Thursday, June 27, 2019

မန္တလေးမြို့တွင်အမှိုက်သိမ်းရန် တစ်နှစ်လျှင် ကျပ် ၄ ဘီလျံအရှုံးခံလုပ်ဆောင်နေဟု ဆို

မန္တလေးမြို့တွင် မြို့တော်စည်ပင်မှ အမှိုက်သိမ်းရန် တစ်နှစ်လျှင် ကျပ် ၄ ဘီလျံအရှုံးခံလုပ်ဆောင်နေရကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင် ရေသားချက်အရ သိရသည်။ မန္တလေးမြို့တော်ဝန်ဦးရဲလွင်မှ ၄င်း၏ Facebook စာမျက်နှာပေါ်တွင် ယခုကဲ့သို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

တာမွေယာယီဈေးကို စက်တင်ဘာတွင် အဆင့်မြင့်ဈေးတည်ဆောက်ရန် စီစဉ်နေ

ယခုနှစ် စက်တင်ဘာလ တွင် တာမွေယာယီဈေးကို အဆင့်မြှင့်ဈေး တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း တာမွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းက ပြော သည်။ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက မင်္ဂလာ မွန်ဈေးရှိ တောင်ပိုင်းခရိုင်အစည်းအဝေး ခန်းမတွင် တာမွေယာယီဈေးကို အဆင့် မြှင့်ဈေးတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက် ၍ ဈေးသူ၊ ဈေးသားများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ခရိုင်စည်ပင်တာဝန်ရှိသူ များတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းက မီဒီယာများ ကိုအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

နို့မှုန့်တိုက်ကျွေးသည့် ကလေးနှင့် မိခင်နို့ တစ်မျိုးကိုသာ တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်း နှိုင်းယှဉ်ပါက နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးနှုန်းမှာ ၁၄ ဆပိုနေ

မြန်မာနိုင်ငံတွင် နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှင့် မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်းကို နှိုင်းယှဉ်ပါက နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်းမှာ ခြောက်ဆမှ ၁၄ ဆပို၍ သေဆုံးနေသည်ကို သုတေသန ပြုလုပ်ချက်များအရ တွေ့ရှိရကြောင်း LEARN စီမံချက်၏ အာဟာရဆိုင်ရာ အကြံပေး ဦးစောဒင်အောင်က ပြောကြားသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကင်းမြို့နယ် တရားရုံးက MDCF ခေါင်းဆောင်ကိုထင်ကျော်အား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ   ၅၀၅ (ခ)  ဖြင့် MDCF ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ် ခဲ့ကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရသည်။ ဇွန်လ ၂၇ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံး၌ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို သီးသန့်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကိုထင်ကျော်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားလိုဖြစ်သူမှာ ရန်ကင်းမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ဇူလိုင်လ အတွင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့၌ ပြောဆိုမှုများကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကာ ၂၀၁၈ သြဂုတ်လ ၃၁ ရက်တွင် မဟာဗန္ဓုလပန်းခြံ၌ ဆန္ဒထုတ်ဖော်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရေပေါ်ဈေးများ၊ နိုင်ငံတကာစက်ရုံများ ပါဝင်သော လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည် ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များအား လာရောက် ရှင်းလင်း

ရေပေါ်ဈေးများ၊ နိုင်ငံတကာ ထုတ်ကုန်များ ပါဝင်မည့် လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည့်  စက်မှုဥယျာဉ် စီမံကိန်းများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန် ၂၅ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းခဲ့သည်။

အမှုများကြန့်ကြာသည့်ကိစ္စ ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ပဲခူးတိုင်းအတွင်းမှာ သက်သေတွေ မလာရောက်တာကြောင့် တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာမှုဖြစ်နေတဲ့အတွက် ဥပဒေနဲ့အညီ ပြတ်ပြတ်သားသားလုပ်ဖို့ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တရားစီရင်ရေးဆိုင်ရာမဟာဗျူ ဟာစီမံကိန်း ၂၀၁၈-၂၀၂၂ အရ နိုင်ငံတ၀ှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်မှု ရှင်းလင်းပွဲနဲ့ ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းရေး ဆွေးနွေးပွဲအခမ်းအနားမှာ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ခုလို တိုက်တွန်းခဲ့တာပါ။

သတင်းသမားများဖမ်းဆီးထောင်ချခံရမှုများကိုဖြေရှင်းပေးရန် PC တွင်တာဝန်ရှိဟုဆို

 သတင်းရယူရေးသားခဲ့သည့် သတင်းသမားများအား မကျေနပ်ပါက ပုဒ်မအကြီးများတပ်ကာ ဖမ်းဆီး ထောင်ချမှုများကို ဖြေရှင်းပေးရန် မိမိတို့ မီဒီယာကောင်စီ (PC) တွင်တာဝန်ရှိသည်ဟု PC ဥက္ကဋ္ဌဌ ဦးအုန်းကြိုင် ကပြောဆိုလိုက်သည်။ “ ပြောင်းလဲသွားတဲ့အပြောင်းအလဲဟာ အကြမ်းဖက်မှုဆိုတာ တော်တော်လျော့သွားတယ်။ ဘာဖြစ်လာလဲဆိုတော့ သတင်းထောက်တွေသတင်းရေးသားမှုနဲ့ ပတ်သက်လို့ မကျေနပ်ရင် ပုဒ်မ အကြီးကြီးတွေ ဥပဒေဟောင်းတွေနဲ့ဖမ်းဆီးတာ။ ဒါဟာအကြမ်းဖက်မှုထက်ပိုပြီး ခံပြင်းစရာ ကောင်း တယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေပါ။ ဒါတွေလည်းပဲ ဆက်လက်ပြီးဖြေရှင်းဖို့ မီဒီယာ ကောင်စီရဲ့တာဝန်ရှိပါတယ်” ဟု ゞင်းကဆိုသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ကို စုစုပေါင်းရမှတ်အပြင် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်များဖြင့်လည်း လျှောက်ထားခွင့်ပေးထား

ယခုနှစ် ရန် ကုန် ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် ကို စုစုပေါင်းရမှတ်နှင့် လျှောက် ထားနိုင်သလို အင်္ဂလိပ်စာနှင့် သင်္ချာ ရမှတ်များဖြင့်လည်း လျှောက်ထား ခွင့်ပေးထားကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင် မည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်ကို ကြေညာထားရာ တက္က သိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၅၀ နှင့်အထက် ရရှိသူများ (သို့ မဟုတ်) အင်္ဂလိပ်စာနှင့် သင်္ချာ နှစ် ဘာသာပေါင်း ရမှတ် ၁၄၀ နှင့်အ ထက်ရရှိသူများ လျှောက်ထား နိုင် မည်ဖြစ်ကြောင်း၊ ယခင်နှစ်များက အဆိုပါတက္ကသိုလ်၏ ဝင်ခွင့်ကို တက္ကသိုလ်ဝင် စာမေးပွဲစုစုပေါင်း ရမှတ် တစ်မျိုးတည်းဖြင့်သာ လျှောက်ထားနိုင်ခဲ့ရာ ယခုနှစ်မှစ တင်ပြီး ရမှတ်နှစ်မျိုးဖြင့် လျှောက် ထားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

မြိတ်တွင် မည်သူမဆို အခမဲ့ယူနိုင်သည့် Food Box ၃ ခုကို စတင်ထားရှိ

မြိတ်မြို့ရှိ လူငယ်များ ဦးဆောင်၍ ပြင်ပမှအလှူငွေများဖြင့် မည်သူမဆို အခမဲ့ယူနိုင်သော Food Box ၃ လုံးကို လူစည်ကားရာ နေရာ ၃ ခုတွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ ထားရှိခဲ့ကြောင်း သိရသည်။ “လိုလျှင်ယူသွား လှူချင် လှူထား`ဟု နှိုးဆော်စာများ ကပ်ထားသော Food Box ၃ လုံးကို မြိတ်ကမ်း နားလမ်း၊ မြိတ်ပြည်သူ့ဆေးရုံကြီး အရှေ့နှင့် မြိတ်တောင်နယ်မြေ မြို့သစ်ရပ်ကွက်ရှိ ဦးမြတ်လေး လမ်းမကြီးပေါ်တို့တွင် ချထားသည်ဟု ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။

ထိုင်းမူးယစ်တရားခံပြေးအပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးကို တာချီလိတ်မှာ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

Image may contain: 3 people, table and outdoorတာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ (၂) “ဝ”ရွာရှိ နေအိမ်တစ်လုံးကို ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးသတင်းနဲ့ ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံမှ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် အလိုရှိနေတဲ့ တရားခံပြေးတစ်ဦး အပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးကို မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေတိုးလာနေပြီဖြစ်သောကြောင့် ချင်းတွင်းအထက်ပိုင်းသင်္ဘောခရီးစဉ်များ ဇူလိုင်လဆန်းမှ စတင်ပြေးဆွဲမည်

Image may contain: ocean, sky, outdoor and waterချင်းတွင်းမြစ်ရေမှာ ဇွန်လဆန်းမှ စတင် တိုးလာနေပြီဖြစ်သောကြောင့် ချင်းတွင်းအထက်ပိုင်း မြို့ကြီး များသို့ သွားလာနေကြသည့် ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန် ဇူလိုင် ၁ ရက်မှစတင်၍ ချင်းတွင်းမြစ် ကြောင်း၌ ""ချမ်းငြိမ်း""သင်္ဘောခရီးစဉ်ကို စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ် ချင်းတွင်းရေကြောင်း သင်္ဘောကြီးများပြေးဆွဲ ရာတွင် ချမ်းငြိမ်းသင်္ဘောကို နှစ်စဉ်စတင်ပြေးဆွဲ၍ ရေကြောင်း ပိုမိုကောင်းမွန်လာသည့်အချိန်တွင် လူဦးရေ ၈၀ဝ ဝန်းကျင်၊ ကုန်တန်ချိန် ၁၂၀ အထိ တင်ဆောင်ပြေးဆွဲနိုင်သည့် ပြည်ကြီး တံခွန်သင်္ဘောဖြင့် အပတ်စဉ်ပြေးဆွဲပေးမည် ဖြစ်သည်။

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ပြည်မကြီးလောင်းရိပ်အောက်မှ ဟောင်ကောင်လွတ်မြောက်ရေး ဆွေးနွေးပေးရန် တက်ကြွလှုပ်ရှားသူများ ချီတက်ဆန္ဒပြ

ဟောင်ကောင်တွင် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ဖျက်သိမ်းပေးရန် ကြိုးပမ်းမှုကို ထောက်ခံပေးရန်နှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြား ဖြစ်နေသော မပြေလည်မှုများကိစ္စကို လာမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးပေးရန် ဆန္ဒပြသူ တစ်ထောင်ကျော်ခန့်က ဟောင်ကောင်ရှိ နိုင်ငံခြားကောင်စစ်ဝန် ရုံးများရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

ဗိုလ်ချုပ်ပြတိုက်(ရန်ကုန်)သို့ ခြောက်လတာခန့်အတွင်း ပြည်တွင်း၊ပြည်ပဧည့်သည် နှစ်သောင်းကျော်ဝင်ရောက်၊ ဂျပန်နှင့် တရုတ်နိုင်ငံသား အများဆုံးလာရောက်

Image may contain: one or more people, house, tree, outdoor and natureဗိုလ်ချုပ်အောင် ဆန်းပြတိုက် (ရန်ကုန်)သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း ပြည်တွင်း၊ပြည်ပဧည့် သည် နှစ်သောင်းကျော်ဝင်ရောက် ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ အနေဖြင့် ဂျပန်နှင့်တရုတ်နိုင်ငံမှ အများဆုံးလာရောက်ကြကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဇွန် ၂၀ ရက်အတွင်း ပြည်တွင်း မှ ၁၈၃၂၃ ဦး၊ ပြည်ပမှ ၄၂၂၃ ဦး တို့ လာရောက်ခဲ့သည်ဟု ဆိုသည်။

မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ ချင်းဒွိုင်ရှိ လိုဏ်ဂူအတွင်းမှ စိတ်ကြွဆေးပြား (၅.၄)သန်းနှင့် အိုက်စ် (၁၈၅)ကီလိုကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ၊ ချင်းမိုင် နှင့် ချင်းရိုင်းအကြား ချင်းဒွိုင်ရှိ လိုဏ်ဂူအတွင်းဝှက်ထားသည့် စိတ်ကြွဆေးပြား (၅.၄)သန်းနှင့် အိုက်စ် (၁၈၅) ကီလိုကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးများကို ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က မူးယစ်ဆေးသယ်ပို့ရာ လမ်းကြောင်းများကို ရှာဖွေဖေါ်ထုတ်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန် - ၂၇၊ ၂၀၁၉

ဒီကနေ့ ဇွန် ၂၇ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၇ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၁ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၃ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၃ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၁ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၁၂၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၀၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၉၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၈၅ ကျပ်ဈေးဖြစ်ပါ တယ်။

ငါးသားပေါက်ရာသီအတွင်း ကော့သောင်း ပင်လယ်ပြင်တွင် ငါးခိုးဖမ်းနေသည့် ငါးဖမ်း လှေငါးစင်းကို တပ်မတော် (ရေ) က ဖမ်းဆီး

ငါးသားပေါက်ရာသီအတွင်း ကော့သောင်း ပင်လယ်ပြင်တွင် ငါးခိုးဖမ်းနေသည့် ငါးဖမ်းလှေ ငါးစင်းကို တပ်မတော်(ရေ)မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ြ မန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအဖြစ် သတ်မှတ်ထားပြီး ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေများကို ရာနှုန်းပြည့် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားကြောင်း၊ ငါးသားပေါက် ရာသီအဖြစ် ငါးဖမ်းဆီးခွင့် ရာနှုန်းပြည့် ပိတ်ထားသော်လည်း ငါးခိုးဖမ်းသည့် လှေများ ရှိနေသည်ကို တပ်မတော်(ရေ)မှ ပင်လယ်ပြင်စိုးမိုးရေး လုပ်ဆောင်ကာ ကင်းလှည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မလေးရှား နိုင်ငံတွင် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၂၀ အဖမ်းခံရ

မလေးရှား နိုင်ငံမှာ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေ နိုင်ငံကူးစာအုပ် သက်တမ်းကုန်နေပြီး ဆက်လက်နေထိုင်နေကြတဲ့သူတွေကို ကူလင်း Kulim နဲ့  Setia Alam မြို့ နယ်တွေက စားသောက်ဆိုင်နဲ့  ဟော်တယ်တွေကို လ၀က ရဲတွေက ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့  လူမှောင်ခိုသမားတွေ ကို အရေးယူနိုင်ဘို့   ခုလို အော်ပရာစီ ops selera စစ်ဆင်ရေးကို အဓိက လုပ်ဆောင်ခဲ့တာဖြစ်တယ်လိုလူဝင်မှု ကြီးကြပ်ရေး ဒါရိုက်တာ့ Mohamad Fauzi Md Isa မိုဟာမက်ဖါဇီ ကပြောပါတယ်။

ရေနစ်သေဆုံးခဲ့သည့် သားအဖ ၂ ဦး ဓာတ်ပုံ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းသူများ၏ အခက်အခဲ သတိပြုစရာဖြစ်

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ရေနစ်သေဆုံးတဲ့ သားအဖနှစ်ဦး ဓာတ်ပုံတွေကြောင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအတွက် အန္တရာယ်ကြီးမားပုံကို တကမ္ဘာလုံး သိရှိလာခဲ့ပါတယ်။ေ ရွှ့ပြောင်းသားအဖနှစ်ဦး သေဆုံးတဲ့အပေါ်မှာ ပုပ်ရဟန်းမင်းကြီးကလည်း အလွန်အမင်း ဝမ်းနည်းမိတယ်လို့ ဇွန်လ ၂၆ ရက်နေ့က ပြောပါတယ်။ အယ်လ်ဆာဗေဒိုနိုင်ငံသား အော်စကာ အယ်ဘတ်တို မာတီးနက်စ် ရာမီရက်ဇ်နဲ့ ၂ နှစ်သမီး အရွယ် ဗာလယ်ရီယာတို့ရဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းလာသူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ ဆွေးနွေးငြင်းခုံစရာ ဖြစ်လာပါတယ်။

ဘာကာကြယ်ပွင့်နဲ့ ရုပ်ချင်းတူတာကို အသုံးချပြီး အမျိုးသမီး (၂၃) ဦးနဲ့အတူ အိပ်တဲ့သတင်း မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ‘အီရန်မက်ဆီ’

မက်ဆီနဲ့ရုပ်ဆင်တာကို အသုံးချပြီး အမျိုးသမီးတွေကို သွေးဆောင်ဖြားယောင်းနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မဟုတ်မှန်တဲ့ သတင်းမှားတစ်ခုသာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအကျော်အမော် မက်ဆီနဲ့ ရုပ်ချင်းဆင်တူတဲ့ အီရန်နိုင်ငံသားက ပြောဆိုခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ရာဇာ ပါရာစတက်ခ်ျဆိုသူဟာ မက်ဆီနဲ့ရုပ်ဆင်တာကို အသုံးချပြီး အမျိုးသမီး (၂၃)ဦးနဲ့အတူ အိမ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

သေနတ်အလက် ၁၀၀၀ ကျော်ရှိသည့် လက်နက်တိုက် အာဂျင်တီးနား လုံခြုံရေးတပ် သိမ်းဆည်းမိ

No photo description available.အာဂျင်တီးနား လုံခြုံရေးတပ်တွေဟာ နိုင်ငံတလွှားက စစ်ဆင်ရေးတခုအတွင်း မှောင်ခိုသေနတ်အလက် တထောင်ကျော်ရှိတဲ့ လက်နက်တိုက်တခုကို ဇွန်လ ၂၆ ရက်က သိမ်းဆည်းရမိခဲ့ပါတယ်။ ဗျူနိုအေးရီးစ်၊ စန်တာဖေး၊ ကော်ဒိုဘာ၊ ရီယိုနီဂရိုးနဲ့ စန်တီယာဂို ဒယ် အက်စ်တေရို မြို့တွေက စီးနင်းမှု ၅၂ ခုကျော်အတွင်း လူ ၁၇ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို ကျော်လွန်တာကြောင့် တစ်နိုင်ငံလုံးမှာကန့်ကွက်သွားမယ်လို့ဆို

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အခြားနည်းနဲ့ ကျော်လွှာချင်တာကြောင့် အသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ကန့်ကွက်သွားမယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။  ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လာရှိုးမြို့မှာ ပါတီိဝင်တွေနဲ့ ပြည်သူလူထုတွေဆုံပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။  အဆိုပါအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်၊ ပါတီအလုပ်မှုဆောင်များဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လာရှိုးမြို့နယ် ပါတီဝင်များနဲ့ တိုင်းရင်းသား ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါတယ်။

(၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ

Image may contain: 2 people, people smiling, suitတရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ယနေ့(ဇွန်လ ၂၇ ရက်) တွင် အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိခဲ့ကြောင်း သိရသည်။ သမ္မတ ရှီ၏ အထူးလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဂျပန်နိုင်ငံ အိုဆာကာမြို့ Kansaiအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ရာ ဂျပန်နိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိများက လေဆိပ်တွင် ကြိုဆို ခဲ့ကြကြောင်း သိရသည်။

အညာဒေသ မိုးကောင်းနိုင်

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်သီတင်းပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အညာဒေသတွင် မိုးကောင်းနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ရာ ယင်းအရှိန်ကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးအားပိုလာနိုင်ပြီး ဇူလိုင်လပထမ ၁၀ ရက်ပတ်အတွင်း မိုးရေချိန်သုံးလက်မမှ ခုနစ်လက်မအထိ ရွာသွန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတိတိကျကျမရှိသေးဘူး” ဟု ၀န်ကြီးဆို

မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးနဲ့ကုသဆေး တိတိကျကျမရှိသေးဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းက ပြောပါတယ်။ ဇွန်လ(၂၅)ရက်က မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အသိပေးဆွေးနွေးပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇနီးဟောင်းနှင့်တူသော ဆီလီကွန်ရုပ်ဝယ်ယူလိုသူ အသဲကွဲနေသည့်အမျိုးသား

ဇနီးကထားခဲ့မှုကြောင့် အသည်း ကွဲဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အမျိုးသားက သူ၏ ဇနီးနှင့်တူသော ဆီလီကွန်ရုပ်ကို ဝယ်ယူလိုနေကြောင်း သိရသည်။ အသည်းကွဲတယ်ဆိုတာ လျှို့ဝှက် ထား ရမဲ့ကိစ္စမဟုတ်ပါဘူး။ နှစ် ပေါင်းများစွာ အတူတူနေလာတဲ့ လူတစ်ယောက် မရှိတော့တဲ့အခါ ခံစားရတဲ့ဝေဒနာက အရမ်းပင် နက်ရှိုင်းပြီး ထိခိုက်နာကျင်စေ ကြောင်း ၄င်း၏ သတင်းကိုကြား ရသူများက ကိုယ်ချင်းစာစိတ် ဖြင့် ပြောသည်။ အမည်မဖော် လိုသူ အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့်ရက်ပိုင်းက လက်ဇူရီ ဈေးရောင်းစင်တာကို ဆက်သွား ကာ အမျိုးသမီး ဆီလီကွန်ရုပ် တစ်ခုဝယ်ယူလိုကြောင်း၊ ယင်း ဆီလီကွန်ရုပ်က သူ့ထံမှ ထွက် ခွာသွားသူ ဇနီးဟောင်းနှင့်တူရန် လိုအပ်ကြောင်း၊ မှာယူသော ဆီ လီကွန်ရုပ်အား သူ၏ ဇနီးနှင့် တူညီရန် တစ်ယောက်ယောက်က ကူညီပေးနိုင်လိမ့်မည်ဟု မျှော် လင့်ကြောင်း ပြောခဲ့သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးတံခါးပိတ်ထားခြင်းမရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးတံခါးကိုပိတ်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ဇွန်လ ၂၆ ရက်၌ အကုန်သိသတင်းဌာနမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီသို့ ဆက်သွယ် မေးမြန်းရာတွင် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

သြစတြေးလျကျောင်းသားတစ်ဦး မြောက်ကိုရီးယားတွင် ပျောက်ဆုံးနေ

 သြစတြေးလျကျောင်းသားတစ်ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းကိစ္စကို အတည်ပြုနိုင်ရန် အားချင်း စုံစမ်းနေလျက် ရှိကြောင်း သြစတြေးလျအစိုးရက ဇွန်လ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ အလက်ခ် ဆစ်ဂလေး အမည်ရ အဆိုပါ သြစတြေးလျကျောင်းသားဟာ လက်ရှိမှာ မြောက်ကိုရီးယားမှာ ပျောက်ဆုံးနေလျက် ရှိတာဖြစ်ပြီး ゞင်းကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီလို့ ယုံကြည်ရပါတယ်။

ပွင့်ဖြူမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံ

Image may contain: 1 person, crowd and outdoorImage may contain: 11 people, people smiling, people standingနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (ယနေ့) ဇွန်လ(၂၇)ရက် နံနက် (၁၀) နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနေအရွယ် ကလေးများမှာ (၄)တန်းအထိသာ ပညာသင်ကြားနေရသောကြောင့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားကြရန်၊ မိဘများမှလည်း ကလေးများကို ပညာရေးမြှင့်တင်ပေးရန် မှာကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့သည်။Image may contain: 11 people, people smiling, people standing

ဥရောပဒေသ အပူလှိုင်းကျမှုက ပိုပြင်းထန်လာပြီး သတိပေးချက်များ ထုတ်ပြန်ထားရ

ဥရောပဒေသမှာ စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုက ဇွန်လ ၂၇ ရက်တွင် ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းထားပြီး ဒေသတစ်ချို့မှာ အပူချိန်များသည် ၄၀ ဒီဂရီ ဆဲစိယက်စ်ကို ကျော်တက်သွားနိုင်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက သတိပေးချက်ထုတ်ထားရသည်။အပူချိန် ပြင်းထန်မှုကြောင့် ပြင်သစ်တွင် ယာဉ်ကြောအသွားအလာ ကန့်သတ်မှုများဖြစ်စေခဲ့သလို ပြည်သူများကို တင်းကျပ်သည့် သတိပေးချက် ထုတ်ထားရသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်နေ

မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာတော့ အနည်းဆုံးဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြပါတယ်။ြ မန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ အစီရင်ခံစာထုတ်ပြန်တဲ့ မိတ်ဆက်အခမ်းအနားကို ကျင်းပခဲ့တာပါ။

တပ်မတော်စစ်ကြောင်းဝင်လာသဖြင့် မင်းပြားမြို့နယ် ပြင်ယောင်ကျေးရွာသားများ ထွက်ပြေး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြင်ယောင်ကျေးရွာအနားမှာ တပ်မတော်စစ်ကြောင်း ဝင်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာက လူငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးတချို့ဟာ တခြားရွာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမည်မဖော်လိုသူရွာသားတဦးက “ကလေးတွေကတော့ ပျောက်နေကြတယ်။ ပျောက်တယ်ဆိုတာက ဟိုပြေးဒီပြေးပြေးနေကြတာ။ စစ်ကြောင်းက ရွာနားကို ရောက်လို့ ရှိတယ်လေ။ ရွာသားတွေက ရွာမှာမနေရဲ၊ ကြောက်ပြီး သင်္ချိုင်းကို ထွက်ပြေးနေကြတယ်။ ရွာကြားကိုဝင်ပြီးတော့ အနောက်ဘက်ကိုထွက်တယ်။ စစ်သားကို မြင်တာနဲ့ထွက်ပြေးတယ်။ ထွက်ပြေးတော့ အဲ့ဒီမှာ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာ” လို့ ပြောပါတယ်။

ဆွာချောင်းတမံ ပြင်ဆင်နေချိန်အတွင် ဆည်အတွင်း ရေမသိုလှောင်ပဲ ချောင်းအတွင်း တိုက်ရိုက်ဖွင့်ချထားမည်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေး ရွာ အနောက်ဖက်ရှိ ဆွာချောင်းတမံ သည် ယခင်နှစ် ဩဂုတ် ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ပင်မရေပိုလွှဲကျိုး ပေါက်မှုဖြစ်ပွားခဲ့ပြီးနောက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ကိုးရီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန တည်ဆောက်ရေး (၆) မှ တာဝန်ယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဌာနဆိုင်ရာများမလိုအပ်ဘဲ သတင်းအချက်အလက် များကို ဖုံးကွယ်မထားရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ သတိပေး

ဌာနဆိုင်ရာများအနေဖြင့် မလိုအပ်ဘဲ သတင်း အချက်လက်များကို ဖုံးကွယ်မထားရန် အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က သတိပေးလိုက်သည်။ ဇွန် ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ゞင်းကအထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ 

ခေါင်းဖြတ်လူသတ်တရားခံ ချစ်ပို(ခ)ဝေယံဖြိုးအား အိုးဘိုအကျဉ်းထောင်၌ ဆက်လက်ထိန်းသိမ်းထားဟုဆို

ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်တွင် ၂ဝ၁၅ ခုနှစ်ကဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသူ ချစ်ပို(ခ)ဝေယံဖြိုးကို မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထား ကြောင်း သိရသည်။ ''အင်းစိန်ထောင်ကနေ ပြောင်းလာတာကတော့ ၂ဝ၁၆ ခုနှစ်အကုန်ပိုင်း လောက်ဖြစ်မယ်။ ပြောင်းလာတဲ့ရက်လ အတိအကျဆိုရင်တော့ မှတ်တမ်းတွေပြန်ကြည့်ရမယ်။ အွန်လိုင်းမှာ ချစ်ပို(ခ) ဝေယံ ဖြိုး လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်လာတဲ့ သတင်းတွေကိုမယုံဖို့ ပြောချင်တယ်။ ဒါပေမဲ့ သူက ကြိုးမဟုတ်တော့ဘူး။ ထောင်ဒဏ် တသက်ဖြစ်သွားပြီ''ဟု မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်ပိုင်ကြီးဦးချို ဝင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် LGBT များအနေဖြင့် မည်သည်ကိုမှလုပ်ပိုင်ခွင့်မရှိဟု မိတ်ကပ်မေဦး ပြော

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများစွာအနက် LGBT များအရေးပါ ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း မိတ်ကပ် မေဦးက ပြောသည်။  လက်ရှိ မြန်မာနိုင်ငံတွင် LGBT များခွဲခြားဆက်ဆံခံရမှုများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
“ နိုင်ငံတကာမှာ LGBT နဲ့ ပတ်သက်လို့ လက်ခံလာတယ်။ ဒါပေမဲ့ LGBT တွေက မဟုတ်တာလုပ်မရဘူး။ ဥပဒေတွေ၊ စည်းကမ်းတွေကို လိုက်နာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲရမယ်။ ပြောင်းလာတဲ့အပေါ်မှာ စည်းကမ်းနဲ့အညီ နေရမယ်။ အခုဟာက မြန်မာနိုင်ငံမှာ ပြောင်းဖို့နေနေသာသာ ဘာမှကို လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမှာ မေဦးတို့အနေနဲ့လည်း ပြောရခက်တယ်။

မန္တလေးမြို့လယ်က သေနတ်သမားကို သေဒဏ်ချ

မန္တလေးရဲ့ လူစည်ကားရာလမ်းမကြီးမှာ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ခဲ့တဲ့  သေနတ်သမား ကို  မန္တလေးခရိုင် တရားရုံးက ဒီကနေ့  မှာ သေဒဏ်အမိန့်ချ လိုက်ပါပြီ။  အမှုကတော့ ပြီးခဲ့တဲ့  ၂၀၁၈ အတွင်းက ဖြစ်ခဲ့တာပါ။ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ သူ့ ခင်ပွန်းနဲ့ အတူ ဆိုင်ကယ်စီးလာတဲ့အချိန်မှာ အဲဒီအမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို နောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ် သမားက လုယူခဲ့တာဖြစ်ပါတယ်။  အမျိုးသမီးက သူ့အိတ်ကို ဆိုင်ကယ်သမားဆီက ပြန်လုရာမှာတော့ဆိုင်ကယ်သမားက သေနတ်နဲ့ပစ်လို့သေ ဆုံးသွား ခဲ့တာပါ။

ရနောင်းလူသတ်မှု မြန်မာရေလုပ်သားနှစ်ဦး ၏ အယူခံအနိုင်ရ

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ဒဏ်များချမှတ်ခံထားရသော မြန်မာရေလုပ်သားလေးဦး အနက် စိန်ကတုံးနှင့် ဝေလင်းတို့၏ အယူခံကို ထိုင်းတရားရုံးက အနိုင်ပေးလိုက်ကြောင်း အဆိုပါ အမှုကို ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။ ထို့ကြောင့် စိန်ကတုံးနှင့် ဝေလင်းတို့ ယနေ့ (ဇွန်လ၂၇ရက်)နံနက်ပိုင်းတွင် ရနောင်းမြို့ အကျဉ်းထောင်မှ လွှတ်မြောက်လာကြောင်း ဦးထူးချစ်က 7Day Daily သတင်းစာသို့ ပြောသည်။

မလေးရှား လေဆိပ်မှာ လိပ်ကောင်ရေ ၅,ဝ၀ဝ ကျော် ဖမ်းမိ

 မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ အိန္ဒိယနိုင်ငံသား အမျိုးသားလေးဦးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ လိပ်ကောင်ရေ ၅,ဝ၀ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးကနေ မလေးရှားဆီ လေကြောင်းနဲ့ ရောက်လာတဲ့ အိန္ဒိယ နိုင်ငံသား လေးဦးရဲ့ အိတ်တွေထဲမှာ အိတ်ငယ်လေးတွေနဲ့ ခွဲထုတ်ထားတဲ့ ရေချိုလိပ် သားပေါက် ၅,၂၅၅ ကောင်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားတွင် အလေးချိန် ၂ တန်ကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

 ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၂ တန်ကျော်ကို ကမ္ဘောဒီးယား အာဏာပိုင်တို့ ဇွန်လ ၂၆ ရက်မှာ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ယင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာတော့ ဘိန်းဖြူ၊ မက်သာဖက်တမင်း စတဲ့ မူးယစ်ဆေးဝါးတွေ ပါနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘောဒီးယား အာဏာပိုင်တို့ကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မူးယစ်နှိမ်နင်းမှုတွေကို ပိုမို အားစိုက်လုပ်ဆောင်လာနေလျက် ရှိပါတယ်။ မူးယစ်မှောင်ခိုသမားတွေက ယင်းနိုင်ငံကို တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးရာမှာ အဓိက ဖြတ်သန်းရာနေရာအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို ကမ္ဘောဒီးယား အာဏာပိုင်တို့ဘက်က နှိမ်နင်းမှုတွေ ပိုမို အားစိုက်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ခေါင်းချွေးထွက်လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ခေါင်းမှာ ချွေးထွက်လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့  အဖြစ်မျိုး လူတိုင်းကြုံတွေ့ဖူးမှာပါ။ တကယ်တော့  ချွေးထွက်တယ်ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့အပူတွေကို ချွေးအဖြစ်ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များတဲ့အခါကျ  ချွေးနဲ့ပြင်ပကဖုန်တွေရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့၊ ဆံပင်တွေကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။
ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြားချွေးထွက်ရတာလဲ ။ ။

ရေနစ်သေဆုံးပြီး ကမ်းလာကပ်တဲ့ ရွှေ့ပြောင်းသားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကြောင့် စိတ်ဆိုးဒေါသထွက်

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ရီယိုဂရန်ဒီမြစ်ကို ဖြတ်ကူးရင်း ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ဖခင်နဲ့ နှစ်နှစ်သမီးငယ်လေးဟာ ရေနစ်သေဆုံးပြီး သူတို့ ရုပ်အလောင်းနှစ်လောင်း အတူယှဉ်တွဲလျက် ကမ်းမှာ လာကပ်တာကြောင့် တွေ့မြင်ရသူအပေါင်း စိတ်မကောင်းဖြစ်ကြပြီး စိတ်ဆိုးဒေါသ ထွက်ကြရပါတယ်။

"ဥရောပမှာ အပူလှိုင်းကျရောက်နေပြီး အပူဒဏ်အန္တရာယ်ကြောင့် ပြင်သစ်ကျောင်းများ ပိတ်ပင်"

ပြင်သစ်နိုင်ငံမှာ အပူလှိုင်းကြောင့် ဒါဇင်နဲ့ချီတဲ့ စာသင်ကျောင်းတွေကို စတင်ပိတ်ပင်နေပြီဖြစ်ပြီး နေရာဒေသအချို့ရဲ့ အပူချိန်ဟာ ယနေ့ (ဇွန် ၂၇ ရက်) မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ပါရီမြို့တောင်ဘက် Essonne ဒေသရှိ စာသင်ကျောင်း ၅၀ ကို လုံလောက်တဲ့ လေအေးပေးစနစ်မရှိတာကြောင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ထို့အတူ ဇွန်လ ၂၇ ရက်မှာလည်း ပါရီအနီးရှိ Val-de-Marne နဲ့ Seine-et-Marne ဒေသတွေမှာ စာသင်ကျောင်းများ ပိတ်ပင်သွားမယ်လို့ ပြင်သစ်သတင်းဌာန BFMTV က ပြောပါတယ်။ ပြင်သစ်မှာ အပူချိန်မြင့်တက်နေစဉ် ရေဆင်းကူးသူသုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"စစ်မီးမွှေးက စစ်မီးတောက်မည်"

ရခိုင်ပြည်နယ်မှာတော့ နေရာအနှံ့ ဟိုနေရာဖြစ်လိုက်ဒီနေရာဖြစ်လိုက် တိုက်ပွဲတွေဖြစ်နေတာကြားနေရပါတယ်။ စစ်ဟာ ခါးသည်းပါတယ်။ ဒါပေ မဲ့ ဒီစစ်ပွဲကို စတင်မိတ်ဆက်တဲ့သူက AA အဖွဲ့ဖြစ်ပြီး ဒီစစ်ပွဲကိုပဲ အရှိန်မြှင့်သထက်မြှင့်တင်နေတဲ့အဖွဲ့ကလည်း AA အဖွဲ့ပဲဖြစ်ပါတယ်။ တပ်မတော်ဟာ စစ်ရေးနဲ့ပတ်သက်လာရင် လိုအပ်သလို ဗျူဟာပြောင်းလေ့ရှိပါတယ်။ ရန်သူ့အင်အား၊ နောက်ခံအခြေအနေ၊ ရည်ရွယ်ချက်၊လှုပ်ရှားမှုစသဖြင့်ရန်သူ့အခြေအနေမျိုးမျိုးပေါ်မူတည်ပြီး တပ်မတော်က လိုအပ်သလို စစ်ကစားသွားမှာပဲဖြစ်တယ်။

ဆေးဖြစ်ဝါးဖြစ် သုံးစွဲတဲ့ ဆေးခြောက် မရနိုင်ခြင်းကြောင့် အစ္စရေးမှာ အခက်ပွေ

ဆေးခြောက်ကို ဆေးဝါးအဖြစ် မှီခိုနေရတဲ့ အစ္စရေးပြည်သူတွေအနေနဲ့ ဆေးခြောက်မရနိုင်ဘဲ ဖြစ်နေတာကို ကြုံနေရတာကြောင့် ဆိုးဝါးတဲ့ အတိဒုက္ခနဲ့ ရင်ဆိုင်နေရကြပါတယ်။ ကိုက်ခဲနာကျင်မှု ဝေဒနာတွေ သက်သာဖို့အတွက် ဆေးခြောက်ကို ဆေးဝါးလို မှီခိုသုံးစွဲနေရသူ လူနာထောင်ပေါင်းများစွာဟာ ဆေးခြောက်မရနိုင်တာ လအတော်အတန် ကြာမြင့်နေပြီ ဖြစ်တာကြောင့် သူတို့ ဝေဒနာတွေရဲ့ ကြောက်မက်ဖွယ် ဆိုးဆိုးဝါးဝါး နှိပ်စက်မှုကို ခါးစည်းခံနေရတော့တာ ဖြစ်ပါတယ်။

ကော်လိုရာဒိုတွင် Google map ၏ လမ်းညွှန်မှုမှားသွားပြီး ရာဂဏန်းခန့်ရှိသည့်ကားများ ကွင်းပြင် ရွှံ့ထူလမ်းတွင် ပိတ်မိ

Image may contain: people standing, sky, mountain, outdoor and natureအမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုတွင် google map ကပြသည့်ဖြတ်လမ်းအတိုင်း မောင်းနှင်ရာမှ ကားစီးရေ (၁၀၀)ခန့်မှာ ကွင်းပြင်တစ်ခုရှိ ရွှံ့ထူထပ်သောလမ်းတွင် ပိတ်မိသွားကြကြောင်း သိရသည်။ ယာဉ်ကြောပိတ်ဆို့နေသည့် ပဲန်နာဘိုးလ်ဗတ်လမ်းမှ ဒင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်ဘက်သို့ သွားသည့်ဖြတ်လမ်းသို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က မောင်းနှင်ကြရာမှ ရွှံ့ထူသည့်လမ်းဘက်ရောက်သွားကြခြင်းဖြစ်ကာ အချို့ကားများမှာ ရွှံ့ထဲနစ်နေကြကာ လမ်းပိတ်ဆို့သွားကြောင်း သိရသည်။

၁၅ နှစ်အောက်လူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု သုံးဆမြင့်တက်လာဟု ဆို

အသက် ၁၅ နှစ်အောက်လူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအရေအတွက်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သုံးဆမြင့်တက်လာသည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။ေ နပြည်တော်တွင် ဇွန်လ ၂၅ ရက်ကကျင်းပသည့် “မဟာဗျူဟာမြောက် ကျန်းမာရေးဆက်သွယ်မှု လုပ်ငန်းပညာရပ်ဖြင့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ဝက်. ပထမ(၆) လ တာ ကာလ အတွင်း. အမြန်လမ်း မကြီး တလျှောက် ယာဉ် မတော်တဆ ထိခိုက် ဒဏ်ရာရ မှု

၂၀၁၉ ခုနှစ် နှစ်ဝက်. ပထမ(၆) လ တာ ကာလ အတွင်း. အမြန်လမ်း မကြီး တလျှောက် ယာဉ် မတော်တဆ ထိခိုက် ဒဏ်ရာရ မှု မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဇန်နဝါရီလ.     ဖြစ်ပွား(၄၃) မှု သေဆုံး(၅) ဦး     ဒဏ်ရာရ(၅၉) ဦး
ဖေဖေါ်ဝါရီလ.    ဖစ်ပွား(၄၀) မှု သေဆုံး(၉) ဦး     ဒဏ်ရာရ(၅၄) ဦး
မတ်လ.    ဖြစ်ပွား(၅၂) မှု. သေဆုံး(၂၀)ဦး     ဒဏ်ရာရ(၁၂၂)ဦး
အေပြီလ.   ဖြစ်ပွား(၅၈) မှု သေဆုံး(၉)ဦး     ဒဏ်ရာရ(၁၄၄) ဦး
မေလ.   ဖြစ်ပွား(၄၁) မှု သေဆုံး(၆)ဦး     ဒဏ်ရာရ(၇၀)ဦး
ဇွန်လ.     ဖြစ်ပွား(၂၄) မှု. သေဆုံး(၁)ဦး  ဒဏ်ရာရ(၂၃)ဦး
စုစုပေါင်း   ဖြစ်ပွား(၂၅၈) မှု. သေဆုံး(၅၀)ဦး(၃၀/၂၀)    ဒဏ်ရာရ (၄၇၂) ဦး (၂၅၃/၂၁၉)

ပေါ့ဘာကို မခေါ်ယူနိုင်ခဲ့ပါက ၎င်းရဲ့ အစား ရီးရဲယ်မက်ဒရစ် အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမား ၃ ဦး ထွက်ပေါ်လာခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လက်လွှတ်သွားဖို့ မရှိတဲ့ အခြေအနေကြောင့် ရီးရဲယ်မက်ဒရစ် အသင်းဟာ ၎င်းရဲ့ အစား အခြား ပစ်မှတ်တွေ ဘက်ကိုသာ မျှားဦးလှည့် သွားဖို့ ပြင်ဆင် နေပါတယ်။ ပြင်သစ် နဲ့အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပေါ့ဘာဟာ ယူနိုက်တက် ကနေ ထွက်ခွာ သွားဖို့ ရှိနေတာနဲ့ ပက်သက်ပြီး မကြာသေးမီက လူသိရှင်ကြား ထုတ်ဖော် ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဘက်ကတော့ ပြင်သစ် လက်ရွေးစင် ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချထားတယ်လို့ သိရပါတယ်။ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အလားအလာ နည်းပါး နေတာကြောင့် ရီးရဲယ်ဟာ ၎င်းရဲ့ အစား ကစားသမာ ၃ ဦး ကို ဆန်ကာတင် ပစ်မှတ် အဖြစ် သတ်မှတ် ထားပါတယ်။

ထောက်ကြံ့မြို့နယ် ပြည်လမ်း နာရီစင်မှတ်တိုင်အနီးတွင် ပဲခူး-ရန်ကုန် ခရီးသည်တင် ဟိုင်းလက်ယာဉ်တစ်စီး လမ်းဘေးအပင်များကို ဝင်တိုက်ပြီး ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ပုလဲ အရန်မီးသတ်)ထောက်ကြန့်မြို့နယ် ပြည်လမ်း နာရီစင်မှတ်တိုင်အနီးတွင် ပဲခူး-ရန်ကုန် ခရီးသည်တင်ယာဉ် ဟိုင်းလက် ယာဉ်တစ်စီး စလစ်ဖြစ်ကာ လမ်းဘေးအပင်များအား ဝင်တိုက်ပြီး တိမ်းမှောက်မှု ဇွန် ၂၆ ရက် နံနက် ၅ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ေ ထာက်ကြန့်မြို့နယ် ပြည်လမ်း နာရီစင်မှတ်တိုင်ရှေ့တွင် ရန်ကုန် မှ ပဲခူးဘက်သို့ မောင်းနှင်လာစဉ် စလစ်ဖြစ်ကာ လမ်းဘေးသို့ ထိုးကျသွားပြီး လမ်းဘေးရှိ သစ်ပင်များကို ဝင်တိုက်မိကာ တိမ်းမှောက် သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ အဆိုပါနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်နောက်လိုက်ဖြစ်သူမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ တိမ်းမှောက်သည့် ယာဉ်တွင် ခရီးသည်များ မပါရှိကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ် မတိုင်မီတွင် စက်ရုပ်များက အလုပ်အကိုင် သန်း ၂၀ ခန့်ကို အစားထိုးနေရာယူမည်

စက်ရုပ်များသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီတွင် ကမ္ဘာတစ်ဝန်း၌ ကုန်ထုတ်လုပ်မှု အလုပ်အကိုင် သန်း ၂၀ ခန့်ကို လွှဲပြောင်း ရယူမည်ဖြစ်ပြီး စီးပွားရေး ထုတ်လုပ်မှု  တိုးတက်လာမည် ဖြစ်သော်လည်း လူမှုမညီမျှမှုများကို ပိုဆိုးစေလိမ့်မည်ဟု လေ့လာမှုသစ်တစ်ရပ်က ဖော်ပြသည်။ စက်များက ကုန်ထုတ်လုပ်မှုများ လုပ်ကိုင်လာနိုင်ခြင်းနှင့် နည်းပညာက လူသား၏ အထောက်အကူ ရယူမှု အနည်းဆုံး ဖြစ်လာခြင်းတို့သည် စီးပွားရေး အကျိုးအမြတ်ကို ပေးမည် ဖြစ်သော်လည်း ကျွမ်းကျင်မှုနိမ့် အလုပ်အကိုင်များ ပျောက်ဆုံးသွားကာ စီးပွားရေးနှင့် လူမှုရေးဖိအားများကို ပို၍ ဆိုးစေလိမ့်မည်ဟု Oxford Economics က လေ့လာမှုတွင် ဖော်ပြခဲ့သည်။

စင်ကာပူက လာမည့် သုံးနှစ်အတွင်း နည်းပညာ အလုပ်အကိုင် ၁၀,ဝ၀ဝ ဖန်တီးပေးနိုင်ရန် မျှော်မှန်း

စင်ကာပူနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ နည်းပညာဗဟိုချက် တစ်ခုဖြစ်လာစေရေး အစီအစဉ်တစ်ရပ်အရ သုံးနှစ်အတွင်း နည်းပညာကဏ္ဍဍတွင် အလုပ်အကိုင် ၁၀,ဝ၀ဝ ဖန်တီးပေးရန် စီစဉ်ထားသည်ဟု အစိုးရက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ စင်ကာပူ ဒစ်ဂျစ်တယ်ဌာန (DISG) ဟု ခေါ်သော အစိုးရရုံးဌာနအသစ်က ယင်းအစီအစဉ်ကို ဦးဆောင်မည် ဖြစ်သည်။ အနာဂတ်မူဝါဒအား ပုံဖော်ရေးအတွက် ပြည်ပ နည်းပညာလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး၊ ဒေသတွင်း စီးပွားရေး လုပ်ငန်းများထံမှ ပံ့ပိုးမှုများ ရရှိရေး၊ သက်ဆိုင်ရာကဏ္ဍဍနှင့် လက်တွဲ လုပ်ဆောင်ရေးတို့အတွက် လက်ရှိ အစိုးရဌာနများထံမှ ကြိုးပမ်း အားထုတ်မှုများကို DISG က တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။

ထိန်းသိမ်းခံ ရွှေ့ပြောင်းကလေးများ၏ အခြေအနေ ဆိုးရွားမှုအား ဝေဖန်မှု ထွက်ပေါ်နေစဉ် အမေရိကန် နယ်ခြားစောင့်အဖွဲ့ အကြီးအကဲ ရာထူးမှနုတ်ထွက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကလင့်မြို့၌ လူပြည့်ကျပ်နေသော နယ်စပ်စောင့်ကြပ်ရေးစခန်းတွင် ရွှေ့ပြောင်းအခြေချ ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ထားမှု အခြေအနေသည် စိုးရိမ်စရာကောင်းကြောင်း လူထု၏ ဝေဖန်မှု ထွက်ပေါ်နေစဉ် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အေဂျင်စီ (CBP) ယာယီအကြီးအကဲ ဂျွန်ဆန်းဒါးသည် ဇူလိုင် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားကြောင်း ဇွန် ၂၅ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို အလျှော့ပေးမည် မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

အမေရိကန်သည် ゞင်းတို့အား ဒူးထောက်လာစေရန် ကြိုးပမ်းနေသည်ဟု မြောက်ကိုရီးယားက ဇွန် ၂၆ ရက်တွင် စွပ်စွဲပြီး အမေရိကန် ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို အလျှော့ပေးမည် မဟုတ်ဟု ပြောကြားခဲ့သည်။ေ ခါင်းဆောင်ကင်ဂျုံအွန်နှင့် သမ္မတဒေါ်နယ်ထရန့်ကြားတွင် မကြာသေးမီ အချိန်အထိ စာအဆက်အသွယ် အပြန်အလှန် ရှိနေကြသော်လည်း မြောက်ကိုရီးယားသည် အမေရိကန်အပေါ် မယုံကြည်မှုများ ရှိနေသေးသည့် အကြောင်း ယခုထုတ်ပြန်ချက်က ပြသနေသည်။

ထရန့်-ရှီ ကုန်သွယ်ရေးစစ်ပွဲ၏ ဆင့်ပွားထိခိုက်မှုများနှင့် ပတ်သက်၍ သြစတြေးလျသတိပေး

တရုတ်နှင့် အမေရိကန်ကြားမှ ကုန်သွယ်ရေးပဋိပက္ခ၏ ဆင့်ပွားထိခိုက်မှုကြောင့် သေးငယ်သော နိုင်ငံများ၌ အထိနာလာစေနိုင်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်  ခြိမ်းခြောက်မှု ဖြစ်နေသည့်အကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဇွန် ၂၆ ရက်တွင် သတိပေးခဲ့သည်။ ကမ္ဘာပေါ်တွင် အရေးကြီးဆုံး အပြန်အလှန် ဆက်ဆံရေးဖြစ်သော အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အက်ကြောင်း ထင်လာပြီ ဖြစ်သည်ဟု မော်ရစ်ဆင်က ဝါရှင်တန်မှ မဟာမိတ်များထံသို့ ရှားရှားပါးပါး လူသိရှင်ကြား သတိပေးမှုတစ်ခု ပြုလုပ်ခဲ့သည်။

ရှက်ရွံ့စက်ဆုပ်ဖွယ်ကောင်းသော ဆိုက်ဘာအနိုင်ကျင့်မှု

ဆိုက်ဘာအနိုင်ကျင့်မှုများသည် မြန်မာ့လူ့အသိုက်အဝန်းတွင် လျော့နည်းသွားခြင်း မရှိဘဲ ပို၍တိုးလာသည်ဟု ဆိုရမလို ဖြစ်နေသည်။ လူမှုကွန်ရက်များ၊ ဆိုက်ဘာအသုံးပြုမှု မြင့်မားလာမှုနှင့်အတူ မြန်မာ့လူ့ အသိုက်အဝန်းတွင် ဆိုက်ဘာနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ တိုးလာ၍ ဆိုက်ဘာလုံခြုံရေးမြင့်သော အခြေအနေ တစ်ခုကို ဖန်တီးပေးနိုင်ခြင်း မရှိသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ ယနေ့ချိန်ထိ လူမှုကွန်ရက် အမျိုးမျိုးကို အသုံးချ၍ အနိုင်ကျင့် စော်ကားမှုများ ပို၍ရဲတင်းစွာ ပြုလုပ်နေမှုများလည်း တွေ့နေရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိရာမှ ကွင်းဆက်များနှင့် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် တရားခံများနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (Photo: ရဲဇာနည်)ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိရာမှ ကွင်းဆက်များ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၂၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဇွန်၂၃ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် Cathay Dragon Airlines ဖြင့် ဟောင်ကောင်လေဆိပ်သို့ လိုက်ပါမည့် ဝမ်းတွင်းမြို့နယ်၊ ညီနောင်ရပ်ကွက်နေ ဝင်းသူနိုင် (၂၅ နှစ်) ၏ ခရီးဆောင်အိတ်ကို X-Ray ဖြတ်သန်း စစ်ဆေးစဉ် အိတ်အတွင်းမှ ဘိန်းဖြူ ၂၀ဝ၀ ဂရမ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

H1N1 ပြင်းထန် တုပ်ကွေးကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၀ ဦး ထိရှိလာ၊ ကူးစက်ခံရသူ ၄၄ ဦးရှိ

မြန်မာတစ်နိုင်ငံလုံးတွင် H1N1 ပြင်းထန်ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးကပြောသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၉ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁ ဦး စုစုပေါင်း ၁ဝဦးသေဆုံးသွားပြီဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။ “သေဆုံးသွားတဲ့သူတွေကို စစ်ကြည့်တဲ့အခါမှာ H1 N1 ရောဂါပိုးရှိနေတာကိုတွေ့ရတယ်” ဟု ဒေါက်တာ ဖြူဖြူအေးကပြောဆိုသည်။ လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၂၁၂ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၄၄ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

မီတာခ နှစ်ဆကျော်၊ သုံးဆ တိုးမြှင့်တာတွေဟာ နွမ်းပါးတဲ့ ပြည်သူတွေကိုပဲ ပိုကျပ်တည်းစေမလား

(၁)လျှပ်စစ်ဝန်ကြီးဌာနဟာ အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားခတွေကို တိုးမြှင့်မယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာခဲ့တဲ့ အချိန်တုန်းက “ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်တယ်” လို့ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်က နေပြည်တော်မှာ ပြောကြားခဲ့တဲ့ စကားဟာ လူသိများခဲ့ပါတယ်။

ပီနန်ကမ်းခြေတစ်နေရာတွင် ရေတားနံရံတစ်ခု တည်ဆောက်နေစဉ်ပြိုကျသဖြင့် မြန်မာနိုင်ငံသား(၄)ဦးသေဆုံး

Image may contain: outdoorမလေးရှားနိုင်ငံ ပီနန်ကမ်းခြေတစ်နေရာတွင် ရေတားနံရံတစ်ခု တည်ဆောက်နေစဉ် ဇွန်လ(၂၅)ရက်ည ဒေသစံတော်ချိန် ၉ နာရီ ၄၅မိနစ်ခန့်က ပြိုကျခဲ့သဖြင့် မြန်မာနိုင်ငံသား(၄)ဦး အသက်ဆုံးရှုံးခဲ့သည်။ အဆိုပါ မြန်မာ(၄)ဦးသည် အရှင်လတ်လတ်မြေမြှုတ်ခံလိုက်ရသည့်နှယ်ဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောကြောင်း ရဲတပ်ဖွဲ့ဆိုသည်။ ရုပ်အလောင်း(၄)ခုကို ပြန်လည်တွေ့ရှိရာ (၃)ဦးမှာ မတ်တပ်အနေအထားဖြင့် သေဆုံးနေကြောင်းသိရသည်။

အိမ်ဖော်အမျိုးသမီးရေချိုးနေခြင်းကို ဗီဒီယိုခိုးရိုက်သူအား စင်ကာပူတွင် ထောင်ဒဏ် ၃လ အပြစ်ပေး

ဇနီးဖြစ်သူ၏အိမ်ဖော်ရေချိုးနေသည်ကို ကာယကံရှင်မသိပဲ ဗီဒီယိုရိုက်ကူးသူ စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်ဝင်ပေါက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးအား စင်ကာပူတရားရုံးမှ ထောင်ဒဏ် ၃လ ယမန်နေ့က အပြစ်ပေးလိုက်ကြောင်းသိရသည်။ ထိုသူသည် သူတို့နှင့် အတူ တစ်အိမ်ထဲတွင်နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိမ်ဖော် ရေချိုးသည်ကို ချောင်းရန် ၂၀၁၆ခုနှစ်ကတည်းကပင်လျှင် စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာနကဆိုသည်။

ရတနာပုံ ဆိုက်ဘာစီးတီးကို ရမှတ် ၄၂ဝ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)ကိုရမှတ် ၄၂ဝနှင့်အထက်ရရှိသူ များလျှောက်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူ၃၅ဝလက်ခံမည် ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား ကျောင်းသူများ လျှောက်ထားနိုင် သည့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ဝင်ခွင့်ကို ထုတ်ပြန် ကြေညာထားရာတက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒဘာသာ ရပ်များပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင်ရမှတ်၄၂ဝနှင့် အထက်ရရှိသူများ လျှောက်ထား နိုင်ပြီး စုစုပေါင်းကျောင်းသား ကျောင်းသူ ၃၅ဝ လက်ခံမည်ဖြစ် ကြောင်းသိရသည်။

ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကို ကွန်ပျူတာအခြေပြု လူတစ်ဦးချင်း အင်တာဗျူးသည့်စနစ် အသုံးပြုကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို Mobile Tablets များဖြင့် ကွန်ပျူတာအခြေပြု လူတစ်ဦးချင်းအင်တာဗျူးသည့်စနစ် (CAPI) ကိုအ သုံး ပြု၍ ကောက်ယူမည်ဖြစ်ကြောင်းသိရသည်။ လာမည့် နိုဝင်ဘာလတွင် ကောက်ခံမည့် ကြားဖြတ်သန်းခေါင်စာရင်းကို ကွန်ပျူတာအခြေပြု လူတစ်ဦးချင်းအင်တာဗျူးသည့်စနစ် (Computer Assisted Personal Interviewing –CAPI) နည်း ပညာကိုအသုံးပြု၍ ကောက်ယူသွားမည်ဖြစ်ကြောင်း ဇွန်၂၅ ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အသုံးပြုမည့် မေးခွန်းပုံစံတွင်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေမြောင်းကြီးများ သန့်ရှင်းရေးအတွက် လိုအပ်သော စက်ယန္တရားများ ဝယ်ယူမည်

ရေမြောင်းကြီးများကို သန့်ရှင်းရေးပြုလုပ်ရာ၌ လိုအပ်သော ခေတ်မီစက်ယန္တရားများအား ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဝယ်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ဇွန်၂၅ရက် ရန်ကုန်တိုင်းလွှတ် တော်အစည်းအဝေးတွင် မင်္ဂလာ တောင်ညွန့် မြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်၏ ရေမြောင်းကြီးများ သန့်ရှင်းရေးပြုလုပ်ရာတွင် ခေတ်မီစက်ကိရိယာများယခု ထက်ပိုမိုအသုံးပြုရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန် မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ခုပ်ကုန်း ကမ်းခြေတွင် ရင်းနှီးမြှုပ်နှံရန် တွက်ခြေကိုက်၊ မကိုက် စစ်တမ်းကောက်မည်

လက်ခုပ်ကုန်းကမ်းခြေသို့ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်ရန် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ စစ်တမ်းကောက် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကွမ်းခြံကုန်းမြို့န ယ် လက်ခုပ်ကုန်းကမ်းခြေတွင် ဒေသခံ မိရိုးဖလာ ဈေးဆိုင်ခန်းများ ဖွင့်လှစ်သည့် အခြေအ နေသာရှိနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် လိုအပ်သော အခြေခံအဆောက်အအုံ၊ ရေချိုနှင့် လျှပ်စစ်မီး မရှိသေးပေ။ ထို့ကြောင့် ကမ်းခြေ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေချိုနှင့် လျှပ်စစ်မီးတို့ ဖြည့် ဆည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။

မန်းပဲမျိုးစုံ ဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးနှုန်း တည်ငြိမ်လျက်ရှိ တရုတ် ဝယ်လိုအားကောင်းသည့် နှမ်းနက်များ ဈေးမြင့်လာ

ယခုရက်ပိုင်း မန္တလေးမြို့၊ ပဲမျိုးစုံဈေးကွက်အတွင်း အိန္ဒိယနိုင်ငံသို့ ပုံမှန်တင် ပို့နေသည့် မတ်ပဲနှင့်ပဲစင်းငုံအသစ်တို့မှာ ဈေးနှုန်း တည်ငြိမ် လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသထွက် အရည်အသွေးကောင်း နှမ်းနက် များ မှာ တရုတ်နိုင်ငံမှ ဝယ်လိုအားများနေမှုကြောင့် တစ်အိတ် လျှင် ကျပ် ၂၆ဝဝဝဝ ဝန်းကျင်ဈေးအထိ ရောက်ရှိလာကြောင်း ပဲပွဲစား၊ ကုန်သည်များနှင့် စက်ပိုင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၇ဝဝဝ ကျော် အနက် ၁ဝဝဝ ကျော်သာ ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်ရန် စာရင်းပေးထား ဟုဆို

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၇ဝဝဝ ကျော်ရှိသည့်အနက် အိမ် ထောင်စု ၁ဝဝဝ ကျော်သာ ပြည်နယ်အစိုးရ တည်ဆောက်ပေးမည့် ကယ်ဆယ်ရေး စခန်း၌ နေထိုင်ရန် စာရင်းပေးထားကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။ ရခိုင်ပြည်နယ်အစိုးရက တည် ဆောက်ပေးမည့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ရန်စာရင်း ပေးထားသည့် မြို့နယ်နှင့် အိမ် ထောင်စုစာရင်းများမှာ မင်းပြား မြို့နယ်တွင် ၁၄ စု၊ မြောက်ဦးမြို့ နယ်တွင် ၃၉၅ စု၊ ပေါက်တောမြို့ နယ်တွင် လေးစု၊ ပုဏ္ဏားကျွန်းမြို့ နယ်တွင် ၂ဝ၁ စု၊ ရသေ့တောင်မြို့ နယ်တွင် ၄ဝ၅ စုနှင့် ဘူးသီးတောင် မြို့နယ်တွင် ၁၂၈ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၁၄၇ စု စာရင်း ပေးထားသည်။

ဥပဒေများသည် လူထုကို အကျိုးပြုနိုင်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်နိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ဥပဒေများသည် လူထုကိုအကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်သည့်ဥပဒေဖြစ်ဖို့လို အပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ဇွန် ၂၅ရက်က ရန်ကုန်မြို့ရှိ IBC ၌ ပြုလုပ်ခဲ့သော 'သစ်တော နည်းဥပဒေ(မူကြမ်း)အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေး ခြင်းနှင့်အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ မဟာဗန္ဓုလ ပန်းခြံရှေ့ ဟောပြောနေပုံ အသံမပါသည့် စီစီတီဗွီဖိုင်နှင့် ဓာတ်ပုံခြောက်ပုံကို တရားရုံးက သက်သေခံအဖြစ် လက်ခံ

ဦးဝီရသူအား တရားစွဲထားမှုတွင် မဟာဗန္ဓုလပန်း ခြံရှေ့တွင် ဦးဝီရသူဟောပြောနေသည်ကို ရိုက်ကူးထားသည့် အသံမပါသည့် စီစီတီဗွီဖိုင်နှင့် ဓာတ်ပုံ ခြောက်ပုံကို တရားရုံးက သက် သေခံအဖြစ် လက်ခံလိုက်သည်။ ဇွန် ၂၅ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ဦးဝီရသူ၏ မျက်ကွယ်တွင် စစ်ဆေးခဲ့သည့် တရားလိုပြသက်သေ စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်အောင် ကသက်သေခံအဖြစ် တင်သွင်းပြီး တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန့်က '' ဒီနေ့ရုံးချိန်းမှာသက်သေသုံး ယောက်စစ်ပါတယ်။ အသံမပါတဲ့ စီစီတီဗွီဖိုင်နဲ့ ဓာတ်ပုံခြောက်ပုံသက်သေခံသွင်းပါတယ်။ လက်ခံလိုက်တယ်''ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

လူမှုဖူလုံရေးအဖွဲ့၏ အငယ်တန်းစာရေး အလုပ်အကိုင် ရာထူးအတွက် BE အင်ဂျင်နီယာဘွဲ့ရများ ထည့်သွင်းခေါ်ယူနေခြင်းအပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ များစွာ ဝမ်းနည်းရကြောင်း သဘောထား ထုတ်ပြန်

လူမှုဖူလုံရေး အဖွဲ့၏ အငယ်တန်းစာရေးအလုပ် အကိုင်ရာထူးအတွက် BE အင်ဂျင်နီယာဘွဲ့ရများထည့်သွင်း ခေါ်ယူနေခြင်းအပေါ် မြန်မာ့အင်ဂျင် နီယာပညာရေးကို ပြက်ရယ်ပြုဟုဆိုကာ ကန့်ကွက် ခံနေရကြောင်းသိရသည်။ ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချ ကြောင်းကို နည်းပညာတက္ကသိုလ် မှော်ဘီကျောင်းသားများသမဂ္ဂမှ ဇွန် ၂၂ ရက်ကလည်းကောင်း၊ မြန်မာ့အင်ဂျင်နီယာပညာရေး၏မူလ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် များကွဲလွဲနေသဖြင့် ဝမ်းနည်းရ ကြောင်းတို့ကို မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ်တို့မှလည်းကောင်း ဇွန်၂၅ရက်တို့တွင် အသီးသီး သ ဘောထားထုတ်ပြန်ထားကြောင်း သိရသည်။

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ပြန်လည်ပြင်ဆင် ပြီးစီးသွားသည့် ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော မော်တော်ကား၊ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူနှင့် တံဆိပ်ခေါင်းများကို ပြသထားမည်

Image may contain: one or more people, car and outdoorဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)တွင်ပြုလုပ် မည့်(၇၂)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားအထူးပြပွဲတွင် ပြန်လည်ပြင်ဆင်ပြီးစီး သွားပြီဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့ သော မော်တော်ကားနှင့် ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူ၊ တံဆိပ်ခေါင်းများကို ပြသထား မည်ဖြစ်ကြောင်း သိရသည်။ြ ပပွဲကို ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ဗိုလ်ချုပ်အောင် ဆန်းပြတိုက်(ရန်ကုန်)တွင် အခမဲ့ ပြသထားမည်ဖြစ်သည်။

ယီမင်အိုင်အက်စ် အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးရမိဟု ဆော်ဒီတပ်ဖွဲ့ပြောကြား

ယီမင်နိုင်ငံမှ အိုင်အက်စ် အဖွဲ့ခွဲ ခေါင်းဆောင်ကို ဆော်ဒီ အထူးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ သည်ဟု ယီမင်တွင် တိုက်ခိုက်နေ သည့် ဆော်ဒီဦးဆောင်သော စစ် ဘက်မဟာမိတ်အဖွဲ့က ပြော ကြားသည်။  အိုင်အက်စ်အဖွဲ့ခွဲခေါင်း ဆောင် အဘူအိုစမာအယ်လ်မူ ဟာဂျာနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကြီးအကဲ အပါအဝင် အဖွဲ့ဝင်အများအပြားကို ဆော်ဒီနှင့် ယီမင်တပ်ဖွဲ့များက နေအိမ်တစ်လုံးကို စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့ သည်ဟု မဟာမိတ် အဖွဲ့ကို ကိုးကား၍ ဆော်ဒီအစိုးရ သတင်းအေဂျင်စီ SPA က ပြောကြား သည်။ ၁၀ မိနစ်ကြာမြင့်သော စစ် ဆင်ရေးအတွင်း လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ဆက် သွယ်ရေးပစ္စည်းများလည်း ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။

၂၀၁၇ တွင် ကိုကင်းထုတ်လုပ်မှု စံချိန်သစ်တင်ခဲ့ဟု ကုလသမဂ္ဂ ပြောကြား

၂၀၁၇ တွင် ကမ္ဘာ့ ကိုကင်းထုတ်လုပ်မှုသည် စံချိန် သစ်တင်ပြီး ယင်းမတိုင်မီ တစ် နှစ်စံချိန်ထက် ၂၅ ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု အေဂျင်စီက ၎င်းတို့၏ နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြသည်။ ကမ္ဘာပေါ်တွင် ကိုကင်း အများဆုံးထုတ်လုပ်သော ကိုလံ ဘီယာနိုင်ငံ၌ ဖာ့စ်သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရပြီးနောက် ကျေးလက်လူထုကို ကိုကင်းမစိုက်ပျိုးရန် ကြိုးပမ်းမှု များ ရှိသော်လည်း ဝေးလံသော စိုက်ခင်းသစ်များနှင့် ရာဇဝတ် ဂိုဏ်းများကြောင့် ကိုကင်းထုတ် လုပ်မှု တိုးတက်ခဲ့သည်။

ဂမ်ဘီယာသမ္မတဟောင်း ဂျမ်မီးက မိမိကို အဓမ္မပြုကျင့်ခဲ့ဟု အလှဘုရင်မဟောင်း ပြောကြား

Image may contain: 4 people, people standing
သမ္မတဟောင်း ယာ ဟယာဂျမ်မီးသည် ၎င်းတာဝန် ထမ်းဆောင်စဉ်အတွင်း ၂၀၁၅ က မိမိကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံမှ အသက် (၂၃) နှစ်အရွယ် အလှဘုရင်မဟောင်း ဖာတိုဂျယ်လိုက ပြောကြားသည်။ ၎င်း၏ သက်သေခံထွက်ဆိုမှု သည် ဂျမ်မီးကျူးလွန်ခဲ့သည်ဆို သော နောက်ထပ်မုဒိမ်းမှုနှင့် လိင် ပိုင်းအကြမ်းဖက်မှု အသေးစိတ် ကို ဖော်ပြထားသည့် လူ့အခွင့် အရေးစောင့်ကြည့်ရေးနှင့် နိုင်ငံ တကာ အမှုအစီရင်ခံစာ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

အခွန်ကောက်ခြင်းအပေါ် သတ်မှတ်ချက်များ အမေရိကန် လက်ခံမည်မဟုတ်

ဂျပန်နိုင်ငံ၌ သမ္မတ ဒေါ်နယ် ထရန့်နှင့် သမ္မတ စီကျင်းပင် စနေနေ့ တွေ့ဆုံမှု အပြီးတွင် တရုတ်နိုင်ငံနှင့် ကုန် သွယ်ရေးဆွေးနွေးပွဲကို ပြန်လည် စတင်ရန် အမေရိကန်က မျှော်လင့်ကြောင်း၊ သို့သော် အငြင်း ပွားမှုတွင် အမေရိကန်က အခွန်အ ကောက်များ ချမှတ်နေခြင်းကိစ္စ နှင့် ပတ်သက်၍ သတ်မှတ်ချက် များကို ဝါရှင်တန်က လက်ခံမည် မဟုတ်ကြောင်း ကန်အရာရှိကြီး တစ်ဦးက ပြောသည်။ စီကျင်းပင်နှင့် တွေ့ဆုံမှု တွင် တိုးတက်မှုမရှိပါက တရုတ် နိုင်ငံမှ နောက်ထပ် ကန်ဒေါ်လာ ၃၂၅ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန်များ ချမှတ်ရန် ဒေါ်နယ်ထရန့်က ခြိမ်းခြောက် ထားသည်။

အယူခံဝင်ထားစဉ် သမ္မတဟောင်း လူလာကို လွှတ်ပေးရေး ဘရာဇီးတရားရုံးချုပ် ပယ်ချ

 အကျင့်ပျက် ခြစားမှုအတွက် ပြစ်မှုထင်ရှား တွေ့ရှိချက်များအပေါ် ဘရာဇီး သမ္မတဟောင်း လူးဝစ်အင်နာစီ ယိုလူလာဒါဆေးလ်ဗား၏ အယူ ခံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန် ဘရာဇီးတရားရုံးချုပ်က နောက်ဆုတ်ခဲ့သည်။ ဆုံးဖြတ်ချက်ထွက်ပေါ်ချိန် အထိ လူလာကို လွှတ်ပေးရေး အဆိုပြုချက်တစ်ရပ်ကို တရားရုံး ချုပ်တရားသူကြီးများက ပယ်ချ သည်။ယခုအခါ ယင်းဆုံးဖြတ်ချက်ကို အနည်းဆုံး ဩဂုတ်အထိ ရွှေ့ဆိုင်းထားသည်။ လူလာ (၇၃)နှစ်သည် သီး ခြားပြစ်မှုနှစ်ခုအတွက် ထောင် ဒဏ် ၂၅ နှစ် ကျခံနေရသည်။

ဆန္ဒပြပွဲများတွင် ပဋိပက္ခဖြစ်ပွားပြီးနောက် ဟောင်ကောင်သို့ မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်များတင်ပို့မှုကို ဗြိတိန်ဆိုင်းငံ့

 ဗြိတိန်က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခဖြစ် ပွားမှုများကို အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဟောင်ကောင်ကို တိုက်တွန်းပြီး လူအုပ် ထိန်းချုပ်ရေး ပစ္စည်းကိရိယာများ တင်ပို့ခွင့်လိုင်စင်ကို ဆိုင်းငံ့ခဲ့ သည်။ေ ဟာင်ကောင်တွင် ဖြစ်ပေါ် နေသော အခြေအနေကို မိမိတို့ အလွန်စိုးရိမ်နေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် က အောက်လွှတ်တော်တွင် လွှတ်တော်အမတ်များအား ပြောကြား သည်။

အီးစီးကရက်များကို တားမြစ်သည့် ပထမဆုံး အမေရိကန်မြို့ ဆန်ဖရန်စစ္စကိုဖြစ်လာ

ဆန်ဖရန်စစ္စကို မြို့သည် အီးစီးကရက်များ ကြောင့် ကျန်းမာရေးထိခိုက်မှုများ ကို ပိုမိုရှင်းလင်းစွာ မသိရမီအထိ ယင်းစီးကရက် ရောင်းချမှုများကို တားမြစ်သည့် ပထမဆုံး အမေရိ ကန်မြို့ဖြစ်လာသည်။ အီးစီးကရက် ရောင်းချခြင်း မှ စတိုးဆိုင်များကို တားမြစ်ကာ ယင်းမြို့တွင် အွန်လိုင်းမှ အီးစီး ကရက်များ ရောင်းချမှုကို တား မြစ်ရန် အရာရှိများက အင်္ဂါနေ့၌ မဲခွဲဆုံးဖြတ်သည်။ ယင်းကယ်လီဖိုးနီးယားပြည် နယ်ရှိမြို့သည် အမေရိကန်တွင် လူကြိုက်အများဆုံး အီးစီးကရက် ထုတ်လုပ်သော ကုမ္ပဏီ Juul Labs အခြေစိုက်ရာမြို့ဖြစ်သည်။

အာဖရိကဖလား ဆွတ်ခူးရေးသည် ကြီးမားသောအိပ်မက်ဟု မာနေးပြောကြား

အာဖရိကနိုင်ငံများဖလား ဆွတ်ခူးရေးသည် မိမိအတွက် လီ ဗာပူးနှင့် ချန်ပီယံလိဂ်ဖလားရရှိ ခြင်းထက် လွန်ကဲမည်ဟု ဆာဒီ ယိုမာနေးက ပြောသည်။ ဇွန်လ ၁ ရက်က စပါးကို ၂-၀ ဂိုးဖြင့်နိုင်ပွဲတွင် အောင်ပွဲခံခဲ့ သော လီဗာပူး၏ ၂၀၁၈-၁၉ ချန် ပီယံလိဂ် ယှဉ်ပြိုင်မှု၌ မာနေး (၂၇) နှစ်က အဓိကနေရာမှပါဝင် ခဲ့သည်။ သို့သော် လီဗာပူး၏ ဥရောပပွဲ ၁၃ ပွဲစလုံးတွင် ပါဝင် ခဲ့သော မာနေးသည် မိခင်နိုင်ငံ ဆီနီဂေါကို အာဖရိကနိုင်ငံများ ဖလား ပထမဆုံးအကြိမ်ရရှိ အောင် ကူညီနိုင်ခဲ့ပါက ပိုမိုကြီး မားသော အောင်မြင်မှုရရှိနိုင်မည် ဖြစ်သည်။

ဘာစီလိုနာကွင်းလယ်လူ ဂိုမက်စ်ကိုအဲဗာတန်က ယူရို ၂၅ သန်းဖြင့် ခေါ်ယူ

အဲဗာတန်အသင်းက ဘာစီလိုမှ ပေါ်တူဂီကွင်းလယ်လူ အန်ဒရေးဂိုမက်စ်အား အပြီး သတ်ခေါ်ယူခဲ့သည်။ ဂိုမက်စ်သည် ယမန်နှစ်က အဲဗာတန်တွင် အငှားဖြင့်ကစား ပြီးနောက် အဲဗာတန်က ၎င်းကို ယူရို ၂၅ သန်းဖြင့် ခေါ်ယူခြင်းဖြစ် သည်။ပေါ်တူဂီဘောလုံးသမား ဂို မက်စ်ပြောင်းရွှေ့ရေး ဘာစီလိုနာ နှင့် အဲဗာတန်တို့ သဘောတူခဲ့ ကြောင်းနှင့် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်ကြောင်း ဘာစီလိုနာက ထုတ်ပြန်ပြော ကြားသည်။ ဂိုမက်စ် (၂၅) နှစ်သည်၂၀၁၆ က ယူရို ၃၅ သန်းဖြင့် ဗ လင်စီယာမှ ဘာစီလိုနာသို့ရောက် ရှိပြီး စိတ်ပျက်စရာနှစ်ရာသီ ဖြတ် သန်းခဲ့ရကာ ယမန်နှစ်က အဲဗာ တန် သို့    လာရောက်ကစားခဲ့သည်။

LGBT တွေကို ခွဲခြားမှုမျိုးမရှိစေချင်တဲ့ ဇွန်သံစဉ်

 LGBT များကို ဟာသ တစ်ခု၊ လှောင်စရာတစ်ခုကဲ့သို့ ပြက်ရယ်ပြုနေသူများ၏ စိတ်ကို အဓိကပြောင်းလဲစေလိုကြောင်း မော်ဒယ်၊သရုပ်ဆောင် အလှမယ် ဇွန်သံစဉ်က ပြောသည်။ ‘‘အဓိကက ၀ိုင်းဝန်းနှိပ်စက် တဲ့သူတွေ၊ နှိပ်ကွပ်တဲ့သူတွေ၊ နှိမ့်ချတဲ့သူတွေ ပပျောက်ဖို့ပဲလို တယ်။ သူတို့စိတ်ပြောင်းလဲဖို့ပဲ လိုတယ်။ ဒါလူသားထဲက လူတစ် ယောက်ပဲ။ ညီမကတော့ အဲဒီလို ပဲမြင်တယ်။ တချို့သူတွေက ဘာ ကြောင့် အဲဒီလိုဖြစ်တဲ့သူတွေကို နှိမ်တာလဲ၊ ခွဲခြားတာလည်း စဉ်း စားလို့ကို မရတာ။ ညီမကတော့ အဲဒီလိုလုံးဝမရှိဘူး။ ကိုယ်ကိုယ် တိုင် အဲဒီလိုဖြစ်နေရင် ဘယ်လို လုပ်မလဲ။

ပြည်ထောင်စုဝန်ကြီးနှစ်ဦး၏ ဖားကန့်ခရီးစဉ်တွင် ကျောက်စိမ်းကုမ္ပဏီများ၏ လုပ်ရပ်ကို ဒေသခံအချို့ ဝေဖန်

ဖားကန့်ဒေသတွင် မိုး တွင်းကာလ နွံရေကန်ကျိုးပေါက် မည်ကို စိုးရိမ်၍ ရေစုပ်ထုတ်ပေး ရန် ဒေသခံများ၏တောင်းဆိုမှုကို မလိုက်လျောခဲ့သော ကျောက် စိမ်းတူးဖော်ရေး ကုမ္ပဏီများက  ပြည်ထောင်စုဝန်ကြီးနှစ်ဦး လာ ရောက်ခါနီး စက်များဖြင့် ရေစုပ် ထုတ်ခြင်း ပြုလုပ်၍ ဒေသခံများ က ဝေဖန်နေသည်။ ဖားကန့်ဒေသ ပြန်လည်ထူ ထောင်ရေး အကောင်အထည် ဖော်ရန် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်း ၀င်းတို့ ဦးဆောင်သောအစိုးရအ ဖွဲ့က ဖားကန့်ဒေသသို့ ဇွန်လ ၂၄ ရက်တွင် သွားရောက်ခဲ့သည်။

တရားမ၀င်တက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်းခဲ့သည့် ရာထူးဝန်အဖွဲ့ကို အဂတိဥပဒေဖြင့် အရေးယူနိုင်ခြင်းမရှိဟု ကော်မရှင်အကြောင်းပြန်

 ပြည်ထောင်စုရာထူးဝန် အဖွဲ့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေအရ အရေးယူပေး နိုင်ခြင်းမရှိကြောင်း ကော်မရှင်က အကြောင်းပြန်သည်ဟု တိုင်ကြား သူကိုနေယံဦးက ယမန်နေ့တွင် ပြောသည်။ သက်ဆိုင်ရာနိုင်ငံများက အ သိအမှတ်ပြုမထားသည့်ပြည်ပ တက္ကသိုလ်နှစ်ခုနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့  ပူးပေါင်းခဲ့မှု တွင်အကျိုးစီးပွားဆက်နွှယ်မှု၊ အ ကျင့်ပျက်ခြစားမှု၊ အဂတိလိုက် စားမှုရှိ၊မရှိ စုံစမ်းစစ်ဆေးပေးရန် ကိုနေယံဦးက ယခုလဆန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ဒုတိယမြို့တော်ဝန်ခန့်အပ်၊ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးကိုတာဝန်ပေး

နိုင်ငံတော်သမ္မတ ရုံးခွင့်ပြုချက်ဖြင့် အုပ်ချုပ်ရေး မြို့တော် နေပြည်တော်၏ ဒုတိယ  မြို့တော်ဝန်အဖြစ် နေပြည်တော်  စည်ပင်ဘဏ်ဥက္ကဋ္ဌ  ဦးရဲမင်းဦးကို ဇွန်လ ၂၅ ရက်စွဲဖြင့် ခန့်အပ် သည်။ ‘‘ဟုတ်ပါတယ်ခင်ဗျ။ သူသ တင်းလာပို့တဲ့ အချိန်မှာ မူတည်ပါ တယ်။ မြို့တော်ဝန်ကို သတင်း လာပို့တဲ့အချိန်က စပြီးတာဝန် ထမ်းဆောင်ရမှာပါ’’ ဟု နေပြည် တော် စည်ပင်သာယာရေးကော် မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က အတည်ပြုပြောကြား သည်။

သီချင်းသစ်ထွက်နိုင်အောင် ကြိုးစားနေတဲ့ ပေါလ်အော်စတင်

 သီချင်းသစ်တစ်ပုဒ် အမြန်ဆုံးထွက်ရှိနိုင်ရန် စီစဉ်နေ ကြောင်း The Voice Myanmar ၏ပရိသတ်အားပေးမှုအများဆုံး ရရှိထားသော ပြိုင်ပွဲဝင်ပေါလ် အော်စတင်က ပြောသည်။ ‘‘အခုလောလောဆယ်မှာ တော့ Single Song ကို သုံးလအ တွင်း အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေတယ်။ နောက်ပိုင်းမှာ တော့ ကျွန်တော့်ညီမနဲ့ စုံတွဲပဲဖြစ် ဖြစ်သွားဖို့ စဉ်းစားနေတယ်’’ ဟု ပေါလ်အော်စတင်က ပြောသည်။ ပထမဆုံးထွက်ရှိမည့် သီ ချင်းသည် အချစ်သီချင်းပုံစံဖြစ်ပြီး လူငယ်များ ခွန်အားဖြစ်စေမည့် အကြောင်းအရာမျိုးဖြစ်မည်ဟု ၎င်းကဆိုသည်။

မူးယစ်တိုက်ဖျက်ရာတွင် အဂတိလိုက်စားသူများကို တိုင်ကြားရန် သမ္မတတောင်းဆို

 မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တာဝန်ရှောင်လွှဲသူများ၊ အဂတိလိုက်စားသူ များနှင့် ပတ်သက်သည့် အချက်အလက်များပို့ပေးရန် နိုင်ငံတော် သမ္မတက တိုက်တွန်းသည်။ ‘‘တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေရှိခဲ့ရင် လည်း အရေးယူမှာဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် အ ချက်အလက်တွေပို့ပေးကြပါ။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များနဲ့ အုပ်ချုပ်ရေးဌာန အဆင့် ဆင့်အနေနဲ့ ‘မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံးဝမထားရ’ဆိုတဲ့ မူဝါဒကို အလေးထားလိုက်နာ ဆောင်ရွက်ပေးကြပါ’’ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

တရုတ်တွင် မှိုအဆိပ်သင့်သော မြန်မာခုနစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ၍ မြန်မာဘက်သို့ ပြန်ပို့

တရုတ်နိုင်ငံတွင် ရွှေ့ ပြောင်းမြန်မာလုပ်သားခုနစ်ဦး မှိုစားမိပြီး အစာအဆိပ်သင့်ခဲ့ရာ အသက်အန္တရာယ်စိုးရိမ်ရ၍ တရုတ်နိုင်ငံအစိုးရတာဝန်ရှိသူ များက မြန်မာနိုင်ငံဘက်သို့ ပြန် လည်ပို့ဆောင်ခဲ့သည်။ အစာအဆိပ်သင့်ပြီး အရေး ပေါ်အခြေအနေရောက်နေသော မြန်မာနိုင်ငံသားအမျိုးသားလေး ဦး၊ အမျိုးသမီးသုံးဦးကို တရုတ် အစိုးရတာဝန်ရှိသူများက ယမန် နေ့(ဇွန်လ ၂၆ ရက်)တွင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင် ခဲ့သည်။ အစာအဆိပ်သင့်လူနာ ခုနစ်ဦးသည် ယူနန်ပြည်နယ် လုံ ချွမ်းခရိုင်တွင် စိုက်ပျိုးရေးလုပ် ကိုင်နေသူများဖြစ်သည်။

ဦးဝီရသူကို တရားရုံးစစ်ဆေး ဆုံးဖြတ်ပြီးမှ သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးရန် မဟနဆုံးဖြတ်

ဦးဝီရသူအပေါ် တရားရုံးက စစ်ဆေးဆုံးဖြတ်ပြီးမှ သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ် မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ၂၅ရက်တွင် ထုတ်ပြန်သည်။ ဦးဝီရသူနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) က ဇွန်လ ၁၉ ရက်၌ ပြုလုပ်သည့်အစည်းအဝေးတွင်အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြစ်မှုကျူးလွန်သောရဟန်း၊ သာမဏေများကို ဝိနည်းတရားတော်ဖြင့် အရေးယူခြင်းကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားလွှာအမှတ် (၁၅) တွင် ညွှန်ကြားထားသည့်အတိုင်း စစ်ဆေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နေပြည်တော်တွင် ဖြစ်ပွားသည့်မူကြိုကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှု သံသယတရားခံပြန်လွတ်လာ တစ်လကျော်ချိန်အထိ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

 နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရသည့်အမှုအတွက် သံသယရှိ၍ ဖမ်းဆီးထား သူအမျိုးသားကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(CID) က ဇွန် လ ၂၄ ရက်၌ ပြန်လွှတ်ပေးလိုက်ပြီဟု ထိန်းသိမ်းခံရသူ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။ ‘‘ရမန်(ထိန်းသိမ်းစစ်ဆေး နိုင်ရန် ရဲတပ်ဖွဲ့ကို တရားရုံးက ခွင့်ပြုထားသည့်ကာလ)ပြည့်တဲ့ နေ့က ပြန်လွှတ်ပေးလိုက်ပြီလေ။ ၂၄ ရက်နေ့ကပါ။ အပြစ်မရှိလို့ ပါ’’ ဟု ၎င်းက 7Day Daily သ တင်းစာအား ပြောသည်။

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆွေးနွေးပွဲ ကျင်းပမည်

 လူမှုကွန်ရက်မှ ရရှိနိုင် သည့် ကောင်းကျိုးများကို မြှင့် တင်ပြီး ဆိုးကျိုးများကို နယ်ပယ် အသီးသီးက အောင်မြင်ကျော် ကြားသူများနှင့် ပညာရှင်များ ဝိုင်း ဝန်းအဖြေရှာမည့် ဆွေးနွေးပွဲကို ဇွန်လ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံ တော်သမ္မတရုံးက စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် နှစ်ခုပါဝင်မည်ဖြစ် သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီကလည်း မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီး

ကရင်ငြိမ်းချမ်းရေးကောင်စီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ၂၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ထိန်းချုပ်ရာနယ်မြေဒေသတွေမှာ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုလို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး မဟာဗျူဟာ မကြာမီထုတ်ပြန်မည်

 နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး မဟာ ဗျူဟာကို မကြာမီထုတ်ပြန်မည် ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဇွန်လ ၂၅ ရက်တွင် ပြောသည်။ေ ဒါက်တာကိုကိုနိုင်က ‘‘နည်း ဗျူဟာပြီးရင် လုပ်ဆောင်ရမယ့် အပိုင်းတွေလာမယ်။ ပြန်လည် နေရာချထားရေး လုပ်မယ်ဆိုရင် လိုအပ်မယ့်ဟာတွေ၊ ပညာရေး၊ ကျန်းမာရေးဘာတွေလိုမယ်ဆို တဲ့ အပိုင်းတွေပါတယ်’’ ဟု ပြော ကြားသည်။

PPST မှ နုတ်ထွက်ရန် KNU အဖွဲ့တွင်း ထပ်မံအတည်ပြု

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားသော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)မှ နုတ်ထွက်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီအစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။ေ မလက ကျင်းပခဲ့သည့် အပစ်ရပ်တိုင်းရင်းသား ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာ ခံတွင် PPST မှ နုတ်ထွက်ကြောင်း KNU က တင်ပြသော်လည်းညီလာခံတွင် ဆွေးနွေးမှုများအရ ထပ်မံပြုလုပ်မည့် အပစ်ရပ် ၁၀ ဖွဲ့၏ ညီလာခံ ဒုတိယပိုင်း၌ ဆုံးဖြတ်ရန် စီစဉ်ခဲ့သည်။

အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်များကို ခဲဖြင့်ပစ်ပေါက်သူအား ဖမ်းဆီး

ရန်ကုန်-မန္တလေးအမြန် လမ်းပေါ်တွင် ခရီးသည်တင်ယာဉ် များကို ခဲဖြင့်ပစ်ပေါက်သူအား ဖမ်းဆီးရမိကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ မိုင်တိုင်(၆၀)နှင့်(၇၀)ကြား၌ခရီးသည်တင်ယာဉ်များကို ခဲဖြင့် ပေါက်သူအား အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ထုတ်နုတ်အထူးအဖွဲ့ များဖြင့် ယခုလ ၂၅ ရက်ည၌ လက်လုပ်လေသေနတ်နှစ်လက်၊ သေနတ်ပစ်ရာတွင် အသုံးပြု သည့် ကော်ဘူးအတွင်းမှ စက်ဘီး ဘောစေ့ ၁၄၆ လုံး၊ လေးခွတစ် လက်၊ လေးသီးအဖြစ်အသုံးပြု သည့် ကျောက်စရစ်ခဲများနှင့်အ တူဖမ်းဆီးရမိပြီး အပေါင်းပါ တစ်ဦး ထွက်ပြေးတိမ်းရှောင်နေ သည်။

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုကုလဖော်ပြမှုထက် နှစ်ဆရှိဟု KIO ထုတ်ပြန်၊ တပ်မတော်ထိန်းချုပ်နယ်မြေတွင် ရှိနေဟုစွပ်စွဲ မူးယစ်ဆေးနှင့်ပတ်သက်ပါက ပြင်းထန်စွာအရေးယူဟု တပ်မတော် တာဝန်ရှိသူပြော

ကချင်ပြည်နယ်အတွင်း  ဘိန်းစိုက်ပျိုးမှု ပမာဏသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) က ဖော်ပြသော ပမာဏ၏နှစ်ဆရှိ ကြောင်း ကချင်လက်နက်ကိုင် အဖွဲ့(KIO)၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ယမန် နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံ စာ၌ ရေးသားထားသည်။ KIO က အဆိုပါမူးယစ်ဆေး ၀ါးဆိုင်ရာ အစီရင်ခံစာကို ဇွန်လ ၂၆ ရက်တွင် ကျရောက်သော အ  ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး  အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ၌ ထုတ်ပြန်ခြင်းဖြစ်သည်။ ဘိန်း စိုက်ပျိုးမှုအားလုံးသည် တပ်မ တော်ထိန်းချုပ်ထားသော နယ် မြေများ၌ ရှိနေကြောင်းလည်း KIO မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက စွပ်စွဲထားသည်။

MNA လေကြောင်းလိုင်း မကွေးမြို့သို့ ပြည်တွင်းခရီးစဉ်သစ် စတင်ပြေးဆွဲ

မြန်မာ့အမျိုးသားလေ ကြောင်းလိုင်း (MNA)က ပြည်တွင်း ခရီးစဉ်အသစ်အဖြစ် ရန်ကုန်-မကွေး ခရီးစဉ်ကို ဇွန်လ ၂၅ ရက်တွင် စတင်ပြေးဆွဲခဲ့ ကြောင်း ယင်းလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ဦးသန်း ထွန်းက ပြောသည်။ MNA လေကြောင်းလိုင်းအ နေဖြင့် ရန်ကုန်-မကွေး-အမ်း- စစ်တွေ ခရီးစဉ် ပြေးဆွဲမည်ဖြစ် ကြောင်း ဦးသန်းထွန်းက ရှင်းပြ သည်။ အပတ်စဉ် အင်္ဂါနှင့် စနေ နှစ်ရက်ပြေးဆွဲမည်ဖြစ်ပြီး အင်္ဂါ နေ့တွင် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာ၍ မကွေးမြို့သို့ ၇ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက် မည်ဖြစ်ပြီး မကွေးမြို့မှ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ရန်ကုန်သို့ မွန်းတည့် ၁၂ နာရီ၌ ဆိုက်ရောက်မည်ဖြစ် သည်။

ရန်ကုန်မြို့မှ ညောင်တုန်းတံတား (ဗိုလ်မြတ်ထွန်း)အထိ ကွန်ကရစ်လမ်း ခင်းမည်

ပုသိမ်-ရန်ကုန်ကားလမ်း ကို ရန်ကုန်မြို့အထွက်မှ ညောင် တုန်းတံတားအထိ ကွန်ကရစ် လမ်းခင်းရန် တိုင်းတာစစ်ဆေး ခြင်း ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းမှ လျှပ်စစ်စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။ ပုသိမ်-ရန်ကုန်ကားလမ်း သည် ၁၁၃ မိုင်ရှည်လျားသော် လည်း ၂၄ မိုင်ကျော်ကို တစ်ပေ အထူရှိ ကွန်ကရစ်လမ်းခင်းမည် ဟု ၀န်ကြီးကပြောသည်။ အဆိုပါ လမ်းကို ပေ ၃၀ အကျယ်ခင်း မည်ဖြစ်ပြီး ဂ၀ံကျောက်များအသုံး ပြု၍ လမ်းပခုံးတစ်ဖက် သုံးပေစီ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကရှင်း ပြသည်။

အဆုံးစီရင်သွားသည့် မောင်ကျော်ဇင်ဝင်းကိစ္စ လူ့အခွင့်အရေး ကော်မရှင် စစ်မည် ရဲတပ်ဖွဲ့က သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေ

လုပ်ငန်းခွင်အတွင်း ကျား၊မ ခွဲခြားဆက်ဆံခံရသဖြင့်  မိမိကိုယ်ကိုယ် အဆုံးစီရင်သွား  သည်ဟု ယူဆခံထားရသည့် မောင်ကျော်ဇင်ဝင်းကိစ္စကို ဇွန်လ ၂၈ ရက်တွင် စတင်စုံစမ်းစစ်ဆေး မည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ ၀င် ဦးယုလွင်အောင်က ပြော သည်။ ‘‘ကျောင်းမှာ တာဝန်ရှိတဲ့လူ တွေရော၊ သူနဲ့ဆက်စပ်ပတ်သက် တဲ့ ပုဂ္ဂိုလ်တွေရော အဲဒါကိုမေးမှာ ပေါ့’’ ဟု ၎င်းကပြောသည်။

ရခိုင်အရေးစုံစမ်းမှုပြုလုပ်နိုင်ရေး အကြိုကြားနာမှု ဌာနကို အိုင်စီစီဖွဲ့စည်း

 နိုင်ငံတကာရာဇ၀တ်မှု ခုံရုံး (ICC) သည် ရခိုင်ပြည်နယ်  အရေးနှင့်ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို စုံစမ်းစစ် ဆေးမှုပြုလုပ်နိုင်ရေး ဆုံးဖြတ်ပေး ရန် အကြိုကြားနာမှုဌာနကို အ သစ်ဖွဲ့စည်း တာဝန်ပေးအပ် ကြောင်း ယမန်နေ့တွင် ထုတ်ပြန် သည်။ မြန်မာအစိုးရက မြန်မာနိုင်ငံ သည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံမ ဟုတ်၍ ယင်းခုံရုံး၏ တရားစီရင်မှု ကို လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းပယ်ထားသော် လည်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ် သည့် ဘင်္ဂလားဒေ့ရှ်သို့ ရာဇ၀တ် မှု ကျူးလွန်ခံရသူများ ထွက်ပြေး တိမ်းရှောင်မှုဖြစ်ပေါ်သဖြင့် ရောမ ပဋိညာဉ်အရ စုံစမ်းစစ်ဆေးမှု  များ စီရင်ပိုင်ခွင့်ရှိကြောင်း တရား စွဲရှေ့နေက ဇွန်လ ၁၂ ရက်တွင် ဥက္ကဋ္ဌရုံးထံ စာချွန်လွှာပေးပို့ထား သည်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ ထိခိုက်သေဆုံးမှု ရှိ

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေရာမှာ နှစ် ဘက် အကျအဆုံးတွေ ရှိနေသလို၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ လည်း တိမ်းရှောင်ခဲ့ကြရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ရိုဟင်ဂျာတွေ အမြန်ပြန်မပို့လျင် အန္တရာယ်ရှိကြောင်း Sheik Hasina သတိပေး

ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောနိုင် သမျှ စောစော နေရပ်ကို ပြန် မပို့နိုင်ရင် လုံခြုံရေး အန္တရာယ် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheik Hasina က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ လွှတ်တော် အမတ် Jur Mohammad ရဲ့ အမေးကို ဖြေကြားရာမှာ သူက အခုလို ပြောခဲ့တာပါ။ အခြေခံ အခွင့်အရေးတွေ မရရှိတဲ့ ရွှေ့ပြောင်းခံရ သူတွေအတွက် ဒါဟာ သဘာဝကျတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက် အကြမ်းဖက်မှုနှိမ်နင်းမှု တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ နှစ်ပေါင်း များစွာ ဒုက္ခသည် အဖြစ်ရောက်ရှိနေသူ ၄ သိန်းနဲ့ ပူးပေါင်း ခဲ့ရပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှု ရုံးမတင်ခင် စုံစမ်းရေးအဖွဲ့ ICC ဖွဲ့စည်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကျူးလွန်မှုရှိကြောင်း စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီး ၃ ဦးပါ အဖွဲ့တခုကို ဖွဲ့စည်းပေးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ The Hague အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ဥက္ကဌက ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားသူကြီး ၃ ဦးဖြစ်တဲ့ Robert Fremr, Olga Herrera Carbuccia နဲ့ Geoffrey Henderson တို့ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

တပ်က ညှဉ်းပန်းနှိပ်စက်တယ်လို့ ဖမ်းဆီးခံရသူတွေ တရားရုံးမှာ ထွက်ဆို

AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက လူငယ် နှစ်ဦးဟာ တပ်မတော်က စစ်ဆေးစဉ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မနေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံး တက်ရောက်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က RFA ကို ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက ကိုမျိုးဟိန်းဆွေနဲ့ ကိုစိုးမောင်သန်း တို့နှစ်ဦးဟာ ဇွန်လ ၂၂ ရက်နေ့က ဝေသာလီကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ကျောက်တော်မှာ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားနဲ့ တစ်မိုင်ကျော်လောက်သာဝေးတဲ့ ရွာမပြင် ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံကျေးရွာသားတွေ ရာနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးသွားကြောင်း ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဒီနေ့မနက် ၅ နာရီလောက်ကစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ညောင်ချောင်းကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်တာကြောင့် ရွာသားတွေဟာ ရွာမပြင်ကျေးရွာနဲ့ သရက်တပင်ကျေးရွာကို ဒေသခံတွေ ရာနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်လာတာလို့ အမည်မဖော်လိုတဲ့ ရွာမပြင်ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဒဂုံအရှေ့က မြေဧက တစ်သောင်းလောက်မှာ စက်မှုဇုန်တွေဖော်ဖို့ တိုင်းအစိုးရစီစဉ်

အဲဒီစီမံကိန်း ၂ခုလုံးအတွက် ဖြစ်နိုင်ချေစီမံကိန်း အကြိုလေ့လာမှုတွေကို ပြုလုပ်ပြီးပြီလို့ ဖော်ပြထားပါတယ်။ေ နွရာသီမှာ လျှပ်စစ်မီးအခက်အခဲရှိနေတဲ့ ရန်ကုန်မြို့တော်ရဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက မြေဧက တစ်သောင်းလောက်မှာ စက်မှုဇုန်၊ စက်မှုဥယျာဉ်တွေကို ဖော်ဆောင်ဖို့ ရန်ကုန်တိုင်းအစိုးရက စီစဉ်နေ တယ်လို့ ဇွန်လ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာထည့်သွင်းဖော်ပြပါတယ်။ ရန်ကုန်တိုင်းအစိုးရတာဝန်ယူပြီး လေးနှစ်တာကာလအတွင်းရောက်လာတဲ့အချိန်၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ကျော်အလိုမှာ ပထမဆုံးနိုင်ငံပိုင်သတင်းစာကနေ အတိအလင်းဖော် ပြတာလည်းဖြစ်ပါတယ်။

တစ်ရှုးငှက်ပျောပင်တွေဖျက်ဆီးရှင်းလင်

ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်လူမျိုးတွေကျောထောက်နောက်ခံလုပ်ထားတဲ့ ကုမ္ပဏီ ၄၀လောက်က တစ်ရှုးငှက်ပျော ဧက တစ်သိန်းလောက်ကို စိုက်ပျိုးထားတယ် ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားနဲ့ ၁၀ မိုင်သာသာ လောက်သာဝေးတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ ကျူးကျော် စိုက်ပျိုးထားတဲ့ တစ်ရှုးငှက်ပျောပင်တွေကို သစ်တောဦးစီးဌာနက ဇွန်လ ၂၄ ရက်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်လူမျိုးတွေကျောထောက်နောက်ခံလုပ်ထားတဲ့ ကုမ္ပဏီ ၄၀ လောက်က တစ်ရှုးငှက်ပျော ဧက တစ်သိန်းလောက်ကို စိုက်ပျိုးထားတယ်လို့ မြို့နယ်သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင် က နိုင်ငံပိုင်သတင်းစာမှာပြောကြားထားပါတယ်။

ကန့်ကွက်သူ ရှိသော်လည်း ဝန်ကြီးအသစ်အဖြစ် ခန့်အပ်မှု အတည်ပြု

စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးအဖြစ် ရွှေဘိုမဲဆန္ဒနယ် အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူအား ခန့်အပ်တာဝန်ပေးမှုကို လွှတ်တော်ကိုယ်စားလှယ်သုံးဦးမှ ကန့်ကွက်မှုရှိခဲ့သော်လည်း လွှတ်တော်မှ ယနေ့ သဘောတူအတည်ပြုလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ကန့်ကွက်ချက် မှာဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အကျုံးမဝင်၍ ကန့်ကွက်ချက်အဖြစ် သတ်မှတ်၍ မရခြင်း၊ကျန်ကိုယ်စားလှယ်အားလုံးကလည်း ကန့်ကွက်ချက် တင်ပြလာခြင်း မရှိသည့်အတွက် ဝန်ကြီးအဖြစ် သဘောတူသည်ဟု မှတ်ယူကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းပြောသည်။

မင်းဘူး(စကု)မြို့နယ်တွင် စောင်းမြောင်းပြောဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်၍ လူ(၁)ဦးသေဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ချင်းကုန်း(၂)ကျေးရွာ၌ ဇွန် ၂၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က စောင်းမြောင်း ပြောဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါသထွက် ကာကိုင်းခုတ် ဓားဖြင့်ခုတ်၍ အမျိုးသား(၁)ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါကျေးရွာနေအောင်ဝင်းလှိုင်(၂၉)နှစ်သည် နေအိမ်၌ရှိနေစဉ် နေအိမ်ကပ် လျက်ရှိအိမ်ရှင် ဒေါ်မြညွန့်၏နေအိမ်သို့လာရောက် လည်ပတ်သူတစ်ရွာတည်းနေသိန်းထိုက်အောင် (၄၅)နှစ်မှ စောင်းမြောင်းပြောဆိုနေသဖြင့် ဒေါသထွက်ကာ အရိုးအသွား(၃၀) လက်မခန့်ရှိ ကိုင်းခုတ် ဓားဖြင့်ခုတ်၍သိန်းထိုက်အောင်တွင် လည်ပင်း၊ ဝမ်းဗိုက်တို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် အောင်ဝင်းလှိုင်အား စကုနယ်မြေရဲ စခန်း(ပ) ၈၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ပမာဏများတဲ့ မူးယစ်ထုတ်လုပ်ဖြန့်ဖြူးမှုတွေ သတင်းပေးဖို့ သမ္မတ တိုက်တွန်း

လက်ကြီးသမားလို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ေ နပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် က မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာအခြေအနေကို ဆိုက်ရောက်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က မူးယစ်ဆေးဝါးသတင်းတွေပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

မြန်မာဗိုလ်ကြီးတစ်ဦးရဲ့ အလောင်းကို ရုရှားက တောအုပ်ထဲမှာ ရှာတွေ့

ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဇလန်းနိုဂရက်မြို့က တောအုပ်တစ်ခုထဲမှာ မြန်မာကျောင်းသား တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ သူဟာ အသက် ၂၇ နှစ် ဝန်းကျင် ဗိုလ်ကြီးအဆင့် ကျော်ရဲအောင် ဆိုသူ ဖြစ်ပြီး Moscow Institute of Electronic Technology နည်းပညာကျောင်းမှာ PhD ဘွဲ့လွန်ပညာ သင်ယူနေသူ တစ်ဦး ဖြစ်တယ်လို့ မော်စကိုမြို့မှာ ရှိတဲ့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးညွန့်မောင်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။ သူဟာ ရုရှားနိုင်ငံမှာ နေထိုင်နေတာ အနည်းဆုံး ၆ နှစ်လောက် ရှိသွားပြီလို့ ဆိုပါတယ်။

တရုတ်နယ်စပ် ရွှေ့ပြောင်းအလုပ်သမားကို မူစယ်ရဲတပ်ဖွဲ့ရိုက်နှက် ဒဏ်ရာများစွာဖြင့်ဆေးရုံရောက်

တရုတ်နိုင်ငံ အတွင်း သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား မူစယ်ရဲ လှည့်ကင်းအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထိုးကြိတ်ရိုက်နှက်သဖြင့်ဒဏ်ရာအပြင်း အထန်ရရှိကာ မူစယ်ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု မိသားစုဝင်က ပြောသည်။ ၂၀၁၉ ဇွန်လ ၂၃ ရက် ည ၈.၃၀ နာရီအချိန် တရုတ်ပြည်ဘက်ခြမ်းသို့ အလုပ်ပြန်သွားလုပ်ရန် မော်တော် ဆိုင်ကယ်ဖြင့် တန်းစီနေသည့် အသက် ၃၀ ၀န်းကျင်အရွယ် သားတဦးဖခင် စိုင်းထွန်းဆိုသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ကာ ရဲကင်းဝန်းအတွင်း အုပ်စုလိုက်ရိုက်နှက်သည့်အကြောင်း အရိုက်နှက် ခံရသူ စိုင်းထွန်းက သျှမ်းသံတော်ဆင့်အား ဤသို့ပြောသည်။

အရက်တုချက်ရောင်းသူ မြန်မာ ၇ ဦး မလေးရဲဖမ်း

အရက်တု ထုတ်တဲ့ အဖွဲ့က လူတွေဆိုတဲ့ ယူဆချက်နဲ့ မြန်မာ နိုင်ငံသား အမျိုးသား ၇ ဦးနဲ့ ဒေသခံ တဦးတို့ကို မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရှား သတင်းတွေမှာ ဖော်ပြကြပါတယ်။ Lebuh Victoria က ဆိုင်တခုရှေ့မှာ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတဦးနဲ့ Jalan Datuk Keramat ကွန်ဒိုခန်း တခုမှာ အသက် ၅၀ အရွယ် မြန်မာ အမျိုးသား တဦးကို တနလာင်္နေ့ ညနေပိုင်းမှာ အရင်ဆုံး ဖမ်းဆီး ခဲ့တာပါ။ အဲဒီနောက်မှာတော့ အင်္ဂါနေ့မှာ Jalan Kajang က နှစ်ထပ်အိမ်တလုံးကို ရဲက ၀င်ရောက် စီးနင်းပြီး အသက် ၂၂ နှစ်ကနေ ၄၇ နှစ်ကြား မြန်မာ နိုင်ငံသား အမျိုးသား ၆ ဦးကို ထပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

မလှိုင်မြို့နယ် ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီး လူတစ်ဦး သေဆုံးမှုဖြစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထန်းတောကျေးရွာအုပ်စု ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီးတွင် ဇွန် ၂၆ ရက် နံနက် ၈နာရီခန့်တွင် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မလှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်း တာဝန်ထမ်းဆောင်နေစဉ် ထန်းတောကျေးရွာအုပ်စု ထန်းတောကျေးရွာမြောက်ဘက်ရှိ ရေကျချောင်းအနီး လူတစ်ဦးသေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ

မင်းလှမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ဇွန် ၂၅ ရက် ည ၈ နာရီခွဲက အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇွန် ၂၅ ရက် နံနက် ၉နာရီ ခွဲက လက်ပံတံခါးကျေးရွာ၏အနောက်တောက်ဘက် မိုင် ၂၀ ခန့်အကွာ ဆင်ရင်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအကြား လျှိုမြောင်းအတွင်း၊ ဆင်တောင်ချောင်းအနီးတောထဲ၌ မသကာလူစိမ်းများတွေ့ရှိကြောင်း ပနီဆုံကျေးရွာအုပ်စု ဆင်ရင်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးရွှေဘို၏သတင်းပေးပို့ချက်အရ လက်ပံတံခါးရဲကင်းမှူး ဒုရဲအုပ် သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပနီဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ဆင်ရင်ကျေးရွာနှင့် ဆင်တောင်ချောင်းအနီးပတ်ဝန်းကျင်တောထဲ၌ တောနင်းရှာဖွေခဲ့ရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခေါင်းတုတ်ဈေးကျေးရွာတွင်နေထိုင်သည့် အထောက်အထားမဲ့ဝင်ရောက်လာသူ အမျိုးသား၇ ဦးနှင့် လမ်းပြလိုက်ပါပို့ဆောင်သူ မင်းတုန်းမြို့ ဝက်ကော်ကျေးရွာအုပ်စု ငကုန်းကျေးရွာနေ စိုးမိုးဦး(ခ)စန်းဦး တို့အား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါအထောက်အထားမဲ့ ဝင်ရောက်လာသူ ၇ ဦးနှင့် လမ်းပြအဖြစ်ပို့ဆောင်ပေးသူတို့အား ဥပဒေကြောင်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သောက်သုံးရေပြဿနာ ဖြေရှင်းရေး နည်းသစ်တခု

အနာဂတ်မှာ လူသားတွေ ရင်ဆိုင်ရမယ် အဓိက စိန်ခေါ်မှုကြီး နှစ်ခု ဟာ ရေ နဲ့ ပတ်သက်ပါတယ်။ ဥတုရာသီပြောင်းလဲ လို့ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာဟာ ရေများလွန်းတဲ့ ပြဿနာပါ။ နောက်တစ်ခုကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ နည်းပါးတဲ့ ပြဿနာဖြစ်ပါတယ်။ အခုလို သောက်သုံးရေ ပြဿနာကို ဆားငန်ရည်သန့်စင်တဲ့ သုတေသန တစ်ခု က ဖြေရှင်းနိုင်တာကို Kevin Enochs သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ရုရှားအရေးစုံစမ်းမှု ကန်အောက်လွှတ်တော် ကော်မတီတွေရှေ့မှောက် အထူးစုံစမ်းရေးမှူး ထွက်ဆိုမည်

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က ဇူလိုင်လကျရင် အောက်လွှတ်တော် တရားရေးနဲ့ ထောက်လှမ်းရေး ကော်မတီတွေရှေ့မှာ မေးမြန်းတာတွေကို ပြောဆိုဖြေကြားဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကြားနာပွဲဟာ အများပြည်သူ တက်ရောက်နိုင်တဲ့ တံခါးဖွင့်ကြားနာပွဲ ဖြစ်မှာပါ။

လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၄၇၅ ကျောင်း မလေးရှားအာဏာပိုင်များ ပိတ်

မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။ Pasir Gudang ခရိုင်အတွင်းရှိ ပြည်နယ်ပညာရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက မူလတန်း ကျောင်း ၃၄၇ကျောင်း၊ပုဂ္ဂလိကနှင့် နိုင်ငံတကာကျောင်း ၁၄ကျောင်း၊အဆင့်မြင့်ပညာရေး အဖွဲ့အစည်း ၃ခု၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၁၁ ကျောင်း ပိတ်လိုက်ကြောင်း Johor ပညာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Azman Adnanက ပြောကြားသည်။ Johor Baru ပြည်နယ်မြို့တော် အနီးတွင် တည်ရှိသော Pasir Gudang စက်မှုနယ်မြေတွင် ဆီအုန်းနှင့် အခြား စက်ရုံကြီးများ၊ ရေနံ ဓာတု စက်ရုံအလုပ်ရုံများ ရှိကြောင်း သိရသည်။

ချီလီနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်ကာ မိုင်းလုပ်သား ၆ ဦး သေဆုံး

 ချီလီနိုင်ငံ မြောက်ပိုင်းတွင် သတ္တုတွင်း တူးဖော်သူ မိုင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား ပက်လက်လှန် တိမ်းမှောက်မှုကြောင့် အနည်းဆုံး မိုင်းလုပ်သား ၆ ဦး သေဆုံးကာ အခြား ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဒဏ်ရာ ရရှိသူများ အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အမျိုးသား အရေးပေါ်အခြေအနေရုံးထံမှ သိရသည်။

ကမ္ဘာ့အကောင်းဆုံး စားတော်ဆက်က ပြင်သစ်မှာရှိ

စင်္ကာပူမှာ ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး စားတော်ဆက်ဆုကို ပြင်သစ်က မီဟာဇူရာ စားသောက်ဆိုင်က ရရှိသွားပါတယ်။ြ ပင်သစ်တောင်ပိုင်း ကမ်းခြေဒေသမှာ ရှိတဲ့ ဒီဆိုင်က နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့အကောင်းဆုံး ဆိုင် ၅ဝ ဆု ပြိုင်ပွဲမှာ ထိပ်ဆုံးဆု ရခဲ့တာ ဖြစ်ပါတယ်။
 ပြင်သစ်တောင်ပိုင်းကမ်းခြေအလှနဲ့ စားသောက်နိုင်
အာဂျင်တီးနားက စားဖိုမှူးတယောက်က အုပ်ချုပ်တဲ့ ဒီဆိုင်မှာ နာမည်ကြီး ဟင်းလျာတွေ ရှိပါတယ်။ ဒီထဲက တခုကတော့ သူ့နောက်ဖေးခြံထဲမှာ စိုက်တဲ့ သကြားမုန်လာကို ဆားနဲ့မံ မီးဖုတ်ပြီး ကားဗီးယားငါးဥအနှစ် ဆမ်းထားတာပါ။ ၂ဝဝ၂ ခုနှစ် ကတည်းက စပေးတဲ့ ဒီဆုဟာ အခုဆိုရင် နာမည်ကြီး မစ်ရှယ်လင်းကြယ်ပွင့်ရ ဆိုင်တွေနဲ့အပြိုင် ဖြစ်နေပါပြီ။ တချို့ အစားအသောက် အကဲခတ်တွေကတော့ သူတို့ရဲ့ ဆုပေးနည်းကို မေးခွန်းထုတ်ကြပါတယ်။ ဒီစာရင်းကို ကျွမ်းကျင်သူ တထောင်ကျော်က မဲပေးပြုစုကြတာ ဖြစ်ပါတယ်။

ဂျပန်မှာ ပွဲဆူသွားတဲ့ ကင်မ် ကာဒက်ရှီယန်ရဲ့ ကီမိုနို

အမေရိကန် ရုပ်မြင်သံကြား နာမည်ကြီး ဆယ်လီ တဦး ဖြစ်သူ ကင်မ် ကာဒက်ရှီယန် ဝက်စ် ဟာ Kimono Intimates လို့ အမည်ပေးထားတဲ့ ကိုယ်ကျပ်အတွင်းခံ တံဆိပ်သစ်တစ်ခု ထုတ်လိုက်တဲ့အတွက် ဂျပန်လူမျိုးတွေ အကြီးအကျယ် ဒေါသူပုန်ထခဲ့ကြပါတယ်။ ကီမိုနို ဆိုတဲ့ စာလုံးကို ဒီတံဆိပ်ထဲမှာ ထည့်သွင်းထားတာဟာ ဂျပန် ယဉ်ကျေးမှုကို စော်ကားလိုက်တာ ဖြစ်ပြီး ဒီကိုယ်ကျပ် အတွင်းခံဟာ ဂျပန်တွေရဲ့ ရိုးရာ ကီမိုနိုဝတ်စုံနဲ့ ဘာဆိုဘာမှ သဏ္ဍာန်တူတာ မရှိဘူးလို့ ဂျပန်လူမျိုးတွေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။  ဂျပန်နိုင်ငံမှာ ကီမိုနို ဝတ်စုံကို ၁၅ ရာစုနှစ်လောက်ကတည်းက ဂျပန်ရိုးရာ ဝတ်စုံအဖြစ် ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ကင်မ် ကာဒက်ရှီယန် ဝက်စ် ကတော့ သူ့ရဲ့ ကိုယ်ကျပ် အတွင်းခံ တံဆိပ်ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အချိုးအစား ကောက်ကြောင်းတွေကို အသားပေး ဖော်ကျူးထားတာလို့ ပြောပါတယ်။