Tuesday, June 25, 2019

ချန်ပီယံလိဂ်ဖလားနှင့် ဝေးကွာနေသည့် မက်ဆီကို ဗန်ဟားလ် မေးခွန်းထုတ်

လီယွန်နယ် မက်ဆီ အနေနဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ဘာကြောင့် ရယူနိုင်ခြင်း မရှိတာလဲလို့ နည်းပြဟောင်း ဗန်ဟားလ်က မေးခွန်းထုတ်လိုက်ပါတယ်။ ဟော်လန်နည်းပြဟောင်း ဗန်ဟားလ်ဟာ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ တဦးချင်းအနေနဲ့ မက်ဆီကို သဘောကျပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး  ကစားသမားတဦးဖြစ်တယ်လို့ ဗန်ဟားလ်က ပြောပါတယ်။ ဒါပေမယ့်လည်း မက်ဆီအနေနဲ့ ချန်ပီယံလိဂ် ဆုဖလားနဲ့ ဘာကြောင့် ဝေးကွာနေရတာလဲလို့ ဗန်ဟားလ်က မေးခွန်းထုတ်ခဲ့ပြီး အသင်းလိုက် အောင်မြင်မှုမှာ ကျရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး မက်ဆီမှာလည်း တာဝန်ရှိတယ်လို့ ဗန်ဟားလ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခြင်း မရှိတော့ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း လီဗာပူးအသင်းကို မထင်မှတ်ဘဲ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဘရန်ဒန်ဗီရာနဲ့ထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထုတ်ဖော်ပြောလာတဲ့ အောင်လအန်ဆန်

MMA လိုက်ဟဲဗီးဝိတ် ခါးပတ်ကို ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗီရာရဲ့ စိန်ခေါ်မှု ခံထားရတဲ့အောင်လအန်ဆန် အနေနဲ့ လာမယ့် အောက်တိုဘာလမှာ ထိုးသတ်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် ခါးပတ် နှစ်ခု ချန်ပီယံ အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းထိုးသတ်နိုင်ဖို့ ၀ိတ်ပြန်တင်ခြင်းတွေကို လုပ်ဆောင်နေရပါတယ်။ ယခုအခါမှာတော့ မူလ ၀ိတ် ၂၀၅ ပေါင်ကနေ လိုက်ဟဲဗီးဝိတ်တန်း ဖြစ်တဲ့ ၂၂၅ ပေါင်တန်းကို ၃ လအတွင်းမှာပဲ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ အောင်လအန်ဆန်က သူ့ရဲ့လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြလာပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ ဖမ်းထားတဲ့ အိုင်အက်စ်တွေနဲ့ ၄င်းတို့မိသားစုဝင်များကို တရားရင်ဆိုင်စေခြင်း လုပ်ရင်လုပ် သို့မဟုတ်ပါက လွှတ်ပေးသင့်ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ ပြော

အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေအပါအ၀င် အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့  ၄င်းတို့ ရဲ့ မိသားစုဝင် ၅၅၀၀၀ ခန့် ကို မျှတတဲ့ တရားရင်ဆိုင်စေခြင်း လုပ်ရင်လုပ် ဒါမှမဟုတ်ရင် လွှတ်ပေးသင့်ကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေးအကြီးအကဲ မီချယ် ဘာချီလက် က ဇွန် ၂၄ ရက်နေ့ မှာ ပြောဆိုလိုက်ပါတယ်။

စာပေချစ်မြတ်နိုးသည့် ကျောင်းသား/ကျောင်းသူများအား စာအုပ်ပြပွဲပြုလုပ်ပေး

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိသော သုတ/ရသ စာအုပ်များ ရှာဖွေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊စာပေကို ပိုမိုချစ် မြတ်နိုးလာစေရန်နှင့်အသိပညာ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါ စာအုပ်ပြပွဲကို ဇွန်လ ၂၁ ရက်နေ့ နံနက် ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့်မလွတ်သည့် အောင်တော်မူရုပ်ပွားတော်အားဖယ်ရှားပြီး ပုံစံတူရုပ်ပွားတော်တစ်ဆူ ကျန်စစ်သားရပ်ကွက်တွင် အစားထိုးပြန်လည်တည်ထားပေးခဲ့

ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်း သည့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အောင်တော်မူ ရုပ်ပွားတော်အား စတင်ဖယ်ရှားနေပြီး ကျန်စစ်သား ရပ်ကွက်တွင် ပုံစံတူရုပ်ပွားတော်တစ်ဆူအား ဆောက် လုပ်ရေးဝန်ကြီးဌာနက အစားထိုးပြန်လည်တည်ထား ပေးကြောင်း ကမာကဆစ် အနောက်ကျောင်းတိုက် ဆရာတော်ဦးဧသိကက ဇွန် ၂၄ ရက်က မိန့်ကြားသည်။ အဆိုပါရုပ်ပွားတော်ကို အလှူရှင်တစ်ဦးက ၂၀၁၂ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တံတားတည် ဆောက်ရန်မြေနေရာတိုင်းတာရာ မလွတ်ကင်းသည့် အတွက် အစည်းအဝေးပြုလုပ်ရာ ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ၏သဘောတူညီချက်အရ ဖျက်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

တရုတ် နှင့် အမေရိကန်နှစ်ဖက်အကြီးအကဲ များကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စများအား တယ်လီဖုန်းနှင့်ဆွေးနွေး

အမေရိကန်နိုင်ငံ ၏ မေတ္တာရပ်ခံချက်အရ ဇွန် ၂၄ ရက် တွင် တရုတ်နိုင်ငံဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Steven Mnuchin တို့သည် ကုန်သွယ်ရေးကိစ္စ တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များ ၏ လမ်းညွှန်ချက် နှင့် အညီ စီးပွားရေး နှင့် ကုန်သွယ်ရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ နှစ်ဖက်ထင်မြင်ချက်များဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်ဖက်စလုံးကပင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။ လျှိုသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ အကြီးအကဲလည်းဖြစ်သည်။

ကျော်ဇင်ထက်ရဲ့ ဦးခေါင်းဒဏ်ရာကို ဘန်ကောက်ပို့ဆောင် စစ်ဆေးစေဖို့အထိ ရန်ကုန်အသင်း ဆောင်ရွက်နေ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရှမ်းနဲ့ရန်ကုန်အသင်းတို့ရဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာ ဦးခေါင်း ဒဏ်ရာရ သွားတဲ့ ရန်ကုန်ဂိုးသမား ကျော်ဇင်ထက်ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးနိုင်ဖို့အတွက် လိုအပ် ရင် ထိုင်းနိုင်ငံ ဘန်ကောက်အထိ သွားရောက် ကုသမှုခံယူစေဖို့ ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်အသင်း မီဒီယာ တာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက DuwunSportsကို ပြောပါတယ်။ ကျော်ဇင်ထက်အနေနဲ့ ရှမ်းနဲ့ ကစားခဲ့တဲ့ ပွဲချိန် ၄၁ မိနစ်လောက်မှာ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိခဲ့ ပြီးနောက် ပွဲချိန် ၄၅ မိနစ်အရောက် ကွင်းအတွင်း မူလဲသွားခဲ့တာပါ။

မိတ္ထီလာမြို့နယ်တွင် ရေတွင်းတူးရာမှ ရေမထွက်ဘဲ ဂတ်စ်များထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာလာမြို့နယ် ဂွေ့အိုင်ကျေးရွာအုပ်စု ဘုန်းအိုးကျေးရွာအရှေ့ဘက်ရှိ ယာခင်းအတွင်း ရေတွင်းတူးရာမှ ရေအထွက်နည်းပြီး လေများထွက်နေ၍ မီးနှင့်စမ်းသပ်ကြည့်ရာမှ မီးတောက်လောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ မိတ္ထီလာမြို့ ဂွေ့အိုင်ကျေးရွာအုပ်စု ဘုန်းအိုးကျေးရွာနေ ဦးနက်ပုတောင်သူလုပ်ကိုင်သူမှ ကျေးရွာအရှေ့ဘက်ရှိ ၎င်းပိုင်ယာခင်းအတွင်း စိုက်ခင်းရေအသုံးပြုရန် ဇွန်လဆန်းမှစတင်ပြီး တရွာတည်းနေ ရေတွင်းတူးလုပ်ကိုင်သူများငှားရမ်း၍တူးဖော်ခဲ့ရာ

လာမည့်နိုဝင်ဘာ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ စက္ကူမဲ့စနစ်ဖြင့် ကောက်ခံမည်

လာမည့်နိုဝင်ဘာလတွင် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်မည့် ကြားဖြတ်သန်ခေါင်းစာရင်းကောက်ယူရာ၌ စာရွက်စာတမ်းဖြင့်မဟုတ်ဘဲ Tablet များကိုအသုံးပြု၍ စက္ကူမဲ့စနစ်ဖြင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက်အသုံးပြုမည့်မေးခွန်းပုံစံတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်သင်္ဂဟိုတယ်တွင်ပြုလုပ်သည်။

တစ်ပတ်အတွင်း စတော့ရှယ်ယာဈေးနှုန်း ကျပ် ၃ ဘီလျံကျော်ကျဆင်း

စတော့ရှယ်ယာဈေးကွက်၌ ဇွန်လတတိယအပတ်အတွင်းရှယ်ယာလက်မှတ်ရောင်းရငွေတန်ဖိုးသည် ယခင်အပတ်ရောင်းရငွေထက် ကျပ် ၃ ဘီလျံကျော်ကျဆင်းသွားကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီ ၅ ခုမှ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ရှယ်ယာလက်မှတ်ရောင်းချရသည့်တန်ဖိုးမှာကျပ် ၃ ဒဿမ ၄ ဘီလျံနီးပါးရရှိခဲ့ပြီးဇွန်လ ၁၇ ရက်မှ ၂၁ ရက် အထိ အရောင်းအဝယ်ဖြစ်သော စုစုပေါင်းတန်ဖိုးမှာကျပ်သန်း ၃၇၃ ရရှိခဲ့ပြီးယခင် အပတ်ထက်ကျပ် ၃ ဘီလျံကျော်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။

ကိုပါပြိုင်ပွဲမှာ နိုင်ပွဲလုံးဝမရှိပဲ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တဲ့ ပါရာဂွေး

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ၊ အုပ်စု (ဂ)ရဲ့ နောက်ဆုံးပွဲစဉ်တွေအပြီးမှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၈)သင်းရဲ့ စာရင်းက ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးက ချီလီကို ၁-၀၊ အီကွေဒေါနဲ့ဂျပန်တို့ တစ်ဂိုးစီသရေကျခဲ့ပြီး ဥရုဂွေးနဲ့ချီလီတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် မစ္စရန်ဟီးလီတောင်းဆို

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ၉ မြို့နယ်မှာ ဖုန်းကနေသုံးတဲ့ အင်တာနက်လိုင်းတွေကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ စောင့်ကြည့်ရာမှာ စိုးရိမ်စရာကောင်းတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့  မစ္စယန်ဟီးလီက ပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက “ပဋိပက္ခဖြစ်နေတဲ့ဒေသထဲမှာ မီဒီယာတွေ သတင်းယူခွင့်မရတာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ကန့်သတ်ပိတ်ပင်ထားတာဟာ ဒေသတခုလုံးကို အမှောင်ဖုံးသွားစေတယ်”လို့ ပြောပါတယ်။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 25 June 2019

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၈၆၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ပဲစင်းငုံနီ
အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က တတင်းကို ၃၄၄၀၀ ပေါက်ဈေးရှိပါတယ်။

အာဖရိကတွင် ကျင်းပမည့် International Series ပြိုင်ပွဲတွင် သက်ထားသူဇာ ဆုရအောင် ကစားမည်

 အာဖရိကနိုင်ငံများဖြစ်သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင် ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ က ဆုရရှိအောင် ကြိုးစားသွားမည်ဟု ပြောဆိုလိုက်သည်။ "ပြိုင်ပွဲနဲ့ပတ်သက်ပြီး ညီမက ပြောချင်တာက ကိုယ်သွားတဲ့ပွဲမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်မယ်။ ပြီးတော့ ဒီနှစ်ပွဲကလည်း ညီမ ဆုရနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ညီမကတော့ ဆုရအောင် ရိုက်သွားမှာပါ " ဟု သက်ထားသူဇာက ဇွန် ၂၄ ရက်က ပြိုင်ပွဲအတွက် ထွက်ခွာမသွားမှီ ရန်ကုန်လေဆိပ်တွင် ပြောသည်။

ဆာမူရိုင်းတို့ နှုတ်ဆက်လှည့်ပြန်ခဲ့ရတဲ့ ကိုပါအမေရိကဖလား အီကွေဒေါ ၁-၁ ဂျပန်

ဇွန်လ ၂၅ ရက်၊ မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စု (C) နောက်ဆုံးပွဲစဉ်တွေမှာ ဥရုဂွေးက လက်ရှိချန်ပီယံ ချီလီကို အနိုင်ရခဲ့ပြီး အီကွေဒေါနဲ့ ဂျပန်တို့ကတော့ တစ်ဂိုးစီသရေကျခဲ့တာကြောင့် နှစ်သင်းစလုံး နောက်တဆင့်ကို မတက်ရောက်နိုင်ခဲ့ပဲ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲရလဒ်ကြောင့် အုပ်စုတဖက်မှ ပါရာဂွေးက အခွင့်ကောင်းရယူသွားခဲ့ပါတယ်။

အိန္ဒိယမှာ ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးတဲ့ ကလေးငယ် ၁၅၂ ယောက်ရှိပြီ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဒီလအတွင်း ဖြစ်ပွားနေတဲ့ ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ကလေးငယ်အရေအတွက် ၁၅၂ ယောက်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘီဟာပြည်နယ်ရဲ့ ခရိုင် ၃၈ ခုထဲက ခရိုင် ၂၀ မှာ ဖြစ်ပွားနေတာပါ။ အခုတော့ ရောဂါပျံ့နှံ့နှုန်း တန့်သွားပြီလို့ ကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ကစလို့ အခုထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၇၀၀ ကျော်ရှိခဲ့ပါတယ်။ အိန္ဒိယမှာ မုတ်သုန်ရာသီအတွင်း ဦးနှောက်ရောင်၊ ငှက်ဖျား၊ တိုက်ဖွိုက် နဲ့ ခြင် ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

မွန်နှင့် ကရင်တွင် မိုးကြီးမည်

မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် ယခုရက်ပိုင်း၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။ “အရှေ့ဘက်ကလာတဲ့ တိမ်တိုက်တွေက မြန်မာနိုင်ငံကိုဖြတ်နေတဲ့အတွက်ကြောင့်လည်း ဒီရက်ပိုင်း ကရင်တို့ မွန်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်။ အလယ်ပိုင်းတွေလည်း မိုးအနည်းငယ်တော့ရနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဒေသအလိုက် မိုးကြီးနိုင်သည့်အတွက် ရေကြီးရေလျှံမှု အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဇူလိုင်လအတွင်း၌လည်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးများနိုင်ပြီး မြစ်ကြီးများတွင်လည်း မြစ်ရေ မြင့်တက်လာနိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ထပ်လောင်းပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း၌ မုတ်သုံလေအားအလွန်ကောင်းနိုင်ပြီး မုတ္တမပင်လယ်ကွေ့အတွင်း၌ မိုးသက်လေပြင်းတိုက်ခတ်နိုင်ကာ လှိုင်းကြီးနိုင်ကြောင်း၊ ယင်းကြောင့်လှေ၊ သင်္ဘောများအနေဖြင့် သတိထား ထွက်ခွာရန်လိုအပ်ကြောင်း ရာသီဥတု အခြေအနေ စောင့်ကြည့်လေ့လာသူများက သတိပေးပြောကြားသည်။

ယနေ့(ဇွန်လ ၂၅ ရက်) နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကချင်ပြည်နယ်၊ ဆဒုံးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အချို့ဌာနဆိုင်ရာများ၌ အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိ မျက်စိမှိတ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

အချို့ဌာနဆိုင်ရာများ၌ အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိ မျက်စိမှိတ် ဆောင်ရွက်နေဆဲဖြစ်ကြောင်းကို ကြားသိနေရကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇွန် ၂၄ ရက် နံနက် ၉ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ် မိတ်ဆက်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ် မိတ်ဆက်ပွဲကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးလေဆိပ်ခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို နှင့် ဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံခရီးသွားသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း Chief Executive Officer Captain သန်းထွန်းက ခရီးစဉ်သစ်အကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ရှေးဟောင်းမြေနေရာအချို့၌ ရှေးဟောင်းပစ္စည်း အသုံးအဆောင်များ တူးဖော်ရောင်းချသူ များပြားနေသဖြင့် ထိရောက်စွာ အရေးယူရန် လိုအပ်ဟုဆို

မင်းဘူးမြို့နယ်ရှိ ရှေးဟောင်းပစ္စည်း အသုံးအဆောင်များ တူးဖော်ရောင်းချသည့် နေရာတစ်ခု(ဓာတ်ပုံ- ဦးသူရအောင် Facebook)မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ရှေးဟောင်းမြေနေရာများ၌ ရှေးဟောင်းပစ္စည်း အသုံးအဆောင်များ တူးဖော် ရောင်းချနေသူ များပြားနေသဖြင့် ထိရောက်စွာ အရေးယူရန် လိုအပ်နေကြောင်း ရှေးဟောင်းပညာရှင်များနှင့် ဒေသခံများက ပြောကြားသည်။ မင်းဘူးမြို့နယ် အလံပယ်ကျေးရွာအနီးတွင် ရှေးဟောင်းမြေနေရာများ၌ ရှေးဟောင်း ပစ္စည်းများကို တရားမဝင် တူးဖော်ရောင်းချမှုများ ပြုလုပ်နေသည်မှာ တစ်လကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ ထိရောက်စွာ အရေးယူမှု ပြုလုပ်ထားခြင်း မရှိသဖြင့် ရှေးဟောင်းပစ္စည်း အများအပြား ဆုံးရှုံးနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်၌ ၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တိုးလာပြီး ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးမည်

ရှမ်းပြည်နယ်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်မည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှမ်း၊ ကယား ဒေသအတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး အမျိုးအစား ၃၆ မျိုး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၁၅၀ ကျော်နှင့် တန်ဖိုးငွေကျပ် သန်းပေါင်း ၂၂၅၄၅၁ သန်းကျော် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသဖြင့် မိမိကိုယ်ကိုကိုယ်သတ်သေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းပေးမည်ဟု Myanmar Imperial University ထုတ်ပြန်

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသဖြင့် မိမိကိုယ်ကိုကိုယ်သတ်သေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းပေးမည်ဟု Myanmar Imperial University က Facebook Page မှတစ်ဆင့် ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။   ထို့ပြင် ကွယ်လွန်သွားသော မောင်ကျော်ဇင်ဝင်းနှင့် ၄င်းကိုချစ်ကြသူများ၏ စိတ်ခံစားမှုကို ထပ်တူနားလည် ခံစားမိသည့်အတွက် MIU မှတာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံး အကောင်းဆုံး ရပ်တည်စီမံပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

သြစတေးလျတွင် နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်သတင်းများ စုံစမ်းဖော်ပြမှုဖြင့် စီးနင်းရှာဖွေခံခဲ့ရတဲ့ အစိုးရပိုင် ABC သတင်းဌာနဟာ ၄င်းတို့ရဲ့ သတင်းအထောက်အထားဖိုင်များ ပြန်လည်ရရှိရန်အတွက် ရဲတပ်ဖွဲ့ကို ဇွန် ၂၄ ရက်နေ့မှာ တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။ ၄င်းတို့စုံစမ်းဖော်ပြခဲ့တဲ့ ထိပ်တန်းလျှို့ဝှက် စစ်ရာဇဝတ်မှုများအကြောင်း သတင်းအထောက်အထား တွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေ၊ သိမ်းဆည်းတဲ့အပြင် ABC သတင်းဌာနဟာ အာဖဂန်စစ်ပွဲမှာ သြစတေးလျအထူးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအကြောင်းကို သတင်းပေးတစ်ဦး ထံမှ စုံစမ်းဖော်ထုတ်ပြီး ဖော်ပြနေခဲ့ပါတယ်။ ထိုသို့ဖော်ပြနေခဲ့တာ ၂ နှစ်ခန့် ရှိလာချိန် ၂၀၁၉ ဇွန်လဆန်းမှာတော့ ရဲတွေဟာ ABC ရုံးချုပ်ကို စီးနင်းရှာဖွေပြီး အဆိုပါ ထိပ်တန်းလျှို့ဝှက် “အာဖဂန်ဖိုင်များ” ပေါက်ကြားချက်တွေကို သိမ်းဆည်း သွားခဲ့ပါတယ်။ ၄င်းမှာ ရှာဝရမ်းအရ သိမ်းဆည်းထားတဲ့ဖိုင်တွေကို ရဲတွေက လိုသလို ပြုပြင် တည်းဖြတ်ပိုင်ခွင့်ပါ ရှိနေကြောင်း သိရပါတယ်။ ထို့အတွက် သတင်းအထောက်အထားဖိုင်တွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်တည်းဖြတ်နိုင်ကြောင်း ညွှန်ကြားထားတဲ့ ရှာဝရမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီသဖြင့် ဝရမ်းဖျက်သိမ်းမိန့်ပေးပါရန် ABC သတင်းဌာနဟာ တရားရုံးသို့ ဦးတိုက်လျှောက်လိုက်ခြင်း ဖြစ်ပါတယ်။ သြစတေးလျရဲတပ်ဖွဲ့ဟာ ၄င်းရှာဖွေသိမ်းဆည်းပွဲအပြီး နောက်နေ့မှာတင် အခြားသတင်းထောက် တစ်ဦးရဲ့ နေအိမ်ကို ဝင်စီးနင်းရှာဖွေပြီး ဖိုင်တွေနဲ့ကွန်ပျူတာကို သိမ်းသွားပါသေးတယ်။ အကြောင်း ကတော့ သြစတေးလျနိုင်ငံသားတွေကို ပြည်တွင်းမှာတင် ထောက်လှမ်းစောင့်ကြည့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ၄င်းသတင်းထောက်က စုံစမ်းဖော်ထုတ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆောင်းပါးရေး လိုက်လို့ပဲ ဖြစ်ပါတယ်။ ထိုသို့သောလျှို့ဝှက်သတင်းများ ပေါက်ကြားမှုအတွက် သက်ဆိုင်ရာဂျာနယ်လစ်တွေကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားရုံမက ရုပ်သိမ်းပေးရန်လည်း ငြင်းဆန်နေရာ ၄င်းလုပ်ရပ်နဲ့စပ်လျဉ်းပြီး စိုးရိမ်သူတွေ၊ ဝေဖန်သူတွေ ရှိနေပါတယ်။ ဝန်ကြီးချုပ်ကတော့ ၄င်းစီးနင်းရှာဖွေမှုတွေမှာ နိုင်ငံရေးပယောဂမပါပေမယ့် လျှို့ဝှက်သတင်း ပေါက်ကြားမှုကို ဖြိုခွဲအရေးယူရန် လိုအပ်ကြောင်း ပြောပါတယ်။ သြစတေးလျဟာ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပေးထားဖို့ဝေးစွ ၊ အခွင့်အရေးဥပဒေကိုတောင် တိတိပပ ပြဋ္ဌာန်းချမှတ်မထားပါဘူး။ ၄င်းရဲ့ အသရေဖျက်မှုဥပဒေဟာလည်း အလွန်တင်းကြပ်ပါသေးတယ်။

သြစတေးလျတွင် နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်သတင်းများ စုံစမ်းဖော်ပြမှုဖြင့် စီးနင်းရှာဖွေခံခဲ့ရတဲ့ အစိုးရပိုင် ABC သတင်းဌာနဟာ ၄င်းတို့ရဲ့ သတင်းအထောက်အထားဖိုင်များ ပြန်လည်ရရှိရန်အတွက် ရဲတပ်ဖွဲ့ကို ဇွန် ၂၄ ရက်နေ့မှာ တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။

လက်တွေကို ဖြတ်ပစ်လိုက်ချင်ပြီလို့ ဆိုတဲ့ ဘင်္ဂ္လားဒေ့ရှ် “သစ်ပင်လူသား”

ခန္ဓာကိုယ်ပေါ်မှာ သစ်ပင်သစ်ခေါက်သဖွယ် အဖုအထစ်တွေ ထွက်တဲ့ ရှားပါးရောဂါတစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားနေရရှာတဲ့ အဘူလ် ဘာဂျန်ဒါ အမည်ရ အသက် ၂၈ နှစ်အရွယ် ဘင်္ဂ္လားဒေ့ရှ် “သစ်ပင် လူသား” ကတော့ ယခုအခါ ရောဂါကြောင့် နာကျင်မှုဝေဒနာကို မခံမရပ်နိုင် ခံစားနေရလို့ လက်တွေကို ဖြတ်ပစ်လိုက်ချင်ပြီလို့ ပြောဆိုလာခဲ့ပါတယ်။

လာမည့် ဇူလိုင် ၁ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီး အသုံးပြုမှု နှုန်းထားများ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အသစ်ကောက်ခံမည့် နှုန်းထားများ သည် နှုန်းဟောင်းနှင့် နှိုင်းယှဉ်ပါက ၂ဆကျော်မှ ၃ဆအထိ မြင့်တက်သွားသည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်း များအတွက် လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်စေရန် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့အတွက် ဓာတ်အားအသုံးပြုမှု နှုန်းထားကို ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပြီ

လူသုံးဦးကိုသတ်၍ အလောင်းဖျောက်သည့် ရာအိမ်မှူးနှင့် အပေါင်းအပါကို ဖမ်းဆီး

တွံတေးမြို့နယ်တွင် လူ သုံးဦးကိုသတ်ပြီး အလောင်း ဖျောက်သော ရာအိမ်မှူးအပါအ ဝင် ကိုးဦးအနက် နှစ်ဦးကို ရဲတပ် ဖွဲ့က ဖမ်းဆီးထားသည်။  တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာနေ အသတ်ခံရသူ သိန်း ဇော်ဦးအပါအဝင် လေးဦးသည် ဇွန်လ ၂၁ ရက် ည ၁၀ နာရီက ဝိုင်းဖွဲ့၍ အရက်သောက်နေစဉ် ရာအိမ်မှူးနှင့်အဖွဲ့ရောက်လာပြီး ရဲစခန်းသို့ ခေါ်ဆောင်ရာမှ လမ်းတွင် လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မကွေးတွင် ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ရုံးခန်းဖွင့်လှစ်

ပြည်သူ့ကောင်းကျိုးဆောင်ပါတီ၏ မကွေးတိုင်းဒေသကြီးအတွင်း တိုင်းရုံးဆိုင်းဘုတ်တင်ပွဲနှင့်ပါတီရုံးခန်းဖွင့်ပွဲကို ယနေ့ ဇွန် ၂၅ ရက်၊ နံနက်ပိုင်းက မကွေးမြို့ အောင်မေတ္တာ ( က )ရပ်ကွက် (၁၆)လမ်း အမှတ်(၇၄၀)ရှိ အငြိမ်းစား ရဲမှူးကြီးရဲမြင့်၏ နေအိမ်တွင် ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးကိုနီအမှု တရားခံနှစ်ဦးကို ပြစ်ဒဏ်များ တိုးမြှင့်ပေးရန် လျှောက်ထားမှု နှစ်ဖက်ကြားနာ ဇေယျာဖြိုးကို သေဒဏ်ထိုက်စေသည့် ပုဒ်မဖြင့် အမိန့်ချပေးရန် တောင်းဆို

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ် ကြံခံရမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံထားရသော တရားခံ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းကို ပြစ် ဒဏ်များတိုးမြှင့်ပေးရန် လျှောက်ထားမှုကို ယမန် နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ခဲ့သည်။  ထောင်ဒဏ်ငါးနှစ်သာ ချမှတ်ထားသော ဇေယျာဖြိုးကို မူလစွဲချက်တင်ထားသော သေ ဒဏ်ထိုက်စေသည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် ပြစ်ဒဏ်တိုးမြှင့် ချမှတ်ပေးရန် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံး၊ ဦးကိုနီ၏ ရှေ့နေနှင့် ဦးနေဝင်း၏ ရှေ့နေတို့က ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထားတင်ပြခဲ့သည်။

မီးပုံမှန်ပြန်ပေးမယ်လို့ကြေညာပြီး ရက်ပိုင်းအကြာမှာ မီတာခဈေးတက်ဖို့ ထုတ်ပြန်

အိမ်သုံးနဲ့ စီးပွားလုပ်ငန်းသုံး မီတာခတွေအပါအဝင်  မီတာခ နှုန်းထားတွေ ကို ပြင်ဆင်သတ်မှတ် လိုက်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့မနက်အစောပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ သုံးစွဲတဲ့ ယူနစ်အလွှာအလိုက်ကောက်ခံမှာဖြစ်ပြီး ယခင်ကထက် မီတာခ ဈေးတက်သွားတာကိုတွေ့ရပါတယ်။ နေအိမ်သုံး အတွက် မီတာခဟာ ယူနစ် ၃၀ အထိ ကို တစ်ယူနစ်  ၃၅ ကျပ် ပဲ ကျသင့်မှာပါ ။ ယူနစ် ၅၀ အထိ သုံးရင်တော့ တစ်ယူနစ်  ၅၀ ကျ မှာဖြစ်ပြီး ယူနစ် ၁၀၀ အထိ သုံးစွဲရင် တစ်ယူနစ် ၉၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ရခိုင်အရေးတွင် အာဆီယံ၏ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ပြဿနာများ ချောမွေ့လျင်မြန်စွာဖြေရှင်းရေး မြန်မာအစိုးရထက် လိုလားသည့်နိုင်ငံရှိမည်မဟုတ်ဟုဆို

ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ အာဆီယံ၏ကူညီ ပံ့ပိုးမှုများကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာ ဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ သည့် ပြဿနာများချောမွေ့လျင် မြန်စွာဖြေရှင်းရေး မြန်မာအစိုးရ ထက်လိုလားသည့်နိုင်ငံရှိမည်မ ဟုတ်ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထား သည့်သဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်ရန် အရေး ကြီးကြောင်း ဒေါ်အောင်ဆန်းစု  ကြည်က ဆက်လက်ပြောကြား သည်။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန်- ၂၅၊၂၀၁၉

ဒီကနေ့ ဇွန် ၂၅ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၀၉ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၄ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၉ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၀၈၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၀၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၉၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၈၅ ကျပ်ဈေးဖြစ်ပါ တယ်။

ဥရောပ ဆိုင်ကယ်စီး ဘောလုံးပြိုင်ပွဲမှာ ရုရှား ဗိုလ်စွဲ

ဥရောပဖလား ဆိုင်ကယ်စီး ဘောလုံးပြိုင်ပွဲမှာ ရုရှားက ဂျာမနီကို အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမနီနိုင်ငံ၊ မော့စ်ခ်ျမြို့မှာ ကျင်းပတဲ့ ဗိုလ်လုပွဲမှာ အိမ်ရှင် အသင်းကို ရုရှားက ခုနစ်ဂိုး-ငါးဂိုးနဲ့ အနိုင်ယူပြီး ဒီအားကစားနည်းမှာ သူတို့ရဲ့ လွှမ်းမိုး ကြီးစိုးမှုကို ဆက်လက် ထိန်းသိမ်းခဲ့တာပါ။

ဆီးရီးယားနှင့် အီရတ်နိုင်ငံထဲမှ အိုင်အက်စ်နှင့် ပတ်သက်သူ ၅ သောင်းခွဲ ဖမ်းဆီးထား

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေထဲက အိုင်အက်စ် စစ်သွေးကြွအဖွဲ့နဲ့ ပတ်သက်တဲ့  လူအယောက် ငါးသောင်းခွဲကို ဖမ်းထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ မီရှယ် ဘာချေးလတ်က ဇွန်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ နီးပါးက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဝင် ပြည်ပနိုင်ငံသားတွေနဲ့ သူတို့ရဲ့မိသားစုတွေ ပါတယ်၊ သူတို့ဟာ တရားစွဲခံရရင် စွဲခံရ ဒါမှမဟုတ်ရင် လွှတ်ပေးခံရသင့်တယ်လို့ သူက ပြောပါတယ်။

တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့်လက်နက်မှုများဖြင့် အလိုရှိနေသူ သတ္တုတူးဖေါ်ရေ လုပ်ငန်းခွင်တွင် တရုတ်နိုင်ငံသား (၅)ဦး ဖမ်းမိ

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးနယ်မြေ အတွင်းရှိ နိုင်ရတနာရွှေတြိဂံကုမ္ပဏီလီမိတက်၏ သတ္တုလုပ်ကွက်ဝန်းအတွင်း နယ်မြေခံတပ်မတော်က စစ်ကြောင်းဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား (၅)ဦးကို ဖမ်းမိကြောင်း သိရသည်။ သတ္တုရှာဖွေရေးကုမ္ပဏီဝင်းအတွင်းမှ ဖမ်းမိသည့် တရုတ်နိုင်ငံသား အမျိုးသား (၄)ဦးဖြစ်သည့် CHEN VUEJIN၊ LTU NAILONG၊ LIU TIANAI နှင့် JIN XIGANG၊ အမျိုးသမီး(၁)ဦးဖြစ်သည့် JIM JIE RONG တို့အား တပ်မတော်စစ်ကြောင်းက ကျိုင်းလပ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ထားပြီး လဝကဥပဒေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် ဦးစောဘိုဘိုဝေမောင်(ခ) စောဘိုဘိုကို ခန့်အပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနေရာအတွက် ဦးစောဘိုဘိုဝေမောင်(ခ) စောဘိုဘိုကို  ကရင်ပြည်နယ်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ပါတယ်။  ဇွန် ၂၄ ရက်က ဘားအံမြို့မှာ ကျင်းပတဲ့  ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းဝေး ပထမနေ့မှာ ကန့်ကွက်သူမရှိ ရွေးချယ်တင်မြောက်ခဲ့တာ ဖြစ်ပါတယ်။ြ ပည်နယ်ဝန်ကြီးချုပ်က အဆိုပြုထားတဲ့ ပြည်နယ်ဝန်ကြီး အမည်စာရင်းနဲ့ စပ်လျဉ်ပြီး ၂၀၁၃ ခုနှစ် ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁၊  နည်းဥပဒေ ပုဒ်မ (က)နဲ့ အညီ ပြည်နယ်လွှတ်တော်ကိုတင်ပြပြီး သဘောထားရယူခဲ့ရာမှာ ကန့်ကွက်သူမရှိ သဘောတူ ခဲ့ကြတာပါ။

ချီလီကို အနိုင်ယူပြီး ဥရုဂွေးအသင်း ကိုပါအမေရိကဖလား ကွာတားတက် (ရုပ်သံ)

ကိုပါအမေရိကဖလား အုပ်စု စီ နောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ချီလီနဲ့ နာမည်ကြီး ဥရုဂွေးတို့ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ ဥရုဂွေးက တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂျပန်နဲ့ အုပ်စုဒုတိယပွဲစဉ်မှာ သရေကျပြီး အမှတ်လျော့ခဲ့တဲ့ ဥရုဂွေးအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အဓိက တိုက်စစ်အတွဲ ဆွာရက်ဇ်၊ ကာဗာနီတို့နဲ့ ပွဲထွက်ခဲ့သလို ချီလီအသင်းကလည်း ဆန်းချက်ဇ်၊ ဗားဂတ်စ် တိုက်စစ်အတွဲ အသုံးပြုသွားပါတယ်။

၂၀၂၀ မဲစာရင်း ပထမမူကြမ်း သုံးလအတွင်း ပြုစုသွားမည်

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်း ပထမ မူကြမ်းကို ၃ လ အတွင်း ပြုစုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံမှ သိရသည်။ြ ပည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲဆိုင် ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ပြုလုပ်ခဲ့ရာ UEC မှ တာဝန်ရှိသူများက အထက်ပါ အတိုင်း ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင်ရထား လမ်းချော်၊ ၅ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသည်တင် ရထားတစီးဟာ ဇွန်လ ၂၄ ရက်က တံတားကို ဖြတ်ကူးရင်း လမ်းချော်ခဲ့လို့ လူငါးယောက်ထက်မနည်း သေဆုံးပြီး အယောက်တရာကျော် ဒဏ်ရာရပါတယ်။ တူးမြောင်းထဲ ပြုတ်ကျ နစ်မြုပ်နေတဲ့ ရထားတွဲ နှစ်တွဲထဲမှာ လူတွေရှိနေလို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ မြို့တော်ဒါကာဆီကို နိုင်ငံအရှေ့ပိုင်း စီလ်ထက်မြို့ကလာတဲ့ ရထား လမ်းချော်ခဲ့တာလို့ ရဲအရာရှိ မိုဟမ်မဒ် ရှားဂျလဲက ပြောပါတယ်။ မြို့တော်ဒါကာရဲ့ အရှေ့ဘက် မိုင် ၁၃၀ အကွာက မော်လာဝီဈေးခရိုင်ထဲမှာ ရထား လမ်းချော်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြီးကြပ်ကွပ်ကဲမှုမရှိတဲ့ လမ်းဆုံတွေ အများအပြားမှာ ရထားလမ်း မတော်တဆမှုတွေ မကြာခန ဖြစ်လေ့ရှိပါတယ်။

ဖရန့်လမ်းပတ်ကို ချဲလ်ဆီးနည်းပြအဖြစ် တရားဝင် ခန့်အပ်နိုင်တော့မည်

ချဲလ်ဆီးနည်းပြချုပ်အဖြစ် ဖရန့်လမ်းပတ်ကို လာမယ့် ၂ ရက်အတွင်း တရားဝင် ကြေညာနိုင်တော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆာရီနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြရာထူး လစ်လပ်နေတာဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း လမ်းပတ်နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း နည်းပြအဖြစ် စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတာပါ။ အသက် ၄၁ နှစ်ရှိ နည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့နှစ်က ဒါဘီအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး လူငယ်ကစားသမားတွေကို ခြေစွမ်းတိုးတက်လာအောင် လေ့ကျင့်ပေးနိုင်ခဲ့ကာ တန်းတက်ခွင့်ရဖို့လည်း နီးစပ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အက်စ်တွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် တန်းတက်ခွင့်နဲ့ လွဲခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ် အိပ်ပျော်နေခဲ့သူတစ်ဦး ခရီးသည်အားလုံးဆင်းသွားပြီးနောက် တစ်ယောက်တည်းကျန်ခဲ့ကာ ညသန်းခေါင်မှ နိုးလာခဲ့

ကနေဒါ လေကြောင်းလိုင်းလေယာဉ်တစ်စင်းနဲ့ လိုက်ပါခဲ့တဲ့ ခရီးသည်အမျိုးသမီးတစ်ဦးဟာ တိုရွန်တိုလေဆိပ်မှာ လေယာဉ်ဆင်းသက်ပြီး ခရီးသည်တွေအားလုံး ဆင်းသွားခဲ့ချိန်ထိ အိပ်ပျော်နေခဲ့ကာ လေယာဉ်ပေါ်တစ်ယောက်တည်းကျန်ခဲ့ရင်း ညသန်းခေါင်အချိန် မှောင်မှောင်မည်းမည်းအတွင်း အိပ်ပျော်ရာက နိုးလာခဲ့ကြောင်း သိရပါတယ်။ ယင်းဖြစ်ရပ် ဖြစ်ခဲ့ကြောင်း ကနေဒါလေကြောင်းလိုင်းက အတည်ပြုပြောဆိုခဲ့ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့  ဆိုခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ

တူရကီနိုင်ငံ၏ မြို့တော် အစ္စတန်ဘူလ်အတွက် မြို့တော်ဝန်ရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ် အက်ခ်အမ်း အီမာမိုဂလူ အနိုင်ရရှိခဲ့ပြီး ဇွန် ၂၃ ရက်၌ အောင်ပွဲခံခြင်းဖြင့် သမ္မတရီးဆက်တေးရစ်အာဒိုဂမ်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။ တရားဝင် မထုတ်ပြန်ရသေးသည့်ရလဒ်များအရ ပြတ်ပြတ်သားသားအောင်ပွဲခံခဲ့ပြီဖြစ်သည့် ၄၉ နှစ်အရွယ် အီမာမိုဂလူက သောင်းချီသောမြို့သူမြို့သားများကိုကျေးဇူးတင်စကား ပြောခဲ့သည်။

ရန်ငြိုးဖြင့် ပြန်ပေးဆွဲကာ ၃ လောင်းပြိုင် သတ်ဖြတ်မှု တွံတေးတွင်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရန်ငြိုးရှိသူများအား နေအိမ်မှ သွားရောက်ခေါ်ဆောင်၍ ၃ လောင်း ပြိုင် သတ်ဖြတ်ကာ တွံတေးတူးမြောင်းအတွင်း ပစ်ချခဲ့မှု ဇွန် ၂၁ ရက်ညက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ြ ဖစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ ည ၁၀နာရီခန့်က ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦးသည် နေအိမ်တွင် မောင်မောင်၊ နိုင်လင်းထွန်း၊ မောင်မောင်(ခ) ဖားမျက်လုံးတို့နှင့် အတူ အရက်သောက်နေစဉ် ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်း အပါဝင် လူ ၉ ဦး ရောက်ရှိလာ၍ ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆောင်ကြောင်း၊ ၎င်းတို့ ၄ဦးမှာ သူတို့၏ အမအား သတ်ပစ် မည်ဟု ခြိမ်းခြောက် ပြောဆိုသည့်အတွက် ညီအကို ဝမ်းကွဲများ စုကာ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ICCPR အပိုဒ် ၂၄၊ အပိုဒ်ခွဲ ၈ နှင့် အနာဂတ် ပြည်ဖျက်မည့် လက်မှတ်များ"

ကျွန်တော် အလုပ်တွေရှိပါတယ်။ အလုပ်တွေရှိနေလင့်ကစား တိုင်းပြည်အတွက် အရေးကြီးတဲ့အချက်အလက်တွေဖြစ်တာကြောင့် ICCPR လို့ခေါ်တဲ့ International Covenant on Civil and Political Rights (လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်)အဖွဲ့ကြီးရဲ့ Article 24 က clause 8 မှာ ပါတဲ့ ပြဋ္ဌာန်းချက်ထဲကအောက်ပါစာသားတွေကို ဘာသာပြန်ပေးလိုက်ပါတယ်။
While the purpose of this provision is to prevent a child from being afforded less protection by society and the State because he is stateless, it does not necessarily make
it an obligation for States to give their nationality to every child born in their territory.

၂၀၂၆ ဆောင်းအိုလံပစ်ပွဲ အိမ်ရှင်အဖြစ် အီတလီကိုရွေး

၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အီတလီနိုင်ငံ Milan မြို့နဲ့ Cortina d’Ampezzo မြို့တွေမှာ ကျင်းပမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ အခုလို အီတလီကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာချိန်မှာ အီတလီ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲကို တာဝန်ခံ လက်ခံကျင်းပဖို့ အီတလီအနေနဲ့ ဆွီဒင်နဲ့ အပြိုင်အဆိုင်ဖြစ်ခဲ့တာပါ။ အိုလံပစ် ကော်မတီဝင် ၈၃ ဦးကနေ မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး အီတလီအတွက် ၄၇ မဲနဲ့ ဆွီဒင် အတွက် ၃၄ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ် - ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုပ်သားများ ခိုက်ရန်ဖြစ်ပွားသဖြင့် ဖက်စပ် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေး ကြန့်ကြာမည်

ဘင်္ဂလားဒေ့ရှ်-တရုတ် ဖက်စပ်ဆောက်လုပ်နေတဲ့ ကန်ဒေါ်လာ ၂.၅ ဘီလျံတန် ဓာတ်အားပေး စက်ရုံကြီးမှာ နှစ်ဖက်အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားရာမှ စက်ပစ္စည်းအချို့ ပျောက်ဆုံး၊ ဖျက်ဆီးခံလိုက်ရတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ အတော်ကြန့်ကြာတော့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း “ပေရာ”ဆိပ်ကမ်းအနီးမှာ တည်ဆောက်နေဆဲဖြစ်တဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ နှစ်ဖက်လုပ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဇွန် ၁၉ ရက်နေ့မှာ တရုတ်အလုပ်သမား ၁ ဦးသေဆုံးပြီး ၆ ဦးကို ဆေးရုံသို့ ပို့လိုက်ရကြောင်း စက်ရုံအထွေထွေ မန်နေဂျာက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မြိတ်တောင်နယ်မြေတွင် ရေသယ်ထော်လာဂျီတစ်စီး လမ်းဘေးချောက်ထဲထိုးကျ

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ၊ ဘုရားကိုင်ရပ်တွက် ဇွန်လ ၂၄ ရက်နေ့၊ ည ၇ နာရီခွဲခန့်က ရပ်ကွက်တွင်းရေရောင်းနေသည့် ထော်လာဂျီကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသို့ထိုးဆင်းတိမ်းမှောက်သွားကြောင်းသိရပါတယ်။ ယာဉ်မောင်းစိုးမင်းသူ(ခ)နောင်မဲ (၂၆)နှစ်၊မောင်းနှင်တဲ့ ထော်လာဂျီရေသယ်ယာဉ် လုပ်ငန်းပြီးဆုံး၍ နေအိမ်သို့ဝင်ရန်နောက်ပြန်ဆုတ်စဉ် လမ်းဘေးချာက်ထဲထိုးဆင်းသွားကြောင်းသိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဇွန်လ ၂၅ ရက်နေ့၊နံနက်ပိုင်းမှာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ပေးခဲ့ကြောင်းသိရပါတယ်။

ဗန်းမော်၌ မြစ်ကမ်းပါးပေါ်မှ ဂျမ်းတုံးပြုတ်ကာ ကျလာသည့်မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့် သင်္ဘော တိုက်မိ

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇွန် ၂၃ ရက် ညနေပိုင်းက မြစ်ကမ်းပါးမှလိမ့်ဆင်းလာသည့် မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့်သင်္ဘော တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ညနေ ၆ နာရီက ဗန်းမော်မြို့၊ အလယ်ရပ်ကွက်ရှိ ရွှေဗန်းမော် ဧရာဝတီမြစ်ဆိပ်တွင် မြစ်အတွင်းရပ်တန့်ထားသည့် “ပြဒါးပျံ” ကုန်တင်သင်္ဘောပေါ်သို့ ယာဉ်မောင်းထွန်းထွန်းလင်း(၄၆ နှစ်) မောင်းနှင်သည့် (၁၂)ဘီး မော်တော်ယာဉ်ပေါ်မှ ပြောင်းဆန်အိတ်များ သင်္ဘောပေါ်သို့တင်ဆောင်နေစဉ် ယာဉ်တွင်ခုထားသည့် ဂျမ်းတုံးမှာပြုတ်ကျပြီး နောက်သို့လိမ့်ဆင်းကာ မော်တော်ယာဉ်နောက်ပိုင်းဖြင့် သင်္ဘောအား တိုက်မိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​များ ငွေကျပ်၂၂ သိန်းကျော်​ဖိုး ခိုးယူမှုဖြစ်​ပွား

စစ်​ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်​ ​ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​ ၂၄ ဆူ​ ပျောက်​ဆုံးသွား​ကြောင်း သိရသည်​။ ဖြစ်​စဉ်​မှာ ဇွန် ၂၃ ရက်​​ ည​နေ ၄ နာရီခန့်တွင်​ မုံရွာခရိုင်​​ချောင်းဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာအနီးရှိ​​စေတီ​တော်​တိုက်​ သမ္ဗူလဝင်းအတွင်းရှိ အလို​တော်​ပြည့်ဘုရား လှိုင်ဂူအတွင်းမှ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဘုရားဆင်းတု​တော်​ ၃ ဆူ၊

ရထားပေါ် ပိုက်ဆံအိပ်ခိုးသူအား နာရီပိုင်းအတွင်းဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ ဘူတာအဝင်၌ ပုဂံဘူတာမှထွက်ခွာလာသော ပုဂံရထားတွင် ဇွန် ၂၃ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ ၌ ရိုးရိုးတန်းတွဲ(၂) ခုံအမှတ် ၁၉၊ ၂၀၊ ၂၁)တွင် စီးနှင်းလိုက်ပါလာသော ဦးဝင်းအောင် (၆၃ နှစ်) စစ်မှုထမ်းဟောင်း အိမ်အမှတ်(၂၇၀) ဘုရင့်နောင်(၄)လမ်း ဘုန်ရှည်ကုန်းရပ်ကွက် ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူသည် ဇနီးဖြစ်သူ ဒေါ်ဥမ္မာနွှဲ့၊ အတူနေအဒေါ်တော်စပ်သူ ဒေါ်စန်းတို့သည် ရထားစီးလာစဉ် အိပ်ငိုက်ပြီး ထိုင်ခုံကြားချထားသောလက်ဆွဲခြင်းအတွင်း ငွေကျပ် ၇၂၅၀၀၊ ရွှေနားကပ်တစ်ရံ (တန်ဘိုး ငွေကျပ် ၅၅၀၀၀) ခန့်နှင့် ဖုန်းတစ်လုံးထည့်ထားသော အနီရောင်ဇစ်ဆွဲပိုက်ဆံအိပ်ပါရှိသည့် သရေစိမ်းလွယ်အိပ်အား စွပ်ကြယ်အဖြူဂျိုင်းပြတ်ဝတ်ဆင်ထားပြီး အသက် ၃၀ နှစ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးမှလုယူပြီး ရထားပေါ်မှခုန်ဆင်းထွက်ပြေးသွားကြောင်း နတ်တလင်းဘူတာမှ ရထားထွက်ခွာစဉ် ဦးဝင်းအောင်က ရထားလုံခြုံရေးအဖွဲ့အား အကြောင်းကြားခဲ့သည်။

မြောက်ဦးနဲ့ မင်းပြားမှာ တိုက်ပွဲဖြစ်ပြီး သေဆုံး ဒဏ်ရာရသူတွေရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်က တောင်တန်းတွေပေါ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ ရှိခဲ့ပါတယ်။ြေ မာက်ဦးမြို့နယ် ကျောက်ကျပ်ရွာရဲ့ အရှေ့မြောက်ဘက် ဂါထာတောင်ဆည်အနီးက တောင်တန်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်လုံးက အတည်ပြုပြောဆိုပါတယ်။ အဲဒီတိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးသွားတာတွေရှိနေကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။

AA အဖွဲ့ဝင် သံသယဖြင့် မကြာခင်ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိ

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ အဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ တပ်မတော်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ AA အဖွဲ့ကတော့ သူတို့ အဖွဲ့ဝင်တွေ အဖမ်းခံရတာ မရှိဘူးလို့ ငြင်းသလို အခု ဖမ်းဆီးခံထားရသူ တဦးရဲ့ ဖခင်ကလည်း သူ့သားဖြစ်သူဟာ AA အဖွဲ့ဝင် မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ ဖမ်းဆီးခံရတာတွေလည်း ဆက်ရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

၂၀၂၀ ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ဖို့ ပြင်ဆင်နေ

 ၂၀၂၀ ပြည့်နှစ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို မြို့နယ်တိုင်းမှာ ကျင်းပနိုင်အောင် လုပ်သွားမှာဖြစ်ပြီးတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်အောင် လုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ အရင်ရွေးကောက်ပွဲ တွေမှာ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ကြုံခဲ့ရပြီးတဲ့နောက် လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မူကြမ်းတခုကို ဒီဇွန်လကုန်ကစလို့ ၃ လကြာ စီမံချက်နဲ့ ကောက်ယူပြုစုဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တစ်ရက်အတွင်း အတက်ကြမ်းခဲ့တဲ့ ရွှေဈေး

ကမ္ဘာ့ ရွှေဈေးတက်တာကြောင့် ဇွန်လ၂၁ ရက်နေ့ တစ်ရက်တည်းမှာ ရွှေဈေးကျပ်၂၀,ဝဝဝ နီးပါး တက်သွားရာက သည်ကနေ့အထိ ၁၀,ဝဝဝ နီးပါး အတက်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေ ကြတယ်လို့ သိရပါတယ်။ ကမ္ဘာ့ရွှေဈေးက၂၁ ရက်နေ့ နေ့လယ်ပိုင်းက တစ်ထရိုင်အောင်စကို ၁၄၁၁ ဒေါ်လာအထိရောက်သွားပြီး ခုနောက်ဆုံး ပိတ်သွားတာကတော့ ၁၃၉၉.ဝ၅ ဒေါ်လာ နဲ့ ပိတ်သွား ခဲ့ပါတယ်။

စမတ်ဖုန်းတစ်လုံး၏လစဉ်ဒေတာအသုံးပြုမှုမှာ 17 GB အထိဖြစ်လာနိုင်ဟု ဆို

အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ စမတ်ဖုန်းများ၏ လစဉ်ဒေတာအသုံးပြုမှုပမာဏမှာ 3.6 GB မှ 17 GB အထိဖြစ်လာနိုင်ပြီး ၂၉ ရာခိုင်နှုန်းနီးပါးမြင့်တက်လာမည်ဖြစ်ကြောင်း Ericsson Mobility Report June 2019 ထုတ်ပြန်ချက်အရ သိရသည်။ 4G LTE ကွန်ရက်ကို ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြန့်ကျက်သွားမည်ဖြစ်ပြီး အခပေးအသုံးပြုမှု စုစုပေါင်း၏ ၆၃ ရာခိုင်နှုန်းက ဆက်လက်သုံးစွဲကြမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာ ပြိုင်ပွဲ ယှဉ်ပြိုင်ရန်​ ထွက်ခွာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အာဖရိကနိုင်ငံများဖြစ်သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင် ကျင်းပမည့် International Series ကြက်တောင် ရိုက်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်​အတွက်​ ဇွန်​ ၂၄ ရက်​ ညက ရန်​ကုန်​အပြည်​ပြည်​ဆိုင်​​ရာလေဆိပ်​မှ စတင်​ထွက်​ခွာသွားသည်​ကို မြင်​​တွေ့ရစဉ်​။

ဗီယက်နမ် ဘမ်ဘူးလေကြောင်း လေယာဉ် ၃၀ အထိတိုးချဲ့ရန်ခွင့်ပြုချက်

ဗီယက်နမ်မှ ဘမ်ဘူးလေကြောင်းလိုင်းသည် ၂၀၂၃ အရောက်တွင် လေယာဉ်စင်းရေ ၃၀ အထိ တိုးချဲ့ပြေးဆွဲရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်သည်။ နိုင်ငံ၏အသစ်လွင်ဆုံးလေကြောင်းဖြစ်သည့် ဘမ်ဘူးလေကြောင်းကို ယခုနှစ် ဇန်နဝါရီကမှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လေယာဉ် ၁၀ စင်း အသုံးပြုလျက်ရှိသည်။ လာမည့်လေးနှစ်အတွင်း လေကြောင်းလိုင်း၏လုပ်ငန်းများ တည်ငြိမ်စွာဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် အနည်းဆုံး ဂျက်လေယာဉ် ၂၅ စီးမှ အစီး ၃၀ အထိ လိုအပ်ကြောင်း ဝန်ကြီးဌာနက သဘောတူခဲ့ခြင်းဖြစ်သည်။

တုပ်ကွေးအဖျား ကာကွယ်ရေးနည်းလမ်းများ

တစ်နေ့က သြစတြေးလျမှာ တုပ်ကွေးအဖျား ကြောင့် ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဆုံးသွားတယ်လို့ သတင်းတက်လာပါတယ်။ နိုင်ငံခြားက လူတွေက တယ်နုသကိုးလို့ ထင်မိကြမှာပါ။ တုပ်ကွေးလောက်ကတော့ ကွမ်းရွက်ပြုတ်ရည်လေး၊ အခိုးထုတ်ဆေးလေးသောက်ပြီး ကွေးနေရုံပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဆရာသိပ္ပံမောင်ဝ ရေးတဲ့ တုပ်ကွေးဝတ္တုထဲက မောင်လူအေးလို အစိုးရသိန်းထီကြီးပေါက်သလို၊ ဘောပွဲနိုင်သလို တုပ်ကွေးစည်းစိမ်ခံစားချင်ရင်တော့ တစ်မျိုးပေါ့။ တကယ်တော့ ကျွန်တော်တို့က မသိလို့မကြောက်တာပါ။ မျက်ကန်းတစ္ဆေ မကြောက်ပေါ့လေ။

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့သင်တန်းသစ် ဖွင့်မည်

အစားအသောက်ဆိုင် ရာ အင်ဂျင်နီယာဘွဲ့ (B.E- Food Engineering) သင်တန်းကို  ယခုနှစ်ကစတင်ကာ ရန်ကုန်နည်း ပညာတက္ကသိုလ်တွင် ဖွင့်မည်ဟု  အမျိုးသားပညာရေးမူဝါဒ ကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောသည်။ B.E ‘Food Engineering’ ဘာသာရပ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန် နည်းပညာ တက္ကသိုလ်၌ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း ကာလ ခြောက်နှစ်တက်ရောက်ရ မည်ဖြစ်သည်။

စက်မှုဇုန်ရေဆိုးများကို သတ်မှတ်စံနှုန်းအတိုင်း မြစ်အတွင်းသို့ စွန့်ထုတ်ရန် တောင်းဆိုမည်

 မန္တလေး စက်မှုဇုန်က စွန့်ထုတ်သည့် ရေဆိုးများကို ဥပဒေအရ သတ်မှတ်ထားသည့် စံနှုန်းများဖြင့် မြစ်အတွင်းသို့စွန့် ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အ စည်းများသို့တင်ပြတောင်းဆို မည်ဖြစ်ကြောင်း သဘာဝပတ် ၀န်းကျင်ဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းတာဝန်ရှိသူများက ပြောသည်။ မန္တလေးစက်မှုဇုန်ရှိ စက်ရုံ   များမှ ရေဆိုးစွန့်ထုတ်မှုကြောင့်   ထိခိုက်ခံနေရသည့် ဒေသခံများ၊   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အ ရပ်ဘက်လူမှုအဖွဲ့အစည်းများပါ ၀င်သည့် ဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်က မန္တလေးမြို့ကွန်မြူနတီ စင်တာတွင် ကျင်းပခဲ့သည်။

မြောက်ကိုရီးယားဆွေးနွေးပွဲသစ်အတွက် မျှော်လင့်ချက် မြင့်တက်နေစဉ် ထရန့်က ဆိုးလ်သို့သွားမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် စာများအပြန်အလှန် ပေးပို့ခဲ့ကြပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုသီတင်းပတ်ကုန်တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ရာ မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်း အဆုံးသတ်ရန် ရည်ရွယ်သော ဆွေးနွေးပွဲများအတွက် မျှော်လင့်ချက်ကို မြင့်တက်စေခဲ့သည်။ ထရန့်သည် ဂျပန်တွင် ဂျီ-၂၀ ခေါင်း ဆောင်များထိပ်သီးကို တက်ရောက်ပြီးနောက် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုမင်းဂျန်က ပြောကြားခဲ့သည်။

လေးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာသို့ချေးရန် အာရှဖွံ့ဖြိုးရေးဘဏ်လျာထား

၂၀၂၁ ကစတင်ပြီး လေးနှစ်အတွင်း အတိုးနှုန်းသက်သာသော ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာနိုင်ငံသို့ ပေးရန်လျာထားသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဇွန်လ ၂၃ ရက်၌တွေ့ဆုံဆွေးနွေးစဉ် အသိပေး သည်။ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ(အိုဒီအေ)ကဲ့သို့ အတိုးနှုန်းသက်သာ သော ချေးငွေအမျိုးအစားကို တစ်နှစ်လျှင်ဒေါ်လာ သန်း ၄၀၀ ခန့် မြန်မာနိုင်ငံအတွက် လျာထားသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက အသိပေးခဲ့သည်။

ကလေးငယ်များ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်များကို ချစ်မြတ်နိုးစေရေး ကျောင်းများတွင် သင်ကြားပေးရန် ညွှန်ကြား

အနာဂတ်တွင် သဘာဝပတ်ဝန်းကျင် သာယာမျှတစေရေး ကလေးငယ်များ သင်ပင်များနှင့် သဘာဝကိုချစ်မြတ်နိုးတန်ဖိုးထားတတ်ရန် အရေးကြီးသည်။ ကလေးငယ်များ တော ရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ချစ်မြတ် နိုးစေရေး အခြေခံပညာကျောင်း များ၌ သင်ကြားပေးရန် အခြေခံ ပညာဦးစီးဌာနက ဇွန်လနောက် ဆုံးပတ်တွင် ညွှန်ကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ခရီးစဉ်အတွင်း ကလေးငယ်များအား တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ချစ်မြတ်နိုး စေရေး အခြေခံပညာကျောင်းများ ၌ သင်ကြားပေးရန် လမ်းညွှန် ခြင်းကြောင့် ပညာရေးဝန်ကြီးဌာန က အခြေခံပညာကျောင်းများသို့ စာထုတ်ညွှန်ကြားထားသည်။

ပုဒ်မ ၆၆ဃ နဲ့တရားစွဲတာအမှုပေါင်း ၂၀၀ ပြည့်ပြီ၊ အစိုးရနဲ့ တပ်ကစွဲတဲ့အမှုက သုံးပုံ တစ်ပုံရှိနေ

ဆက်သွယ်ရေးဥပဒေ ၆၆ ဃကိုစတင်အတည်ပြုခဲ့တဲ့ ၂၀၁၃ အောက်တိုဘာလကနေ ဇွန်လ ၂၀ ရက်နေ့ထိ ကို ဒီပုဒ်မ ကိုအသုံးပြုပြီး စွဲဆိုထားတာဟာ အမှုပေါင်း ၂၀၀ အထိရှိလာပြီလို့ အသံ အဖွဲ့က ထုတ်ပြန် ထားတဲ့ စစ်တမ်းအရ သိရပါတယ်။ ဒီထဲမှာ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို ဝေဖန်လို့ စွဲဆိုထားတဲ့ အမှုတွေကလည်း သုံးပုံတစ်ပုံ လောက် အထိ ရှိနေပါတယ်။

ဝန်ထမ်းအိမ်ရာမရှိတဲ့ နယ်ဒေသတွေမှာ ဆရာ၊ဆရာမတွေနေထိုင်ရေး ဒေသခံတွေကို အဓိက အားကိုးနေရ

ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ကွင်းချောင်းကျေးရွာအုပ်စုက ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြတယ်လို့ ကွင်းချောင်း အ.လ.က ရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးကျော်စွာ လင်း ကဘီဘီစီကိုပြောပါတယ်။ ဝန်ထမ်းအိမ်ရာမရှိတဲ့အတွက် တာဝန်ကျဆရာ၊ဆရာမတွေအနေနဲ့ ရပ်ကွက်ထဲက နေအိမ်တွေမှာ တစ်ယောက်စီလိုက်နေရတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆရာဦးကျော်စွာလင်းကပြောပြပါတယ်။

AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ်ယောက်သေဆုံး

AA အဖွဲ့ဝင်တွေလို့ ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသားတစ်ဦး ဒီနေ့ သေဆုံးသွားပါတယ်။ သေဆုံးသူဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုနေမျိုးထွန်း ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့က ဝေသာလီဘုရားကြီးကို ပြုပြင်ဖို့ လက်သမားအဖြစ် ဝေသာလီရွာကို ရောက်ရှိနေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံဆီ လာရောက်ပို့ဆောင်ထားတယ်လို့သာ သတင်းကြားသိရပြီး မိသားစုဝင်တွေကိုတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က အကြောင်းကြားအသိပေးတာ မရှိကြောင်း သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ ရာဇဌာန်ပြည်နယ်တွင် ရွေ့လျားနေအိမ် ပြိုကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ရာဇဌာန်(Rajasthan)ပြည်နယ် Barmerဒေသတွင် ဇွန် ၂၃ ရက်က ရွေ့လျားနေအိမ်ပြိုကျမှုတစ်ခု ဖြစ်ပွား ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။ အချင်းဖြစ်ပွားချိန်မှာ ဇွန် ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ကြောင်း ၊ ပြိုကျမှုဖြစ်ပွားစဉ် ဒေသခံအချို့က အဆိုပါ ယာယီတည်ဆောက်ထားသည့် ရွေ့လျားနေအိမ်တွင် စုံညီပွဲတစ်ခု ပြုလုပ်နေကြောင်း ၊ ရုတ်တရက် မိုးကြီးလေကြီးရွာသွန်းမှုကြောင့် ယခုကဲ့သို့ ပြိုကျရခြင်းဖြစ်ကြောင်း အိန္ဒိယ မီဒီယာများ၏ သတင်းများအရ သိရသည်။

အီရန်နဲ့ စစ်ဖြစ်ဖို့ Trump မလိုလား

အီရန်နဲ့ စစ်တိုက်ဖို့ မလိုလားဘူးလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပြီး ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမှာမှ အီရန် သမ္မတ နိုင်ငံကို နျူးကလီးယား လက်နက် ထုတ်ဖို့ ခွင့်မပြုဘူးလို့လည်း အမေရိကန် ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

အီရန်အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှု ထပ်ချမယ်

အမေရိကန် ထောက်လှမ်းရေး အဝေးထိန်း Drone ယာဉ်ကို အီရန်က ပစ်ချခဲ့ပြီးနောက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ် အရေးယူမှုတွေကို ဒီကနေ့ တနင်္လာနေ့ အစောဆုံးထား ချမှတ်မယ်လို့ သမ္မတ Donald Trump က ပြောကြားထားပါတယ်။ လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေက အီရန်နိုင်ငံအတွက် အထိနာနေတယ်လို့ သမ္မတ Trump ရဲ့အမျိုးသားလုံခြုံရေး အကြံပေးကလည်း ပြောပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်ဟာ စီးပွားရေးဆိုင်ရာ အနိုင်ကျင့် ဗိုလ်ကျတဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

အောက်စဖို့ဒ်မှာ ပညာသင်ခဲ့ကြသူတွေ

ဒေါ်အောင်ဆန်းစုကြည်လည်းတက်ခဲ့တယ်၊ နောင်ယူကေဝန်ကြီးချုပ်လည်း ဒီကျောင်းထွက်ပဲ ဖြစ်မယ်။
သူတို့အားလုံးဟာ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ အောက်စဖို့ဒ်ထွက်တွေအပြင် နောက်ခံ တူကြတာတွေလည်း အများကြီးပါ။ အခု လောလောဆယ် ယူကေနိုင်ငံရေးမှာ အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုရှိနေပါတယ်။ အဲဒါက ယူကေက အဓိက ပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာအတွက် ပြိုင်နေတာပါ။ အဲဒီနေရာရသူ၊ ခေါင်းဆောင်ဖြစ်လာသူဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ်လည်း ဖြစ်လာမှာပါ။ ဘယ်သူ အဲဒီနေရာ ရမယ်ဆိုတာ အခုအချိန်မှာ ယတိပြတ် ပြောလို့ မရသေးပေမယ့် ဒီပြိုင်ပွဲမှာ တကယ်တန်း အနိုင်ရသူကတော့ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ အောက်စဖို့တက္ကသိုလ်ပါပဲ။

IS မိသားစုဝင်တွေက ကလေးတွေ နိုင်ငံမဲ့ဖြစ်မှာ ကုလစိုးရိမ်

ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ IS အစ္စလာမစ်နိုင်ငံ အဖွဲ့ဝင် နိုင်ငံခြားသား လက်နက်ကိုင်တွေနဲ့ မိသားစုဝင်တွေကို သူတို့ရဲ့ မူရင်းတိုင်းပြည် အစိုးရတွေက တာဝန်ယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး က တောင်းဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၅၀ က နိုင်ငံခြားသား IS လက်နက်ကိုင် ငါးသောင်း ငါးထောင်လောက် ဆီးရီးယားနိုင်ငံမှာ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ရဲ့ မိသားစုဝင် တစ်သောင်း တစ်ထောင်လောက်ကတော့ အယ်လ်ဟို စခန်းမှာ ထိန်းသိမ်းခံထားရပြီး အဲဒီထဲမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အဓိက ပါဝင်ပါတယ်။ သူတို့နေနေရတဲ့ အခြေအနေက သိပ်ကိုဆိုးဝါးတယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက အကြိမ်ကြိမ် ပြောနေပါတယ်။

တွံတေးမြို့နယ်အတွင်း လူသတ်ရန်ပြန်ပေးဆွဲခေါ်ဆောင်မှုမှ ပြစ်မှုကျူးလွန်သူ (၂)ဦးကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိမှု

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ညအချိန်တွင် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ တရားလို ဒေါ်----၏ ခင်ပွန်းဖြစ်သူ သိန်းဇော်ဦးသည် သူငယ်ချင်းဖြစ်သူ မောင်မောင်(ခ)ဖားမျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်၌ အရက်သောက်နေကြစဉ် ၂၂၀၀အချိန်၌ လွန်ခဲ့သော (၈)လခန့်က အပေါင်ဆိုင်၌ ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဘတ္ထရီ(၁)လုံးနှင့်ပတ်သက်၍ စကားများခဲ့ဘူးသော တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ ဖိုးနီ(၁)၊ စတီး နှင့် ဖိုးနီ(၂)တို့(၅)ဦးမှာ အိမ်ပေါ်သို့ရောက်ရှိလာပြီး ရဲစခန်းသို့သွားရောက်ရန် ခေါ်ဆိုခဲ့ကြောင်း၊ သိန်းဇော်ဦး ပါ (၄)ဦးမှာ မလိုက်နိုင်ကြောင်းပြောဆိုသဖြင့် “ဟေ့ကောင် မင်းတို့ကဘယ်လောက်သတ္တိရှိလဲ”ဟုဆိုကာ နေအိမ် မှန်ပြတင်းပေါက်(၂)ပေါက်အား အသင့်ပါလာသောဓါးဖြင့် ဝိုင်းခုတ်ခဲ့ကြကြောင်း၊

ယခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်းသူ ၂၀ဝ၀ ကျော်ဝင်ခွင့် ပြုမည်

 ယခုနှစ် ရန်ကုန် တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသား ကျောင်းသူ ၂၀ဝ၀ ကျော် ခွင့်ပြု မည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံ ရေးပညာဘာသာရပ်မှာ ဘာသာ ရပ် ၂၆ ခုထဲတွင် အမှတ်အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား ကျောင်းသူများအနေဖြင့် ရန်ကုန် တက္ကသိုလ်ကို တိုက်ရိုက်လျှောက် ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားနေသည့် ဘာသာ ရပ်၂၆ ခုအတွက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁၃၀ ဦး ဝင် ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဘာသာရပ် ၂၆ ခုထဲတွင် နိုင်ငံတကာဆက်ဆံ ရေးပညာဘာသာရပ်ကို လျှောက် ထားမည်ဆိုပါက တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်စုစုပေါင်း ၄၇၀ ရ ရှိပြီး အင်္ဂလိပ်စာရမှတ် ၇၀ ရရှိ သူများသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်အရ သိရသည်။

အမှိုက်တောင်းများ ပေးအပ်ခြင်းနှင့်အသိပညာပေးခြင်း ချောင်းသာတွင်ပြုလုပ်

"စနစ်တကျ စွန့်ပစ်ဖို့ရယ်၊ ပလတ်စတစ်အိတ်တွေ လျော့ချပြီးသုံးပေးဖို့၊ အသိပေးရင်နဲ့ ခြင်းတောင်းတွေ လက်ဆင့်ကမ်းပေးခဲ့တာပါ။ တတိယနှစ်မှာတော့ ရာသီဥတုပြောင်းလဲလာမှုကို သွားလိုက်တဲ့ တစ်နှစ်နဲ့ တစ်နှစ်တော့ မတူဘူး။ ပြောင်းလဲလာတာတွေ့ရတယ်။ အမှိုက်ကို လက်လွတ်စပယ်ပစ်ဖို့ ရှက်လာတယ်။ အမှိုက်ပုံးတွေထားတာကို တွေ့ရတယ်၊ အစ်မတို့ ကိုယ်တိုင် အမှိုက်ပုံးတွေ နှစ်တိုင်း လှူပေးတော့ ကမ်းခြေမှာ ရှိလာတယ်။ အိမ်တွေမှာ ရှိလာတယ်။ ပြောင်းလဲလာတာတွေ့ရတယ်။ နှစ်ရှည်တော့ လုပ်ရမှာလို့ ထင်တယ်”ဟု ဩစတြေးလျကျောင်းသားဟောင်းများအဖွဲ့မှ ဒေါ်မေမိုးဝါက ပြောသည်။

ပိုများလာသည့် ရှော့ခ်တိုက် ငါးဖမ်းမှုများကို ရေကြောင်းရဲက အရှိန်မြှင့် ဖမ်းတော့မည်

“လူရဲ့ သဘောက အလွယ်လိုက်တယ်။ သူက ဝီရိယ စိုက်ရမှာ။ ပိုက်ယူရမယ်၊ အချိန်နဲ့ သူ့ရေချိန်ကို ကြည့်ပြီးတော့ မျှောတာတို့၊ ပိုက်ထောင်တာတို့ လုပ်ရမယ်။ သတ်မှတ် လိုင်စင်ရထားတဲ့ နေရာမှာ လုပ်ရမယ်။ ဒါကို သူတို့ မလုပ်နိုင်ဘူး။ အလွယ်ရတဲ့ ရှော့ခ်တိုက်တာတွေ လျှောက်လုပ်တော့ မျိုးစိပ်တွေ သုဉ်းလာတယ်။ ပြဿနာတွေ ရှိလာတယ်။ အထူးသဖြင့် လင်းပိုင်တွေ ပြဿနာ ရှိတယ်” ဟု ရဲမှူးကြီး အောင်ဇော်မြင့်က ပြောဆိုသည်။

လိင်အလုပ်သမများ ဘဝတိုးတက်မြင့်မားရေး စီမံချက်ရေးဆွဲဆောင်ရွက်

မန္တလေးခရိုင်အတွင်း လိင်အလုပ်သမားများ၏ ဘဝတိုးတက်မြင့်မားစေရန်အတွက် စီမံချက်ရေးဆွဲကာ ၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလာရောင်စဉ်အဖွဲ့ထံမှ သိရသည်။ အဆိုပါစီမံချက်ကို တော်ဝင်ပန်း စီမံချက်ဟု အမည်ပေးထားပြီး အမျိုးသမီးများ နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရမှုများ လျော့နည်းပပျောက်စေရန်၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးအစီအစဉ်များနှင့် ကူညီပေးရန်စသည်တို့ဖြစ်ကြောင်း မန္တလာရောင်စဉ်အဖွဲ့နှင့် တော်ဝင်ပန်း စီမံချက်မန်နေဂျာ ဒေါ်ထူးဧပရယ်ကျော်က ပြောကြားသည်။

"ပြိုကျခဲ့တဲ့ ကမ္ဘောဒီးယား အဆောက်အအုံ အပျက်အစီးများထဲမှ အသက်ရှင်သူနှစ်ဦး တွေ့ရှိ"

ကမ္ဘောဒီးယားကမ်းခြေ အပန်းဖြေနေရာတစ်ခုမှာ ဆောက်လက်စ အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီးနောက် နှစ်ရက်ကျော်အကြာမှာ အပျက်အစီးများထဲမှ အသက်ရှင်နေသူ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။ အဆောက်အအုံ အပျက်အစီးများထဲမှ အမျိုးသားနှစ်ဦးကို ဇွန်လ ၂၄ ရက်မှာ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ဆောက်လုပ်နေတဲ့ အထပ်ခုနစ်ထပ်ပါ အဆိုပါ အဆောက်အအုံပြိုကျမှုကြောင့် ဇွန်လ ၂၄ ရက်အထိ စာရင်းတွေအရ လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးထပ်နှင့်အထက် အဆောက်အအုံ ၁၀ ခုခွင့်ပြု

ရန်ကုန်မြို့တွင် ၉ ထပ်နှင့်အထက် အဆောက်အအုံ မူအားဖြင့်ခွင့်ပြုပေးမှုမှာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၁၀ ခုသာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။ “အမြင့်ဆုံးအနေနဲ့ ၃၂ ထပ်အမြင့်အထိ ခွင့်ပြုပေးထားတယ်”ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းက ပုဒ်မအချို့ကို အမျိုးသားရေးအသိနဲ့ ကန့်ကွက်တာလို့ ပြည်ခိုင်ဖြိုးဆို

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်အလက် ပုဒ်မတချို့ကို အမျိုးသားရေး အသိစိတ်နဲ့ ကန့်ကွက်နေရတာလို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောပါတယ်။ သူက “ ပုဒ်မ အချို့က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးဆန့်ကျင်နေတယ်လို့တွေ့ရှိရတဲ့အတွက် ကျွန်မတို့က အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ ဆန့်ကျင်တာ” လို့ ပြောပါတယ်။ ဒါ့အပြင် ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ မွေးစားခွင့်နဲ့ ဆိုင်တဲ့ ဥပဒေ ပုဒ်မ၊ အခမဲ့ မှတ်ပုံတင်ခြင်းနဲ့ အမွေဆက်ခံတာတွေ သည်ပုဒ်မတွေပေါ်မှာ ကန့်ကွက်တာလို့ လည်း ပြောပါတယ်။

ဖူဆယ်အားကစားကို ပရိသတ်စိတ်ဝင်စားမှုများပြားလာပြီဟုဆို

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားကို စိတ်ဝင်စားသည့် ပရိသတ်များပြားလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သဲသောင်ပြင်နှင့် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ဇွန်လ(၂၄)ရက်ကကျင်းပသည့် MFF Futsal WarrixCup ပြိုင်ပွဲစပွန်ဆာစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားတွင် အထက်ပါအတိုင်းပြောခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။
အသစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်သောနှုန်းထားများအရ
- ၃၀ ယူနစ်အထိ = ၁,၀၅၀ ကျပ် (တစ်ယူနစ် ၃၅ ကျပ်)
- ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ = ၁,၀၀၀ ကျပ် (တစ်ယူနစ် ၅၀ ကျပ်)
- ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ = ၁,၇၅၀ ကျပ် (တစ်ယူနစ် ၇၀ ကျပ်)
- ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ = ၂,၂၅၀ ကျပ် (တစ်ယူနစ် ၉၀ ကျပ်)
- ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ = ၅,၅၀၀ ကျပ် (တစ်ယူနစ် ၁၁၀ ကျပ်)
- ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ = ၆,၀၀၀ ကျပ် (တစ်ယူနစ် ၁၂၀ ကျပ်)
- ၂၀၁ ယူနစ်မှ အထက် = ၁၀၀,၀၀၀ ကျပ် (တစ်ယူနစ် ၁၂၅ ကျပ်) ကျသင့်မည်ဖြစ်သည်။

ကမ္ဘောဒီးယားအဆောက်အအုံပြိုကျမှုအတွက် ဟွန်ဆန်က ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ထုတ်ပယ်

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ပိုင် ဆောက်လက်စအဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူဦးရေသည် ၂၈ ဦးထက်မနည်း မြင့်တက်လာပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ယူရန် ပျက်ကွက်ခဲ့မှုဖြင့် ဘေးအန္တရာယ်ထိန်းချုပ်စီမံရေးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးကို ဝန်ကြီးချုပ်ဟွန်ဆန်က ဇွန် ၂၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ချက်သမ္မတနိုင်ငံတွင် ကွန်မြူနစ်ဝါဒကျဆုံးမှုအပြီး အကြီးမားဆုံးဆန္ဒပြမှု၌ ဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆို

ချက်သမ္မတနိုင်ငံတွင် ၁၉၈၉ ခုနှစ်၌ ကွန်မြူနစ်ဝါဒ ကျဆုံးခဲ့အပြီး ဇွန် ၂၃ ရက်တွင် အကြီးမားဆုံးဆန္ဒပြမှု၌ ဧရာမလူအုပ်ကြီးသည် မြို့တော်ပရာ့ဂ်မြို့လယ်တွင် စုဝေးခဲ့ကြပြီး အကျင့်ပျက်ခြစားမှု စွဲချက်များရင် ဆိုင်နေရသော ဝန်ကြီးချုပ် အန်ဒရေးဘာဘက်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ဥရောပကော်မရှင်က ခန့်အပ်သောစာ ရင်းစစ်က ဘာဘက်သည် နိုင်ငံရေးသမား နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ် အကျိုးစီးပွားစပ်ယှက်မှုရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့စဉ် အသက် ၆၄ နှစ်ရှိ ဘာဘက်သည် ဥရောပသမဂ္ဂက ငွေကြေးစိုက်ထုတ်ပေးမှုနှင့် ဆက်နွှယ်သော အရှုပ်တော်ပုံတစ်ခုတွင် ယူရိုနှစ်သန်းနှင့် ဆက်နွှယ်၍ပြီးခဲ့ သောနှစ်တွင် စွဲချက်များ စွဲဆိုခံခဲ့ရသည်။

တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့်လက်နက်မှုများဖြင့် အလိုရှိနေသူ၏ နေအိမ်မှ ကျွန်းသစ်ခွဲသားမျိုးစုံ (၉)တန်ကျော် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေး၊လက်နက်ခဲယမ်းများဖမ်းမိသည့်နေအိမ်မှ ကျွန်းသစ်ခွဲသားမျိုးစုံ (၉)တန်ကျော်ကို သိမ်းဆည်းရမိသဖြင့် သစ်တောဦးစီးဌာနက သစ်များကိုသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်မှ ညီညီနိုင်(ခ)ပီနိုင်၏ နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ဝင်ရောက် ဖမ်းဆီးမှုအတွင်း နေအိမ်ဂိုဒေါင်အတွင်းသစ်များတွေ့ရသဖြင့် သစ်တောဦးစီးဌာနက ဇွန်လ (၂၄)ရက်နေ့တွင် သွားရောက်စစ်ဆေးရာ ကျွန်းသစ်ခွဲသားမျိုးစုံ (၂၂၃)ချောင်း (၉.၄၀၆၄)တန်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသစ်များကို သစ်တောဦးစီးဌာနက သိမ်းဆည်းလိုက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ညီညီနိုင်(ခ) ပီနိုင်အား သစ်တောဥပဒေအရ အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E.Mr. Daniel Patrick Brendon Chugg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။  တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ ဗြိတိန်နိုင်ငံစစ်သံမှူး Colonel Jamie Murray နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ပွန်ပီယိုက ဆော်ဒီခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အီရန်ပဋိပက္ခအတွက် ဆွေးနွေး

အမေရိကန်က အီရန်နျူကလီးယားစီမံကိန်း သဘောတူညီချက်မှ နုတ်ထွက်ခဲ့အပြီး ပိတ်ဆို့အရေးယူမှုသစ်များ တိုးချဲ့ရန်စီစဉ် နေစဉ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇွန် ၂၄ ရက်တွင် ဆော်ဒီအာ ရေဗျခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အီရန်ပဋိပက္ခကို ဆွေးနွေးခဲ့သည်။ အီရန်ရော အမေရိကန်ကပါ စစ်ပွဲအား ရှောင်လွှဲလိုသည်ဟု ပြောကြားခဲ့ကြသော်လည်း မဟာဗျူဟာမြောက်သော ဟော်မုဇ်ရေလက်ကြားအနီး ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုများနှင့် အီရန်က အမေရိကန် သူလျှိုဒရုန်းတစ်စင်းအား ပစ်ချမှုများအပြီး တင်းမာမှုအရှိန် မြင့်တက်နေသည်။ ဆော်ဒီ နှင့် ယူအေအီးတို့က ၎င်းတို့၏ဘုံရန်သူ အီရန်အား အမေရိကန်က တင်းမာစွာရပ်တည် ပေးရန်လှုံ့ဆော်နေသည်။

Wanted Band ၏ Private Show ကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ Radio Bar ၌ ပြုလုပ်မည်

Wanted Band ၏ Private Show ကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ Radio Bar ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင် Wanted Band နှင့်တွဲဖက်ကာ တေးသံရှင်ဖော်ကာက တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ Wanted Band ၏ Private Show လက်မှတ်များအားလည်း ရောင်းချလျက်ရှိကာ downstairs အတွက်ကျပ်တစ်သောင်းခွဲ၊ upstairs အတွက် ကျပ်သုံးသောင်းဟု သတ်မှတ်ထားကြောင်း သိရသည်။

တေးသံရှင် ကိုတင်လှိုင် ဈာပန မနက်ဖြန်(ဇွန်လ၂၅) ထိန်ပင်သုန်ဿန်တွင် ပြုလုပ်မည်

တေးပုလ္လင်​မှအ​ဆွေးသခင်​ တေးသံရှင် ကိုတင်လှိုင်(ဦးတင်လှိုင်)၏ ဈာပနအခမ်းအနားကို မနက်ဖြန်(ဇွန်လ၂၅) ထိန်ပင်သုန်ဿန်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ တေးသံရှင် (ဦး)ကိုတင်လှိုင်သည် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဇွန်လ၂၃ရက်၊ မွန်းလွဲ၁၂နာရီခွဲအချိန်ကရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်ရှိSAKURAဆေးရုံကြီး၊အခန်းအမှတ်(၉၁၃)၌ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကွန်လွန်သူ၏ ညီမဖြစ်သူဒေါ်သိန်းနွယ်ရည်က ပြောသည်။