နိုင်ငံတကာသတင်းများ

Wimbledon အမျိုးသားတင်းနစ် Djokovic ၅ ကြိမ်မြောက် ဗိုလ်စွဲ
15 ဇူလိုင်၊ 2019
ဗြိတိန်နိုင်ငံမှာကျင်းပနေတဲ့ WIMBLEDON တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲမှာတော့ နိုဘက်ဂျိုကိုဗစ်ခ်ျက ရော်ဂျာဖယ်ဒရာကို အနိုင်ရပြီးတော့ ၀င်ဘယ်လ်ဒန်ချန်ပီယံဆုကို ၅ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲ ရဲဖြိုခွင်း
15 ဇူလိုင်၊ 2019
Sha Tim က ဆန္ဒပြပွဲကတော့ တနင်္ဂနွေ တနေ့လုံး နီးပါး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် ဆန္ဒပြပွဲ အပြီးသတ်ခါနီးလေးမှာဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။

တရားမဝင် လာရောက်သူတွေ ဌာနေပြန်ပို့ဖို့ ကန်စတင်ဖမ်းဆီး
15 ဇူလိုင်၊ 2019
အမေရိကန် ပြည်ထောင်စု အတွင်းက ဌာနေပြန်ပို့ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်း ၀င်ရောက်သူတွေကို ဖမ်းဆီးနိုင်ရေး ရည်ရွယ်ပြီး နိုင်ငံတ၀န်း ရှာဖွေ ဖမ်းဆီးမှုကို လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။

မုတ်သုံမိုးကြောင့် သေဆုံးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၁၀ ဦးရှိပြီ
15 ဇူလိုင်၊ 2019
ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် နယ်စပ်မှာရှိနေတဲ့ လူဦးရေအလွန်ထူထပ်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဧပြီလကတည်းက မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးပြီး တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။

အီရန်အရေး ကန်သမ္မတလုပ်ရပ်နဲ့ ဗြိတိန်သံအမတ်ဟောင်းရဲ့ကြေးနန်း
14 ဇူလိုင်၊ 2019
အမေရိကန်သမ္မတ Trump က အီရန်နျူးကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာဟာ၊ သူ့အရင်သမ္မတ Obama အပေါ်မှာ မလိုမုန်းထားစိတ်နဲ့ သံတမန်ရေးအရ တမင်သက်သက် ဖျက်လိုဖျက်ဆီးလုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းက မှတ်ယူတယ်လို့ ဗြိတိန်သတင်းစာက ဒီကနေ့မှာ ထပ်မံဖော်ပြလိုက်ပါတယ်။

နယူးယောက်မြို့ပေါ် အချိန်ကြာ မီးပြတ်တောက်
14 ဇူလိုင်၊ 2019

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့Manhattan အနောက်ဘက်ခြမ်းမှာ စနေနေ့ ညနေပိုင်းက လျှပ်စစ်မီးပျက်သွားခဲ့ပြီးတဲ့နောက် ညသန်းခေါင်မတိုင်ခင်မှာ မီးပြန်ရသွားပြီဖြစ်တယ်လို့ နယူးယောက်မြို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အာကာသ အဝေးကြည့်မှန်ပြောင်း ကမ္ဘာပတ်လမ်းထဲ ရုရှားလွှတ်တင်
14 ဇူလိုင်၊ 2019
လွှတ်တင်ဖို့ ရက်နဲ့ချီ နှောင့်နှေးခဲ့ပြီးနောက် အခုလို လွှတ်တင်နိုင်ခဲ့တာပါ။ Spektr-RG အဝေးကြည့်မှန်ပြောင်းကို ကမ္ဘာပတ်လမ်းထဲမှာ ပို့ဆောင် ရပ်နားထားခဲ့ပြီးနောက် စနေနေ့မှာတော့ အာကာသယာဉ်ကို ကမ္ဘာပတ် လမ်းအပြင်ဘက်ကို ရောက်အောင် လွှတ်တင်ပြီး နောက်ဆုံး ဆိုက်ရောက်ရမယ့် L2 Lagrange ကို အပြီးသတ် လွှတ်တင်ခဲ့တာပါ။

ဆိုမာလီဟိုတယ် တိုက်ခိုက်မှု သေဆုံးသူ ၃၀ ကျော်ပြီ
14 ဇူလိုင်၊ 2019
ဆိုမာလီနိုင်ငံ တောင်ပိုင်း Kis-mayo ဆိပ်ကမ်းမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကြောင့် အခုအချိန်အထိ သေဆုံးသူ အရေအတွက် ၃၃ ဦး အထိ တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြောင်းရွှေ့အခြေချသူတချို့ကို ကန်လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးဖွယ်ရှိ
14 ဇူလိုင်၊ 2019
အမေရိကန် ပြည်ထောင်စုထဲမှာ ပြည်နှင်ဒဏ်ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရည်ရွယ်ပြီး နိုင်ငံတဝန်း ဖမ်းဆီးမှုတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ခန့်မှန်းကြပါတယ်။

မုတ်သုန်မိုးကြောင့် တောင်အာရှ ရေဘေးသင့်
14 ဇူလိုင်၊ 2019
ဇွန်လကနေ စက်တင်ဘာလအထိ ရွာသွန်းလေ့ရှိတဲ့ မုတ်သုန်မိုးကြောင့် နှစ်စဉ်ဆိုသလို တောင်အာရှဒေသမှာ လူသေဆုံးတာ၊ ပျက်စီးဆုံးရှုံးမှုကိုပါ ကြုံရလေ့ ရှိပါတယ်။ နီပေါနိုင်ငံမှာတော့ မိုးသည်းထန်တာကြောင့် ရေကြီးမြေပြိုတာဖြစ်ပြီး နိုင်ငံရဲ့အရှေ့ဘက်နဲ့ တောင်ပိုင်းလွင်ပြင်ဒေသတွေမှာ လူ ၂၇ ဦး သေဆုံးသွားရတယ်လို့ ဆိုပါတယ်။

Wimbledon အမျိုးသမီး တင်းနစ် ရိုမေနီးယားက Simona Halep ဗိုလ်စွဲ
13 ဇူလိုင်၊ 2019
ဝင်ဘယ်လ်ဒန်အမျိုးသမီး တဦးချင်း ဖိုင်နယ်ကိုတော့ ဒီကနေ့မှာ ကစားခဲ့ကြတာမှာ ရိုမေနီးယားက Simona Halep က အနိုင်ရပြီး အမေရိကန်ကနာမည်ကြီး Serena Williams ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

တရုတ်ပြည်မက ကုန်သည်တွေကို ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြ
13 ဇူလိုင်၊ 2019
တရုတ်ပြည်မကြီးကလာတဲ့ ကုန်သည် စီးပွားရေးသမားတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဒီကနေ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။ ဟောင်ကောင်နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်ပြည်မကြီးဘက်ခြမ်း Shenzhen မြို့အနီးက Sheung Shui မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

အင်အားပြင်း အပူပိုင်းမုန်တိုင်း Barry အမေရိကန် ကမ်းရိုးတန်းအနီးရောက်ရှိ
13 ဇူလိုင်၊ 2019
အပူပိုင်းမုန်တိုင်း ဘယ်ရီဟာ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းဒေသဆီ ရွေ့လျားလာနေတာနဲ့အမျှ ပိုပြီး အားကောင်း လာနေတယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ရေဘေးအန္တရာယ် HRW သတိပေး
13 ဇူလိုင်၊ 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုတ်သုံရာသီကာလ မိုးများပြီး ရေကြီးမြေပြိုတာတွေကြောင့် ဒုက္ခသည်နေအိမ်တွေ အများအပြားဆုံးရှုံးရမယ့်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များလာနိုင်တဲ့အထိ ဆိုးဆိုးရွားရွားကြုံနေရတဲ့အကြောင်း နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watchက ပြောပါတယ်။

ပင်လယ်ကွေ့လုံခြုံရေး နိုင်ငံတကာ မဟာမိတ်ဖွဲ့စည်းရေး ကန်စီစဉ်
13 ဇူလိုင်၊ 2019
အီရန်နဲ့ ယီမင်နိုင်ငံ တဝိုက်က ရေပြင်လုံခြုံရေးနဲ့ - အတိအကျပြောရရင် ပင်လယ်ကွေ့ဒေသ သင်္ဘောလမ်းကြောင်း လုံခြုံရေးအတွက် နိုင်ငံစုံ စစ်ရေးမဟာမိတ် အဖွဲ့တခု ဖန်တီးဖို့ အစီအစဉ်ရှိတဲ့ အကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

ရုရှားလုပ် S-400 ဒုံးကျည် တူရကီကို တင်ပို့ပြီ
13 ဇူလိုင်၊ 2019
ရုရှားနိုင်ငံလုပ် S - 400 ဒုံးကျည်စနစ်ကို ရုရှားနိုင်ငံက မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO အဖွဲ့ဝင် တူရကီနိုင်ငံကို စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ NATO အဓိက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအတွင်း အတွင်း ရုရှား နည်းပညာ ထိုးဖောက်တော့မှာ ဖြစ်လို့ တူရကီနဲ့ အမေရိကန် ဆက်ဆံရေးကို ထိခိုက်မယ့် အန္တရာယ် ရှိနေပါတယ်။

ဝင်ဘယ်လ်ဒန် အမျိုးသားတင်းနစ် ဂျိုကိုဗစ်ခ်ျ နဲ့ ဖယ်ဒရာ ဖိုင်နယ်တက်
13 ဇူလိုင်၊ 2019
ဗြိတိန်မှာ ကျင်းနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွေမှာတော့ လက်ရှိချန်ပီယံ နိုဘက်ဂျိုကိုဗစ်ခ်ျ နဲ့ ဆွစ်ဇာလန်က နာမည်ကြီး ရော်ဂျာဖယ်ဒရာတို့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားကြပါပြီ။

IS အကြမ်းဖက်သမားတွေ ဗီဒီယို နဲ့ ပြန်လည်ဝါဒဖြန့်
13 ဇူလိုင်၊ 2019
ကာလီဖိတ်ခေါ် အစ္စလာမ်မစ်နိုင်ငံတော် လက်တွေ့အရ အကောင်အထည် မရှိပေမဲ့လည်း သူတို့ အကြမ်းဖက်အဖွဲ့ဟာ ဆက်လက် ရှင်သန် ကျယ်ပြန့်နေဆဲ ဖြစ်တယ်ဆိုတာ ပြသဖို့ ရည်ရွယ်ချက်နဲ့ IS တို့ဟာ သူတို့ရဲ့ မီဒီယာလှုပ်ရှားမှုကို ပြန်လည်စုစည်း လုပ်ဆောင်နေကြပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ကန်နိုင်ငံခြားရေးဝါဒမှာ ဦးစားပေး
13 ဇူလိုင်၊ 2019
ဘာသာရေးနှိပ်ကွပ်မှုကနေ လွတ်မြောက်လာကြတဲ့ မြောက်ကိုရီးယား၊ ရိုဟင်ဂျာ၊ ဝှီဂါ၊ ယာဇီးဒီ စတဲ့ လူတချို့ကို ဖိတ်ခေါ်ပြီး ဒီပြဿနာ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာ နောက်သီတင်းပတ်ထဲ ဝါရှင်တန်မြို့တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သူတို့နိုင်ငံသားတွေ ရခိုင်မြောက်ပိုင်း မသွားဖို့ စင်္ကာပူ သတိပေး
13 ဇူလိုင်၊ 2019
မြန်မာ တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသ တစ်ချို့ကို စင်္ကာပူနိုင်ငံသားတွေ ခရီးမသွားကြဖို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြု နှိုးဆော်ထားပါတယ်။

အမေရိကန် အလုပ်သမားဝန်ကြီး ရာထူးက နုတ်ထွက်
12 ဇူလိုင်၊ 2019
အမေရိကန် သန်းကြွယ်သူဌေး Jeffrey E. Epstein ရဲ့ သက်ငယ် မုဒိမ်းမှုကို သက်ညှာစွာ ကူညီဖြေရှင်းပေးခဲ့တယ်လို့ စွပ်စွဲပြောဆိုခံနေရတဲ့ အလုပ်သမား ဝန်ကြီး Alexander Acosta ဟာ ရာထူးက နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ Donald Trump က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အမေရိကန်တောင်ပိုင်း Louisiana ကမ်းရိုးတန်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်
12 ဇူလိုင်၊ 2019
မက္ကဆီကို ပင်လယ်ကွေ့အတွင်း တိုက်ခတ်နေတဲ့ မုန်တိုင်း Barry ကြောင့် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ Louisiana ပြည်နယ် ကမ်းရိုးတန်းဒေသ တလျှောက်မှာ မိုးလေ၀သပညာရှင်တွေက မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ညီလာခံ ရိုဟင်ဂျာတွေ ဖိတ်ကြား
12 ဇူလိုင်၊ 2019

ကမ္ဘာတ၀ှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တရုတ် ကုန်သယ်ွရေးကတိ မတည်ဟု Donald Trump စွပ်စွဲ 
12 ဇူလိုင်၊ 2019
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်တွေကို ၀ယ်ယူဖို့ ပေးထားတဲ့ ကတိကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ ကြာသပတေးနေ့က စွပ်စွဲလိုက်ပါတယ်။

ဇီဝမျိုးကွဲစုံလင်မှု လယ်သမားကို အကျိုးပြု
12 ဇူလိုင်၊ 2019
စိုက်ပျိုးမြေ အနီးအနားမှာ ဇီဝ မျိုးကွဲ မျိုးစုံ ရှိတာဟာ လယ်သမားတွေအတွက် အံ့သြဖွယ်ရာ အကျိုးအမြတ် ရရှိစေတယ်လို့ သုတေသန တစ်ရပ်က ဆိုပါတယ်။

အာဖဂန် က တပ်ရုပ်သိမ်းရေး ကန်ဗိုလ်ချုပ်ကြီး ဝေဖန်
12 ဇူလိုင်၊ 2019
အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဌအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားသူ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန် နစ္စတန်ကနေ အချိန်မတိုင်ခင် ရုပ်သိမ်းမယ်ဆိုရင် မဟာဗျူဟာ အမှားတစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်ကြားဖြတ် နှောင့်ယှက်
11 ဇူလိုင်၊ 2019
ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းမယ့် ဗြိတိသျှရေနံတင် သင်္ဘောတစင်းကို အီရန်သင်္ဘောတွေက ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်နိုင်ငံက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အစိုးရ အပေါ် ဝေဖန်သူတွေကို ဖမ်းမိန့် ထိုင်းခေါင်းဆောင် ဆက်လက်ထားရှိ
11 ဇူလိုင်၊ 2019

ထိုင်းနိုင်ငံ အရပ်သား အစိုးရသစ်ဟာ စစ်အုပ်ချုပ်ရေးခေတ် လုံခြုံရေး ထိန်းသိမ်းမှုတွေကို သိသိသာသာ လျှော့ပေးလာပေမယ့် အစိုးရ အပေါ် ဝေဖန်သူတွေကို ချုပ်နှောင် ဖမ်းဆီးခွင့် ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။

အီရန်အပေါ် ဒဏ်ခတ်မှု မကြာမီ သိသာစွာ တိုးချဖို့ Trump စီစဉ်
11 ဇူလိုင်၊ 2019
အီရန်အပေါ် စီးပွါးရေး ဒဏ်ခတ်အရေးယူမှုကို မကြာခင်မှာဘဲ သိသိသာ တိုးတော့မယ်လို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဗြိတိန် သံအမတ်ကြီး နုတ်ထွက်မှု တုံ့ပြန်မှုတွေ ထွက်ပေါ်
11 ဇူလိုင်၊ 2019
အထူးဆက်ဆံရေးလို့ အမည်တွင်တဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးဟာဗြိတိန်သံရုံးက သံတမန်ကြေးနန်းစာ ပေါက်ကြားမှု သတင်းတွေကြောင့် ဒီ သီတင်းပတ်ထဲ အဆင်မချော ဖြစ်နေခဲ့ပါတယ်။

ကန်ဆိုင်ရာ ဗြိတိန်သံအမတ် ရာထူးက နုတ်ထွက်
10 ဇူလိုင်၊ 2019
အမေရိကန်သမ္မတ Donald Trump ဟာ အသုံးမကျသူ၊ သူ့အစိုးရဟာလည်း အလုပ်မဖြစ်တဲ့ အစိုးရအဖြစ် ပေါက်ကြားခဲ့တဲ့ သံတမန်မှတ်တမ်း တခုမှာ ဝေဖန်ခဲ့တဲ့ ဗြိတိန်သံအမတ်ကြီး Kim Darroch ဟာ လက်ရှိအခြေအနေအရ ဆက်လက် တာဝန်ယူဖို့ မဖြစ်နိုင်တာကြောင့် ရာထူးက နုတ်ထွက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

ကြေးနန်းပေါက်ကြားမှု ဗြိတိန်သံ အမတ်ကြီးအပေါ် Trump ဝေဖန်မှုတိုး
10 ဇူလိုင်၊ 2019

သံတမန် ကြေးနန်းစာ ကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ Twitter မှာ သမ္မတ ထရမ့်က ဗြိတိန် သံအမတ်ကြီး Kim Darroch ကို ပေါတောတောနဲ့ ရယ်စရာကောင်းသူအဖြစ်ရေးထားသလို ဒီ သံအမတ်ကြီးကို သူ မသိရှိကြောင်း လူတွေကတော့ ဟိတ်ဟန်များတဲ့ အရူးလို့ တော့ သူ့ကို ပြောကြောင်း ဒီ သံအမတ်ကို ပြောလိုက်စမ်းပါလို့ ရေးသားခဲ့ပါတယ်။

လူအစုလိုက်သတ်ဖြတ် တိုက်ခိုက်ခံရမှု ကန်လုံခြုံရေးဌါန အစီရင်ခံစာထုတ်ပြန်
10 ဇူလိုင်၊ 2019
၂၀၁၈ မှာ အမေရိကန် ပြည်ထောင်စုမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တိုက်ခိုက်မှု အားလုံးရဲ့ သုံးပုံ ၂ ပုံဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

စစ်သွေးကြွနဲ့ ပတ်သက်မှု ရိုဟင်ဂျာ ၂ ဦး အပါဝင်လူ ၄ ဦး မလေးရှားရဲ ဖမ်းဆီး
10 ဇူလိုင်၊ 2019
မလေးရှားနိုင်ငံမှာ စစ်သွေးကြွ အဖွဲ့တွေနဲ့ ပါဝင် ပတ်သက်မှု သံသယနဲ့ နိုင်ငံခြားသား ၄ ဦး ဖမ်းဆီးတဲ့ အထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ နှစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အင်္ဂါနေ့က ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

အီရန်ဟာ ကန့်သတ်ချက်ထက် ယူရေနီယံ သန့်စင်ခဲ့ဟု IAEA အတည်ပြု
09 ဇူလိုင်၊ 2019
အီရန်နိုင်ငံဟာ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်မှာ လက်ခံထားတဲ့ ယူရေနီယံသန့်စင်မှု ပမာဏထက် ကျော်လွန် ထုတ်လုပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က အတည်ပြုလိုက်ပါတယ်။

No comments:

Post a Comment