Monday, June 10, 2019

ဝက်ဝံငယ်လေးတစ်ကောင်ကို ကွန်ဒိုတိုက်ခန်းထဲလှောင်ထားတဲ့ အဆိုတော်တစ်ဦး မလေးရှားမှာ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Desa Pandan ကွန်ဒိုတိုက်ခန်းတစ်ခန်းထဲမှာ ၀က်ဝံငယ်လေးတစ်ကာင်ကို ပိုင်ဆိုင်မှုအထောက်အထားမပြနိုင်ပဲ လှောင်ထားတဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က မနေ့က(ဇွန် ၇)ဖမ်းဆီး အရေးယူလိုက်ပါတယ်။ သတင်းအရ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေးဌာနက အဲဒီ ကွန်ဒိုတိုက်ခန်းကို စီးနင်းရှာဖွေခဲ့တာဖြစ်ပါတယ်။ ”သူ့ဆီမှာ အဲဒီဝက်ဝံလေးကို ပိုင်ဆိုင်ကြောင်း အထောက်အထားမရှိပါဘူး”လို့ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေးဌာနက ညွှန်ချုပ်ကပြောပါတယ်။

နိုင်ငံဖြတ်ကျော်ကာ ကလေးသူငယ်လုပ်သားလျော့ချရေး အသိပညာပေးသူ မြန်မာသို့ ရောက်ရှိ

၂၁ နိုင်ငံ ခရီးသွားပြီး ကလေးသူငယ်လုပ်သားလျော့ချရေးအသိပညာပေးဟောပြောပွဲလုပ်ဆောင်သူ အိန္ဒိယနိုင်ငံသား Mr. Aditya Goel သည် ဇွန် ၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ Aditya Goel သည် တစ်ကိုယ်တော်ခရီးအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဒေလီမှ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အထိ ကားဖြင့် ၂၁ နိုင်ငံဖြတ်ကာ ခရီးတစ်လျှောက်ဖြတ်သန်းတစ်လျှောက်မြို့များတွင် ကလေးသူငယ်လုပ်သား လျှော့ချရေး အသိပညာပေးများဟောပြောပွဲများ လုပ်ဆောင်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာအာကာသစခန်း ဧည့်သည်များလက်ခံတော့မည်

အာကာသထဲမှာ လွှင့်တင်ထားတဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းကို အလည်အပတ်သွားချင်တဲ့ ခရီးသွားတွေကို တစ်ညလျှင် ကန်ဒေါ်လာ ၃၅၀၀၀ နှုန်းနဲ့ ၂၀၂၀ခုနှစ်ကစပြီး လက်ခံပို့ဆောင်ပေးသွားနိုင်စေရေးအတွက် အမေရိကန် အမျိုးသားလေကြောင်းနဲ့အာကာသ ညွှန်ကြားမှုဦးစီးဌာန(NASA)က စတင်စီစဉ်နေပြီလို့သိရပါတယ်။ အာကာသစခန်းဆီကိုအသွားအပြန်နဲ့ အဲဒီမှာ တစ်ညအိပ်ရတဲ့အတွက် ကန်ဒေါ်လာ ၃၅၀၀၀ ဆိုတာ အင်မတန်ဈေးချိုပါတယ်လို့လဲ NASA ကဆိုပါတယ်။ “ဒါဟာ အပြည်ပြည်ဆိုင်ရာအကာသစခန်းကို ဈေးကွက်ဝင်တဲ့ စီးပွားရေးတစ်ခုအဖြစ် စတင်လိုက်တာဖြစ်ပြီး၊ အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးသေးတဲ့ လုပ်ငန်းပါပဲ”လို့ NASA ရဲ့ ဘဏ္ဍာရေးချုပ် Jeff DeWit ကပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အမေရိကန်နိုင်ငံသားတွေကိုပဲ အလည်အပတ်သွားရောက်ခွင့်ပြုဦးမှာဖြစ်တယ်လို့လဲ သူကဆိုပါတယ်။

နယ်သလန်ကို အနိုင်ယူပြီး နေရှင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားတဲ့ ပေါ်တူဂီ

အိမ်ရှင် ပေါ်တူဂီတို့ဟာ နယ်သာလန်အသင်းကို အနိုင်ယူပြီး နေရှင်းလိဂ် (Nations League) ပြိုင်ပွဲရဲ့ ပထမဆုံးဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲကိုလည်း တိုက်ရိုက်ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ေ ပ်ါတူဂီအသင်းဟာ (၃)နှစ်အတွင်း သူတို့ရဲ့ ဒုတိယမြောက် ဆုဖလားကို ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းဟာ ဂန်ဂါလို ဂူဒက်စ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ နယ်သာလန်အသင်းကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

(၁၂)ကြိမ်မြောက် ပြင်သစ်အိုပင်းချန်ပီယံနဲ့ (၁၈)ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဖြစ်လာတဲ့ မြေစေးကွင်းဘုရင် နဒါးလ်

တနဂင်္နွေနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ မြေစေးကွင်းဘုရင် ရာဖေးလ် နဒါးလ်က သြစတြီးယားကစားသမား ဒေါ်မနစ်သိမ်းကို ၆-၃၊ ၅-၇၊ ၆-၁၊ ၆-၁ (၃ ပွဲ၊ ၁ ပွဲ)နဲ့ အနိုင်ယူကာ (၁၂)ကြိမ်မြောက် ရိုလန်ဂါရို့စ်ချန်ပီယံနဲ့ (၁၈)ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံအဖြစ် သရဖူဆောင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် စပိန်တင်းနစ်ကစားသမား နဒါးလ်ဟာ ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲ တစ်ကျော့ပြန်အဖြစ် အကောင်းဆုံး စိန်ခေါ်နိုင်သူ ဒေါ်မနစ်သိမ်းကို အနိုင်ယူခဲ့ပြီးနောက် ပြင်သစ်အိုပင်းဗိုလ်လုပွဲမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

မိုက်ကယ်ကျော်မြင့်ကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က အမှုဖွင့်

ဝရမ်းပြေးအဖြစ် ကြေညာခံထားရသည့် မိုက်ကယ်ကျော်မြင့်ကို ထောင်အတွင်းမှ အမှုရင်ဆိုင်နေရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က နိုင်လွတ်လုံ ဥပဒေပုဒ်မ (၁၀)ဖြင့် ဇွန် ၉ ရက်တွင် တောင်ဥက္ကလာပမြို့နယ်ရဲစခန်း၌ အမှုဖွင့်လိုက်သည်။ေ တာင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ ( ပ)၈၄၁/ ၂၀၁၉ ဖြင့် ယနေ့ အမှုလက်ခံထားပြီဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဘက်မှ လိုက်ပါဆောင်ရွက်သူ ဦးမင်းမင်းထွန်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။ြ ပီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂ္လာပန်းခြံတွင် ပြုလုပ်သည့် ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံဟောပြောပွဲတွင် လာရောက်ဟန့်တားမှုအတွက် အမှုဖွင့်ခြင်းဖြစ်သည်ဟု သိရသည်။

လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်က ဓာတ်သတ္တု ထုတ်လုပ်မှုအား စီမံနေမှုကို မေးခွန်းထုတ်

လိုင်စင်မရှိဘဲ ဓာတ်သတ္တုများ ထုတ်ယူနေမှုအခြေအနေနှင့် တိုင်းဒေသကြီးအတွင်း လမ်းတံတား၊ အဆောက်အဦစသည့် စီမံကိန်းလုပ်ငန်းများတွင် အရည်အသွေး မပြည့်မီသည့် သဲ၊ ကျောက်များကို အသုံးပြုနေရသလို ဒေသဈေးနှုန်းထက် တန်ဖိုးကြီးမြင့်စွာ ပေးဝယ်နေရသဖြင့် အရည်အသွေးနှင့်လုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးကို များစွာထိခိုက်စေနိုင်ကြောင်း လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးခိုင်က လွှတ်တော်တွင် ပြောသည်။ ထို့ပြင် တောင်နံရံများတွင် တရားမ၀င် ကျောက်ထုတ်နေမှုများကိုပါ ဦးစိုးခိုင်က ထောက်ပြပြောဆိုခဲ့သည်။ “ခွင့်ပြုပေးခဲ့ခြင်းများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ကြီးကြပ်ရေးအဖွဲ့ များကို ၎င်းမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ဖမ်ဆီးရမိရေးအဖွဲ့ကို ဖွဲ့ စည်းထားရှိပြီးတော့ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဧရာဝတီတိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ ဇွန် ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းဆောင်ရွက်ရန် နယ်သာလန် နိုင်ငံ၊ FMO နှင့် ING Bank  ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းမှုများပြုလုပ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့သည်။

ဘရက်ဒလေကူးပါးနှင့် အီရီနာရှေ့ခ်တို့ လမ်းခွဲလိုက်ပြီဟု သတင်းရင်းမြစ်များက ပြောကြား

သရုပ်ဆောင်၊ ဒါရိုက်တာဘရက် ဒလေကူးပါးနှင့် ရုရှားမော်ဒယ်အီရီနာရှေ့ခ်တို့သည် လေးနှစ်ကျော် တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ပြီဟု ゞင်းတို့နှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ဦးက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ ကူးပါးက A Star IS Born ဇာတ်ကား ရိုက်ကူးရေးအတွက် အလွန်အကျွံ အာရုံစိုက်နေစဉ်အတွင်း ゞင်းတို့နှစ်ဦး၏ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့သည်ဟု ကူးပါးနှင့်အတူ ဇာတ်ကားရိုက်ကူးခဲ့ဖူးသည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဂျပန်က ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများအား လျှော့ချပြီး နျူကလီးယားစွမ်းအင်ကို ပိုမိုအာရုံစိုက်ရန် စီစဉ်

ဂျပန်တွင် ၂၀၁၁ ခုနှစ်၌ ဖူကူရှီးမား နျူကလီးယားကပ်ဘေးကြုံခဲ့ရသော်လည်း နျူကလီးယားစွမ်းအင်ကို ပိုမိုတွန်းအားပေးနေစဉ် ပြန်လည် သန့်စင်စွမ်းအင်များအား တိုးမြှင့်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ် မှုများကို လျှော့ချရန် စီစဉ်နေသည်။ ဂျပန်သည် သန့်စင်သော နျူ ကလီးယားစွမ်းအင်များထုတ်လုပ်မှု လျော့နည်းနေခြင်းအတွက် ရုပ် ကြွင်းလောင်စာစက်ရုံများအား အလွန်အမင်း မှီခိုနေရမှုမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရန်အတွက် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း အစိုးရအဖွဲ့က ဇွန် ၇ ရက်တွင် ထုတ် ပြန်ခဲ့သည့် စွမ်းအင်မူဝါဒစာတမ်း၌ ဖော်ပြခဲ့သည်။

သီရိလင်္က࿿ာက သစ်တောများ ကာကွယ်ရန် လွှစက်များနှင့် သစ်စက်များကို ပိတ်ပင်မည်

သစ်တောများကို ကာကွယ်ရန်အတွက် သီရိလင်္က࿿ာသည် လွှစက်များ တင်သွင်းမှုကို ပိတ်ပင်မည် ဖြစ်ပြီး သစ်စက်များကို ငါးနှစ်အတွင်း ပိတ်ပင်မည်ဖြစ်ကြောင်း သမ္မတ မေသရီပါလာသီရိသေနာ၏ ရုံးက ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။ တရားမဝင် သစ်ထုတ်လုပ်မှုကို နှိမ်နင်းပြီး သစ်တောဧရိယာကို တိုးတက်စေရန် သီရိသေနာက ဆုံး ဖြတ်ထားသည်။ လာမည့်တစ်ပတ်မှစ၍ လွှစက်များနှင့် လွှသွားများ တင်သွင်းမှုကို တားမြစ်ရန် ညွှန်ကြားထားကြောင်း သမ္မတက ဇွန် ၆ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သဘာဝဓာတ်ငွေ့ အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းသူများက အပြင်းအထန် စိုးရိမ်နေကြ

ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအားများ ထိုးတက်လာခြင်းကြောင့် ၂၀၁၈ ခုနှစ်သည် သဘာဝဓာတ်ငွေ့အတွက် ‘ရွှေနှစ်’ ဟုဆိုရမည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဇွန် ရရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကြောင့် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဖြစ်လာသည့် လောင်စာသစ်ကြောင့် ရာသီဥတုကို သက်ရောက်မှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသည့်အဖွဲ့များထံမှ စိုးရိမ်မှုများမြင့်တက်လာ ခဲ့သည်။

ဝန်ကြီးချုပ်မိုဒီက သီရိလင်္က࿿ာမှ ဗုံးခွဲခံရသည့် ဘုရားကျောင်းသို့ အစီအစဉ်မရှိဘဲ သွားရောက်

 အသေခံဗုံးခွဲမှုနှင့် ကြုံခဲ့ရသော သီရိလင်္ကာမှ ခရစ်ယာန်ဘုရားကျောင်းတွင် ဇွန် ၉ ရက်က အရိုအသေပြုနေသော အိန္ဒိယဝန်ကြီးချုပ်မိုဒီသီရိလကၤ࿿ာနိုင္ငံသို့ ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇွန် ၉  ရက်က ゞင်းအား တရားဝင်ဂုဏ်ပြု ကြိုဆိုပွဲ မတိုင်မီ အီစတာနေ့က အသေခံဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် ကတ်သလစ်ဘုရားကျောင်းသို့ အစီအစဉ်မရှိဘဲ သွားရောက်ခဲ့သည်ဟု သိရသည်။ မိုဒီနှင့်အဖွဲ့သည် ゞင်းတို့ကို ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုရန် စောင့်နေသော သမ္မတမိုင်သရီပါလာသီရိသေနာ၏ရုံးသို့ သွားရောက်နေစဉ် လမ်းခရီး၌ စိန့်အန်တိုနီဘုရားကျောင်းသို့  ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “သီရိလင်္က࿿ာဟာ ပြန်ထလာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မိုဒီက Twitter တွင် ရေးပြီး ဘုရားကျောင်းထဲသို့ ရောက်ရှိနေသည့် ゞင်း၏ဓာတ်ပုံများကိုလည်း တင်ခဲ့သေးသည်။

Brexit ကျေအေးငွေကို မပေးဘဲ ဆက်ထိန်းထားမည်ဟု ဘောရစ်ဂျွန်ဆင် ပြောကြား

 ဇွန် ၇ ရက်က လန်ဒန်ရှိ နေအိမ်တစ်လုံးမှ ထွက်လာသော ကွန်ဆာဗေးတစ်အမတ် ဘောရစ်ဂျွန်ဆင်ျဗိတိန္ဝန္ျကီးခ်ုပ္ထရီဆာေမ၏ နေရာအား ဆက်ခံနိုင်ခြေအများဆုံးသူဟု ရေပန်းစားနေသည့် ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂအနေနှင့်  ပိုမိုကောင်းမွန်သည့် နုတ်ထွက်ရေးအခြေအနေများကို သဘောတူပေးနိုင်ခြင်းမရှိပါက ဗြိတိန်ဘက်မှ Brexit ကျေအေးငွေပေးရမည့်အရေးကို ゞင်းင်းဘက်မှ လက်ခံမည်မဟုတ်ဟု ဇွန် ၈ ရက်က ပြောကြားခဲ့သည်။ ဇွန် ၇ ရက်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်သွားခဲ့သော မေ၏ နေရာတွင် အစားဝင်ရန် ယှဉ်ပြိုင်သူများအနက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်မှာ အခြေအနေ အကောင်းဆုံးဖြစ်နေသည်။

ကန်ရေခန်းခြောက်ခြင်းနှင့် လူဦးရေများပြားခြင်းတို့ကြောင့် သောက်သုံးရေခက်ခဲနေသည့် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ရေသွားရောက်လှူဒါန်း

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ရလှေူဒါနျးနစေဉျကန်ရေခန်းခြောက်ခြင်းနှင့် လူဦးရေ များပြားခြင်းတို့ကြောင့် သောက်သုံးရေ ခက်ခဲနေသည့် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ဇွန် ၉ ရက်က ရေချို ရေသန့် သွားရောက်လှူဒါန်းခဲ့သည်။ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာမှာ အိမ်ခြေ ၅၀ဝ ကျော်ရှိသော်လည်း စက်ရေတွင်းမှ ရေလုံလောက်စွာ မထွက်ရှိခြင်း၊ ရေကောင်းရေသန့် မရရှိခြင်းတို့ကြောင့် သောက်သုံးရေအတွက် ကန်ရေကိုသာ အားထား သုံးစွဲနေရသည့် ကျေးရွာဖြစ်သည်။

ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ရေတံခွန်၌ အပန်းဖြေရေကစားသူ အမျိုးသားသုံးဦး ရေစီးဖြင့်မျောပါသွားရာ တစ်ဦး၏အလောင်း ဆယ်ယူရရှိပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်

မွန်ပြည်နယ် ပေါင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဆင်ရွာကျေးရွတွင် တည်ရှိသော ရေတံခွန်၌ ဇွန်၈ရက် နံနက် ၁၀ နာရီခန့်က အပန်းဖြေရေကစားသူ အမျိုးသားသုံးဦး ရေစီးဖြင့် မျောပါခဲ့ရာ တစ်ဦး၏ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိထားပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သုနန္ဒာလမ်းဆုံတွင် မြေသယ်ယာဉ်နှင့်စည်ပင်အမှိုက်သိမ်းယာဉ် တိုက်မိ

မြောက်ဥက္ကလာမြို့နယ်၊ သုနန္ဒာလမ်းဆုံမှာ မြေသယ်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်  တိုက်မိခဲ့ပြီး မြေသယ်ယာဉ်မောင်း ကားခေါင်းခန်းအတွင်း ညှပ်မိခဲ့ကာ စည်ပင်အမှိုက်သိမ်းယာဉ် ရေမြောင်းအတွင်း ထိုးကျ   ဒီကနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၁နာရီဝန်း ကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Huawei ကုမ္ပဏီပိတ်ဆို့ခံရပြီးနောက် တရုတ်အစိုးရက ထိပ်တန်း နည်းပညာကုမ္ပဏီတို့မှ တာဝန်ရှိသူများကို ခေါ်ယူသတိပေးခဲ့

တရုတ်နိုင်ငံကို နည်းပညာ ရောင်းချနေမှုတွေ ရပ်လိုက်ရင် အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ တရုတ်အစိုးရက ယခု သီတင်းပတ်မှာ ထိပ်တန်းနည်းပညာကုမ္ပဏီတွေရဲ့တာဝန်ရှိသူတွေကို ဆင့်ခေါ် သတိပေးခဲ့ကြောင်း အမေရိကန်မီဒီယာတစ်ခုက ဇွန်လ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီက နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ်ဖလား ဆွတ်ခူး

နေးရှင်းလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ နယ်သာလန်တို့ မနေ့ကယှဉ်ပြိုင်ရာ ပေါ်တူဂီက တလုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။ အိမ်ရှင် ပေါ်တူဂီအသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ကာဗယ်လ်ဟို၊ ဒန်နီလို၊ ဂူဒက်စ် စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့သလို နယ်သာလန်အသင်းမှာလည်း ဘာဘယ်လ်၊ ဒီပေး၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။

မုတ်သုံလေ အားကောင်းလာ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် လှိုင်းကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။  ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကွက်ကျား၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

အခြေခံပညာဆရာ ခန့်ထားရေး ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြန်လုပ်မည်

အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်နဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက် ရရှိထားတဲ့ ကတိကဝတ်တွေအားလုံး အကောင်အထည်ဖော်ဖို့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြန်လည်ပြုလုပ်ပြီး တောင်းဆိုသွားမယ်လို့ ဦးဆောင်ကော်မတီက ပြောပါတယ်။ ၂၀၁၇ ခုနှစ်ကနေ စတင်ကာ အခြေခံပညာဆရာ ခန့်ထားရေးစနစ်နဲ့ ပတ်သက်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် ပညာရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်ငါးခု ရရှိခဲ့ပြီး လှုပ်ရှားမှုကို ရပ်တန့်ခဲ့ပေမယ့် လက်ရှိအချိန်မှာ သဘောတူညီချက်တချို့ကို ဆက်လက် အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးတာကြောင့် တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်သူရိန်က ပြောပါတယ်။

လူမျိုးရေးအမုန်းတရား မကြီးထွားစေရေး ထိန်းသိမ်းရန် ရခိုင်ခေါင်းဆောင်များကို ခူမီးချင်းမျိုးနွယ် အစုအဖွဲ့များ မေတ္တာရပ်ခံ

ချင်းပြည်နယ် အစိုးရအ ဖွဲ့ဝင်ဝန်ကြီးနှင့် ၀န်ကြီးဟောင်း အချို့အပါအ၀င် ဘာသာရေး ခေါင်းဆောင်အချို့အား လူမှုကွန် ရက်မှတစ်ဆင့် အသက်အန္တရယ် ခြိမ်းခြောက်ခံနေရကြောင်း၊ ဒေ သတွင်း မလိုလားအပ်သည့် နား လည်မှုလွဲမှားခြင်း မဖြစ်စေရန်နှင့် အမုန်းတရားများ မကြီးထွားစေ ရေး ၀ိုင်းဝန်းထိန်းသိမ်း ကူညီ ဆောင်ရွက်ပေးရန် ရခိုင်တိုင်းရင်း သား ခေါင်းဆောင်များကိုမေတ္တာ ရပ်ခံကြောင်း ခူမီးချင်းမျိုးနွယ်စု များရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က ထုတ်ပြန် ကြေညာသည်။

နယ်နှင်ရေးဥပဒေကြမ်းကို ဟောင်ကောင် ပြည်သူများ ကန့်ကွက်ဆန္ဒပြ

 ဟောင်ကောင် ဒေသရှိ နိုင်ငံရေးအတိုက်အခံ များအပေါ် ပစ်မှတ်ထားခွင့်ပြုနိုင် သည်ဟု ဝေဖန်သူများက စိုးရိမ်သော ဥပဒေတစ်ရပ်ကို ဆန့်ကျင် ၍ ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ သည်။ အငြင်းပွားဖွယ် နယ်နှင်ရေး ဥပဒေသည် မသင်္ကာသူ ရာဇဝတ် မှုကျူးလွန်သူများကို ရုံးတင်စစ် ဆေးရန် တရုတ်ပြည်မကြီးသို့ ပို့ ဆောင်ရေး ခွင့်ပြုထားသည်။  ယခု ဆန္ဒပြပွဲများသည် ၂၀၁၄ က လူထောင်ပေါင်းများ စွာ လမ်းပေါ်ရောက်ရှိသော ထီး လှုပ်ရှားမှုပြီးနောက်ပိုင်း အကြီး မားဆုံးဖြစ်သည်။  အစိုးရကမူ ယင်းဥပဒေ ကြမ်းတွင် အကာအကွယ်ပေးမှု များ ပါဝင်ပြီး ဟာကွက်များသာ ဖြည့်သွားမည်ဟုပြောသည်။ သို့သော် ဥပဒေကြမ်းကို ကန့်ကွက်သူများကမူ ယင်းဥပဒေ ကြောင့် ဟောင်ကောင်ရှိ လူများ သည် တရုတ်နိုင်ငံမှ လိုအပ်ချက် များစွာရှိသော တရားရေးစနစ်နှင့် ထိတွေ့ရမည်ဖြစ်ကာ ဟောင် ကောင်၏ တရားရေး အမှီအခို ကင်းမှု ထပ်မံတိုက်စားခံရမှုဆီ ဦးတည်မည်ဟု ပြောကြားသည်။

တစ်ဦးတည်းသော ကျောင်းသူကို မိန့်ခွန်းပြောမည့် သရုပ်ဆောင် ဂျင်နီစလိတ်

မက်ဆာချူးဆက် ပြည်နယ် ကတ်တီဟန့်ခ်ကျွန်း ငယ်လေးမှ တစ်ဦးတည်းသော ကျောင်းသူသည် ဟာသနှင့် သရုပ်ဆောင် ဂျင်နီစလိတ်၏ အထူးချီးမြှောက်ခြင်းခံရမည်ဖြစ်သည်။ စလိတ်သည် ယခုလအတွင်းကတ်တီဟန့်ခ် မူလတန်းကျောင်း ၏ မူလတန်းပြီးဆုံးကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောမည်ဖြစ်သည်။ တစ်နှစ်တာလုံး လူဦးရေ ၁၂ ဦးသာရှိသော ယင်းကျွန်းပေါ်တွင် အဆိုပါ စာသင်ကျောင်းသည် အခန်းတစ်ခန်းသာရှိသည်။

ယူရို ၂၀၂၀ ခြေစစ်ပွဲများတွင် အီတလီ၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီအနိုင်ရ

ဇွန်လ ၈ ရက်က ကစား ခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် များတွင် အီတလီ၊ ဘယ်လ်ဂျီယံ နှင့် ဂျာမနီတို့ အနိုင်ရရှိခဲ့သည်။ တူရကီကို နှစ်ဂိုးပြတ်ရှုံးနိမ့် ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နည်းပြ ဒက်စ်ချမ့်က အ သင်း၏ကစားပုံကို ဝေဖန်ခဲ့သည်။ ကမ္ဘာ့ဖလားဒုတိယရ ခရို အေးရှားက ဝေးလ်စ်ကို ၂-၁ ဂိုး ဖြင့် အနိုင်ရကာ မြောက်အိုင်ယာ လန်ကလည်း သုံးပွဲဆက်နိုင်ပွဲရရှိ ခဲ့သည်။

အမျိုးသမီး ကမ္ဘာ့ဖလားတွင် စပိန်၊ နော်ဝေးနှင့် ဂျာမနီတို့ နိုင်ပွဲဖြင့်စတင်

ပြင်သစ်နိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပနေသော အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်၊ နော်ဝေးနှင့် ဂျာမနီအသင်း တို့နိုင်ပွဲကိုယ်စီဖြင့် စတင်ဖွင့်လှစ် ခဲ့သည်။ အမျိုးသမီး ကမ္ဘာ့ဖလားချန် ပီယံ နှစ်ကြိမ်ဖြစ်ခဲ့သော ဂျာမ နီက ဆယ်ကျော်သက်ကစားသ မား ဂီယူလီယာဂျီဝန်း (၁၉) နှစ် ၏ တစ်လုံးတည်းသောဂိုးဖြင့် တရုတ်အသင်းကို ၁-၀ ဂိုးဖြင့် အ နိုင်ရခဲ့သည်။ ယခုအခါ ဂျာမနီသည် နောက်ဆုံးကစားခဲ့သော ကမ္ဘာ့ ဖလားအုပ်စုအဆင့်ပွဲစဉ် ၁၇ ပွဲ တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီး နည်းပြမာတီနာဗော့စ်တီ ကလီဘာ့ဂ်၏ ဂျာမနီသည် ယခု နှစ် ကမ္ဘာ့ဖလားဗိုလ်စွဲရန် ရေပန်း စားအသင်းများ၌ ပါဝင်သည်။

ယူ-၂၀ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲသို့ တောင်ကိုရီးယားနှင့် အီကွေဒေါ တက်ရောက်

အသက် (၂၀) အောက် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားက ဆီနီဂေါကို ပင်နယ်တီ၌ ၃-၂ ဂိုးဖြင့်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ မိနစ် ၁၂၀ ကစားပြီးချိန် သုံး ဂိုးစီသရေကျခဲ့ပြီးနောက် ပင်နယ် တီကန်သွင်းရာ တောင်ကိုရီးယား အောင်ပွဲခံခဲ့သည်။ ဆီနီဂေါ၏ ၃၇ မိနစ်ဦး ဆောင်ဂိုးကို တောင်ကိုရီးယားက ၆၂ မိနစ်တွင် ချေဖျက်ခဲ့ကာ ၇၆ မိနစ်ဦးဆောင်ဂိုးကိုလည်းတောင် ကိုရီးယားက မိနစ် ၉၀ ၌ ချေဖျက် ခဲ့သည်။ အချိန်ပို ၉၆ မိနစ်တွင် တောင်ကိုရီးယား၏ ဦးဆောင်ဂိုး ကို နောက်ဆုံးမိနစ်၌ ဆီနီဂေါက ချေပခဲ့သည်။ အခြားကွာတားဖိုင်နယ်ပွဲ စဉ်တွင် အီကွေဒေါက အမေရိ ကန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ၎င်းတို့၏ ပထမဆုံးယူ-၂၀ ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ သည်။ အမေရိကန်သည် သုံးကြိမ် ဆက်တိုက်ယူ-၂၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှ လှည့်ပြန်ခဲ့ရ သည်။ တောင်ကိုရီးယားနှင့်အီကွေ ဒေါတို့ ဇွန်လ ၁၂ ရက်တွင် ဆီမီး ဖိုင်နယ်ကစားမည် ဖြစ်သည်။

သြစတြေးလျနိုင်ငံသူ ဘာတီ ပြင်သစ်အမျိုးသမီးအိုးပင်း ပထမအကြိမ်ဆွတ်ခူး

 ပြင်သစ်အမျိုးသမီးအိုးပင်း ဗိုလ်လုပွဲတွင် သြစတြေးလျနိုင်ငံ သူ အက်ရှ်လေဘာတီ (၂၃) နှစ် က ချက်နိုင်ငံမှ ဆယ်ကျော်သက် မာကီတာဗွန်ဒရောဆိုဗာကို အ နိုင်ရကာ ပထမဆုံးဂရင်းဆလမ် ဆုဖလား ဆွတ်ခူးခဲ့သည်။ ပါရီမြေစေးကွင်းတွင် နိုင် ခြေအဆင့် (၈)ရှိသူ ဘာတီက အသက် (၁၉) နှစ်အရွယ် မာကီ တာကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိ သည်။ ဘာတီသည် ပရော်ဖက်ရှင် နယ် ခရစ်ကတ်ကစားရန် ၂၀၁၄ က တင်းနစ်လောကမှ နုတ်ထွက် ခဲ့ပြီး ၁၇ လအကြာတွင် တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက် ခဲ့သည်။

ဗုံးခွဲမှုများကို စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ သီရိလင်္ကာအမတ်များနှင့် သမ္မတ အချေအတင်ဖြစ်

အီစတာအသေခံဗုံးခွဲ မှုများမတိုင်မီ လုံခြုံရေးလျော့ရဲ ပျက်ကွက်မှုများအပေါ် အငြင်း ပွားဖွယ် စုံစမ်းစစ်ဆေးမှုကို မဖျက်ဆီးရန် သီရိလင်္ကာလွှတ်တော်က သမ္မတ မိုင်သီရိပါလာသီရိဆီနာ အား သတိပေးကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံးက ပြောသည်။ လွှတ်တော်စုံစမ်းစစ်ဆေးမှု တွင် ပူးပေါင်းမည်မဟုတ်ကြောင်း နှင့် PSC ကော်မတီရှေ့မှောက် တွင် သက်သေခံထွက်ဆိုရန် ကာ ကွယ်ရေး (သို့မဟုတ်) ရဲအရာရှိ များကို ခွင့်ပြုမည်မဟုတ်ကြောင်း သီရိဆီနာက ပြောကြားပြီးနောက် ယခုသတိပေးချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။

နို

အယ်လ်ဗာရက်ဇ်နှင့် တတိယပွဲထိုးသတ်ရန် အသင့်ရှိဟု ဂိုလော့ဗ်ကင် ပြောကြား

 နယူးယောက်မြို့ တွင် ထိုးသတ်ခဲ့သောပွဲတွင် မစ် ဒယ်ဝိတ်တန်းချန်ပီယံဟောင်း ဂို လော့ဗ်ကင်က ကနေဒါနိုင်ငံသား စတိဗ်ရိုးလ်ကို လေးချီအတွင်း အ လဲထိုး အနိုင်ယူခဲ့သည်။ ကာဇက်စတန်နိုင်ငံသား ဂို လော့ဗ်ကင် (၃၇) နှစ်သည် စက် တင်ဘာက မက္ကဆီကိုနိုင်ငံသား ကာနီလိုအယ်လ်ဗာရက်ဇ်ကို ရှုံး နိမ့်ပြီး ၎င်း၏လက်ဝှေ့သမားဘဝ တစ်ပွဲတည်းသော ရှုံးပွဲ ကြုံတွေ့ခဲ့သည်။  ရိုးလ်ကို အညှာအတာမဲ့ပုံစံဖြင့် ထိုးသတ်ပြီး မှောက်ကျ အောင် ထိုးသတ်နိုင်ခဲ့ပြီးနောက် ဂိုလော့ဗ်ကင်က ‘‘ကျွန်တော် မွေး ကင်းစကလေးတစ်ယောက်လိုပဲ ခံစားရတယ်’’ဟု ပြောသည်။

ထိုင်းရေနံကုမ္ပဏီ PTT နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စု ပူးပေါင်း၍ စက်သုံးဆီဆိုင် ၇၀ ဖွင့်မည် စက်သုံးဆီနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်သိုလှောင်ကန်များတွင်လည်း ရင်းနှီးမြှုပ်နှံမည်

ထိုင်းရေနံကုမ္ပဏီ PTT နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ ပြည်တွင်း၌ စက်သုံးဆီဆိုင် ၇၀ ဖွင့်လှစ်မည်ဖြစ်ပြီး ဆီလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်(LPG) သိုလှောင်ကန်များတွင်လည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်သည်။ ဓာတ်ငွေ့ရည်သိုလှောင်ကန်များကို သီလဝါ၌ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးအတွက် ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ဇွန်လ ၉ ရက်တွင် ကျင်းပသည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနား၌ ထုတ်ပြန်သည်။ သိုလှောင်ကန်များကို ၂၀၂၀ တွင် အပြီးတည်ဆောက်မည်ဖြစ် ပြီး PTT တံဆိပ်ပါ စက်သုံးဆီဆိုင် ၇၀ ကို ၂၀၂၃ မတိုင်မီ နိုင်ငံအနှံ့ တွင် ဖွင့်လှစ်မည်ဟုဆိုသည်။

ရန်ပုံငွေ အလွဲသုံးဆိုကာ ပါတီဝင်များက ဒီချုပ်အမတ်နှစ်ဦးကို ဆန္ဒပြ အတိုင်ပင်ခံနှင့် အဂတိတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားထား

 ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေများ အလွဲသုံးစားပြုသည့် ပုလောမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကိုအရေးယူပေးရန် ဒီချုပ်ပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သည်။ ဇွန်လ ၉ ရက် နံနက်က မြိတ်ခရိုင် ပုလောမြို့ပေါ်လမ်းတစ်လျှောက်တွင် ဒေသခံ ၃၀၀ ခန့်က ‘ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအုန်းခင်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်တို့ကို ဥပဒေမဲ့မတရားပြုလုပ်ထားသော လုပ်ငန်းများအတွက် ပုလောမြို့နယ် ပြည်သူလူထု ဆန္ဒထုတ်ဖော်ပွဲ’ခေါင်းစဉ်ဖြင့် စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်သည်။ ဆန္ဒပြခံရသည့် အမတ်နှစ်ဦးသည် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။

ဒီချုပ်အစိုးရလက်ထက်နေပြည်တော်၌ ဆန္ဒပြမှု ၄၇ ကြိမ်ရှိ

အုပ်ချုပ်ရေးမြို့ တော် နေပြည်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကဲ့သို့သော ကိစ္စရပ်များအပါအ၀င် လေးနှစ်ခန့်အတွင်း ဆန္ဒထုတ်ဖော်မှု ၄၇ ကြိမ်ရှိခဲ့ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ နိုင်ငံရေးကိစ္စနှင့် တောင်သူလယ်သမားရေးရာ ကိစ္စရပ်များ အတွက် ကိုးကြိမ်စီ၊ အလုပ်သမား ကိစ္စရပ်များအတွက် သုံးကြိမ်နှင့် အထွေထွေကိစ္စရပ်များအတွက် ၂၃ ကြိမ်၊ အခြေခံဥပဒေဆိုင်ရာ သုံးကြိမ်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာ၍ အရေးပေါ်အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ငါးသောင်း ကျော်ရှိလာပြီး မိုးရာသီဝင်ရောက် လာသဖြင့် အရေးပေါ်အကူအညီ များလိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအဖွဲ့အစည်း များက ပြောသည်။  ‘‘ဒါက ဒုက္ခသည်စခန်းတွေ ကို ရောက်လာတဲ့ အရေအတွက် တစ်ခုတည်းပဲ။ တခြားဆွေမျိုး အိမ်တွေနဲ့ နီးစပ်ရာ ရွာတွေမှာ သွားနေကြတဲ့သူတွေ မပါသေး ဘူး’’ဟု ဒုက္ခသည်များကို ကူညီ ပေးနေသူ ဦးသန်းထွန်းက ပြော သည်။

ဦးဝီရသူကို မိအောင်မဖမ်းသည့် အဖွဲ့အစည်းများ သမိုင်းဆိုးမည်ဟု သာသနာရေးတာဝန်ရှိသူသတိပေး ၀ရမ်းထုတ်ပြီး နှစ်ပတ်ခန့်အထိ ရဲတပ်ဖွဲ့က ဖမ်းမမိသေး

ဖမ်းဝရမ်းထုတ် ထားသည့် ဦးဝီရသူကို မိအောင် မဖမ်းသည့် အဖွဲ့အစည်းသည် သမိုင်းဆိုးမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။ ‘‘အဲဒီအဖွဲ့အစည်းတွေက လုပ်ဖို့ လိုတယ်လေ။ မလုပ်လည်းဘဲ ထားလည်း ဘာမှမဖြစ်ဘူးပေါ့ လေ။ မလုပ်လည်းဘဲ ထားရင်တော့ သမိုင်းတစ်ခုကတော့ ဆိုးတာ ပေါ့။ သမိုင်းကလည်း ဟိုဟာဖြစ်လာမှာပေါ့။ အဲဒီတော့ ခုနက ပြောသလို လုပ်ခြင်း၊ မလုပ်ခြင်းက တော့ သူတို့ရဲ့ အဆုံးအဖြတ်နဲ့ သူတို့ရဲ့ ရပ်တည်မှုအပေါ်ပဲ မူတည် တယ်လေ’’ ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။

ဘုန်းကြီးကျောင်းတွင် ဖဲဝိုင်းဝင်ဖမ်းရာမှ ချဲဒိုင်ဖမ်းမိ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ကျောင်းတိုက် တစ်ခုတွင် ဖဲဝိုင်းပြုလုပ်နေ ကြောင်း တိုင်ကြားချက်အရ ဝင် ရောက်ရှာဖွေရာမှ လောင်းကစား ဒိုင်လက်ခံထားသည်ကို ဖမ်းဆီးရ မိကြောင်း အဆိုပါမြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဓမ္မက မိန့်ကြားသည်။ ချမ်းအေးသာစံမြို့နယ် သီရိ ဟေမာအနောက်ရပ်ကွက် စကု တိုက်၊ သံတော်ဆင့်ကျောင်းတွင်  ညစဉ် အရက်သေစာသောက် စားခြင်း၊ ဖဲဝိုင်းပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်များ အရ ဇွန်လ ၈ ရက် ည၌ မြို့နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သာ သနာတော် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၊  ရပ်ကွက်သံဃ နာယကအဖွဲ့ဝင်များဖြင့် ဝင် ရောက်စစ်ဆေးရာမှ ချဲဒိုင်ပြုလုပ် ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် ဖဲဝိုင်းပြုလုပ်နေ သည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆရာတော်ဦးဓမ္မက မိန့်ကြား သည်။

အွန်လိုင်းစနစ်ဖြင့် တစ်လလျှင် ကုမ္ပဏီအသစ် ၁,၄၀၀ ကျော် မှတ်ပုံတင်

အွန်လိုင်းစနစ် အသုံးပြု ပြီးနောက် တစ်လလျှင် ကုမ္ပဏီ အသစ် ၁,၄၀၀ ကျော် မှတ်ပုံတင် နေပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကုမ္ပဏီ ၆၄,၀၀၀ ကျော်ရှိပြီဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။  ကုမ္ပဏီဥပဒေသစ်အရ ၂၀၁၈ ဩဂုတ်ကစတင်ကာ ကုမ္ပဏီများ အွန်လိုင်းမှ ပြန်လည် မှတ်ပုံတင်ရပြီး ကုမ္ပဏီအ ဟောင်း ၄၆,၀၀၀ ကျော် စာရင်း တင်သွင်းခဲ့သည်ဟု အဆိုပါဌာန က ထုတ်ပြန်သည်။

နိုင်ငံခြားငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိသောကုမ္ပဏီများ စာရင်းထုတ်ပြန်

ပို့ကုန်တင်ပို့ပြီး ဘဏ်စာ ရင်းသို့ နိုင်ငံခြားငွေပြန်လည်ပေး သွင်းရန်ကျန်ရှိနေသော ကုမ္ပဏီ၄၀ အနေဖြင့် နှစ်လအတွင်းငွေသွင်းရန် ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လ ၆ ရက်စွဲဖြင့် အသိပေး ကြေညာစာထုတ်ပြန်သည်။ ယခုထုတ်ပြန်သည့် ကုမ္ပဏီ များသည် ၂၀၁၇ က ပြည်ပသို့ ပို့ ကုန်တင်ပို့ပြီး ဘဏ်စာရင်းများသို့ ငွေပြန်လည်ပေးသွင်းရန် ကျန်ရှိ သော ကုမ္ပဏီများဖြစ်သည်။

တရုတ်နိုင်ငံသို့ အခွန်သက်သာသော ဆန်ကွဲ တရားဝင်ရောင်းချရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးမည်

တရုတ်နိုင်ငံသို့ ဆန်အ ပြင် အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည့် ဆန်ကွဲကိုပါ တရားဝင်ရောင်းချနိုင်ရန် နားလည်မှုစာ ချွန်လွှာ မကြာမီလက်မှတ်ရေးထိုး မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။ြ မန်မာနိုင်ငံမှ ပြည်ပသို့ ဆန် ရောင်းချမှုတွင် ၂၅ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ပြီးခဲ့သည့် ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၉ မတ်လကုန်အထိ ကန်ဒေါ်လာ သန်း ၁၃၀ ကျော် ဝင်ငွေရရှိသော ဆန်ကွဲဈေးကွက် သည်လည်း လယ်သမားများအ တွက် အရေးပါသော ဝင်ငွေတစ် ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ရှောင်များပါဝင်သည့် ကချင်စစ်ဘေး (၈)နှစ်ပြည့် အထိမ်းအမှတ်ပြဇာတ် မြစ်ကြီးနားမြို့လယ်၌ တင်ဆက်ပြသ ဖြစ်ရပ်မှန်ကို အခြေခံ၍ စစ်ရှောင်များ ခေါင်းပုံဖြတ်ခံရမှု၊ အနှိမ်ခံရမှု၊ မိုင်းကြောင့် အသက်ဆုံးရှုံးရမှုများ ဖော်ပြ

 တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA)တို့အ ကြား တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွား မှု (၈)နှစ်ပြည့်သည့် ဇွန်လ ၉ ရက် တွင် စစ်ရှောင်များကိုယ်တိုင် ပါ ၀င်သည့် ကချင်စစ်ဘေး (၈) နှစ် ပြည့်အထိမ်းအမှတ် ပြဇာတ်ကို မြစ်ကြီးနားမြို့လယ်၌ တင်ဆက် ပြသခဲ့သည်။ အဆိုပါပြဇာတ်ကို ကချင် လူငယ်အဖွဲ့က ဦးဆောင်ကပြ ခြင်းဖြစ်သည်။ စစ်ပွဲကြောင့် အ ရပ်သားပြည်သူများ သေဆုံးထိ ခိုက်ရသည့် မြင်ကွင်းများကို သရုပ်ဖော်ပြသပြီး စစ်ပွဲများ ထပ်မံမဖြစ်ပွားရန်၊ ဒေသခံပြည်သူများ လုံခြုံစွာနေထိုင်ခွင့်ရရန်၊ စစ်ဘေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန်တို့ကို တောင်း ဆိုခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်၏ ကျောက်တန်းရွာဖြစ်ရပ် စစ်ဆေးချက် ယနေ့ သမ္မတထံတင်မည်

 ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့်ပတ်သက်၍ မသင်္ကာသူ ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားခုနစ်ဦး သေဆုံးခဲ့သည့် ကျောက်တန်းရွာဖြစ်ရပ် ကွင်းဆင်းစစ်ဆေးချက်ကို လူ့အခွင့်အရေးကော်မရှင်က နိုင်ငံ တော်သမ္မတရုံးသို့ ယနေ့ တင်ပြ မည်ဖြစ်သည်။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်းရွာမှ ဒေသ ခံ အမျိုးသား ၂၇၅ ဦးကို လုံခြုံရေး အဖွဲ့က မေလ ၂ ရက်တွင် ဖမ်း ဆီးထိန်းသိမ်းပြီး စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်း ဖြစ်ရပ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေလ ၂၈ ရက်မှ ၃၀ ရက်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လက်ရွေးစင်ကစားပွဲတွေဆီ ပြန်ရောက်လာတဲ့ ကျော်ကိုကို

ဘောလုံးချစ်ပရိသတ်တွေရဲ့ သဘောကျကြတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကျော်ကိုကိုက လာမယ့် မြန်မာ့လက်ရွေးစင် ကစားပွဲတွေမှာ ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ လက်ရွးစင်အသင်းနည်းပြချုပ် အသစ်နဲ့ လေ့ကျင့်ရေးတွေ စတင်ပြုလုပ်နေပြီ ဖြစ်တဲ့ ကျော်ကိုကို ကတော့ မျှော်လင့်ချက် ၊ ယုံကြည်ချက်အပြည့်နဲ့ပါ။ ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဒဏ်ရာကြောင့် လက်ရွေးစင် လူစာရင်းမှာ မပါဝင်ခဲ့ရပေမယ့် ဒီတစ်ခေါက်မှာတော့ အားမာန်အပြည့်နဲ့ ကွင်းထဲမှာ ကစားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပါပဲ ။ေ ကျာ်ကိုကိုက ထိုင်းလိ၈်မှာလည်း သူ့ရဲ့ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ြ မန်မာ့ လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို၊ နောင်နှစ် ၂၀၂၀ ဆူဇူကီး ဖလား ကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်သွားမှာပဲ ဖြစ်ပါတယ်။

ကျားခေါင်းက ဒီချုပ်ကို ကန့်ကွက်သည့် ရွေးကောက်ပွဲအယူခံအမိန့်ချတော့မည်

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်း တိုင်းရင်းသားရေးရာ ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိသော ဒီချုပ် ပါတီဝင် ဦးစိုင်းပန်းဆိုင်ကို ကန့်ကွက်လွှာတင်သွင်းထားမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ခုံအဖွဲ့က ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။  အဆိုပါကန့်ကွက်မှုနှင့်ပတ် သက်၍ ယခုလ ၇ ရက်က ပြုလုပ် သည့် ရုံးချိန်းတွင် ကန့်ကွက်လွှာ တင်သွင်းသူနှင့် တင်သွင်းခံရသူ တို့ နှစ်ဖက်အပြီးသတ်လျှောက်လဲ ချက်တင်ပြပြီး လာမည့် ရုံးချိန်း၌ အမိန့်ချမှတ်ရန် စီစဉ်ထား ကြောင်း ကန့်ကွက်လွှာတင်သွင်း သူ ဒေါ်နန်းထွေးမှုံက ပြောသည်။

ခရစ္စမတ်ပွဲအတွက် ဝတ်ပြုဆုတောင်းနေသည့်အိမ်ကို လူတစ်စုက ခဲဖြင့်ပစ်ပေါက်မှု နှစ်ဖက်ကျေအေး

ဂန့်ဂေါမြို့နယ်၌ ခရစ္စ မတ်ပွဲတော်အတွက် ဝတ်ပြုဆု တောင်းရန်  ပြင်ဆင်နေသည့်အိမ်ကိုလူတစ်စုက ခဲဖြင့်ဝိုင်းပစ်ခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားစွဲဆိုထားမှုကို တရားလိုနှင့်တရားပြိုင်နှစ်ဖက်စလုံးက   ကျေ အေးခြင်းဖြင့်  အမှုပိတ်သိမ်းခဲ့ သည်။ မကွေးတိုင်းဒေသကြီး ဂန့် ဂေါမြို့နယ် ပေါ်လယ်ရွာတွင် နေ ထိုင်သော ခရစ်ယာန်မိသားစုတစ် စုက ခရစ္စမတ်ပွဲကျင်းပရန် ပြင် ဆင်နေစဉ် ဒေသခံလူတစ်စုက ခဲ ဖြင့် ပစ်ခတ်နှောင့်ယှက်မှု ၂၀၁၈ ဒီဇင်ဘာ  ၁၇ ရက်ညက ဖြစ်ပွားခဲ့ သည်။ အဆိုပါဖြစ်ရပ်အတွက် လူရှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး ပြီး ပစ်ခတ်ခံရသူများက တရား လိုလုပ်၍ တရားစွဲဆိုထားသည့် အမှုကို ယခုနှစ်ဇွန်လ ၆ ရက်တွင် ကျေအေးပြီး အမှုပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်သက်တမ်းမကုန်မီ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးသင့်ဟု PCG ယူဆ

တပ်မတော်၏ တစ်ဖက် သတ်အပစ်ရပ်ကြေညာမှု ယခု ဇွန်လကုန်တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်၍ အစိုးရနှင့် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့၏ ဆွေးနွေးပွဲကို အဆိုပါကာလအတွင်း ကျင်းပသင့်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်း ပေးနေသည့် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။ အစိုးရနှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA)တို့၏ အပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ ကျင်းပရာ ဆွေးနွေးပွဲကို မေလအတွင်းထပ်မံကျင်းပရန် သဘောတူခဲ့ သော်လည်း ကျင်းပမည့် နေရာ ညှိနှိုင်းမရခြင်းကြောင့် ရွှေ့ဆိုင်း ထားရသည်။

လားရှိုးမြို့ နမ့်ကျန်ဆည်အတွင်း စောင်ဖြင့်ပတ်၍ နှစ်မြှုပ်ထားသော ရုပ်အလောင်းတွေ့

ရှမ်းပြည်နယ်မြောက် ပိုင်း ရှိ အဓိက စီးပွားရေးမြို့ဖြစ် သော လားရှိုးမြို့ရှိ နမ့်ကျန်ဆည်အတွင်း စောင်ဖြင့်ပတ်ထားကာဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းတစ်ခုတွေ့ရှိပြီး သေဆုံးသူနှင့် လူသတ်မှုကျုးလွန်သူကို ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ နမ့်ကျန်ဆည် ရေလွှတ်ချိန် တွင် ရေထဲ၌ တစ်ပိုင်းတစ်စ နစ်မြုပ်လျက် မျောပါလာသောစောင်အထုပ်တစ်ခုကို  လူအချို့ ကမြင်တွေ့၍  သွားရောက်ဆယ်ယူရာမှ အမျိုးသားတစ်ဦး၏    ရုပ်အ လောင်းကို    တွေ့ရှိခြင်းဖြစ်  ကြောင်း လားရှိုးလူငယ်များ လူမှု ကူညီရေးအဖွဲ့မှ ကိုထွန်းမြင့်က ပြောသည်။

လက်နက်ကြီးပစ်ခတ်သံကြောင့် ပလက်ဝမြို့နယ်ထဲကရွာသား ၅၀၀ကျော် စစ်ဘေးရှောင်တိမ်း

ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နဲ့ ၇မိုင်ကျော် ဝေးတဲ့ ပလက်ဝမြို့နယ်ထဲက ရွာခြောက်ရွာက ရွာသား ၅၀၀ ကျော်ဟာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ရွာအနီးအနားမှာ လက်နက်ကြီးပစ်ခတ်သံ သေနတ်သံတွေကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာရတာဖြစ်တယ်လို့ ထွက်ပြေးလာတဲ့ မကံဒီက ဘီဘီစီကို ပြောပါတယ်။ မကံဒီက " တကယ်တန်းတော့ လက်တွေ့မမြင်ဘူး၊ သေနတ်သံကြားတယ်။ ကြောက်လို့ ကမန်းကတန်း ထွက်ပြေးတာပေါ့ ။ ဘာပစ္စည်းမှ မယူနိုင်ဘူး အဝတ်သုံးလေးစုံနဲ့ ထွက်ပြေးခဲ့ရတာလို့ " ဆိုပါတယ်။

တပ်ပေါင်းစုပုံစံ မဟုတ်တဲ့ ငြိမ်းချမ်းရေး အစုအဖွဲ့ ဖွဲ့နိုင်မှာလား

ဒီစုဖွဲ့မှုအသစ်ဟာ NCA အကောင်အထည်ဖော်ဖို့ တစ်ဆို့နေတာတွေကို နည်းလမ်းသစ်နဲ့ ဖောက်ထွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆို
ငြိမ်းချမ်းရေး ကိစ္စတွေကို အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးတဲ့အခါ တပ်ပေါင်းစုပုံစံ မဟုတ်တဲ့ စုဖွဲ့မှုအသစ် (PPCM) ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြရာမှာ သဘောထားကွဲလွဲနေလို့ အဖွဲ့ဖွဲ့ဖို့ အတည်မပြုနိုင် ဖြစ်ခဲ့ပါတယ်။ စုဖွဲ့မှုအသစ် အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး - Peace Process Consultative Meeting (PPCM) ဖွဲ့စည်းရေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၅ ရက်ကနေ ၇ ရက် အထိ ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ အတည်မပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပစ္စည်း အခွန်တိုးကောက်လို့ ကန်ကြုံရတဲ့ အခက်အခဲ

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေမှုတွေကြောင့် စက်ရုပ်၊ ဒရုန်းယာဉ်နဲ့ လျှပ်စစ်ကားတို့လို အဆင့်မြင့် နည်းပညာပစ္စည်းတွေအတွက် လိုအပ်တဲ့ ရှားပါးသတ္ထု ၁၇ မျိုး ရရှိနိုင်ရေး အမေရိကန်အတွက် စိုးရိမ်ဖွယ်အခြေအနေ ရှိနေပါတယ်။ အမေရိကန်ကို တင်ပို့တဲ့ ရှားပါးသတ္ထုတွေအပေါ် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း တရုတ်က မကြာခင်တုန်းက တိုးမြှင့်လိုက်ပါတယ်။ Trump အစိုးရက တရုတ်ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွန် တိုးမြှင့်လိုက်ပြီး တရုတ်ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီး Huawei ကို ပိတ်ပင်လိုက်တဲ့နောက် အမေရိကန်ကို တင်ပို့ကုန်တွေအားလုံးကို ရပ်ပစ်မယ်လို့တောင် တရုတ်က ခြိမ်းခြောက်ခဲ့ပါတယ်။

အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ၀မ်းနည်းဖွယ်ရာကောင်းသည့် ယာဉ်တိုက်မှုသည် အမှတ်(၄) အမျိုးသားလမ်းမကြီးတွင်ဖြစ်ပွားခဲ့ပြီး Highlanderအမျိုးအစားကားတစ်စီးကို အရှိန်ဖြင့်ကျော်တက်ရာ နိုင်ငံခြားသားခရီးသည်များ သယ်ဆောင်လာသည့် မီနီဘတ်စ်အား တိုက်မိကာ ထပ်မံ၍ ကုန်တင်ယာဉ်တစ်စီးကို တိုက်မီပြီး မီးခိုးများထွက်လာကြောင်း Kampong Speu ပြည်နယ်၏ လက်ထောက်ရဲချုပ် Tab Lonက ပြောသည်။ “Highlanderယာဉ်ပေါ်မှ ၅ဦးနှင့် ခရီးသည်တင်မီနီဘတ်စ်ပေါ်မှ ၅ဦး၊ ၁၀ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ပြီး အခြား လူ ၄ဦးဒဏ်ရာရရှိတယ်”ဟု ဆင်ဟွာသတင်းဌာန ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို လက်ထောက်ရဲချုပ် Tab Lonကဖြေကြားခဲ့သည်။တချို့အလောင်းများသည် မီးလောင်သွားမှုကြောင့် သေဆုံးသူများ၏ အထောက်အထားများ မရရှိသေးကြောင်း ၎င်းကဆိုသည်။ကမ္ဘေားဒီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးမှုနှုန်းမြင့်တက်နေကြောင်း သိရသည်။၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ၁၇၆၁ ဦးသေဆုံးပြီး ၄၇၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ၀မ်းနည်းဖွယ်ရာကောင်းသည့် ယာဉ်တိုက်မှုသည် အမှတ်(၄) အမျိုးသားလမ်းမကြီးတွင်ဖြစ်ပွားခဲ့ပြီး Highlanderအမျိုးအစားကားတစ်စီးကို  အရှိန်ဖြင့်ကျော်တက်ရာ နိုင်ငံခြားသားခရီးသည်များ သယ်ဆောင်လာသည့် မီနီဘတ်စ်အား တိုက်မိကာ ထပ်မံ၍ ကုန်တင်ယာဉ်တစ်စီးကို တိုက်မီပြီး မီးခိုးများထွက်လာကြောင်း Kampong Speu ပြည်နယ်၏ လက်ထောက်ရဲချုပ် Tab Lonက ပြောသည်။

မဟန ဆရာတော်ကို မဲရှုံးရင် အမျိုးဘာသာလုပ်ငန်းတွေ စွန့်လွှတ်မယ်လို့ ဦးဝီရသူဆို

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇဝတ်အထွေထွေမှုတို့နဲ့ အမှုဖွင့်ခံထားရပေမယ့် သံဃနာယကရဲ့ သြဝါဒပေးဖို့ ခေါ်မယ့်ရက်ကို စောင့်နေတယ်လို့ဆိုတဲ့ ဆရာတော် ဦးဝီရသူက မဟန ဒုတိယ ဥက္ကဋ္ဌ ဆရာတော်နဲ့ သူ့အကြား မဲပုံးထောင် မဲခွဲစေပြီး ရှုံးရင် အမျိုး၊ဘာသာ၊သာသနာ လုပ်ငန်းတွေကို ထာဝရ စွန့်လွှတ်မယ်လို့ အွန်လိုင်းကတဆင့် ပြောကြားလိုက်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂဓမ္မသို့ လျှောက်ထားချက်ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုဖိုင်ကို ရုရှား လူမှုကွန်ရက် VK ကနေ ဇွန်လ ၉ ရက်မှာ လွှင့်တင် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ AA ပလက်ဝမှာ တိုက်ပွဲဆက်ဖြစ်

မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလိုဒေသခံရွာသား(၄၀၀)ကျော် ပလက်ဝမြို့ပေါ်တိမ်းရှောင်နေရတယ်လို့ အကူညီပေးအဖွဲ့ဝင်တွေက ပြော ပါတယ်။ ပလက်ဝမြို့နယ်အတွင်းလုံခြုံရေးမရှိတဲ့ အခြေအနေကြောင့် စာသင်ကျောင်း(၁၀၀)ကျော် ကျောင်းမဖွင့်နိုင် သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ဝင် တွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ လဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ရော AAဖက်ကပါ ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

စစ်ပွဲတွေရပ်ဖို့ ကချင်တကြော့ပြန်စစ် ၈ နှစ်ပြည့်မှာ တောင်းဆို

ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေမှာ ဖြစ်နေတဲ့ ထိုးစစ်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ စစ်ရေးပဋိပက္ခတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေရဲ့ အနာဂတ်အရေး အလေးထားစဉ်းစားပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ကချင်စစ်ရှောင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ကချင်ပြည်နယ်တွင်း တကျော့ပြန်စစ် ၈နှစ်ပြည့်တဲ့နေ့ ဒီကနေ့မှာ တောင်းဆို လိုက်ကြပါတယ်။ ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန် ကချင်ပြည်နယ်အပါအဝင် ရန်ကုန်မြို့ကြီးတွေမှာ လှုပ်ရှားတဲ့ ၈နှစ်ပြည့်အထိမ်းအမှတ် ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကိုလည်း အာဏာပိုင်တွေဘက်က တားမြစ်ပိတ်ပင်ခဲ့ပေမဲ့လို့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေဘက်ကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေး နဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုခဲ့ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား ရန်ကုန်မှာ ကျင်းပ

ဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား ပြည်သူ့စာဆို စာရေးဆရာကြီး ဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ စာပေဗိမာန် ခမ်းမမှာကျင်းပခဲ့တာမှာ မြန်မာနိုင်ငံ စာရေးဆရာအသိုင်းဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆရာကြီး ဗန်းမော်တင်အောင်ကို လေးစားချင်ခင်ကြတဲ့ ဧည့်ပရိတ်သတ်တွေ တက်ရောက်ခဲ့ပါတယ်။ လာမယ့်နှစ် ၂၀၂၀ မှာကျင်းပမယ့် ရာပြည့်အခမ်းအနားမတိုင်ခင် ဆရာကြီး ဗန်းမော်တင်အောင်အတွက် အမှတ်တရအဆောက်အဦးတခု တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း ရာပြည့်အခမ်းအနား ကျင်းပရေးကော်မီတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အိန္ဒိယ-မြန်မာ အဆင့်မြင့်အရာရှိတွေရဲ့ အစည်းဝေး

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုရလာစေဖို့အတွက် အဆင့်မြင့်အရာရှိကြီးတွေ ဆွေးနွေးပွဲကို အိန္ဒိယနယ်စပ် အင်ဖါမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျရင် ကျင်းပသွားမယ်လို့ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာမှာဖေါ်ပြပါတယ်။ အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ၉ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၉ ရက် တနင်္ဂနွေနေ့က မဏိပူပြည်နယ် မိုးရေးမြို့ကိုရောက်လာပြီး အိန္ဒိယအာဏာရ BJP ပါတီ အထွေထွေအတွင်းရေးမှူး Ram Madhav ကိုယ်တိုင် နယ်စပ်တံတားမှာ လာရောက် ကြိုဆိုခဲ့တာပါ။ မြန်မာကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတိုးမြှင့် ချထားပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ကာကွယ်နိုင်မည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများ

နှလုံးသွေးကြောကျန်းမာရေးကို ကာလအတန်ကြာအောင် ထိန်းသိမ်းခြင်းက အနာဂတ်တွင် ယင်းရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျှော့ချရန်အထောက်အကူပြုကြောင်း အမေရိကန်  နှလုံးရောဂါဆိုင်ရာအဖွဲ့အစည်းကဖော်ပြထားသည်။ ယင်းအဖွဲ့အစည်းက လူတစ်ဦး၏ နှလုံးကျန်းမာရေးကို ကြိုတင်ခန့်မှန်းနိုင်၊ ကြိုတင်ကာကွယ်နိုင်မည့် အချက်များ ဖော်ပြ ထားပြီး JAMA Network Open ဂျာနယ်တွင် ဖော်ပြသည်။

ဆန်တန်ချိန်တစ်သိန်း ရောင်းချရေး တရုတ်ကုမ္ပဏီနှင့် မကြာမီ စာချုပ်ချုပ်ဆိုမည်

တရုတ်နိုင်ငံသို့ တရား ၀င် ဆန်တန်ချိန်တစ်သိန်း ရောင်း ချရန် ယခုလတတိယပတ်တွင် နှစ်နိုင်ငံကုမ္ပဏီများ အရောင်း အ၀ယ်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးဆောင်မှုဖြင့် ဆန် ရောင်းချမည့် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှ COSCO ကုမ္ပဏီ တို့ ဘေဂျင်းမြို့၌ ဆန်တန်ချိန် တစ်သိန်း ရောင်းချရေး အရောင်း အ၀ယ်စာချုပ် လက်မှတ်ရေးထိုး မည်ဖြစ်သည်။ ပြီးခဲ့သည့်ဧပြီက ဒုတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံခရီးစဉ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်း တရားဝင်ဝယ်ယူရေး သဘောတူညီမှု စတင်အကောင်အထည် ဖော်ခြင်းဖြစ်သည်။

အီးယူ-ဥရောပပါလီမန် ရွေးကောက်ပွဲ

ဥရောပပါလီမန် ရွေးကောက်ပွဲကို အီးယူမှ မထွက်ရသေးသည့် ဗြိတိန်အပါအဝင် အဖွဲ့ဝင် ၂၈ နိုင်ငံအတွင်း မေလ ၂၃-၂၉ ရက်နေ့များတွင် ကျင်းပခဲ့ရာ ၁၉၇၉ ခုနှစ် စတင်တိုက်ရိုက် ရွေးကောက် သည့် ၁၉၇၉ မှ စတင်ရေတွက်ပါ က နဝမအကြိမ်မြောက်သက် တမ်း ၂၀၁၉-၂၀၂၄ အတွက် ဖြစ်ပါသည်။ လူဦးရေ ၅၁၂ သန်းကို ကိုယ်စားပြုသည့် အမတ် ၇၅၁ ဦး ကို နိုင်ငံအလိုက်နှင့် လူဦးရေအ လိုက် ရရှိသည့် အရေအတွက်အ တိုင်း အချိုးကျကိုယ်စားပြုစနစ် ဖြင့် ရွေးကောက်တင်မြှောက်ရ မည်ဖြစ်ပါသည်။ ပါလီမန်တစ်ခု တည်းအတွက် ဖြစ်သော်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ရွေး ကောက်ပွဲ ကျင်းပကြ၍ နေ့ရက် နှင့် ကျင်းပပုံမတူညီကြပါ။