Friday, September 27, 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး စက်တင်ဘာ - ၂၇၊ ၂၀၁၉

ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၂၉ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၃ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၆၈ကျပ် (ဘဏ်ကအဝယ်)၊ ၁၆၈၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၁၁၂ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊၃၆၈ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၉ကျပ် (ဘဏ်ကအဝယ်)၊ ၅၀ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၄၀၀၀၀ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၅၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၆၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၅၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၄၅ ကျပ်ဈေးဖြစ်ပါ တယ်။