Friday, August 23, 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး သြဂုတ် - ၂၃၊ ၂၀၁၉

ဒီကနေ့ သြဂုတ် ၂၃ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၁၆ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၇၃ ကျပ် (ဘဏ်ကအဝယ်)၊ ၁၆၈၃ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၀၉၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၀၉၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၀ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၅ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊ ၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၃၀၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၉၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၉၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၈၅ ကျပ်ဈေးဖြစ်ပါ တယ်။