Wednesday, August 12, 2020

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဩဂုတ်-၁၂ ၊ ၂၀၂၀

 

ဒီကနေ့ ဩဂုတ်-၁၂ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၃၈၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၃၉၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၅၃၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၇၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၉၇၀ ကျပ် (ဘဏ်ကအဝယ်)၊ ၉၈၀ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၀ဝကျပ် (ဘဏ်ကအဝယ်) ၊ ၃၁၀ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၂ ကျပ် (ဘဏ်ကအဝယ်)၊ ၄၃ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၈၅၀ဝ၀ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။

ဩဂုတ် ၁၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၇၂.၉ ကျပ်၊ ၁ ယူရိုငွေကို ၁၆၁၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၉.၄၀ ကျပ်၊ ဂျပန်ယန်း ၁၀ဝ ကို ၁၂၈၅.၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၇.၅၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၇.၄၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၄.ဝ၉ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁,၂၉၉,၅၀ဝ  ကျပ်၊ ဝယ်ဈေးကတော့ ၁,၂၉၇,၅၀ဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၉၂၉ ဒေါ်လာ ဈေးပေါက်ပါတယ်။