Thursday, June 20, 2019

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ၁၄ နှစ်အတွင်း ပထမဆုံးအနေနဲ့ မြောက်ကိုရီးယားသို့သွားရောက်

Image may contain: 2 people, people standing and suit
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နဲ့တွေ့ဆုံဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်နေပါတယ်။ တရုတ်နိုင်ငံမှာ လေးကြိမ်တွေ့ဆုံခဲ့ဖူးတဲ့ ရှီနဲ့ကင်ဟာ ကြန့်ကြာနေတဲ့မြောက်ကိုရီးယားနျူကလီးယားအစီအစဉ်တွေနဲ့ စီးပွားရေးကိစ္စတွေအတွက် ဆွေးနွေးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လို့ မြောက်ကိုရီးယားအတွက် အရေးကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူနဲ့ အမေရိကန်သမ္မ္မတ ဒေါ်နယ်ထရမ့်တို့တွေ့ဆုံမယ်လို့ ရှီကအတည်ပြုထားတဲ့ လာမယ့်တစ်ပတ် ဂျပန်နိုင်ငံ အိုဆာကာမြို့မှာကျင်းပမယ့် G-20 အစည်းအဝေးမတိုင်ခင် အခုခရီးစဉ်ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာ မအောင်မြင်ခဲ့တဲ့ထရမ့်-ကင်ဒုတိယမြောက်ထိပ်သီးအစည်းအဝေးအပြီးနောက် ရှီ-ကင်အခုတွေ့ဆုံမှုဟာ ပထမဆုံးဖြစ်လာမှာပါ။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ပြည်တွင်းကုမ္ပဏီ ၄၂ ခု၏ ဆန်စက်ပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အပြီးသတ်ရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည်

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ပြည်တွင်းကုမ္ပဏီ၄၂ ခု၏ဆန်စက်ပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အပြီးသတ်ရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် မြန်မာနိုင်ငံမှဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ် (SPS Protocol)တွင်ပါဝင်သည့် စာပိုဒ် (၃)အရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များအား တရုတ်နိုင်ငံ General Administration of Customs China- GACC ၏ လိုအပ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရန်

သင်းခွေချပ်အကြေးခွံများ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူ

Image may contain: foodသင်းခွေချပ်အကြေးခွံများ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၁၉-၆-၂၀၁၉ ရက်နေ့ ည ၇ နာရီ ၂၀ အချိန် ၁၆ မိုင် စစ်ဆေးရေးစခန်းတာဝန်ကျတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးစခန်း မန္တလေး-ပြင်ဦးလွင် အတက်အလယ်လမ်းနေရာတွင် ခိုင်ထူးအောင် ၂၈ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူတို့ မောင်းနှင် သည့် MDY 9G/ xxxx Toyota Hiace ယာဉ်အား ရပ်တန့်စစ်ဆေးရာ

H1N1 နဲ့ သေဆုံးသူ ငါး ဦးထိရှိလာ

ရာသီတုပ်ကွေးရောဂါ H1N1 နဲ့သေဆုံးသူဟာ ဒီကနေ့အထိ ငါးဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။ေ သဆုံးသွားတဲ့ သူတွေဟာ ရန်ကုန်တိုင်းက လေးဦးနဲ့စစ်ကိုင်းတိုင်းက တစ်ဦးဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းကနေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုသရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပါတယ်။

ဒေါ်လာသန်း ၂၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီများ ယူကရိန်းနိုင်ငံကို အမေရိကန်ပေးမည်ဟုကြေညာ

အမေရိကန်သည် ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ကိရိယာများ၊ လေ့ကျင့်ရေးနှင့် ထောက်ပံ့ရေးအတွက် ဒေါ်လာသန်း ၂၅၀ အကူအညီပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ကြေညာလိုက်ပြီး ယင်းထောက်ပံ့မှုများတွင် ယူကရိန်းရေတပ်နှင့် မရိန်းတပ်ဖွဲ့ များအတွက်လည်း ပါဝင်မည်ဟုဆိုသည်။ ထိုသို့ ထောက်ပံ့မှုတွင် လက်ဖြောင့်ရိုင်ဖယ်များ၊ လက်ပစ်ဗုံးပစ်လောင် ချာများ၊ တန်ပြန်ရေဒါစနစ်များ၊ ညကြည့် ပစ္စည်းကိရိယာများနှင့် ဆက်သွယ်ရေးကိရိယာများကို ယူကရိန်းစစ်ဘက်က ရရှိမည်ဖြစ်ကြောင်း ပင်တဂွန်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Image may contain: 1 person, outdoorမွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင်-မုဒုံသွား ကားလမ်းဘေးရှိ Neo More အာဟာရဓာတ်စာ ကုမ္ပဏီအဆောက်အအုံ အမိုးလန် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ အမိုးသွပ်များ ဖယ်ရှားရှင်းလင်းခြင်း၊ ဖရိန်သံချောင်းများ စနစ်တကျဖြုတ်သိမ်းပေးခြင်းနှင့် အဆောက်အအုံအတွင်းရှိ ပစ္စည်းများအား မိုးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

ရေခဲတောင်တွေရဲ့ အလှကို လူသိစေမယ့် မြန်မာဓာတ်ပုံဆရာ

မောင်နှမများလှတဲ့အပြင် တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရတဲ့ ကိုကျော်သာအဖို့ ငယ်စဉ်က ငွေရေးကြေးရေး မပြေလည်ခဲ့ပါ။ ကြုံရာကျပန်းလုပ်ကိုင်ရတဲ့ သူ့မှာဘယ်အရာမှ ဝါသနာထုံတယ်ရယ်လို့ တွေးချိန်မရှိ။ တစ်ခါတစ်ရံ ပန်းရံဆရာအဖြစ်လည်း လုပ်ကိုင်ရတဲ့သူ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ဘဝဟာ ခက်ခဲပင်ပန်းပေမဲ့ သူ့ဇာတိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရဲ့ တောတောင်သဘာဝအလှကြောင့် ချွေးတိတ်ရပြန်တယ်။

လေဆိပ်ဖမ်းဆီးမှု

၁၉.၆.၁၉ ၁၈း၀၀ ချိန်တွင် ဗီယက်နမ်မှ ရန်ကုန်သို့ vj 917 ဖြင့် ၀င်ရောက်လာသောခရီးသည် တစ်ဦးထံမှ တရားဝင်အထောက်အထားများ တင်ပြနိုင်ခြင်းမရှိသည့် ဖြည့်စွက်စာ ၈၂၀ ဗူးတွေ့ရှိသဖြင့် တားဆီးခဲ့ပြီး ခန့်မှန်း တန်ဖိုးကျပ် သိန်း ၄၀၀ ကျော်ဖြစ်သည်။

တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးမြေပြို၊ ၁၀ ဦးထက်မနည်း သေဆုံး

Image may contain: outdoor and natureတရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုခဲ့တဲ့အတွက် ဇွန်လ ၁၉ ရက်နေ့က လူဆယ်ယောက်ထက်မနည်း သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ မိုးကြောင့် လင်ယွမ်မြို့နယ်မှာ တနင်္ဂနွေနှောင်းပိုင်းက မြေပြိုပြီး လူနှစ်ယောက် သေဆုံးပါတယ်။ လင်ယွမ်နဲ့ ဘိုင်ဆယ် မြို့နှစ်မြို့ကို ဆက်ထားတဲ့ လမ်းပိုင်းမှာ တောင်ကျရေကြောင့် ကား ၆ စီး ရေစီးနဲ့ မျောပါသွားပြီး ကယ်ဆယ်ရေးသမားတွေက အလောင်း ၈ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ အခုလို ဖြစ်နေတာတွေကြောင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို တနင်္ဂနွေနေ့က ဖွဲ့စည်းဆောင်ရွက်နေသလို ရဲအရာရှိ အယောက် ၃၀၀၊ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ရေဘေးသင့်ဒေသဆီ စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမြော်

Image may contain: 2 people, indoorတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဇွန်လ(၁၉)ရက် ညနေ ၃ နာရီ ၃၀ မိ နစ်ခန့်က မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာသို့ လာရောက်ဖူးမြော် ခဲ့ကြောင်း သိရသည်။ “ဟုတ်ပါတယ်။ ကာချုပ်တို့ ဇနီးမောင်နှံ ရဟတ်ယာဉ်(၂)စီးနဲ့ ညနေ ၃ နာရီခွဲလောက် ဘုရားရောက်ပါတယ်။ အောက်စက်တော်ရာ ဘုရားဖူးကြပါတယ်။ ဘုရားကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပါတယ်။ ညနေ ၄ နာရီခွဲလောက် ပြန်ကြပါတယ်”ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးဝင်းက ပြောသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် စာသင်ချိန်တိုးမြှင့်

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ အားလုံးတွင် ယခုလကုန်မှစ၍ ကျောင်းစာသင် ၄၅ မိနစ်တစ်ချိန် မဖြစ်မနေ တိုးမြှင့်သင်ကြားရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ သင်ရိုးဟောင်းတွင် စာသင်ချိန်ခုနစ်ချိန်သာရှိပြီး လက်ရှိသင်ကြားနေ သည့် သင်ရိုးသစ်တွင် စာသင်ချိန်လိုအပ်ခြင်းကြောင့် ၄၅ မိနစ် တစ်ချိန် ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ခရုကတဆင့်ကူးစက်သည့် သန်ကောင်ရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်တွေ့ရှိ

ရခိုင်ပြည်နယ်မှာ ဒီနှစ် ဇန်နဝါရီကနေ ဇွန် ၁၉ ရက်အထိ ၅ လကျော်ကာလအတွင်း ရေချိုခရုကနေတဆင့်ကူးစက်တဲ့ သန်ကောင်ရောဂါဖြစ်ပွားသူ ၂၀၀ ကျော်တွေ့ရှိတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းက သံသယ လူနာ ၅၀၀ ကျော်ကို စစ်ဆေးရာမှာ ၂၁၄ ဦးတွေ့ခဲ့တာလို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများ အကျုံးဝင်မှု မရှိ

မြို့နယ်တစ်ချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများသည် ဤကော်မရှင်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်လည်း အကျုံးဝင်မှု မရှိပါကြောင်း သတင်းထုတ်ပြန်ချက်အား ဖော်ပြအပ်ပါသည်။

တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသားများ ဆန္ဒပြ

တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသား အ​ယောက်​ ၅၀၀လောက် ဒီက​နေ့ မနက်​ပိုင်းက​ တညင်းကုန်း​​ဈေး​ရှေ့​က​နေ ​အင်းစိန်​မြို့နယ်​ ​မြောက်​ပိုင်းခရိုင်​ ​ဈေးများဌာန​ရှေ့ကို လမ်း​လျှောက်​ချီတက်​ ဆန္ဒ​ပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းကို ပိတ်သိမ်းတော့မှာဖြစ်လို့ ကျန်ရှိနေတဲ့ ဈေးသည် ၁၀၈၇ ယောက်ကို ဇွန်လ ၂၀ ရက်မှာ အပြီးပြောင်းရွှေ့ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဈေးများဌာနက လုပ်ဆောင်နေတာကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာပါ။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

Image may contain: ocean, sky, outdoor, water and natureဇွန်လ ၁၉ ရက်နေ့ ၁၀၄၅ အချိန်မှ ၁၁၂၀ အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၅) ရွက်ညိုတောင် ရဲကင်းစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီး ၂+၄ ဦးသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(၀၀၃)ပါ ၂ စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD, Najrul Islam ဦးဆောင်သည့် ၁၂ ဦးသည် စက်တပ်ရေယာဉ် ၂ စီးဖြင့်လည်းကောင်း၊ စုစုပေါင်း ၄ စီးတို့သည် နှစ်နိုင်ငံနယ်နိမိတ်အနီး နတ်မြစ် မြစ် လယ်ရှိမင်္ဂလာကြီးချောင်းဝထိပ် ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျ ချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)အထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့် ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။

အမေရိကန်ဒရုန်းစစ်လေယာဉ်ကို အီရန်ကပစ်ချ၊

Image may contain: skyပါရှန်ပင်လယ် Strait of Hormuz ရေလက်ကြားမှာ ကင်းထောက်ပျံသန်းနေတဲ့ အမေရိကန် လေတပ်ပိုင် မောင်းသူမဲ့ RQ-4 Global Hawk သူလှို့  ဒရုန်းယာဉ်ကို အီရန်လေကြောင်းကာကွယ်ရေးက ဒုံကျည်နဲ့  ပစ်ချလိုက်ကြောင်း သိရပါတယ်။ ဒေါ်လာ ၁၂၃ သန်းတန် Hawk ရေဒါစနစ်နဲ့  အမြင့်ပေ ၅၀၀၀၀ ကနေ နာရီ ၁၀၀၀၀ မနားတမ်း ပျံသန်း ထောက်လှမ်းနိုင်တဲ့ Hawk ဒရုန်းယာဉ်ကို တည်ထွင်တဲ့ ကာလအတွင်းမှာတင် ဒေါ်လာ သန်းပေါင်း၁၀၀၀၀ (တစ်သောင်း) အကုန်အကျခံပြီး တီထွင်ခဲ့ရတာပါ။

ဆော်ဒီ ဓာတ်အားပေးစက်ရုံတခုကို ဟူသီသူပုန်အဖွဲ့ ဒုံးကျည်ဖြင့်တိုက်ခိုက်

No photo description available.ဆော်ဒီအာရေဗျနိုင်ငံ ဂျီဇန်ပြည်နယ်ထဲက လျှပ်စစ်ဓာတ်အားပေး စက်ရုံတခုကို ခရုဇ်အမျိုးအစား ဒုံးကျည်တစင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့က ဇွန်လ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေဘက်က ချက်ချင်း အတည်ပြုတာတော့ မရှိသေးပါဘူး။ ဟူသီသူပုန်အဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက ဆော်ဒီမြို့တွေပေါ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။ ယီမင်ပြည်တွင်းစစ်အတွင်းမှာ ယီမင်အစိုးရကို ကျောထောက်နောက်ခံ ပေးထားတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပျဉ်းမနားမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး

Image may contain: one or more people and outdoorပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်း ငွေကြယ်စင် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ဇွန်လ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင်း တစ်ဦးသေဆုံးခဲ့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်း ငွေကြယ်စင် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ပျဉ်းမနားမှ သာဝတ္ထိသို့ သန့်ဇင်ဦး(၂၀)နှစ် မောင်းနှင်သည့် 2N/×××× Nissan ၂၂ ဘီးယာဉ်သည် လားရာတူရှေ့လမ်းဘေးတွင် စက်ပျက်၍ ရပ်တန့်ထားသည့် 2B/×××× Nissan ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိရာ

မောတောင်မြို့တွင် အပူဇော်ခံမည့် ဒေ၀ ဒေ၀ ကျောက်ဆင်းတုဘုရားကြီးကို ပင့်ဆောင်

မြိတ်ခရိုင် မြန်မာ- ထိုင်းနယ်ဖြစ်သော မောတောင်မြို့ရှိ ဆလုံသာသနာပြု ဂျလန်းကျွန်းကျောင်းတိုက်တွင် အပူဇော်ခံမည့် ဒေ၀ ဒေ၀ ကျောက်ဆင်းတုဘုရားကြီးကို ဇွန်လ ၁၉ ရက်နေ့က မြိတ်မြို့မှ မောတောင်မြို့သို့ ပင့်ဆောင်ခဲ့သည်။ အဆိုပါ ဘုရားကြီးသည် ဥာဏ်တော် အမြင့် ၂၇ ပေရှိပြီး KMA Foundat ion ရန်ကုန်မှ လှူဒါန်းခြင်းဖြစ်ကြောင်း ဇွန်လဆန်းပိုင်းမှစတင်၍ မန္တာလေးမြို့မှ မြိတ်မြို့သို့ ပင့်ဆောင်ခဲ့ကာ မောတောင်မြို့သို့ ဆက်လက်ပင့်ဆောင် သွားကြောင်း သိရသည်။ ဘုရားကြီးကို မောတောင်မြို့ရှိ ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ ကျောင်းတိုက်တွင် တည်းထားကိုးကွယ်သွားမည်ဖြစ်ပြီး၊ ဘုရားသာသနာ အောင်ပွဲကြီးကို ၂၀၁၉ ခုနှစ်ကုန် ၂၀၂၀ ခုနှစ် နှစ်သစ်ကူးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

မတူပီမြို့နှင့် ကျေးရွာများ ဆက်သွယ်ထားသောလမ်းတွင် တောင်ပြိုမှုကြောင့် လမ်းပိတ်နေသော်လည်း ပြုပြင်ပေးခြင်း မရှိသည့်အတွက် ဒေသခံများ သွားလာရ ခက်ခဲလျက်ရှိ

မတူပီမြို့နှင့် ကျေးရွာများ ဆက်သွယ်ထားသော မတူပီမြို့နှင့် လိုင်လွန်ပီးမြို့လမ်းတွင် (မတူပီမြို့နှင့် ခြောက်မိုင်အကွာနေရာ) တောင်ပြိုမှုကြောင့် လမ်းပိတ်နေသော်လည်း ပြုပြင်ပေးခြင်းမရှိသည့်အတွက် ဒေသခံများ သွားလာရ ခက်ခဲလျက်ရှိသည်ဟု သိရသည်။ “မြင်နေရတဲ့ အခြေအနေက အခုကားလမ်းမှာ ပြိုကျနေတဲ့ မြေစာတွေ ဖယ်ပေးမှပဲ ကောင်းလာမှာ။ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ ဆိုင်ကယ်လမ်းလေး ဖယ်တယ်ဆိုတာကလည်း ပြိုကျတဲ့ မြေစာပေါ်ဖယ်ထားတာဆိုတော့ ခဏတစ်ဖြုတ်ပဲ။ မိုးကျလာရင်တော့ အဲဒီလမ်းက ပြန်ပျောက်သွားတာပဲ။ ကျွန်တော်တို့ က ချော်လဲတယ်ဆိုရင်တော့ ချောင်းထဲကျပြီး သေဖို့ပဲရှိတယ်။

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ယာဉ်ရပ်နားကွင်းနေရာ တို့ချဲ့ဆောက်လုပ်နေ

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ကုန်စည်သယ်ယူပို့ဆောင်သည့် ယာဉ်ရပ်နားကွင်းနေရာ ၂ ကွင်းမှ ၄ ကွင်းသို့ တို့ချဲ့ဆောက် လုပ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။ ဘုရင့်နောင်ပွဲရုံဝန်းရှိ ယာဉ်ရပ်နားဝန်းသို့ ကုန်စည်သယ်ယူပို့ဆောင်သည့်ယာဉ် တစ်နေ့လျှင် အစီးရေ ၁၅၀၀ ကျော်အဝင် အထွက်ရှိကာ ယာဉ်ကြောကြပ်တည်းမှု ပြဿနာဖြစ်ပေါ်လျက်ရှိသည့်အတွက် ပွဲရုံအနောက်ဘက်ရှိ ရွှေသံလွင်ကုမ္ပဏီ ပိုင်မြေ ၆ ဧကပေါ်တွင် ယာဉ်ရပ်နားကွင်း နေရာတိုးချဲ့ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မှာ စက်သေနတ်ကျည် (၄၀၀)နီးပါး ဖမ်းမိ

တာချီလိတ်ကနေ မိုင်းယန်းဘက်ကိုသွားမယ့် ပရိုဘောက်ကားတစ်စီးကို စစ်ဆေးရာကနေ စက်သေနတ်ကျည် (၃၉၇)တောင့်ကို တာချီလိတ်မြို့မှာ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိပါတယ်။ တာဝန်ရှိသူတွေဟာ ဇွန်လ ၂၀ရက် နေ့လည် ၁၂နာရီက တာချီလိတ်မြို့၊ မယ်ယန်းဂိတ်မှာ တာချီလိတ်မြို့ဘက်ကနေ မိုင်းယန်းမြို့ကိုသွားမယ် ပရိုဘောက်ကားတစ်စီးကို စစ်ဆေးရာမှာ ကားအတွင်းကနေ ပွိုင့် - ၅ စက်သေနတ်ကျည် (၃၉၇)တောင့်ကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

မန္တ​လေး​ဆေးရုံ အမှိုက်ပုံးထဲတွင် ​မွေးကင်းစက​​လေး အ​လောင်း​​တွေ့ရှိ

မန္တ​လေးအ​ထွေ​အ​ထွေ​ရောဂါကု ဆေးရုံကြီးရှိ ပြင်​ပလူနာဌာန အမှိုက်​ပုံးထဲကနေ အမှိုက်​တွေ သိမ်းဆည်းရာက မွေးကင်းစ က​လေးအ​လောင်းတလောင်းကို ဇွန်​လ ၁၉ ရက်​​ မနက်ပိုင်းက ​တွေ့ရှိတဲ့အတွက် အမှုဖွင့်​လှစ်ထား​တယ်လို့ တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ရုံးကနေ သိရပါတယ်။

ငမိုးရိပ်တံတား (ကမာကြည် ၂) တံတားနိမ့်ဆင်းမှုဖြစ်၊ တည်ဆောက်ခဲ့သည့်ကုမ္ပဏီအား ပြန်လည်ပြုပြင်စေမည်ဟုဆို

ယခုနှစ် ဖေဖော်ဝါရီလ အစပိုင်းက စတင်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့သော သုဝဏ္ဏနှင့် ဒဂုံမြို့သစ်တောင်ပိုင်း ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (ကမာကြည် ၂) တံတားနိမ့်ဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် တည်ဆောက်ခဲ့သည့်ကုမ္ပဏီအား ပြန်လည်တာဝန်ယူပြင်ဆင်စေမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဇွန် ၂၀ ရက်တွင် ပြောသည်။

တရုတ်ကျောင်းသားတွေရဲ့ ကျူရှင်ခ တစ်နှစ် ဒေါ်လာ ၁၄ သန်းပေးသွားမယ်

ဟောင်ကောင်က အချမ်းသာဆုံး သူဌေးကြီး လီကာရှင်းက တရုတ်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ ကျောင်းသားတွေအထဲက အတန်းတစ်တန်းက ကျောင်းသားအကုန်လုံးအတွက် ကျောင်းလခတွေပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်က ရှန်တိုးတက္ကသိုလ်မှာ ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကစလို့ တက်ရောက်ကြမယ့် ကျောင်းသားတွေအတွက် ကျောင်းလခကို ငါးနှစ်စာ ပေးသွားမှာ ဖြစ်ပြီး သူတည်ထောင်ထားတဲ့ လီကာရှင်းဖောင်ဒေးရှင်းကတဆင့် ပေးသွားမှာ ဖြစ်ပါတယ်။

တရုတ် ဓာတ်အားပေး စီမံကိန်း ရန်ပွဲမှာ အလုပ်သမား တစ်ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးမှာ တရုတ်အလုပ်သမားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရန်ဖြစ်ခဲ့လို့ ရဲက ဝင်ဖြိုခွင်းခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ပြည်နယ်တစ်ခု ဖြစ်တဲ့ ပါတုယက်ခါလီမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ရန်ပွဲမှာ တရုတ်အလုပ်သမားတစ်ယောက် သေဆုံးခဲ့တယ်လို့ ဘီဘီစီကို ရဲက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတစ်ယောက် လုပ်ငန်းခွင်မှာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အခုလို ရန်ပွဲဖြစ်ခဲ့တာပါ။ အဲဒီအလုပ်သမား သေဆုံးမှုကို တရုတ်တွေက ဖုံးကွယ်ဖို့ ကြိုးစားတယ်လို့ ဒေသခံ အလုပ်သမားတွေက စွပ်စွဲခဲ့ကြပါတယ်။ အဲဒီနောက် ဒီအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန် - ၂၀၊ ၂၀၁၉

ဒီကနေ့ ဇွန် ၂၀ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၃ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၂ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၆ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၁ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၈၃၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၉၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၀၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၇၅ ကျပ်ဈေးဖြစ်ပါ တယ်။

အိန္ဒိယ တမီလ်နာဒူးပြည်နယ်မှာ ပြင်းထန်ဆိုးဝါးတဲ့ ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံနေ

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က မြို့သူမြို့သားတွေဟာ သောက်သုံးရေ ရရှိဖို့ ရေဗုံးကိုယ်စီနဲ့ ရေပေးဝေရာမှာ တန်းစီ စောင့်ဆိုင်းလို့ နေကြပါတယ်။ ချန်နိုင်းက အဓိက ရေလှောင်ကန် လေးခုရဲ့ ရေအမှတ်ဟာ နှစ် ၇၀ အတွင်း အဆိုးဆုံးအထိ ကျဆင်းနေကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ေ တာင်ပိုင်း တမီလ်နာဒူးပြည်နယ်ဟာ ရေရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ချန်နိုင်းမြို့ဟာ အဆိုးဆုံး အခြေအနေ ရင်ဆိုင်နေရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူမြင်ကွင်းမှာ ကတုန်ကယင် ဖြစ်ခဲ့ပေမယ့် ဂျာမနီ ဝန်ကြီးချုပ်က ကျန်းမာရေးအခြေအနေကို ဖော့ပြော

 ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ဆီ အင်္ဂ࿿ါနေ့က အလည်အပတ် ရောက်ရှိလာတဲ့ ယူကရိန်း သမ္မတသစ်ကို ကြိုဆိုချိန်မှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ ကတုန်ကယင် ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဝန်ကြီးချုပ် မာကဲလ်ရဲ့ ခုလို ကတုန်ကယင် ဖြစ်နေတဲ့ မြင်ကွင်းကို တွေ့ရတာကြောင့် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးကာ ကောလဟလတွေ ထွက်ပေါ်လာခဲ့ရာမှာ မာကဲလ်က လျှော့ပေါ့ပြီး ဖာဖာထေးထေး ပြောဆိုလာပါတယ်။

ရွှံ့စေးဖြင့် ပုံဖော်ထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု အွန်လိုင်းမှတဆင့် မဲဖောက်မည်

" အမေစု အသက်ဘယ်လောက်ကြီးကြီး ကျွန်တော်တို့ စိတ်ထဲမှာ အသက်မကြီးသလိုပဲ ခံစားမိတဲ့ အတွက် ဒီပန်းပုရုပ်ကို ပုံဖော်ခဲ့တာပါ။ ပြီးတော့ ကိုယ်တတ်တဲ့ ပညာနဲ့ အမေစုရဲ့မွေးနေ့မှာ ကိုယ်ရဲ့ မိတ်ဆွေတွေကို အမှတ်တရဖြစ်စေချင်တဲ့ အတွက်ရော မဲဖောက်ပေးတာ ဖြစ်ပါတယ်။ နောက် တစ်ပတ်လောက်နေရင်တော့ အရုပ်က အကုန်လုံးပြီးပါပြီ။ အဲ့ဒီအခါကြမှ မဲပေါက်တဲ့သူဆီကို ပို့ပေး သွားမှာ ဖြစ်ပါတယ်”

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတနှင့် အတိုင်ပင်ခံ ကိုယ်တိုင်မဲဆွယ်မည်ဟုဆို

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလရောက်ရှိပါက UEC  မှထုတ်ပြန်ထားသည့် သတ်မှတ် ချက် ဘောင်အတွင်းမှနေ၍ NLD ပါတီအတွက် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုယ်တိုင် မဲဆွယ်သွားရန် ရှိသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောဆိုလိုက်သည်။ ဇူလိုင် (၁၉) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်မြောက်မွေးနေ့ကျင်းပခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရုံးချုပ်တွင် မီဒီယာများ ၏မေးမြန်းမှုကိုဖြေဆိုခဲ့ခြင်းဖြစ်သည်။

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP

PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။
PrEP ဆေးဆိုတာဘာလဲ။ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

လူ ၃ ဦး သေဆုံးခဲ့မှုသည် ရောဂါအခံကြောင့်ဟု ထုတ်ပြန်

ရာသီတုပ်ကွေးသံသယများ ဖြစ်ပွားနေစဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအနက် ၃ ဦး သေဆုံးခဲ့သော်လည်း အခြား ဆက်စပ်အကြောင်းအရာဖြင့် သေဆုံးခြင်းဟု ကျန်းမာရေးမှ ထုတ်ပြန်သည်။ ဇွန် ၁၇ ရက်နေ့အထိ သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး ၎င်းတို့သည် နာတာရှည်ရောဂါ၊ မွေးဖွားပြီးမိခင်နှင့် သက်ကြီးရွယ်အို စသည့် ရောဂါအခံနှင့် ဆက်စပ်အကြောင်းအရာများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြေညာသည်။

၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူလုံးဝမရှိခဲ့သည့်ကျောင်း တစ်နိုင်ငံလုံးတွင် ၁၇၀ ကျော်ရှိ၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းအများဆုံးပါဝင်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ လုံးဝမရှိခဲ့သည့်ကျောင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၀ ကျော်ရှိကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော်ကျရှုံးခဲ့ပြီး အောင်ချက် လုံးဝမရှိခဲ့သော အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၇၀ ကျော် အထိရှိခဲ့ကြောင်း၊ အောင်ချက်လုံးဝမရှိခဲ့သော ကျောင်း များထဲတွင် အစိုးရအခြေခံပညာအထက်တန်းကျောင်း များသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများပါ ပါဝင်နေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရ သည်။

ဂျပန်နှင့် ရင်ဆိုင်မည့်ပွဲ ဥရုဂွေးတွင် လူးဝစ်ဆွာရက်ဇ် မပါဝင်နိုင်

ကိုပါအမေရိက ပြိုင်ပွဲတွင် ဧည်သည့်အဖြစ်ပါဝင် ယှဉ်ပြိုင်နေသည့် ဂျပန်ကိုရင်ဆိုင် မည့် ဥရုဂွေးအသင်း၌ တိုက်စစ် မှူး လူးဝစ်ဆွာရက်ဇ်ပါဝင်နိုင်မည် မဟုတ်ကြောင်း ဥရုဂွေးအသင်း က ကြေညာသည်။ ကိုပါအမေရိကတွင် ဒုတိယ အကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်နေ သည့် ဂျပန်သည် ဗွေဆော်ဦးပွဲ၌ ချီလီကို ဂိုးပြတ်ရှုံးနိမ့်ထားပြီး နိုင် ပွဲမရဘဲ လှည့်ပြန်ရမည်ဟု ထင် ကြေးပေးခံရသော အသင်းဖြစ် သည်။ ဥရုဂွေးသည် ၎င်းတို့ ၂၀၁၁ နောက်ဆုံး ရရှိခဲ့သော ဖလားကို (၁၆) ကြိမ်မြောက်ရယူ ရန် ကြိုးပမ်းနေကာ အဖွင့်ပွဲတွင် အီကွေဒေါ ကို ၄-၀ ဂိုးဖြင့် ချေ မှုန်းပြီး ဖလားရရန် ရေပန်းစား သောအသင်းများ၌ ပါဝင်နေ သည်။

မန်ယူမှ လူကာကူထွက်ခွာရမည်ဟု ဘယ်လ်ဂျီယံနည်းပြပြောကြား

မန်ယူတိုက်စစ်မှူး လူကာကူသည် အသင်းမှ ထွက် ခွာရမည်ဖြစ်ကြောင်း ဘယ်လ်ဂျီ ယံနည်းပြ ရောဘတ်တိုမာတီ နက်ဇ်က ပြောကြားသည်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ (၂၆) နှစ်သည် ၂၀၁၇ ဇူလိုင်က ပေါင် ၇၅ သန်းဖြင့် အဲ ဗာတန်မှ မန်ယူသို့ပြောင်းလာကာ အိုးလ်ထရက်ဖို့ဒ်တွင် ၉၆ ပွဲ၌ ၄၂ ဂိုးသွင်းယူထားသည်။ နည်းပြဆိုးလ်ရှား လက် အောက်တွင် ထိပ်တန်းအဆင့်မ ရောက်ဖြစ်ခဲ့ပြီးနောက် ဘယ်လ် ဂျီယံ၏ စံချိန်တင်ဂိုးသွင်းရှင်သည် ယခုနွေရာသီ၌ မန်ယူမှထွက်မည် ဟု သတင်းထွက်နေသည်။

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာဆီယံလူငယ် ဘောလုံးပရောဂျက်တွင် မြန်မာမှ ငါးဦးရွေးချယ်ခံရ

ဂျပန်နိုင်ငံ၌ ကျင်းပ မည့် အာဆီယံလူငယ်ဘောလုံး ပရောဂျက် (Dreams Come True Project) တွင် မြန်မာကစား သမားငါးဦး ရွေးချယ်ခံရသည်။ အဆိုပါ (Dreams Come True Project) ကို ဂျပန်ဂျေလိဂ် ကလပ် ဆီရီဇိုအိုဆာကာအသင်း က ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံ အတွက် လူရွေးချယ်ပွဲကို ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်း၌ ပြုလုပ်ခဲ့ သည်။

မန္တလေးမြို့ရှိ ၃၈ လမ်းပိုင်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စတင်ဖွင့်လှစ်

 မန္တလေးမြို့ ၇၃ လမ်း နှင့် ၇၈ လမ်းကိုဖြတ်သန်းဖောက် လုပ်သည့် ၃၈ လမ်းပိုင်းသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဇွန်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။ အသစ်ဖွင့်လှစ်သည့် ၃၈ လမ်းပိုင်းသစ်ကို ပြည်သူများ ရင် ထဲတွင်ရှိသည့်အမည်  ခေါ်နိုင် ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ အနုပညာရှင်များ

ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်၏ အသက် (၇၄)နှစ် ပြည့်မွေးနေ့အတွက် အနုပညာ ရှင်များက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဆုတောင်း စကားများ ရေးသားခဲ့သည်။ြ ပည်ပတွင် နေထိုင်သည့် အဆိုတော် ဆောင်းဦးလှိုင်က ‘ကျန်းမာရွှင်လန်းပါစေသော်’ ဆိုသည့် ခေါင်းစဉ်ဖြင့် ‘တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ မွေးနေ့ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပနေကြပြီမို့ ကျွန် တော့်လိုအသေးအမွှားအနုပညာ သမားက မလိုအပ်ဘဲအများကြီး ပြောဆိုစရာအကြောင်းမှမရှိတာ ခင်ဗျာ၊ ‘‘လူဆိုတာအခြေအနေအ ချိန်အခါကို သိနားလည်ဖို့အရေး ကြီးပါတယ်’’၊ ၂၀၂၀မှာအာဏာ ရူးအာဏာဘီလူး ရူးကြောင် ကြောင်လူတွေနေရာမရဖို့ရာ အ နုပညာနဲ့စွမ်းသလောက် ကူညီဦး မှာပါလို့ ကတိပြုရင်းအသက်ရှည် အနာမဲ့ကျန်းမာရွှင်လန်းပါစေခင် ဗျာ’ ဟု ရေးသားထားသည်။

ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းစပေါ့ကို သတိထားယှဉ်ပြိုင်ရန် လိုအပ်ကြောင်း MIU နည်းပြဆို

အာဆီယံ ဖူဆယ်က လပ်  ချန်ပီယံရှစ်ပြိုင်ပွဲ  အဖွင့်ပွဲ၌ ဂိုးပြတ်အနိုင်ရသော်လည်း MIU အသင်းအနေဖြင့် ဒုတိယပွဲတွင် ကမ္ဘောဒီးယားကလပ်  ဒေါင်း တောင်း စပေါ့အသင်းကို သတိ ထားယှဉ်ပြိုင်ရန် လိုအပ်ကြောင်း နည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောသည်။ ဇွန်လ ၁၈ ရက်က ထိုင်း နိုင်ငံကိုရတ်မြို့တွင် ကျင်းပသည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စု (ခ) အဖွင့်ပွဲစဉ် တွင် MIU အသင်းက မာလာကာ ယူနိုက်တက်ကို ခြေစွမ်းအသာ ဖြင့် ဖိအားပေးကစားပြီး ၇-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ခပ်ကြမ်းကြမ်းရိုက်ထားတဲ့ အမ်တီဗီအကြောင်းပြောပြတဲ့ ဆိုဖီယာ

အွန်လိုင်းတင်ခဲ့သည့် ‘နင့်ရဲ့’မြူးဇစ်ဗီဒီယိုနှင့်ပတ်သက် ပြီး သီချင်းနှင့်ပြောင်းပြန်ရိုက်ကူး လိုသောကြောင့် ခပ်ကြမ်းကြမ်း ရိုက်ကူးခြင်းဖြစ်ကြောင်း အဆို တော်ဆိုဖီယာက ပြောသည်။ ‘‘သီချင်းလေးနည်းနည်း ကြမ်းသွားတာက ဆိုဖီယာနဲ့ဒါ ရိုက်တာရဲ့ စိတ်ကူးပါ။ တွဲသရုပ် ဆောင်တဲ့မော်ဒယ်မင်းသားကို လည်း ပြောထားတယ်၊ ကြမ်း မယ်ပေါ့။ ဒါပေမဲ့ ဘယ်လောက် ကြမ်းမယ်ဆိုတာ မသိထားရှာ ဘူး။ ရောက်လာမှသူလည်း Surprise တွေဖြစ်သွားတယ်’’ ဟု ၎င်း က ပြောသည်။ ယင်းအမ်တီဗီကိုကြည့်ချိန် ၌ ပရိသတ်များ၏မျက်လုံးထဲတွင် နိုင်ငံခြားဆန်စေလိုသည့်အပြင် သီချင်းကအေးသဖြင့် ပြောင်းပြန် ရိုက်ကူးရင်း ကြမ်းသွားသည်ဟု ဆိုသည်။

အန်တိုနီယာ ပါဝင်ထိုးသတ်မည့် မလေးရှား MMA တွဲဆိုင်းများထွက်ပေါ်

ကယန်းတိုင်းရင်းသူ  အန်တိုနီယာ ပါဝင်ထိုးသတ်မည့်  မလေးရှား MMA တွဲဆိုင်းများကို One Championship က ထုတ် ပြန်သည်။ ‘Masters of Denstiny’ အ မည်ဖြင့်ပြုလုပ်မည့် အဆိုပါ One Champioship MMA ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်တွင် မလေးရှား နိုင်ငံ Axiata Arena ၌ ကျင်းပ မည်ဖြစ်သည်။  ပြိုင်ပွဲတွင်တွဲဆိုင်း ၁၅ဆိုင်း ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် အီတလီနိုင်ငံသား ဂျော်ဂျီယိုနှင့် ထိုင်းနိုင်ငံသား  ပီချက်မိုယာကော့တို့ ဖယ်သာဝိတ် ကမ္ဘာ့ကစ်ဘောင်ဆင်ပွဲ ထိုးသတ်မည်ဖြစ်သည်။

မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးကို အဂတိကော်မရှင်သို့ တိုင်ကြား

 မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် မွန်ဝန်ကြီးတစ်ဦးကို ပြည်သူ ကိုးဦးက ဇွန်လ ၁၈ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့   တိုင်ကြားခဲ့သည်။  မွန်ပြည်နယ် ၀န် ကြီးချုပ်နှင့်ဝန်ကြီးတစ်ဦးသည် တင်ဒါလုပ် ထုံးလုပ်နည်းများ၊ ငွေရေး ကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီဘဲ လုပ်ကိုင်သည့်အ ပေါ် အဂတိတိုက်ဖျက်ရေးဥပဒေ နှင့် ငြိစွန်းမှုရှိ၊ မရှိ ဥပဒေနှင့်အ ညီ စုံစမ်းစစ်ဆေးပေးရန် တိုင် ကြားခြင်းဖြစ်ကြောင်း တိုင်ကြားခဲ့သူ ရေးတော်ဝင် သတင်းလွှာအယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်း က ပြောသည်။

ကလေးစစ်သားဟောင်းအောင်ကိုထွေး ပြစ်ဒဏ်စေ့ခါနီးတွင် တရားသေလွှတ်ဖူးသည့်အမှုဟောင်းဖြင့် အရေးယူပေးရန် အယူခံထပ်တင်

ကလေးစစ်သား ဟောင်းအောင်ကိုထွေးကို နိုင်ငံ တော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ ဖြင့် ဗိုလ်တထောင် မြို့နယ်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာအတွင်း တရား သေလွှတ်ပေးခဲ့မှုဖြစ်စဉ်အပေါ် ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက အ ယူခံတင်သွင်းခဲ့သည်။ ကလေးစစ်သားဘ၀ အ တွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည့် အောင်ကိုထွေး သည် နိုင်ငံတော်အကြည်ညိုပျက် စေမှုနှင့် တရားရုံးမထီမဲ့မြင်ပြုမှု များဖြင့် စုစုပေါင်းထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လကျခံနေရပြီး မကြာမီ လွတ်မြောက်မည်ဖြစ် သည်။ ထိုအချိန်တွင် တရားသေ လွှတ်ပေးပြီးဖြစ်သည့် အမှု ဟောင်းအပေါ် ပြစ်ဒဏ်တစ် ရပ်ရပ်ချမှတ်ပေးရန် တိုင်းဒေသ ကြီးတရားလွှတ်တော်သို့ အထက် ပါအယူခံတင်ခြင်းဖြစ်သည်။

ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံ

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ်ဒုတိယဝန်ကြီး ချုပ် မစ္စတာဗောင်းဒင်ဟွေ့ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဇွန်လ ၁၇ ရက်တွင် နေပြည် တော်ရှိ သမ္မတအိမ်တော် ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ တွေ့ဆုံစဉ် မြန်မာ-ဗီယက် နမ်အကြား ဆက်ဆံရေး၊ ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးတို့ ဆွေးနွေးခဲ့ကြောင်း အတိုင် ပင်ခံရုံးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အိမ်သုံးဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုကို မြန်နှုန်းနှစ်ဆတိုးမြှင့်

၂၀၁၇ က စတင်ရောင်း ချခဲ့သည့် အိမ်သုံးဖိုက်ဘာအင် တာနက်ဝန်ဆောင်မှုကို ဇွန်လ ၁၇ ရက်ကစတင်ကာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မြန် နှုန်းနှစ်ဆတိုးမြှင့်ခဲ့သည်။ ယင်းသို့ တိုးမြှင့်ရာတွင် အင်တာနက်အမြန်နှုန်း 10 Mbps ကို 20 Mbps အဖြစ်လည်း ကောင်း၊ 25 Mbps ကို 50 Mbps အဖြစ်လည်းကောင်း၊ 50 Mbps ကို 100 Mbps အမြန်နှုန်းအဖြစ် လည်းကောင်း တိုးမြှင့်ခဲ့သည်။

ပဋိပက္ခများကို စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပေးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 ဖင်လန်နိုင်ငံ အခြေစိုက် ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ (CMI )နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ရုံးအဖွဲ့တို့ပူး တွဲ၍ ပဋိပက္ခများကို စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အထောက်အကူပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲ၌ Crisis Management Initiative (CMI) တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံရုံးမှ ကောင်စစ်ဝန် မစ္စကာတီ ရား ဟာဗိုနမ် နှင့် JMC အဆင့်ဆင့်မှ ရုံးဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း JMC က သတင်းထုတ် ပြန်သည်။

ရန်ကုန်တိုင်းသည် ရေကြီးသည့်စာရင်းမှ ကျော်လွှားနိုင်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်းဒေသကြီး သည် ရေကြီးသည့်စာရင်းမှ ကျော်လွှားနိုင်ပြီဟု ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းတွင် နှစ်စဉ် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ရ သော်လည်း ယင်းပြဿနာလျော့ ပါးစေရေး ပြင်ဆင်နိုင်ခဲ့သည်ဟု ဇွန်လ ၁၈ ရက်က သတင်းထောက် များနှင့်တွေ့ဆုံစဉ် ၎င်းက ပြော ကြားခဲ့သည်။  ‘‘ပြီးခဲ့တဲ့ မိုးတွင်းကာလက ကျွန်တော်တို့တိုင်းကတော့ ရှင်း ရှင်းပြောရရင် မိုးများများရွာရင် ရေတင်တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ ရေကြီးတဲ့စာရင်းကနေ ကျွန်တော်တို့လွတ်မြောက်လာခဲ့ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်

မုတ်သုံလေအားအလွန် ကောင်းနေ၍ မြန်မာနိုင်ငံတောင် ပိုင်းဒေသများ မိုးကောင်းနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် နှစ် ရက်အတွင်း လေဖိအားနည်းရပ် ဝန်းဖြစ်လာနိုင်ကြောင်း သတိပေး ချက် ထုတ်ပြန်ထား၍ ရေဘေးအ တွက် သတိပြုရန်လိုအပ်သည်။ ဇွန်လ ၁၅ ရက်နောက်ပိုင်း ကစတင်၍ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးခဲ့ပြီး လတ်တလောတွင် မုတ်သုံလေ အား လျော့ကျမည့် အခြေအနေမရှိ သေးပေ။ ထိုအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်း၌ နှစ်ရက်အတွင်း လေဖိအား နည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ သည်။

တမူးမြို့ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်းဒေသကြီး  တမူးမြို့မှ နေအိမ်ခြံဝင်းတစ်ခု အတွင်း ဇွန်လ ၁၈ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယင်းဖြစ် ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေသည်။  တမူးမြို့စော်ဘွားအင်း (၈/ က) ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ် ခုအတွင်း  ဇွန်လ ၁၈ ရက်ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ သည်။  အိမ်အတွင်း အမျိုး သမီးနှစ်ဦးသာရှိနေချိန်ဖြစ်ပွားခဲ့ သည့် ပေါက်ကွဲမှုကြောင့် လူထိ ခိုက်မှုမရှိသော်လည်း နေအိမ် တံခါးနှင့် ခြံစည်းရိုးအနည်းငယ် ပျက်စီးခဲ့သည်။

လူမှုကွန်ရက်ပေါ် ထုတ်လွှင့်နေသောရုပ်သံလိုင်းအချို့ ဥပဒေလိုက်နာခြင်းမရှိဟု ပြန်ကြားရေးဒုဝန်ကြီးပြော

လူမှုကွန်ရက်စာ မျက်နှာများပေါ်မှ ထုတ်လွှင့်နေ သော အချို့ရုပ်သံလိုင်းများသည် နိုင်ငံ၏ တည်ဆဲဥပဒေများကို လုံးဝ လိုက်နာဆောင်ရွက်ခြင်းမရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း က ပြောသည်။ တရားမ၀င် ဂြိုဟ်တုစ လောင်းရုပ်သံလိုင်းများ၊ Online Tv Channel များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်း များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဇွန်လ ၁၈ ရက်က နေပြည် တော်သင်္ဂဟဟိုတယ်၌ ပြုလုပ်ပြီး နောက် မီဒီယာများ၏ မေးမြန်းမှုကို ဒုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

ရွှေဘိုအကျဉ်းထောင်သို့ လူ့အခွင့်အရေးကော်မရှင်သွားရောက်စစ်ဆေး

ထောင်ဆူမှုဖြစ်ပွားပြီး ထိန်းသိမ်းစဉ် လူလေးဦးသေဆုံး သည့် ရွှေဘိုအကျဉ်းထောင်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘိုမြို့ရှိ ရွှေဘိုအကျဉ်းထောင်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်တာဝန်ရှိသူများ  က ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် တွင် စစ်ဆေးခဲ့သည်။ ‘‘အကျဉ်းသားတွေကို သူတို့ ပြောချင်တာတွေ ပြောခွင့်ပေးခဲ့ တယ်။ အဲဒီကနေ အချက်အလက် တွေ ရယူခဲ့တယ်’’ဟု  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသအသီးသီးတွင် သစ်ပင်များစိုက်ပျိုး

ဇွန်လ ၁၉ ရက်တွင် ကျ ရောက်သော နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အသက်(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းနှင့် ပြည်နယ်အချို့၌ သစ်ပင်များ စိုက်ပျိုးခဲ့သည်။ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် သစ်ပင်များစိုက်ပျိုးပြီး ဌာနဆိုင် ရာများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ပြည်သူများပါဝင်စိုက်ပျိုးခဲ့သည်။

မေတ္တာများဖြင့် လှပခဲ့သော မွေးနေ့

စစ်အစိုးရခေတ်မှသည် မျက်မှောက်ကာလအထိ မြန်မာပြည်သူအများစု တခုတ်တရမွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆင်နွှဲပေးလေ့ရှိသူနှစ်ဦးရှိသည်။ တစ်ဦးက မြန်မာ့လွတ်လပ်ရေးဗိသုကာဟုတင်စားခံရသူ၊ တစ်ဦးကတော့ ဒီမိုကရေစီပြယုဂ်အဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။ေ မွးနေ့ရှင်မပါဝင်ဘဲ နေရာဒေသအများအပြားတွင် မွေးနေ့ပွဲများကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျင်းပကြသည်။ မွေးနေ့ရှင်မသိသော်လည်း မွေးနေ့ရှင် အသက်ရှည်၊ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများကို အူလိုက် သည်းလှိုက်ရေးသားဖော်ပြကြသည်။

China Eastern လေကြောင်းလိုင်းက ရန်ကုန်-ရှန်ဟိုင်းခရီးစဉ် စတင်ပြေးဆွဲ

ယခုနှစ်အတွင်း မြန်မာ -တရုတ်နှစ်နိုင်ငံအကြား ခရီး သည် သုံးသိန်းခြောက်သောင်းခန့် ကို ၀န်ဆောင်မှုပေးရန် ခန့်မှန်း ထားကြောင်း China Eastern လေကြောင်းလိုင်းက ထုတ်ပြန် သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကိုးခုမြောက်ခရီးစဉ်အ ဖြစ် ရှန်ဟိုင်း-ရန်ကုန်တိုက်ရိုက် လေကြောင်းခရီးစဉ်ကို China Eastern လေကြောင်းလိုင်းက ဇွန်လ ၁၉ ရက်တွင် စတင်ပျံသန်း ခဲ့သည်။ အဆိုပါလေကြောင်းလိုင်း သည် Airbus 320 အမျိုးအစား လေယာဉ်ကို အသုံးပြု၍ ရန်ကုန် -ရှန်ဟိုင်းတိုက်ရိုက်ခရီးစဉ်ကို ပျံ သန်းခြင်းဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။ အ ဆိုပါလေကြောင်းလိုင်းသည် မန္တ လေး-ရှန်ဟိုင်းခရီးစဉ်ကို ဇန်န၀ါ ရီ ၃ ရက်တွင် စတင်ပျံသန်းခဲ့သည့် နောက် ရန်ကုန်သို့ တိုးချဲ့ပျံသန်း ခဲ့ခြင်းဖြစ်သည်။

ဘုရင့်နောင်ပွဲရုံမြေကို ငှားရမ်းစာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ရေး တပ်မတော်နှင့်ညှိနှိုင်းမည်ဟု ဦးဖြိုးမင်းသိန်းဆို

ဘုရင့်နောင်ပွဲရုံမြေကို ငှားရမ်းစာချုပ်သက်တမ်းတိုးချုပ် ဆိုနိုင်ရေး တပ်မတော်နှင့် ညှိနှိုင်း မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။  ဘုရင့်နောင်ပွဲရုံမြေသည် တပ်မြို့စည်ပင်ပိုင်မြေဖြစ်ပြီး လာ မည့် နှစ်တွင် ငှားရမ်းစာချုပ်ပြည့် မည်ဖြစ်ကာ သက်တမ်းပြည့်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ဆက်လက်ငှား ရမ်းခြင်းမပြုတော့ကြောင်း သတင်း များထွက်ပေါ်နေသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အသေးစား စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်မည်

ဒဂုံမြို့သစ် အရှေ့  ပိုင်း မလစ်ကျေးရွာအနီးတွင် မြို့တော်သစ်အသေးစားစက်မှု ဥယျာဉ်စီမံကိန်းတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း New City Development ကုမ္ပဏီက ကြေ ညာသည်။  ထိုသို့ တည်ဆောက်ရန်စီမံ ကိန်းဆိုင်ရာ အချက်အလက်များ၊   လူမှုဘ၀နှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်နိုင်မှုများကို လေ့လာ  ဆန်းစစ်ခြင်းနှင့် စီမံကိန်းသက် ရောက်မည့် ဧရိယာတစ်ခုလုံး စစ်တမ်းကောက်ယူခြင်းများကို  ဇွန်လ ၂၂ ရက်တွင် အများပြည် သူသို့ရှင်းပြမည်ဖြစ်ကြောင်းအ ဆိုပါ ကုမ္ပဏီက ဆိုသည်။

ခြင်းလုံးအဖွဲ့ချုပ် နှစ်ဖွဲ့ကွဲနေ၍ ဖိလစ်ပိုင်ဆီးဂိမ်း ၀င်ပြိုင်မည်မဟုတ်ဟုဆို

 မြန်မာ့ခြင်းလုံးအား ကစားတွင်  အဖွဲ့နှစ်ဖွဲ့ကွဲပြားနေ သဖြင့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုး ပမ်းမည်မဟုတ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဟူ၍ အဖွဲ့ နှစ်ဖွဲ့ကွဲပြားနေသည်။ ထိုသို့အဖွဲ့ နှစ်ဖွဲ့ကွဲပြားနေသဖြင့် လာမည့် ဖိလစ်ပိုင်ဆီးဂိမ်းအပါအ၀င် နိုင်ငံ တကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် အ ခက်အခဲနှင့်ကြုံနေရကြောင်း ဦးရဲ အောင်က ပြောသည်။

ပြည်သူ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လက်ဆောင်

 ကုန်လွန်ခဲ့သည့် နှစ်အတွင်း တစ်ပါးသူအတွက် တန်ဖိုးရှိသောကိစ္စများ မည်မျှ ဆောင်ရွက်နိုင်ခဲ့သည်ကို သုံးသပ် ၍ လာမည့်နှစ်တွင် ပိုမိုဆောင် ရွက်နိုင်ရေး သန္နိဋ္ဌာန်ချမှတ် လုပ် ဆောင်စေလိုကြောင်း   ယမန် နေ့၌ အသက် (၇၄)နှစ်ပြည့်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တိုက်တွန်းသည်။ ‘‘ဒါ အမေ့မွေးနေ့လက် ဆောင်’’ဟု နေပြည်တော် ပြည် ထောင်စုလွှတ်တော်ဝင်းအတွင်း ရှိ I-12 အဆောက်အအုံတွင် ဇွန် လ ၁၇ ရက်၌ ပြုလုပ်သော မွေးနေ့ပွဲတွင် ၎င်းကပြောကြား ဖြစ်သည်။

မလေးရှားတွင် အရက်တုသောက်၍ မြန်မာလုပ်သားနှစ်ဦး ထပ်သေ တစ်ဦး မျက်စိကွယ်

မလေးရှားနိုင်ငံတွင် အ ရက်အတုသောက်၍ မြန်မာလုပ် သားနှစ်ဦး ထပ်မံသေဆုံးပြီး တစ် ပတ်အတွင်း မြန်မာလုပ်သား ခြောက်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ သည်။ ထို့အပြင် အရက်အတု သောက်၍ ဆေးကုသမှုခံယူနေသူ ခြောက်ဦးအနက် တစ်ဦး မျက်စိ ကွယ်ခဲ့ကြောင်း မလေးရှားအခြေစိုက် ကပ်ပုန်းခုနစ်ရက်သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။ မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားတစ်ဦး အရက်အတုသောက်၍ ဇွန်လ ၁၇ ရက်တွင် သေဆုံးခဲ့သည်။

‘‘ဒီရောဂါက ၂၀၁၇ မှာလည်း အတွေ့အကြုံရှိပြီး ဖြစ်တဲ့အတွက် ပြည်သူလူထုအထိတ်တလန့် မဖြစ်ဖို့လိုတယ်’’ H1N1 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းတွင် ယခုနှစ် ဇွန်လအတွင်း ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွား၍ လူသုံး ဦးသေဆုံးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း ရောဂါဖြစ် ပွားမှု အခြေအနေ၊ ကာကွယ်ကု သရေးပိုင်း ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်နှင့် မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
ရန်ကုန်တိုင်းမှာ လက်ရှိ H1N1 ဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက် ပြီး ရှင်းပြပေးပါ။
ရန်ကုန်တိုင်းမှာ ဇွန်လအ တွင်း သံသယလူနာ ၂၀ ဦးတွေ့ တယ်။ အဲဒီထဲမှာ ခုနစ်ဦးမှာတွေ့ တယ်။ တွေ့တဲ့လူနာထဲက သုံးဦး က သေဆုံးသွားတယ်။

A-H1N1 တုပ်ကွေးရောဂါပိုးနဲ့ ၄ ဦး သေဆုံး

ရန်ကုန်တိုင်းအတွင်းမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးနဲ့ သေဆုံးသူ လေးဦးရှိနေပြီး၊ ဒီရောဂါပိုးတွေ တွေ့ရှိထားသူတွေနဲ့ ရောဂါပိုးရှိတယ်လို့ သံသယနဲ့ စောင့်ကြည့်ထားရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ရောဂါပိုး ကူးစက်မှုအခြေအနေနဲ့ ထိန်းချုပ်ရေးဆောင်ရွက်မှုတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး နဲ့ မမေခ ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံမှု မရှိသေး

ဇွန်လ ၂၀ ရက်နေ့က ကမ္ဘာ့ ဒုက္ခသည်များနေ့ပါ။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး ထွက်ပြေးရတဲ့ နိုင်ငံတွေထဲမှာ တခု အပါအ၀င် ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေတာပါ။ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာ ဘယ်လိုရှိနေပါပြီလဲ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Caroline Gluck ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

အဂတိလိုက်စားမှုနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ တိုင်ကြားခံရ

မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတချို့မှာ မွန်ပြည်နယ် အစိုးရအနေနဲ့ တင်ဒါ မခေါ်ပဲ နီးစပ်ရာ လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုပြီး မွန်ပြည်နယ် အရပ်ဖက်အဖွဲ့တွေကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။ အထူးသဖြင့် ရေးမြို့နယ် သပြေရွာသစ်ကို ဆက်သွယ်တဲ့ အောင်သပြေ-နှစ်ကရင် ကျေးရွာ ချင်းဆက်လမ်း တည်ဆောက်ဖို့အတွက် တင်ဒါ မခေါ်တဲ့ ကိစ္စ ကျိုက်ထီးရိုးဘုရား အမှိုက်မီးရှို့စက် ဝယ်ယူရာမှာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ကိစ္စတွေကို တိုင်ကြားခဲ့တယ်လို့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရိုဟင်ဂျာပြဿနာ အလေးထားဖို့ ASEAN ခေါင်းဆောင်တွေကို လူ့အခွင့်အရေးသမားတွေ တိုက်တွန်း

အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ ကျင်းပတော့မယ့် အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အမှန်အတိုင်းတင်ပြဖို့ လူ့အခွင့်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးအတွက် မြန်မာဘက်က လုပ်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်တွေပါတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြုသဘောဆောင် ဖေါ်ပြထားကြောင်း ဒီလ အစောပိုင်းမှာ ပေါက်ကြားခဲ့တဲ့နောက် အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

လူသေစေတဲ့ တိရိစ္ဆာန်ဗိုင်းရပ် ကာကွယ်ရေး

မြန်မာနိုင်ငံမှာ A- H1N1 pdm09 အမျိုးအစား တုပ်ကွေးရောဂါပိုးရှိနေတဲ့ သံသယရှိသူပေါင်း ၁၀ ဦးရှိနေပြီး ရန်ကုန်တိုင်းအတွင်းမှာ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြှင့်တင်ရေးဦးစီးဌာနက ဇွန်လ (၁၉) ရက်နေ့က အတိပြုပြောကြားခဲ့ပါတယ်။ ဒီဗိုင်းရပ်ပိုးကို ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အခု ၂၀၁၉ မှာ တကျော့ပြန် ကူးစက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီက အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဆရာဝန်ကြီး တဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူရဲ့ အမြင်ကို အခုလိုစပြောပါတယ်။

နယူးဇီလန်နိုင်ငံတွင် ကားနှင့် ရထား ပြင်းထန်စွာတိုက်မိသည့် အတွက် ၂ဦးသေဆုံး

နယူးဇီလန်နိုင်ငံ အရှေ့ဘက် ကမ်းခြေတွင် ဇွန် ၁၉ ရက် အစောပိုင်း တွင် ကားနှင့် ရထားတိုက်မိသည့် အတွက် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ Te Puke မြို့အနီး Pongakawaကျောင်းလမ်းအပေါ်တွင်  တိုက်မိခဲ့ခြင်းဖြစ်ကာ ဒေသခံရဲတပ်ဖွဲ့က နံနက် ၈း၁၅ နာရီ ဝန်းကျင် တွင် သတင်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့နှင့် အရေးပေါ်လူမှုရေးဝန်ဆောင်မှု က အတည်ပြုခဲ့သည့်။  ထိုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူနှစ်ဦး သည် ဒေသခံများ မဟုတ်ကြောင်း ဒေသခံ သတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။ မော်တော်ကားများ အားအခင်းဖြစ်ပွားသည့် နေရာအားရှောင်ရှားသွားကြရန် အရေးပေါ်ဝန်ဆောင်မှု အဖွဲ့က တိုက်တွန်းခဲ့သည်။

အိန္ဒိယအစိုးရက Encephalitis ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သည့် ဘီဟာပြည်နယ်သို့ အဆင့်မြင့်ကျန်းမာရေးအဖွဲ့စေလွှတ်

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သဖြင့် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသနပြုရာတွင် ပြည်နယ်အစိုးရအား ထောက်ပံ့ပေးရန် အိန္ဒိယအစိုးရက ပြည်နယ်အတွင်း မူဇက်ဖ်ဖာပါရ်ခရိုင်သို့ အဆင့်မြင့်ဘက်စုံထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

ကန်သမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေး ဖမ်းမိ

အမေရိကန်သမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေးဝါးတွေအဖြစ် Philadelphia မြို့ဆိပ်ကမ်းတခုမှာ Cocaine တန်ချိန် ၁၆ တန်ကျော် ဖမ်းမိတယ်လို့ ပြည်ထောင်စု အာဏာပိုင်တွေ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ Packer Marine ဆိပ်ကမ်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ပေါက်ဈေး ဒေါ်လာ တ ဘီလျံဖိုးလောက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပမာဏနဲ့ဆိုရင် လူပေါင်းနဲ့ချီ သေစေနိုင်တယ်လို့ အစိုးရရှေ့နေ William McSwain က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ၃ ဦးသေဆုံးကြောင်း အစိုးရအတည်ပြု

 သေဆုံးသူတွေဟာ ရန်ကုန်တိုင်းအတွင်းက ဖြစ်ပြီးတော့ အသက် ၇၅ နှစ်၊ ၂၉ နှစ် နဲ့ ၃၁ နှစ် တို့ဖြစ်တယ်လို့လည်းပြောပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ H1N1 ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုနှစ်အတွင်း ၃ ဦးသေဆုံးကြောင်း အတည်ပြု ပြောပါတယ်။ ဇွန်လအတွင်း သံသယလူနာ ၂၀ မှာ ၇ ဦးဟာ H1N1 ရောဂါပိုး တွေ့ ရပြီး အဲဒီထဲ က ၃ ဦးသေဆုံး တာဖြစ်တယ်လို့ လည်းပြောပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ေ ဒ်ါအောင်ဆန်းစုကြည်က အသက် ၇၄ နှစ်မြောက် မွေးနေ့အခမ်းအနားကို နေပြည်တော်က လွှတ်တော်ဝင်းအတွင်း လွှတ်တော်ရေးရာကော်မတီခန်းမဆောင် I 12 မှာ ကျင်းပပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သီးခြားတွေ့ဆုံစဉ်မှာ အခုလိုတိုက်တွန်းခဲ့တာပါ။

ကန်သိပ္ပံပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်း နိုင်ငံသားပေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Terra Science and Education တာရာသိပ္ပံနဲ့ နည်းပညာအဖွဲ့က ကျင်းပတဲ့ Genius Olympiad ၂၀၁၉ ပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့  သိပ္ပံ နည်းပညာဆိုင်ရာ ပရောဂျက်တွေ တင်ပြတာတွေကို ယှဉ်ပြိုင်ဖို့အတွက် မြန်မာ ရွှေ့ပြောင်းကလေးငယ် ဖြစ်တဲ့ ရနောင်းမြို့က Ms Yonladee Phiyatat ယွန်းလဒီ ပီယတတ် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မအေးမာက သတင်းပေး ပို့ထားပါတယ်။

ကလေးသူငယ် အခွင့်အရေး - မွေးစာရင်းထုတ်ခွင့်ကို ဘာလို့ စိုးရိမ်နေကြလဲ

မြန်မာနိုင်ငံထဲမှာ မွေးဖွားသမျှ ကလေးငယ်တွေကို မှတ်ပုံတင် စာရင်းသွင်းခွင့် ရှိတယ် ဆိုတာဟာ မွေးစာရင်း ထုတ်ပေးတာကို ဆိုလိုတာ ဖြစ်ပြီး ၊ နိုင်ငံသား ဖြစ် မဖြစ် ဆိုတာကိုတော့ ၁၉၈၂ နိုင်ငံသား ဥပဒေ အတိုင်း စိစစ် သွားရမှာသာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြောပါတယ်။ ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်တွေထဲမှာ နိုင်ငံထဲ မွေးဖွားတဲ့ ကလေးတိုင်းဟာ ခွဲခြားမှု မရှိစေပဲ မွေးဖွားခြင်းကို အခမဲ့ မှတ်ပုံတင်ခွင့်ရှိတယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ အဖမ်းခံ

က​လေးစစ်​သား​ဟောင်း ကို​အောင်​ကို​ထွေးရဲ့ အစ်မ ဖြစ်​သူ မ​နေဇာထွန်းဟာ ဒီနေ့မနက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ သွားရောက်အဖမ်းခံပါတယ်။ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ မနေဇာထွန်းက သွားရောက် အဖမ်းခံခဲ့ပြီး သူမကို မိသားစုဝင်တွေက တရားရုံးကို သွားရောက်ပို့ဆောင်ပေးခဲ့ကြတာပါ။ တရားရုံးမှာ သွားရောက်အဖမ်းခံစဉ် မနေဇာထွန်းက သူနဲ့သူ့ရဲ့မောင်ဖြစ်သူအပေါ် မတရား တရားစွဲဆိုပြီး ဖမ်းဆီးနေတာတွေကို တရားဥပဒေအရ အကာအကွယ်ရလိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။

သံချပ်အဖွဲ့အမှုအတွက် တရားလိုပြသက်သေတစ်ဦးကို စာရင်းကနေ ပယ်ဖျက်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ရဲရင့်ဝင်း ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် တရားလိုပြ သက်သေအဖြစ်ကနေ ပယ်ဖျက်သွားတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။

PNCC အဖွဲ့ဝင်တွေ ပန်ဆန်းမှာ တွေ့ဆုံ

ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့က UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ တံခါးပိတ် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။  ဒီဆွေးနွေးပွဲမှာ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ ပဏာမအပစ်ရပ် ရေးထိုးနိုင်ရေးကိစ္စ အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ FPNCC ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးဆောင်ဖွဲ့စည်းထားပြီး မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အပြင် SSPP/SSA၊ မိုင်းလားအဖွဲ့တို့ ပါဝင်ပါတယ်။

အစိုးရဝယ်ယူထားသောကျောင်းကားများမှာ ရပ်ထားခြင်းမဟုတ်၊ ပျက်လျှင် အရေးပေါ်အစားထိုးရန် အဆင်သင့်ပြင်ထားခြင်းဟု ဝန်ကြီးချုပ်ဆို

အစိုးရဝယ်ယူ ထားသည့် ကျောင်းကားများသည် ရပ်ထားခြင်းမဟုတ်ဘဲ ပျက်လျှင် အရေးပေါ် အစားထိုးပေးရန် အတွက် အဆင်သင့်ပြင်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ""ကျောင်းကားကရှိသမျှကား အကုန်ပြေးနေလို့မရပါဘူး။ ဘာ ကြောင့်လဲဆိုရင် ကျောင်းကားက ပျက်လို့မရပါဘူး။ ပျက်ရင်ကလေး က ကျောင်းမတက်ရတော့ဘူး ဖြစ်သွားမယ်။ အရေးပေါ်ဆိုရင် အမြန်ဆုံးအစားထိုးပေးဖို့ စီစဉ် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်"" ဟု ゞင်းကပြောသည်။

မြေပုံမြို့နယ်မှာ တပ်သတင်းပေးလို့စွပ်စွဲခံရသူတစ်ဦး လုပ်ကြံခံရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေဟာ မနေ့ည ၈ နာရီလောက်က သူ့ရဲ့နေအိမ်ပေါ်မှာ မိသားစုနဲ့အတူ တီဗီထိုင်ကြည့်နေစဉ် သေနတ်နဲ့လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ခြိမ်းခြောက်ခံရလို့ဆိုပြီး ပဲခူးတိုင်းဘက်ကို နှစ်လလောက်တိမ်းရှောင်ခဲ့ပြီးနောက် သူ့ရဲ့နေအိမ်ကို ပြန်ရောက်တာ အခုဆိုရင် ခြောက်ရက်ပဲ ရှိသေးတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။