Friday, August 16, 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး သြဂုတ် - ၁၆၊ ၂၀၁၉

ဒီကနေ့ သြဂုတ် ၁၅ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၁၃ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၇ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၇၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၆၈၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၀၈၆ ကျပ် (ဘဏ်ကအဝယ်)၊ ၁၀၉၁ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၅၇ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၂ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊ ၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၃၃၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၈၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၈၉၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ၇၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၇၅ ကျပ်ဈေးဖြစ်ပါ တယ်။