Monday, October 14, 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးအောက်တိုဘာ-၁၄ ၊၂၀၁၉

ဒီကနေ့ အောက်တိုဘာ ၁၄ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၂၉ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၃ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၆၈ ကျပ် (ဘဏ်ကအဝယ်)၊၁၆၇၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။စင်ကာပူတစ်ဒေါ်လာကို ၁၁၀၉ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၈ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၅၀ ကျပ် (ဘဏ်ကအဝယ်)၊၅၁ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၂၂၀ဝ၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၃၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၄၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၃၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၂၅ ကျပ်ဈေးဖြစ်ပါ တယ်။