမ နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။ သူရဲ့ ယောက္ခမတော်စပ်သူ ဦးကျော်မောင်၊ ဒေါ်ခင်သန်းတို့ နေအိမ်မှာ ရောက်ရှိ ပုန်းခိုနေကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၀ရက်နေ့က သက်သေတွေနဲ့အတူ သွားရောက်ဖမ်းဆီး လိုက်တာလို့လည်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။