Thursday, July 4, 2019

တာချီလိတ်မြို့ ဝမ်ပုံရပ်တွင် ထိုင်းနိုင်ငံသားများ အပါအဝင် ရှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံအပိုင် ပါလိုင်ရွာအနီးတွင် မူးယစ်သတင်းအရ ဝင်ရောက် ဖမ်းဆီးရာ ထိုင်းနိုင်ငံသားများ အပါအဝင် ရှစ်ဦးအား  လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၃ ရက် နံနက်ပိုင်းက တာချီလိတ် မြို့မရဲစခန်း က ရဲမှူးလှဦးက ပြောကြားခဲ့သည်။  “ဖြစ်စဉ်က မှန်ပါတယ်။ ဝမ်ပုံအပိုင်မှာ ဖြစ်တာပါ။ အဲဒီမှာ စစ်ကြောရေး ဝင်နေတယ်။ ကျွန်တော်တို့က အသေးစိတ် မသိရသေးပါဘူး။ ထိုင်းနိုင်ငံသားတွေ ပါတယ်။  ရှမ်းတိုင်းရင်းသား နှစ်ယောက်ရယ် လက်နက်တွေနဲ့ ဖမ်းမိတာပါ။ ဇူလိုင် ၂ ရက်က ဖမ်းမိတာပါ။ ဝမ်ပုံမှာ အမှုဖွင့်မှာပါ။ မူးယစ်အဖွဲ့က ဦးဆောင်ပြီး မူးယစ်သတင်းရလို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ပေါင်းပေးတာပါ။

ကျောင်းကားတွင် လိုက်ပါစီးနင်းသည့် ကျောင်းသား ကျောင်းသူများ၏ အတက်အဆင်းကို မိဘအုပ်ထိန်းသူများ mobile app မှတစ်ဆင့် သိရှိနိုင်ရန် စမတ်ကတ်စနစ် ဆောင်ရွက်မည်

ကျောင်းကားတွင် လိုက်ပါ စီးနင်းသည့် ကျောင်းသား၊ ကျောင်းသူများ၏ အတက်အဆင်းကို မိဘအုပ်ထိန်းသူများ mobile app မှ တစ်ဆင့် သိရှိနိုင်ရန် စမတ်ကတ်စနစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဇူလိုင် ၃ ရက် က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ကွပ်ကဲလျက်ရှိသည့် ကျောင်းကားများပေါ်တွင် လိုက်ပါ စီးနင်းသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဘေးအန္တရာယ် ကင်းစင်လုံခြုံရေးအတွက် ကျောင်းကားပေါ် အတက်အဆင်း အခြေအနေကို သိရှိနိုင်မည့် စမတ်ကတ်စနစ်ကို တိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း (YRTA) ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောကြားသည်။

မြန်မာနိုင်ငံရှိ မူးယစ်ဆေး သွေးကြောအတွင်း ထိုးသွင်းသူများအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ကျဆင်းနေပြီ ဖြစ်သော်လည်း မူးယစ်ဆေး သွေးကြောအတွင်း ထိုးသွင်းသူများအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း “ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ၊ ရောဂါကာကွယ် နှိမ်နှင်းရေးဆိုင်ရာနှင့် အမျိုးသားအဆင့်  ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြ ဆွေးနွေးပွဲ” တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။

တာဝန်ထက် အခွင့်အရေးကို ဦးစားပေး စဉ်းစားနေကြဟု ဒေါ်အောင်ဆန်းစုကြည် ပြော

 အခွင့်အရေး လိုချင်ပါက တာဝန်ကိုပါ ထည့်သွင်းစဉ်းစားကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး လက်ရှိတွင် တာဝန်ထက် အခွင့်အရေးကို ဦးစားပေးနေကြသည်ဟု ပြောဆိုလိုက်သည်။ “ခနခန ပြောပါတယ်။ အခွင့်အရေးကို စဉ်းစားလို့ ရှိရင် တစ်ခါထဲ တာဝန်ကို စဉ်းစားရပါတယ်။ အခုခေတ်ကြီးမှာ ဆိုရင်တော့ အခွင့်အရေးကို ဦးစားပေးပြိးတော့ စဉ်းစားတဲ့ခေတ်ကြီး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထီးချိုင့် မြို့မဈေး နေရာမပြောင်းရွှေ့ရေး ဈေးသူ၊ ဈေးသားများ ဆန္ဒပြ

 (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)မနၱေလး(ဇူလိုင် ၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရှိ မြို့မဈေးနေရာ မပြောင်းရွှေ့ရေးအတွက် ဈေးသူ၊ ဈေးသား ဦးရေ တစ်ရာကျော်က ဇူလိုင် ၃ရက်၊ နံနက် ၁ဝနာတွင် ဆန္ဒပြခဲ့ကြသည်။  ထီးချိုင့်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အသစ်ပြောင်းရွှေ့ရန် ချပေးထားသော နေရာသည် ကုန်သွယ်/လယ်ယာမှ ပိုင်ဆိုင်သည့်မြေ ဖြစ်သောကြောင့် ယာယီရောင်းချခွင့်သာ ရရှိမည် စိုးရိမ်ကာ ဈေးသူ၊ ဈေးသားများက မပြောင်းရွှေ့ရေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ပြည်တွင်း စားသုံးသည့် ရွှေဘိုပေါ်ဆန်းသစ် တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၄၈၀ဝ၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ဧည့်မထဆန်ဈေး အနည်းငယ် မြင့်တက်

ပြည်တွင်း စားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျပ် ၄၈၀ဝ၀ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ဧည့်မထဆန်ဈေး အနည်းငယ် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ေ ရွှဘိုပေါ်ဆန်း တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ကျပ် ၄၃၅၀ဝ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် မေနှင့် ဇွန်လတွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ခြောက်နှစ်အတွင်း ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်လာကြောင်း သိရသည်။

Facebook ဝန်ဆောင်မှု တစ်ကမ္ဘာလုံး၌ ပြတ်တောက်မှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ရရှိ

Facebook  ဝန်ဆောင်မှုလုံးဝ ပြတ်တောက်သွားခြင်းသည် ကမ္ဘာ့ အစိတ်အပိုင်းများစွာမှ အသုံးပြုသူ များအပေါ်သက်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၃ရက်ညနေ၌ ရာနှုန်းပြည့် ပြန်လည်ရရှိပြီဖြစ်ကြောင်း Facebook  က ပြောကြားခဲ့သည်။ အွန်လိုင်းစောင့်ကြည့်ရေး ဝန်ဆောင်မှုဌာနဖြစ်သော DownDetector က ဂရင်းနစ်စံတော်ချိန် ၁၂၀ဝ တွင် ပြတ်တောက်မှု စတင်ဖြစ်ပေါ်ကြောင်း နှင့် Facebook အပြငှု Instagram နှင့် WhatsApp ဝန်ဆောင်မှုများပါ ပြတ်တောက်ခဲ့ကြောင်း အစောပိုင်း က အစီရင်ခံခဲ့သည်။

မြဝတီ နယ်စပ် အာရှလမ်းနှင့် အမှတ် (၂) တံတား လမ်းဆုံတွင် ဒေသန္တရ လက်လုပ်မိုင်း တွေ့ရှိ

ကရင်ပြည်နယ် ၊ မြဝတီနယ်စပ်မြို့ ၊ အမှတ် (၂) တံတားလမ်းဆုံတွင် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်က လူအများ သေစေနိုင်သည့် ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးတွေ့ရှိပြီး သက်ဆိုင်ရာမှ အချိန်မီ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၈ နာရီခန့်က မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ရေပူရပ်၊ အမှတ် (၂) တံတား လမ်းမကြီးနှင့် အာရှလမ်းမကြီးဆုံရပ် မီးပွိုင့် ယာဉ်ထိန်းကင်းတဲဘေးတွင် စစ်ကျန် သံချေးတက် ၆၀ မမ ဗုံးသီးဟောင်းအား တိတ်အနက် ပတ်ထားပြီး စနက်တံနှင့် ဝါယာပါဝင်ကာ အလျား တစ်ပေ၊ အနံ ခြောက်လက်မ ခန့်ရှိ လက်လုပ် ချိန်ကိုက်မိုင်း တစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်လံမြို့မဈေးကြီးလမ်းမတော်လမ်းတစ်လျှောက်၌ သတ်မှတ်ချိန်ကျော်လွန်၍ဈေးရောင်းချသည့် ပျံကျဈေးသည်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်

Image may contain: motorcycle and outdoorမကွေး တိုင်းဒေသကြီး အောင်လံမြို့မဈေး ကြီး လမ်းမတော်လမ်းတစ်လျှောက် ၌ သတ်မှတ်ချိန်ကျော်လွန်၍ ဈေး ခင်းရောင်းချသည့် ပျံကျဈေးသည် များကို မကွေးတိုင်းဒေသကြီး စည် ပင်သာယာဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ""ဒီမြို့မဈေးကြီးအရှေ့ဘက် လမ်းမတော်လမ်းမှာ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ဈေးရောင်းဈေးဝယ် နဲ့ ပြည်သူတွေစိတ်ချမ်းသာစွာ သွား လာနိုင်ရေး၊ ဈေးသာယာလှပရေး အတွက် ဈေးစည်းကမ်းထိန်းသိမ်း ရေးကနေ နံနက် ၇ နာရီခွဲကစပြီး ပျံကျဈေးသည်တွေကို လမ်းမပေါ် ဈေးမရောင်းဖို့ တားမြစ်ထားပါ တယ်။ လမ်းမပေါ်ဈေးရောင်းတာ တွေ့ရင် တိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေအရ အရေးယူ မှာကို ပျံကျဈေးသည်တွေကို ကြို တင်သတိပေးလက်မှတ်တွေ ရေးထိုး ထားပါတယ်""ဟုအောင်လံမြို့မ ဈေးကြီးတာဝန်ခံ ဦးမျိုးဝင်းက ပြောသည်။

အောင်မြေသာစံရှိ ကျူးကျော်များ နေထိုင်ရာ အငှားအိမ်ရာကို ပြန်လည် စိစစ်တော့မည်

  (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြို့ရှောင်လမ်း၊ ၂၂လမ်းနှင့် ၁၂လမ်းအတွင်း တည်ဆေက်ထားသည့် အငှားအိမ်ရာရှိ တိုက်ခန်းများကို စိစစ်ကာ သတ်မှတ် စည်းကမ်းချက်များ မလိုက်နာသည့် အခန်းများကို ပြန်လည် သိမ်းယူသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။  အဆိုပါ အငှားအိမ်ရာတွင် မူလ ငှားရမ်းခွင့် ရရှိထားသူများအနက် အချို့က ကိုယ်တိုင်မနေဘဲ တစ်ဆင့် လွှဲပြောင်းရောင်းချခြင်း၊ ပြန်လည်ငှားရမ်းထားခြင်းများ ရှိနေသလို မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများ၏ စုရပ်ကဲ့သို့ ဖြစ်နေပြီး ယင်းနေရာသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကျော်ဇော်သတင်း ရရှိထားသည့် နေရာလည်း ဖြစ်သည်။

ချွတ်ယွင်းမှုတွေကို ပြန်ဖြေရှင်းပြီးပြီလို့ Facebook ထုတ်ပြန်

ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ကြည့်ရှုရာမှာ ပြဿနာ ဖြစ်ခဲ့တဲ့ ချွတ်ယွင်းချက်ကို ပြန်လည် ပြင်ဆင်ပေးခဲ့ရကြောင်း Facebookက ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် မီဒီယာကြီးကို အသုံးပြုသူ အတော်များများဟာ အနေနဲ့ ဇူလိုင် ၃ ရက်က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ရာမှာ အဖြူထည် သက်သက်ကြီး ဖြစ်နေတာမျိုး ကြုံခဲ့ရပါတယ်။ ဒါ့အပြင် Facebook ပိုင်ဆိုင်တဲ့ Instagramမှာလည်း Storyတွေကို ဖတ်ရှုဖို့ အခက်ကြုံတာမျိုး၊ WhatsAppမှာ Message ပို့မရတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျပ်သိန်းတစ်သောင်းခွဲထီဆွတ်ခူးခဲ့သူအဘွားအို ဧရာဝတီဘဏ်တွင် ဆုကြေးငွေများသွားရောက်အပ်နှံ

၅ ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းခွဲထီပေါက်သည့် အဘွားအို ဒေါ်ခင်တင့်သည် ဆုကြေးငွေများကို ဧရာဝတီဘဏ်တွင် ယနေ့၌ အပ်နှံလိုက်ကြောင်း သိရသည်။ ဧရာဝတီဘဏ်၏ Facebook Page တွင် ဇူလိုင် ၃ ရက်၌ သတင်းထုတ်ပြန်ထားချက်အရ ယခုကဲ့သို့သိရခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express တိမ်းမှောက်မှုဖြစ်ပွား

ဇူလိုင်လ(၃) ရက်နေ့ည(၁၁၀၀) နာရီချိန်ရန်ကုန်-နေပြည်တော် လမ်းမိုင်တိုင်အမှတ်၁၅၃/၃-၁၅၃/၄ အကြားတွင်ယာဉ်မောင်း က်ုအောင်ဌေးမောင်းနှင်လာသည့်  Famous Express. ရန်ကုန်-တောင်ကြီး မော်တော်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းပေါ် ကန့်လန့် လဲကျ တိမ်းမှောက်ခဲ့ပါသည် ယာဉ်တိမ်းမှောက်မှုကြောင်ယာဉ်ပေါ်ပါကျား(၂၂)သံဃာ(၅)ပါးမ(၁၀)ဦးစုစုပေါင်း၃၇ဦးတွင်သံဃာ(၁)ပါးနှင်မ(၂)ဦးတွင် ပွန်းပဲဒဏ်ရာများရရှိသည့်အပြင် ရန်ကုန်-နေပြည်တော်လမ်းပိုင်းတစ်ခြမ်းပိတ်လျက်ရှိသဖြင့်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များ. ကူညီဆောင်ရွက်လျက်ရှိပါသည်

ထိုင်းနိုင်ငံတွင် သေကြောင်းကြံစည်မှုမြင့်တက်လာပြီး တစ်နာရီတိုင်း လူ (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေ

ထိုင်းနိုင်ငံတွင် နှစ်စဉ် သေကြောင်းကြံစည်မှုပေါင်း (၅၃၀၀၀)ရှိသဖြင့် တစ်နာရီလျှင် (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေကြောင်း စိတ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ သေကြောင်းကြံစည်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၀၃)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၁၁)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇူလိုင် - ၄၊ ၂၀၁၉

ဒီကနေ့ ဇူလိုင် ၄ ရက်အတွက်  အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၂ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၅ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၆ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၂၀၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၉၀ ကျပ်ဈေးဖြစ်ပါ တယ်။

မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို သတိပေးစကားပြောလိုက်တဲ့ အလှမယ် သင်းသင်း

မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့က အင်တာဗျူးတစ်ခုမှာ ခုခေတ်မိန်းကလေးတွေက အရာရာကို မစဉ်းစားပဲ ဆယ်လီဖြစ်ဖို့အတွက် လုပ်ကြသည်ဟု ပြောထားသည့်အပေါ်မှာ အလှမယ် သင်းသင်းက ပြန်လည် သတိပေးပြောဆိုလိုက်သည်။ ဇူလိုင်လ(၃) ရက်က အမှုကိစ္စအတွက် ရုံးချိန်းလာသည့်အချိန်မှာ အလှမယ် သင်းသင်းက မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ယခုကဲ့သို့ ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၄ အသင်း အင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ်အနိုင်ရ

တရုတ်နိုင်ငံမှာ ဇူလိုင် ၂ရက် ညနေကကျင်းပတဲ့ ဝူဟန် ယူ ၁၄ နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ  မြန်မာ ယူ ၁၄ လူငယ်အသင်းက အင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်တရုတ်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားအသင်းတို့နဲ့ အုပ်စု (က)မှာ တအုပ်စုထဲ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ  မြန်မာလူငယ် အသင်းဟာ အိမ်ရှင်တရုတ်အသင်းကို ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို  တောင်ကိုရီးယားအသင်းကိုလည်း ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ ပါတယ်။

စစ်ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရသည့် အမေရိကန် Navy Seal တပ်စုခေါင်းဆောင်ကို တရားသေလွှတ်

အီရတ်နိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ အမေရိကန် Navy Seal တပ်စုခေါင်းဆောင် အက်ဒ်ဝါ့သ် ဂယ်လာဂါကို စစ်ဘက် ဂျူရီအဖွဲ့က ဇူလိုင် ၂ ရက်နေ့မှာ တရားသေလွှတ်လိုက်ပါတယ်။  စစ်ခုံရုံးမှာ ၉ နာရီကြာ ကြားနာစစ်ဆေးပြီးနောက် အိုင်အက်စ် စစ်သားရုပ်အလောင်းကို တရားမ၀င် ပို့စ်တင်ခဲ့တဲ့ စွဲချက်ကလွဲလို့ လူသတ်မှုနဲ့ တခြားစွဲချက်အားလုံးကနေ ဂယ်လာဂါကို အဖွဲ့ဝင် ၉ ယောက်ပါ ဂျူရီအဖွဲ့က တရားသေလွှတ်ခဲ့ပါတယ်။

ဒွေးကို အစားပြန်ရသလိုပဲ ဆိုတဲ့ သားညီ

ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေဟာ ဒွေးကို ပြန်ရလိုက်သလို ခံစားရတယ်လို့ သားညီက ရင်ဖွင့်ပြောပြလာပါတယ်။ အဲဒီနောက် ရဲတိုက်ကို အားပေးစကားတွေ ပြောပြခဲ့ပါသေးတယ်။ သားညီက ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရင်း အစ်ကိုဖြစ်သူ ဒွေးကို ပြန်သတိရမိတဲ့အကြောင်းတွေ ပြောလာပါတယ်။ သူဟာ ဇူလိုင် ၃ ရက်နေ့ ညက ‘’ဒဏ္ဍာရီမိုး’’ရုပ်ရှင် အထူးပြပွဲကို တက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်။

ချင်းတိုင်းရင်းသားတစ်ယောက်မှ AA အဖွဲ့ထံ တောင်းဆိုချက်

၂၀၁၅ ခုနှစ်ကစပြီး AA အဖွဲ့သည် ဒီနေ့ဒီချိန်ထိ ပလက်ဝမြို့နယ်မှာ အခြေချပြီး ရခိုင်ပြည်နယ်ကို Federate state အဖြစ် ပြောင်းလဲရရှိရေးအတွက် တိုက်ပွဲဝင်နေကြရတာကို မြင်တွေ့ရပါတယ်။ ဒါဟာ လုံးဝလက်မခံနိုင်ပါ။ သင်တို့လိုချင်သော Federate state ရဖို့ ငါတို့ ချင်းပြည်သူတွေ မြေစာပင် ဖြစ်နေတာကို လုံးဝလုံးဝ လက်မခံပါ။ မင်းတို့ဟာ မင်းတို့ ဘာ federate ပဲ ရရ ငါတို့က စိတ်မဝင်စားဘူး။ ငါတို့ နယ်မြေ ငါတို့ပြည် အေးချမ်းဖို့ကိုပဲ ငါတို့ကလိုလားပါတယ်။ ငါ့တို့ပြည်သူတွေဟာ မင်းတို့ AA ကြောင့် ငါတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးနေပါပြီ။

အမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၂၅၇ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး စာသင် ကျောင်းများနှင့် ခြင်အန္တရာယ် ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်းခြင်း များ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

သက်ငယ်မုဒိမ်းပပျောက်ရေး မြင်းခြံဒီဂရီကောလိပ်တွင် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ပပျောက်ဖို့အတွက် ဖဲကြိုးနက်ကမ်ပိန်းလှုပ်ရှားမှုကို မန္တ​လေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မန္တ​လေးတိုင်းဒေသကြီး လူငယ်ကွန်ယက်၊ မြင်းခြံလူငယ်ကွန်ယက်၊ကျောက်ပန်းတောင်း လူငယ်ကွန်ယက်တို့ ပူးပေါင်းကာ မြင်းခြံဒီဂရီကောလိပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှာ တက်ရောက်လာသူတွေကို ဖဲကြိုးနက်ကမ်ပိန်းပြုလုပ်ခဲ့တာဖြစ်ပြီး Child Abuse ကလေးငယ်တွေအပေါ် စော်ကားမှုတွေလျော့ကျစေဖို့နဲ့ မြန်မာအမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးရဖို့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ်လာလို့ မန္တလေးတိုင်းဒေသကြီး လူငယ်ကွန်ယက်မှ ကိုဝေလွင်ဦးက ပြောပါတယ်။

တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရပြီး ရှစ်နှစ်ကြာမှပြန်လည်ဖွင့်လှစ်ခဲ့သည့် နမ်ဆန်ယန် အခြေခံပညာ အလယ်တန်းကျောင်းကို ပြန်လည်ပြုပြင်သွားမည်

Image may contain: sky and outdoorတစ်ကျော့ ပြန် တိုက်ပွဲများကြောင့် ပိတ်ထား ခဲ့ပြီး ရှစ်နှစ်ကြာမှ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည့် ကချင်ပြည်နယ် ဝိုင်းမော် မြို့၌ တည်ရှိသည့် နမ်ဆန်ယန်အ ခြေခံပညာ အလယ်တန်းကျောင်း ရှိ ကျောင်းဆောင်နှစ်ဆောင်ကို ပြည် ထောင်စုရန်ပုံငွေ ကျပ်သိန်း ၆၀ဝ ကျော် အသုံးပြုကာ ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်သံအမတ်ကို လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သံအမတ်အဖြစ် မကြာသေးမီက စတင် တာဝန်ထမ်းဆောင်နေသည့် မစ္စတာ ချန်းဟိုင်အား ယနေ့ ဇူလိုင် ၃ ရက်၊ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေး၊ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှားက အမှိုက်ကုန်သေတ္တာ ၄၉ လုံးကို အမေရိကန်အပါအဝင် အခြားဖွံ့ဖြိုးပြီး နိုင်ငံများသို့ ပြန်ပို့မည်

အရှေ့တောင်အာရှသည် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အမှိုက်ပစ်ရာနေရာများသဖွယ် ဖြစ်နေခြင်းနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများက ကန့်ကွက်ဆန့်ကျင်မှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် အမှိုက်ကုန်သေတ္တာ ၄၉ လုံးကို ပြင်သစ်နိုင်ငံနှင့် အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြန်ပို့မည်ဟု အင်ဒိုနီးရှားက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

မြစ်များကို သက်ရှိလူပုဂ္ဂိုလ်များကဲ့သို့ အဆင့်သတ်မှတ်ကြောင်း ဘင်္ဂ္လားဒေ့ရှ်တရားရုံးထုတ်ပြန်

မြစ်များအတွင်း ကျူးကျော်ဝင်ရောက်၍ တရားမဝင်စီးပွားရေးအကျိုးအမြတ်ရှာကြခြင်းမှ ကာကွယ်ရန်အတွက် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၏မြစ်များကို သက်ရှိလူပုဂ္ဂိုလ်များရရှိထားသည့် အဆင့်အတန်းနှင့် အခွင့်အရေးများအတိုင်း ကာကွယ်စောင့်ရှောက်မှု ပြုလုပ်သွားမည်ဟု ဘင်္ဂ္လားဒေ့ရှ်အထက်တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ကိုယ့်ဘက်သူ့ဘက်

နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှုတွင် ပြဿနာရပ်များ၊ တစ်ဖက်နှင့် တစ်ဖက် ပွတ်တိုက်မှုများ၊ သူ့ဘက် ကိုယ့်ဘက်အကြား ပဋိပက္ခများသည် ကြီးမားသော စိန်ခေါ်မှုဖြစ်စေပြီး ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန် ခဲယဉ်းသည်။ နိုင်ငံ တည်ဆောက်ရေးတွင် ခရီးတုံ့နှေးတတ်သည်။ အခန့်မသင့်လျှင် နောက်ကြောင်း ပြန်နိုင်သည်။ လက်ရှိ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်လည်း ယင်းသို့သော ပွတ်တိုက်မှုများ၊ ဘက်များအကြား အကဲစမ်းမှုများ၊ ပဋိပက္ခများသည် အကြီးအကျယ် ဒုက္ခတွေ့စေသည်။ ယင်းကို တာဝန်ယူရသော အစိုးရတစ်ရပ် အနေဖြင့် ကောင်းစွာ သဘောပေါက်ပြီး ထိုသို့မဖြစ်ရန် ရှောင်ကြဉ်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကို လူအများ လက်ခံအောင် ကြိုးစားရမည်။

ရန်ကုန်မြို့တွင် H1 N1 လူနာများအပြင် ရာသီတုပ်ကွေး အမျိုးအစားတစ်ခု ဖြစ်သည့် AH3 ဗိုင်းရပ်စ်ပိုးမျိုးကွဲ တွေ့ရှိနေဟုဆို

ရန်ကုန်မြို့တွင် H1 N1 လူနာများအပြင် ရာသီတုပ်ကွေး အမျိုးအစား တစ်ခုဖြစ်သည့် AH3  ဗိုင်းရပ်စ်ပိုးမျိုးကွဲ တွေ့ရှိနေကြောင်း အဖွဲ့ခေါင်းဆောင် ဆရာဝန်၊ တိုးချဲ့ကာကွယ် ဆေး/ကူးစက်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရဲလင်းနိုင်က ပြောကြားသည်။ အဆိုပါ ပိုးအမျိုးအစားမှာ လက်ရှိ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး (Seasonal Influenza A (H1 N1 2009) အမျိုးအစား တစ်ခုဖြစ်ပြီး ဗိုင်းရပ်ပိုး မျိုးကွဲဖြစ်ကာ ဖြစ်ပွားသည့် ရောဂါလက္ခဏာများမှာ အတူတူပင် ဖြစ်ကြောင်း သိရသည်။

ထားဝယ်- မောင်းမကန်လမ်းပိုင်းပေါ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အလောင်းအား တွေ့ရှိခဲ့ရမှုမှ လူသတ်မှုကျူးလွန်ခဲ့သူ ရည်စားဟောင်းကို ဖမ်းဆီးရမိ

တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ထားဝယ် - မောင်းမကန် လမ်းပိုင်းပေါ်မှ ရော်ဘာခြံတစ်ခုအတွင်း၌ ပြီးခဲ့သည့် မေ ၂၃ ရက်က ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အလောင်းအား တွေ့ရှိခဲ့ရမှုမှ လူသတ်မှုကျူးလွန်ခဲ့သူ ရည်စားဟောင်းကို ဖမ်းဆီးရမိထားပြီး တရားစွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဦးမှာ မဟုတ်ဘဲ ဆက်ကစားပေးသွားမယ်လို့ မက်ဆီ ပြော

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် မက်ဆီက  နိုင်ငံလက်ရွေးစင်အသင်းကနေ အနေားယူဦးမှာ မဟုတ်ပဲ ဆက်ပြီးကစားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ဘာစီလိုနာကြယ်ပွင့်ဟာ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း ကျရှုံးပြီးနောက် လက်ရွေးအစင်းကနေ အနားယူခဲ့သေးပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရောက်မှသာ ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

လှည်းကူးနှင့် ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ ကို လယ်သမားများ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၈၀ အား စီမံကိန်းအတွက် အသုံးပြုမည်ဆိုခြင်းကို လယ်သမားများ သဘောတူဟုဆို

လှည်းကူးနှင့် ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်ဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ အား လယ်သမားများ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းအား စီမံကိန်းအတွက် အသုံးပြုမည် ဆိုခြင်းကို လယ်သမားများ၏ သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဗီယက်နမ်ဆေးရုံတွေမှာ လူနာတင် မော်တော်ဆိုင်ကယ်တွေကို အသုံးပြုလာ

ဗီယက်နမ်နိုင်ငံက ဆေးရုံအချို့ဟာ အရေးပေါ်လူနာတွေကို အချိန်မီ သွားရောက်ကုသကယ်တင်နိုင်ရေးအတွက် ယာဉ်ကြောပိတ်ဆို့မှုတွေရဲ့ ဒဏ်ကနေ သက်သာဖို့ အရေးပေါ် လူနာတင် မော်တော်ဆိုင်ကယ်တွေကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှု များပြားတဲ့ မြို့တွေမှာ ကိရိယာအပြည့်အစုံနဲ့ လူနာတင် မော်တော်ဆိုင်ကယ်တွေနဲ့ လူနာဆီ အရောက် သွားစေပြီး ရှေးဦးပြုစုကုသမှုပေးကာ လူနာကို ဆေးရုံကို တင်ဆောင်လာစေတဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီလထဲက ဆေးရုံအချို့က လုပ်ဆောင်လာခဲ့တာပါ။

တပ်တွင်းပုန်ကန်မှုဖြစ်နိုင်သဖြင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲဟုတပ်မတော်အရာရှိ ထွက်ဆို

တပ်မတော်အတွင်း ပုန်ကန်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်တွေကို တရားစွဲဆိုရတာဖြစ်တယ်လို့ တရားလိုပြသက်သေ တပ်မတော်အရာရှိက တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဇူလိုင် ၃ ရက်က ရုံးထုတ်စစ်ဆေးရာမှာ တရားလိုပြသက်သေ အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချူပ်က တပ်မတော်အရာရှိ ၂ ဦးကို စစ်ဆေး မေးမြန်းရာမှာ ပြောကြားသွားတာပါ။

အလန်းစားအကြမ်းစားရိုက်ချက်များဖြင့် မိုင်လေးဆိုင်းရပ်စ်သီချင်းသစ် – Mother’s Daughter

 သီချင်းအမ်တီဗွီတပုဒ် ထွက်ရှိလာတိုင်း သတိထားစောင့်ကြည့်ခံရတဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် မိုင်လေးဆိုင်းရပ်စ်က ဒီတခါမှာလည်း ပရိသတ်တွေကို အံ့အားသင့်စေ ခဲ့ပြန်ပါတယ်။  Mother’s Daughter လို့ အမည်ပေးထားတဲ့ ဒီသီချင်းဟာ သူ့ရဲ့ She’s Coming အမည်ရတဲ့ တေးအယ်လ်ဘမ်သစ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ထွက်ရှိပြီး နာရီ ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။  အသက် ၂၆ နှစ်အရွယ် အမေရိကန်အဆိုတော် မိုင်လေးဟာ ဒီသီချင်းရုပ်သံထဲမှာ အနီရောင်တောက်တောက် သွားတွေပါတဲ့ မအင်္ဂါဇာတ်ပုံဝတ်စုံကို ဆန်းဆန်းပြားပြား ၀တ်ဆင်ပြီး သရုပ်ဆောင်ထားခဲ့တာပါ။

ရွှေ့ပြောင်းကလေးငယ်များကိုထားသည့် စခန်းများ ပိတ်ပစ်ရန် နယူးယောက်တွင် ဆန္ဒပြ

အမေရိကန်နယ်စပ်ရှိ ရွှေ့ပြောင်းကလေးငယ်တွေကိုထားတဲ့ စခန်းတွေဟာ မသန်မရှင်း၊ လူတွေပြည့်နေပြီး  အခြေအနေဆိုးရွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နယူးယောက်မြို့မှာ ရာနဲ့ချီတဲ့လူတွေက အဲဒီစခန်းတွေကို ပိတ်ပစ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။   ဇူလိုင် ၂ ရက်က ဒီဆန္ဒပြပွဲဟာ မကြာသေးခင်က တရားမ၀င် ၀င်လာသူတွေကို ဖြိုခွင်းတဲ့ အပေါ် မကျေနပ်ကြောင်း အမေရိကန်နိုင်ငံတ၀န်း ထုတ်ဖော်ပြောဆိုကြတာရဲ့ တစိတ်တပိုင်း  ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်တွင် ဆရာများရောက်မလာသဖြင့် ကျောင်းသား ၅၀၀ ခန့် စာမသင်ရဘဲ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက အထက်တန်းကျောင်းမှာ တာဝန်ကျ ဆရာ၊ ဆရာမတွေ မလာရောက်တာကြောင့် အဲဒီကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၀၀ လောက် ပညာရေးမှာအခက်ကြုံနေကြရတယ်လို့ ကျောက်တန်းရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။ေ ကျာက်တန်းကျေးရွာက ရပ်မိရပ်ဖ ဦးအေးနိုင်က “ကျနော်တို့ ကျောက်တန်းမှာ အ.ထ.က ကျောင်းမဖွင့်တာ အတော်ကြာနေပြီ။ ကျောင်းဆရာကြီးဆိုလည်း ကျောင်းဖွင့်ကတည်းက တခါမှ မရောက်ဘူး။ ရွာဘက်ကရှိတဲ့ ဆရာ၊ ဆရာမတွေက တခါတခါဖွင့်တယ်။ ကျောင်းဆရာကြီးရော ကျောင်းဆရာ၊ ဆရာမတွေလည်း မရောက်ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေ ဒုက္ခရောက်နေ ကြရတယ်”လို့ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရမှ စည်ပင်သို့ ယာဉ်၊စက်ယန္တရားများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးကော်မတီများသို့ ယာဉ်၊စက်ယန္တရားများအား ထောက်ပံ့ပေးအပ်ပွဲအား ပုသိမ်မြို့တော်ခန်းမတွင် ဇူလိုင် ၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ခံရယူခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂.၃ ဘီလီယံအား ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် စည်ပင်သာယာရေးအဖွဲ့သို့ ယာဉ်၊စက်ယန္တရားများ ဝယ်ယူထောက်ပံ့ခြင်းဖြစ်သည်။

ပီရူးက ချီလီကို ၃ဂိုးပြတ်အနိုင်ယူပြီး ကိုပါအမေရိကဖလား ဗိုလ်လုပွဲတက်

ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို ဒီနေ့မနက်က ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားရာမှာ ပီရူးနိုင်ငံအသင်းက လက်ရှိချန်ပီယံ ချီလီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်းယှဉ်ပြိုင်ကစားခဲ့ရာမှာ ချီလီအသင်းကဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွ င်းခွင့်တွေပါ အခွင့်အရေးပိုမိုရရှိခဲ့ပေမယ့် ပီရူးဂိုးသမား ဂယ်လီဆီက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ချီလီအသင်း ဂိုးမရဘဲရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး  ၃ကြိမ်ဆက်တိုက် ကိုပါဖလား ချန်ပီယံ ဖြစ်ရေး အိပ်မက်ပျက်သွားခဲ့ပါတယ်။

အမျိုးသား သုံးဦးအား အုပ်စုဖွဲ့ ဓားဖြင့် ခုတ်သတ်၍ တွံတေး တူးမြောင်းအတွင်း ပစ်ချ အလောင်းဖျောက်ခဲ့သည့် အဖွဲ့မှ နှစ်ဦး ထပ်မံဖမ်းဆီးရမိပြီး ငါးဦး လွတ်မြောက်နေ

တွံတေးမြို့နယ်တွင် အမျိုးသား သုံးဦးကို အုပ်စုဖွဲ့ ဓားဖြင့် ခုတ်သတ်၍ တွံတေး တူးမြောင်းအတွင်း ပစ်ချ အလောင်းဖျောက်ခဲ့သည့်အဖွဲ့မှ နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိပြီး ငါးဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ဇူလိုင် ၃ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ထပ်မံ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးမှာ စန်းဦး နှင့် ဇော်လှမျိုးတို့ဖြစ်ပြီး ကျန် ကျူးလွန်သူ ငါးဦးကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။

ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစိုးရတိုင်ကြားရေး ယန္တရား ငါးခုထားရှိပြီးဖြစ်

ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစိုးရတိုင်ကြားရေး ယန္တရားငါးခုထားရှိပြီး ဖြစ်၍ ပြည်တွင်းတွင် အဓမ္မခိုင်းစေခံရမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ် တိုင်ကြားနိုင်ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။ အဆိုပါ အစိုးရတိုင်ကြားရေး ယန္တရားကို ပြီးခဲ့သည့် တစ်ပတ်အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး တိုင်ကြားလာသည့်အမှုများကို အလုပ် သမားရေးရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းကော်မတီမှ ကိုင်တွယ် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အငြင်းပွားမှု ရှုံးနိမ့်ခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ အယူခံ ဇူလိုင် ၄ ရက်တွင် အမိန့်ချမည်

ရွေးကောက်ပွဲ အငြင်းပွားမှုရှုံးနိမ့်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီမှအယူခံ တင်သွင်းထားမှုအားလာမည့် ဇူလိုင် ၄ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ဦးမြင့်နိုင်က ပြောသည်။ ပြီးခဲ့သည့် ၂ဝ၁၈ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၌ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က အနိုင်ရရှိခဲ့ သော်လည်း ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှုအချို့မှာဥပဒေ နှင့်ညီညွတ်ခြင်းမရှိဟုဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲ ကော်မရှင်သို့တိုင်ကြားခဲ့သည်။

ဖေ့ဘွတ်၊ အင်စတာဂရမ်၊ WhatsApp တစ်ကမ္ဘာလုံးအနှံ့ ပြတ်တောက်

 မိတ်ဆွေရဲ့ ဖေ့စ်ဘွတ်အကောင့် ပြဿနာတက်နေတယ်ဆိုရင် မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။ အဲဒါဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဖြစ်နေတာပါ။အင်စတာဂရမ်၊ What’s App နဲ့ ဖေ့ဘွတ်တွေဟာ ဇူလိုင် ၃ ရက် ညနေပိုင်းကစပြီး ပုံ မမြင်ရတာ၊ သုံးစွဲရ ခက်ခဲတာတွေ ရှိတယ်လို့ တစ်ကမ္ဘာလုံးက အသုံးပြုသူတွေက သတင်းပေးပို့ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာလည်း ည ၉ နာရီနောက်ပိုင်းမှ စတင်ကာ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပုံတင်မရတာတွေ၊ ဗီဒီယိုတွေ တင်မရတဲ့ အခက်အခဲ ဖြစ်ပေါ်ခဲ့တယ် ။

မိမိကိုယ်မိမိ God ဟုဆိုကာ လေယာဉ်ပေါ်တွင် အော်ဟစ်သောင်းကျန်းသည့် ခရီးသည်တစ်ဦးအား လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက ၀ိုင်းဝန်းဖမ်းဆီး

မိမိကိုယ်မိမိ God ဟုဆိုကာ လေယာဉ်ပေါ်တွင် အော်ဟစ်ဆူညံခဲ့ပြီး လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များကို အနှောင့်အယှက်ပေးသည့် ခရီးသည်တစ်ဦးအား လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ ပွာတိုရီကိုမှ နယူးယောက်သို့ ပျံသန်းနေသော ဒယ်လ်တာလေကြောင်းလိုင်း လေယာဉ်တစ်စီးပေါ်တွင် ဇူလိုင် ၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းပင်။

မန်ယူက ရက်ခ်ျဖို့ဒ်ကို ၂၀၂၃ အထိ စာချုပ်သက်တမ်းတိုးပြီး ဒီဂီယာကို စာချုပ်သစ်ကမ်းလှမ်း

 မန်ချက်စတာယူ နိုက်တက်က အင်္ဂလန်တိုက်စစ် မှူး မားကပ်စ်ရက်ခ်ျဖို့ဒ်ကို တစ် ပတ်လုပ်ခပေါင် နှစ်သိန်းဖြင့် ၂၀၂၃ ဇွန်လအထိ စာချုပ်သက် တမ်းတိုးပြီးနောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် သတ်မှတ် ချက်တစ်ရပ်ပါဝင်သည်။ ရက်ခ်ျဖို့ဒ် (၂၁) နှစ်သည်အ သက် (၇) နှစ်အရွယ်ကပင်မန်ယူ သို့ ရောက်ရှိပြီး အသက် (၁၈) နှစ်အရွယ် ၂၀၁၆ ဖေဖော်ဝါရီက လူကြီးအသင်းတွင် ပထမဆုံး ပွဲ ထွက်ကစားခဲ့သည်။

ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေမိုရေးစ်ကို အက်စတွန်ဗီလာက ကလပ်စံချိန်တင်ကြေးဖြင့်ခေါ်ယူ

 ဘယ်လ်ဂျီယံကလပ် ဘရဂ်မှ ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေမိုရေးစ်ကို အက်စတွန် ဗီလာက ကလပ်စံချိန်တင်ကြေး ဖြင့် ခေါ်ယူသည်။ မိုရေးစ် (၂၂) နှစ်အတွက် ပေါင် ၂၂ သန်းတန် သဘောတူ ညီမှုကို ပြီးခဲ့သည့်လက ဘရဂ်နှင့် အက်စတွန်ဗီလာအကြား သ ဘောတူညီခဲ့ကာ ၎င်းအတွက်အ လုပ် လုပ်ခွင့်ပါမစ်ရပြီးနောက် အ ပြောင်းအရွှေ့တရားဝင်ဖြစ်လာ ခြင်းဖြစ်သည်။ အက်စတွန်ဗီလာသည်နည်း ပြ ဒီယန်စမစ်၏ ဦးဆောင်မှုဖြင့် ချန်ပီယံရှစ် ရှုံးထွက်ကစားကာ ပရီးမီးယားလိဂ်သို့ ပြန်လည်တန်း တက်ခွင့်ရလာပြီးနောက် အင် အားဖြည့်တင်းနေသည်။

ဘရာဇီးဗိုလ်လုပွဲတက်သောပွဲတွင် VAR အသုံးမပြု၍ မက်ဆီပေါက်ကွဲ

ဘရာဇီးက အိမ် ရှင်အဖြစ် ကျင်းပနေသော ကိုပါ အမေရိကပြိုင်ပွဲ အကြိုဗိုလ်လုပွဲ တွင် ဘရာဇီးက အာဂျင်တီးနား ကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲ ၌  ပွဲကြီးကြပ်ပုံနှင့်ပတ်သက်၍ မက်ဆီနှင့်အဂူရိုတို့က ပြစ်တင် ပြောကြားပြီး ပင်နယ်တီနှစ်ခုပယ် ချခဲ့ခြင်းအပေါ် VAR စနစ်အသုံး မပြုခြင်းကို မေးခွန်းထုတ်သည်။ ဘရာဇီးအတွက် ဂျီးဆပ်က ၁၉ မိနစ်တွင် အဖွင့်ဂိုးသွင်းယူပြီး  ယင်းဘရာဇီးတိုက်စစ်မှူး၏ ယခု ပြိုင်ပွဲ ပထမဆုံးဂိုးဖြစ်သည်။ ဖာမီနိုက ဂျီးဆပ်၏ဖန်တီးမှုမှတစ် ဆင့် ၇၁ မိနစ်တွင် ဒုတိယအနိုင်ဂိုး သွင်းယူသည်။

နေပြည်တော်တွင် အနှိပ်ခန်းများ ပိတ်သိမ်းရန်နှင့် ကေတီဗီများ ည ၁၁ နာရီအထိသာဖွင့်လှစ်ရန် သတိပေး မိန်းကလေးအလုပ်သမားများ မထားရှိရန်အချက်ပါဝင်

အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် အနှိပ်ခန်းများကို ဇူ လိုင် ၁ ရက်ကစ၍ ပိတ်သိမ်းရန်၊ ကေတီဗီများ ည ၁၁ နာရီအထိ သာဖွင့်လှစ်ရန်နှင့် မိန်းကလေး အလုပ်သမားများမထားရှိရန် အုပ်ချုပ်ရေးအာဏာပိုင်များက သတိပေးထားသည်။ ‘‘တရားမ၀င်တဲ့အနှိပ်ခန်း တွေလုံးဝမရှိဖို့ ဖမ်းဆီးအရေးယူ တာပေါ့။ ကေတီဗီက သတ်မှတ် စည်းကမ်းအတိုင်းကတော့  ၁၁ နာရီပဲဖွင့်ရမယ်လို့ သူ့ရဲ့စည်း ကမ်းထဲမှာပါပြီးသားလေ။ ဒီဖျော် ဖြေရေးလိုင်စင်မှာ ကေတီဗီမှာ ကောင်မလေးတွေ အဆိုတော် ပေါ့၊ ထားတဲ့ကိစ္စတွေက တရား မ၀င်တာဖြစ်တဲ့အတွက် တရား ၀င်ရှိဖို့အတွက် ကောင်မလေး တွေလက်သင့်မခံဘူး’’ ဟု နေ ပြည်တော်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက 7Day Daily သတင်း စာအား ပြောသည်။

မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် လွှတ်တော်အတည်ပြု

မွန်ပြည်နယ်အစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ပြည်နယ် လွှတ်တော်က အတည်ပြုသည်။ ဇူလိုင် ၂  ရက်က ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် အရေး ပေါ်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခု တိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းအပေါ် လွှတ်တော်တွင် သဘောတူညီ ချက်ရယူပြီး အတည်ပြုခဲ့သည်။

စည်ပင်ဥပဒေဖြင့် တရားစွဲမှု ၁,၄၀၀ ကျော်ရှိ

ယခုနှစ်တွင် စည်ပင် သာယာရေးဥပဒေဖြင့် တရားစွဲ အရေးယူထားသည့် အမှု ၁,၄၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေးဌာန စီမံရေးရာ ဌာနမှူး ဦးကျော်မင်းက ပြော ကြားသည်။ေ မလကုန်အထိ စည်ပင် သာယာရေးဥပဒေဖြင့် တရားစွဲဆို အရေးယူထားသည့် အမှု ၁,၄၃၃မှုရှိပြီး အများဆုံးသည် ယာဉ်နှင့် ပတ်သက်သည့် အမှုများဖြစ် သည်။

‘အနန္တ’ရုပ်ရှင်ဇာတ်ကားအတွက် ညိုမင်းလွင်ရဲ့ ရင်ခုန်မှု

 မြန်မာနိုင်ငံတွင် လူသားများ၏ ပထမဆုံးကျောက်ဖြစ်ရုပ် ကြွင်းကို တွေ့ရှိသည်ဆိုသည့် သတင်းအပေါ် အခြေခံ၍ ‘အနန္တ’ရုပ်ရှင်ကို ရိုက်ကူးခြင်းဖြစ်ကြောင်း ဒါရိုက်တာညိုမင်းလွင် က ပြောသည်။ ‘‘ငယ်ငယ်က ကြည့်ဖူးတဲ့ သိပ္ပံဇာတ်ကားတွေရဲ့ ရိုက်ချက်မျိုးတွေ၊ ကင်မရာအယူအဆမျိုးတွေ၊ အဲဒါမျိုးအငွေ့အသက် တော့  ပါကောင်းပါနိုင်တယ်။ ဒါပေမဲ့ အဓိကအကျဆုံးဖြစ်တဲ့ ဇာတ်လမ်းသည် လုံးဝကော်ပီ မဟုတ်ပါဘူး။ အဲဒါကို သေသေ ချာချာ ပြောရဲပါတယ်’’ဟု ညိုမင်း လွင်က ပြောသည်။

မီတာခတက်၍ ပြည်မြို့၌ ဆန္ဒပြ

လျှပ်စစ်မီတာခများ တိုး မြှင့်ကောက်ခံခြင်းကို ကန့်ကွက် သည့်အနေဖြင့် လူ ၅၀ ကျော်ကပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်း စီးကျောက်ရုပ် အဝိုင်းပတ်နေရာ တွင် ဇူလိုင် ၂ ရက်ညက ဆန္ဒပြခဲ့ သည်။ မီတာခများ ပြန်လည်လျှော့ ချပေးရန်နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အနိုင်ရ မည့် အစိုးရဖွဲ့ပြီးသည့် ကာလ အထိ မီတာခတိုးမြှင့်ကောက်ခံ ခြင်းကို ဆိုင်းငံ့ပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူ များက ပြောသည်။

အိမ်တက်မင်္ဂလာနဲ့အတူ စတူဒီယိုဖွင့်ပွဲ ပြုလုပ်ခဲ့တဲ့ ပိုပို

အဆိုတော်ပိုပို၏ အိမ်တက်မင်္ဂလာ၊ ဝါဆိုသင်္ကန်းကပ်  နှင့် စတူဒီယိုဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃ ရက် နံနက်က ၎င်း အိမ်တည်ရှိရာ တောင်ဥက္ကလာပ ယင်းမာ (၂)လမ်းတွင် ပြုလုပ်ခဲ့ သည်။ ‘‘လောလောဆယ် ပြည့်စုံ သွားပြီလို့ ခံစားရတယ်။ မိန်း ကလေးတစ်ယောက်အနေနဲ့ကျ တော့လည်း အိမ်ကောင်းကောင်း လေးတစ်လုံးရှိမှပဲ ကိုယ့်အတွက် လုံခြုံမှုရှိတာဆိုတော့လေ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ အကုန် လုံးကိုလည်း ကိုယ်ဖန်တီးနိုင်တယ်ဆိုတော့လေ။ စိတ်ချမ်းသာ တယ်၊ ပျော်ပါတယ်’’ဟု အိမ် တက်မင်္ဂလာနှင့် ပတ်သက်၍ ပိုပို က ပြောသည်။

ဝိုင်းမော်ရှိ တစ်သျှူးငှက်ပျောခြံတစ်ခြံတွင် အလုပ်သမားလေးဦး ပိုးသတ်ဆေးအဆိပ်သင့်

တစ်သျှူးငှက်ပျောစိုက် ခင်းများရှိ ပိုးသတ်ဆေးနှင့် မြေ သားများ အန္တရာယ်ရှိ၊ မရှိ ဓာတ် ခွဲခန်းစစ်ဆေးချက် မထုတ်ပြန်မီ ၀ိုင်းမော်မြို့ရှိ တစ်သျှူးငှက်ပျောခြံတစ်ခြံတွင် အလုပ်သမားလေးဦး ပိုးသတ်ဆေး အဆိပ်သင့်၍ ဆေးရုံ၌ ဆေးကုသမှု ခံယူနေ သည်။ ၀ိုင်းမော်မြို့နယ် စန်းကား ကျေးရွာရှိ ဆွတ်ဘောမ်ကုမ္ပဏီ တစ်သျှူးငှက်ပျောစိုက်ခင်းမှ ပိုး သတ်ဆေးအဆိပ်သင့် အလုပ်သ မားလေးဦးသည် ဇူလိုင် ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ၀ိုင်းမော် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခြင်း ဖြစ်သည်။

လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်သွားသော်လည်း နေရာကွက် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် ရှိ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဘက်သို့ ဝင်ရောက်ပျက်ပြယ်သွားသော် လည်း မြန်မာနိုင်ငံတွင် နေရာ ကွက် မိုးကြီးမည့် သတိပေးချက် ကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားဆဲဖြစ်သည်။  လေဖိအားနည်းရပ်ဝန်း သည် အိန္ဒိယနိုင်ငံ သြရိဿကမ်း ခြေမြောက်ပိုင်းနှင့် ဆက်စပ်နေ သော အနောက်ဘင်္ဂလားပြည် နယ်သို့ ဇူလိုင် ၂ ရက် နေ့လယ်က ရွေ့လျားဝင်ရောက်ခဲ့သည်။ သို့သော် မုတ်သုံလေဆက်လက်အား ကောင်းနေ၍ ကချင်၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။  နေရာကွက်မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ် စေသည့် မိုးတိမ်တောင်အန္တရာယ် သည် ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မြင့်မားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင် မိုးကြီးနိုင် ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

ရှမ်းမြောက်ဒေသတွင် ငမြှောင်တောင်ပိုး ထိန်းချုပ်နိုင်ရေး ဒရုန်းဖြင့် ပိုးသတ်ဆေးဖျန်းမည်

ရှမ်းပြည်နယ်မြောက် ပိုင်းဒေသရှိ ပြောင်းခင်းများအ တွင်း ငမြှောင်တောင်ပိုးကျရောက် မှု ထိန်းချုပ်နိုင်ရန် ဒရုန်း(Drone) သုံး၍ ပိုးသတ်ဆေးဖျန်းမည်ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ များက ပြောသည်။ ငမြှောင်တောင်ပိုး ကျ ရောက်မှု များပြားနေသော ရှမ်း ပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့ရှိ ပြောင်းခင်းများသို့ ဒရုန်းဖြင့် ပိုးသတ်ဆေး ဖျန်းမည့် အစီအစဉ်ကို ဇူလိုင် ၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာ န ဦးစီးမှူးဦးတင်ဦးကြိုင်က ပြော သည်။

ရန်ကုန်ရှိ နှစ်သုတ်တက်ကျောင်းများ၏ အလယ်တန်း၊ အထက်တန်းအတန်းများကို စာသင်ချိန်တစ်ချိန် ၄၀ မိနစ်ဖြင့် ရှစ်ချိန်ပြောင်းသင်ရန် ညွှန်ကြား

 ရန်ကုန်မြို့ရှိ  နှစ်သုတ် တက် အခြေခံပညာကျောင်းများ ၏ အလယ်တန်း၊ အထက်တန်း အတန်းများကို ဇူလိုင် ၁ ရက်က စတင်ကာ စာသင်ချိန် တစ်ချိန် မိနစ် ၄၀ နှုန်းဖြင့် ရှစ်ချိန်ပြောင်း သင်ရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ညွှန်ကြားထား သည်။ ယခင်နှစ်များက အလယ် တန်းနှင့် အထက်တန်းအဆင့် အတန်းများ၏ စာသင်ချိန် တစ်ချိန်လျှင် ၄၅ မိနစ်နှုန်းဖြင့် တစ် ရက်လျှင် ခုနစ်ချိန်သတ်မှတ် သင်ကြားသော်လည်း ယခုနှစ်က စတင်ကာ တစ်ချိန်လျှင် ၄၅ မိနစ်နှုန်းဖြင့် တစ်နေ့လျှင် ရှစ်ချိန် ပြောင်းလဲတက်ရမည်ဟု တစ် နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များကို အခြေခံပညာဦးစီးဌာနက မေလ  ၃၁  ရက်စွဲဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့သည်။

ယာယီရပ်နားခဲ့သည့် FMI လေကြောင်းလိုင်း ပြန်လည်ပျံသန်းမည်ဟု ကြေညာ

ယမန်နှစ်က ယာယီရပ် နားခဲ့သည့် FMI လေကြောင်း လိုင်းသည် မကြာမီ ပြန်လည်ပျံသန်းတော့မည်ဖြစ်ကြောင်း ဇူ လိုင် ၂ ရက်တွင်ကြေညာခဲ့သည်။  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ‘‘ပြီးခဲ့တဲ့နှစ်ရက်လောက်က တော့ စာတင်ထားတယ်။ AOC (လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့်) ပြန်လျှောက်တာပေါ့။   လျှောက်တဲ့စာတော့ ၀င်လာပြီ။ ဒါတော့ ပြန်ဆွေးနွေးဖို့ရှိသေး တယ်။ သူက ဒီတိုင်းလျှောက်လွှာ  လျှောက်လို့မရဘူး။ သူတို့လေ ယာဉ်ပျံ ဘယ်တော့ရောက်မလဲ။   အဓိကလေယာဉ်ပျံ ရှိဖို့လိုတာ ပေါ့။ လေယာဉ်ပျံရှိရင် ၀ယ်တာ လား၊ ငှားတာလား၊ ဘယ်တော့ ရောက်မလဲ။ ခေါ်ပြီး ဆွေးနွေး မယ်၊ မေးမယ်’’ဟု ပြောသည်။

ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုများနှင့်ပတ်သက်၍ နစ်နာသူများက တရားစွဲနိုင် ကျူးလွန်ကြောင်း ထင်ရှားသည့် တပ်မတော်သားများကို ပြင်းထန်စွာအရေးယူမည်ဟု တပ်မတော်ပြော

တပ်မတော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ စစ်ရေးပဋိပက္ခအတွင်း သံသယဖြင့် ဖမ်းဆီးခံထားရသူများ နှိပ်စက်ညှဉ်းပန်းခံရသဖြင့် သေဆုံးမှုများနှင့်ပတ်သက်ပြီး  နစ်နာသူများက တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၃ ရက် တွင် ပြောသည်။ AA နှင့် ပတ်သက်၍သံသယ ရှိသည်ဆိုကာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့သူ ကိုဇော်ဝင်းလှိုင်သည် နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများကြောင့် ဇူလိုင် ၁ ရက်တွင် သေဆုံးခဲ့သည်။ တပ်မတော်က နှိပ်စက်သဖြင့်  ကိုဇော်ဝင်းလှိုင် သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားမှုများနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ယူနက်စကိုဆန်ခါတင်စာရင်းတွင် ပုဂံဒေသပါဝင် ဇူလိုင် ၇ ရက်တွင် ဆွေးနွေးဆုံးဖြတ်မည်

အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်နေသည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ကော်မတီက ဆုံးဖြတ်မည့်ဆန်ခါတင်စာရင်း တွင် ရှေးဟောင်းမြို့တော်ပုဂံ ပါဝင်ကြောင်း အဆိုပါကော်မတီ အစည်းအဝေးတက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ ၁၆၇ နိုင်ငံမှ ၁,၀၉၂ နေရာတင်သွင်းထားခြင်း ဖြစ်ပြီး ယင်းအနက်မှ ဆန်ခါတင် ၃၆ နေရာစာရင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

သုံးနှစ်ကျော်ပိတ်ထားသည့် ရန်ကုန်ကားလိုင်စင်ပြန်ပေးရန် မူအားဖြင့်သဘောတူ

သုံးနှစ်ကျော် ပိတ် ထားသည့် ရန်ကုန်လိုင်စင်ပြန်ဖွင့် ရန် မော်တော်ယာဉ်တင်သွင်းခြင်း နှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (ကြီး/ ကော်)က မူအားဖြင့် သဘောတူကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၃ ရက်တွင် ပြောသည်။ ကြီး/ကော်က မူအားဖြင့် သဘောတူခဲ့သည့် ရန်ကုန်လိုင် စင်အတွက် နိုင်ငံတော်စီးပွားရေး ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ သို့ တင်ပြရန် ဆက်လက်စီစဉ်နေ ပြီး ယင်းကော်မတီက ရန်ကုန်လိုင်စင်စနစ်ကို ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

ကျား၊ မတန်းတူရေးဆောင်ရွက်ရာတွင် ရန်သူသဖွယ် သဘောမထားကြရန် အတိုင်ပင်ခံတိုက်တွန်း

 အမျိုးသမီးများ နှင့် အမျိုးသားများတန်းတူညီမျှ ရေးဆောင်ရွက်မှုများတွင် တစ်ဦး နှင့်တစ်ဦး ရန်သူသဖွယ်သဘော မထားဘဲ မောင်နှမရင်းခြား စိတ်ဓာတ်များဖြင့် လုပ်ဆောင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။ ‘‘အမျိုးသမီးအချင်းချင်းစာနာနားလည်နိုင်မှ အ မျိုးသားတွေကြားထဲမှာလည်း စာ နာနားလည်နိုင်မှာ ဖြစ်ပြီးတော့ ကျွန်မတို့နိုင်ငံ အနာဂတ်မျိုးဆက် တွေရဲ့အကျိုးကို ထမ်းဆောင်နိုင် မှာပဲဖြစ်ပါတယ်’’ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။ ဇူလိုင် ၃ ရက်က နေပြည် တော်ရှိ MICC-II ၌ ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အခမ်း အနားမိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ပမှ စားတော်ပဲတင်သွင်းမှု ယာယီဆိုင်းငံ့ပေးရန် ပဲ၊ နှမ်းအသင်းက ၀န်ကြီးဌာနသို့ အကြံပြုစာပို့

ပြည်ပမှ စားတော်ပဲ (Yellow Pea) တင်သွင်းမည့် အစီ အစဉ်ကို ယာယီဆိုင်းငံ့ရန် စီးပွား ရေးနင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်းက ဇူ လိုင် ၃ ရက်တွင် အကြံပြုစာပေးပို့ သည်။ြ ပည်ပမှ စားတော်ပဲ တင်သွင်းမည့် အစီအစဉ်ကို နယ်ကုန် စည်ဒိုင်များက ကန့်ကွက်သဖြင့် အသင်းက ယမန်နေ့တွင် အစည်းအဝေးပြုလုပ်၍ တင်သွင်း ခွင့် ယာယီဆိုင်းငံ့ထားရန် ဆုံးဖြတ်ကာ ၀န်ကြီးဌာနသို့ စာပေးပို့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောသည်။‘‘နယ်ကုန်စည်ဒိုင်တွေက ကုန်သည်တွေက ကန့်ကွက်ကြလို့ တင်သွင်းမှုကို ဆိုင်းငံ့ပေးဖို့ပါ’’ဟု ဦးမင်းကိုဦးက ပြောသည်။

တပ်မတော်၏အပစ်ရပ်ကြေညာမှုတွင် နပခနယ်မြေ ချန်လှပ်ထားခြင်းကို ပြင်ဆင်ပေးရန် ရခိုင်ပါတီ တိုက်တွန်း သံသယဖြင့် ဖမ်းထားသူများ သေဆုံးခဲ့မှု အရေးယူပေးရန် တောင်းဆို

တပ်မတော်က အပစ်ရပ်ကြေညာရာတွင် တိုင်းစစ်ဌာနချုပ် ငါးခုကိုသာ   အပစ်ရပ်စဲပြီး   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နယ်မြေ    ချန်လှပ်ထား ခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် တိုက်တွန်းကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က   ယမန်နေ့တွင် သဘောထားထုတ်ပြန်ကြေညာ သည်။ ANP ၏ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနှင့် ဗဟိုအ လုပ်အမှုဆောင်ကော်မတီအ စည်းအဝေးကို ဇူလိုင် ၁ ရက်နှင့်၂ ရက်တွင် စစ်တွေမြို့၌ ကျင်းပ ရာ အစည်းအဝေးအပြီး အချက် လေးချက်ပါ သဘောထားကြေ ညာချက်ထုတ်ပြန်သည်။

ရခိုင်ကို ဘင်္ဂလားဒေ့ရှ်နယ်မြေသတ်မှတ်ရေး ကန်လွှတ်တော်အမတ်၏မှတ်ချက် တရားလက်လွတ် ဆင်ခြင်မဲ့ပြောဆိုမှုအဖြစ် မြန်မာဘက်က တုံ့ပြန်

ရခိုင်ပြည်နယ်ကို ဘင်္ဂလား ဒေ့ရှ်အတွင်း ထည့်သွင်း ရန် အမေရိကန်အောက်လွှတ်  တော်အမတ်၏ ပြောကြားမှုသည်  ကြောင်းကျိုးဆီလျော်မှုမရှိသောတရားလက်လွတ်ဆင်ခြင်မဲ့ ပြောဆိုမှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက တုံ့ပြန်သည်။ေ အာက်လွှတ်တော်အမတ် ဘရက်ဒ်လေရှားမန်းက မြန်မာ  နိုင်ငံသည် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာ)များအပေါ် တာဝန်ခံမှု ရှိစွာ မစွမ်းဆောင်နိုင်ပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်အ တွင်း ထည့်သွင်းရန် ဇွန်လ ၁၃ ရက်တွင် ပြုလုပ်သော တောင်အာရှအတွက် အမေရိကန်ပြည် ထောင်စု၏ ဘတ်ဂျက်ရေးဆွဲမှု ကြားနာပွဲ၌ ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားများ ထပ်မပေါ်စေရေး ပြည်သူများ ကူညီကာကွယ်ပေးရန် အငြိမ်းစားသမ္မတ၏ ဇနီး တိုက်တွန်း

အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်တွင် ပေါ် ပေါက်ခဲ့ပြီး နှစ်လနီးပါးရှိလာချိန် အထိ တရားခံမပေါ်သေးသော ဗစ်တိုးရီးယားဟု လူသိများသည့် မူကြိုအရွယ်သမီးငယ် မဖွယ် မရာ ပြုကျင့်ခံရသကဲ့သို့ဖြစ်စဉ် မျိုး ထပ်မံမပေါ်ပေါက်စေရေး ပြည်သူတိုင်းက ပါဝင်တားဆီး ပေးရန် ဒေါ်စုစုလွင်က တိုက် တွန်းသည်။ ‘‘အဲဒီ အသိတရားတွေရှိပြီး တော့ ဒီလိုမျိုးမဖြစ်ခင်ကတည်း က တာဝန်ယူပေးနိုင်တဲ့၊ကာကွယ် ပေးနိုင်တဲ့ လုပ်ငန်းမျိုးတွေ လုပ် နိုင်ဖို့ ကြိုးစားပေးစေချင်တယ်။ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်မက ပြောချင်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ(ငြိမ်း)၏ ဇနီး ဒေါ်စုစုလွင်ကပြောသည်။

အလုပ်သမားများအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Hong Ri ပိုက်ဆံအိတ်စက်ရုံတွင် အလုပ် သမားများအပေါ် အကြမ်းဖက်ခဲ့ သူကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးဖော်ထုတ်ပေးရန် မြန် မာနိုင်ငံစက်မှုလက်မှုနှင့် ၀န် ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ်(MICS)က ကြေညာချက်ထုတ်ပြန်သည်။ လုပ်ငန်းခွင်အတွင်း ချုပ်ဆို ထားသည့် စာချုပ်ပါသဘောတူ ညီချက်များ ချိုးဖောက်ခံရခြင်း ကြောင့် Hong Ri ပိုက်ဆံအိတ် စက်ရုံ အလုပ်သမားအများစု သည် ဇွန်လ ၂၇ ရက်တွင် ဆန္ဒပြ ခဲ့ပြီး ဇွန်လ ၂၈ ရက်ညတွင် စက် ရုံနှင့်သက်ဆိုင်မှုမရှိသောသူများ က ဆန္ဒထုတ်ဖော်နေသည့်အလုပ် သမားများကို ဓား၊ တုတ်များဖြင့် ၀င်ရောက်အကြမ်းဖက်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ရခိုင်မင်းပြားမှာ တိုက်ပွဲ ပြင်းထန်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွေထဲမှာ အခု ဇူလှိုင်လဆန်း အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ AA ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ ဆက်တိုက် ဆိုသလိုဖြစ်နေတဲ့ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်စဉ်တွေမှာ ဒေသခံ လယ်သမားတွေရဲ့ လယ်တဲတွေ မီးရှို့ဖျက်စီးခံရတာကြောင့်၊ လယ်ယာ လုပ်ငန်းတွေမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကန်လွှတ်တော်ဆပ်ကော်မတီ ဥက္ကဌ ရခိုင်အရေး အကြံပြုချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို မြန်မာအစိုးရဘက်က အကာအကွယ်မပေးနိုင်ဘူးဆိုရင် အဲဒီနယ်မြေကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပေးဖို့ ၀ါရင့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးရဲ့ ပြောဆိုချက်အပေါ် ဝေဖန်တုန့်ပြန်မှုတွေထွက်ပေါ်နေပါတယ်။ ဇွန်လလယ်လောက်က အမေရိကန် အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ တောင်အာရှအတွက် ၂၀၂၀ မှာ သုံးစွဲမယ့် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လျာထားချက် ကြားနာပွဲမှာ အောက်လွှတ်တော် အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ Bradley Sherman က သမ္မတ Trump အစိုးရကို အဲဒီလို အကြံပြုခဲ့တာဖြစ်ပါတယ်။

ရခိုင် စစ်ရှောင်စခန်းအချို့ ရေလွှမ်း

ရခိုင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး၊ တချို့နေရာတွေ အရေးပေါ် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီအတွက် ခရီးလမ်းပမ်း အလှမ်းဝေးတဲ့ ဒုက္ခသည်စခန်းတွေအဖို့ ပိုပြိး စိုးရိမ်စရာတွေရှိနေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။ အခုရက်ပိုင်းထဲ ရခိုင်ပြည်နယ်မြို့တချို့မှာ မိုးများပြီး ရေဝင်ရောက်တွေရှိနေလို့ အနိမ့်ပိုင်းက စစ်ရှောင်စခန်းတွေအတွက် စိုးရိမ်နေရပါတယ်။

လစ်ဗျားရွှေ့ ပြောင်းနေထိုင်သူများစင်တာ လေကြောင်းတိုက်ခိုက်ခံရ ၊ လူ ၄ဝ သေဆုံး

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် တည်ရှိသော ရွှေ့ ပြောင်းနေထိုင်သူများစင်တာတစ်ခုအား ဇူလိုင် ၂ ရက် နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူ ၄ဝ နီးပါး သေဆုံးသွားပြီး အခြားအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများ၏ပြောကြားချက်အရသိရသည်။

ဥရောပ ပါလီမန်ဥက္ကဋ္ဌ မဲပေး ရွေးချယ်

EU ဥရောပပါလီမန် ဥက္ကဋ္ဌသစ်အဖြစ် အီတလီက သတင်းသမားဟောင်း David Sassoli ကို ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာ EU အမတ်တွေ မဲခွဲ ရွေးချယ်လိုက်ကြပါတယ်။ ပါလီမန်ဥက္ကဋ္ဌရွေးချယ်မဲပေးပွဲကို ဒီနေ့ ဗုဒ္ဓဟူးနေ့တနေ့လုံး အဆင့်ဆင့် လုပ်သွားကြတာပါ။ အင်္ဂါနေ့တုန်းကတော့ ဥရောပကော်မရှင် ဥက္ကဋ္ဌ တာဝန်အတွက် ဂျာမနီကာကွယ်ရေးဝန်ကြီး Ursula von der Leyen ကို ပဏာမ ရွေးချယ်ခဲ့ကြပါတယ်။

မြန်မာအရေး ကုလပျက်ကွက်ဟု Yanghee Lee အပြစ်တင်

မြန်မာနိုင်ငံလူထုကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂဘက်က ပျက်ကွက်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Ms.Yanghee Lee က ကုလအဖွဲ့ဝင် နိုင်ငံတွေကို အပြစ်တင်လိုက်ပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေကို နိုင်ငံတကာ လူသားချင်း စာနာကူညီရေး နဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ အမြန် သွားရောက် ခွင့်ပေးဖို့နဲ့၊ လူ့အခွင့်အရေး ကျူးလွန်သူတွေကို ဦးဆုံး အရေးယူ ကိုင်တွယ် ဖို့ကိုလည်း ဒီနေ့ လုပ်တဲ့ ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး အတွင်း ကုလ ကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးပါမယ်။

အမျိုးသမီး စီမံခန့်ခွဲတဲ့ အာရှကုမ္ပဏီတွေ ပိုမိုအောင်မြင်

အရှေ့တောင် အာရှ မှာရှိတဲ့ လုပ်ငန်း ကုမ္ပဏီတွေနဲ့ တရုတ် ကုမ္ပဏီတွေ အများအပြား ရှိတဲ့ အနက် စီမံ ခန့်ခွဲ အုပ်ချုပ်တဲ့ ရာထူး နေရာမှာ အမျိုးသမီးတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ လုပ်ငန်း ကုမ္ပဏီ တွေထက် ပိုမို အောင်မြင်တာ တွေ့ရတယ်လို့ ကမ္ဘာ့ဘဏ် လက်အောက်မှာ ရှိတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေး လုပ်ငန်းခွင် တခုမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါတဲ့ လုပ်ငန်းတွေရဲ့ အမြတ်အစွန်း ရမှု ဟာ ၃.၈ ရာခိုင်နှုန်း ရှိပြီး တချိန်တည်းမှာ အမျိုးသမီး ပါဝင်မှု မရှိတဲ့ အဖွဲ့အစည်းကတော့ ၂.၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ IFC နဲ့ Women Empowerment Group တို့ ပူးပေါင်း လုပ်ဆောင်တဲ့ လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖားကန့်ဒေသက လုပ်ကွက် ၉၈၁ ခုကို သုံးလကြာ တူးဖော်ခွင့် တားမြစ်

 ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မိုးတွင်းကာလ သုံးလအတွင်း ကုမ္ပဏီပေါင်း ၂၇၈၊ လုပ်ကွက်ပေါင်း ၉၈၁ ခုကို ပြည်နယ် အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် ယာယီတားမြစ်လိုက်ပါတယ်။ လုံးခင်းဖားကန့်ရတနာနယ်မြေအတွင်းက အကျိုးတူကုမ္ပဏီ ၇၈ ခုရဲ့ လုပ်ကွက် ၉၁ ခုနဲ့ ပုဂ္ဂလိကကုမ္ပဏီ၂၀၀ ရဲ့ လုပ်ကွက် ၈၉၀ ကို ဇူလိုင် ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ တူးဖော်ခွင့် တားမြစ်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတားဆီးကာကွယ်ပေးရေးဥပဒေကြမ်း လွှတ်တော်ထံ တင်ဖို့ ဆောင်ရွက်နေ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်ထံ တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။ေ နပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ထံ တင်မယ့် အချိန်ကိုတော့ အတိအကျပြောဆိုတာ မရှိခဲ့ပါဘူး။

အမှုပေါင်း၆မှုနဲ့ ထောင်ထဲရောက် ရွာသား၂၀

အစိုးရ၊ ရဲတပ်ဖွဲ့နဲ့၊ ဘိလပ်မြေကုမ္ပဏီတို့က အမှုပေါင်း၆မှုနဲ့ တရားစွဲခံထားရတဲ့ မန္တလေးမြို့အနီးက အောင်သပြေရွာသား ၂၀ ကျော်အနက် ရွာသား ၃ဦး ကတော့ ဇူလိုင်လ ၂ရက်နေ့က ပထမဆုံး ထောင်ဒဏ် ၁၄ လစီ ချမှတ် ခံလိုက်ရပါတယ် ။ေ ကျးလက်ဦးစီးက စွဲဆိုထားတဲ့ အမှု ၂မှုကို အမှုရင်ဆိုင်ပြီး တစ်နှစ်ကျော်အကြာမှာ အခုလို အမိန့် ချမှတ်ခံရတာ ဖြစ်ပါတယ်။ ဒီအမှုဟာ ကျေးရွာချင်းဆက် လမ်းမှာ ခြံစည်းရိုးချဲ့တဲ့ အမှု ဖြစ်ပါတယ်။