Tuesday, July 9, 2019

H1N1 ပိုးတွေ့ရှိသူ ၂၀ ကျော်တိုးလာ

 နှစ်ရက်အတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါပိုးတွေ့သူဦးရေ ၂၀ ကျော် တိုးလာ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲ စာရင်းများ၌ ဖော်ပြထားသည်။    ယင်းစာရင်းများအရ ဇူလိုင်၅ ရက်က တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ရာသီတုပ်ကွေးရောဂါပိုးတွေ့သူဦးရေ ၁၅၀ သာရှိရာမှ ဇူလိုင် ၇ ရက်က ပိုးတွေ့ရှိသူ ၁၇၂ ဦးအထိရှိလာသဖြင့် နှစ်ရက် အတွင်း ၂၂ ဦး တိုးလာခဲ့သည်။ 

ဒေါ်ကရင်မကို ညှင်းပန်းနှိပ်စက်ခဲ့တာမရှိဘူးလို့ အိမ်ရှင်အမျိုးသမီးထွက်ဆို

ညှင်းပန်းနှိပ်စက်ခံရလို့ သေဆုံးခဲ့ရတယ်ဆိုတဲ့ အိမ်အကူ ဒေါ်ကရင်မ အမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူ အိမ်ရှင် ဒေါ်သိဂီင်္စုကို ဒီနေ့ ထပ်မံ စစ်ဆေးခဲ့ပါတယ်။ေ ဒ်ါကရင်မ အိမ်ကိုရောက်လာတဲ့အကြောင်းနဲ့ သူနဲ့ ဒေါ်ကရင်မရဲ့ ရင်းနှီးမှုတွေအကြောင်းတွေကို ထွက်ဆိုသွားခဲ့တာပါ။

တရုတ်ကို ဆန်တင်ပို့ဖို့ ဆန်စက် ၇၉ စက်ကိုရွေးချယ်ထား

တရုတ်နိုင်ငံကို ဆန်တင်ဖို့ တင်ပြလာတဲ့ ဆန်စက်တစ်ရာကျော် ထဲက ဆန်စက် ၇၉ စက် ရွေးချယ် ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဆီက သိရပါတယ်။ ကုမ္ပဏီ ၄၂ ခု က ဆန်စက် ၁၀၃ စက်ကို တင်ပြခဲ့တာဖြစ်ကာ အဲဒီထဲကမှ သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆန်စက်တွေကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။ြ မန်မာနိုင်ငံကနေ တရုတ်ကို ဆန်တန်ချိန် တစ်သိန်း တင်ပို့ဖို့ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက တရုတ်ပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တို့တွေ့ဆုံပြီး သဘောတူညီမှု ရရှိထားတာပါ။

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် အစ္စရေးဝန်ကြီးချုပ် တိုက်တွန်း

ဥရောပအနေနဲ့ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ချမှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့ ပြင်ဆင်ထားတယ်လို့ ကြေညာခဲ့ပြီးနောက် နေတန်ယာဟုက အခုလို ပြောလိုက်တာပါ။ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ပြုလုပ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့အတူ ဥရောပက ပူးပေါင်းဖို့လိုတယ်လို့ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံတခုမှာ နေတန်ယာဟုက ပြောခဲ့ပါတယ်။

အီတလီတွင် အရွယ်အစားကြီးသည့် မိုးသီးများ ကြွေကျ

အီတလီနိုင်ငံမြောက်ပိုင်း ဗီရိုနာမြို့မှာ ဇူလိုင် ၇ ရက်နေ့က အရွယ်အစားကြီးတဲ့ မိုးသီးတွေ ကြွေကျခဲ့ပါတယ်။ လူနေရပ်ကွက်လမ်းကြားထဲမှာ မိုးရေတွေ စီးကျနေပြီး မိုးသီးတွေလည်း ကြွေကျနေတဲ့ ရုပ်သံဖိုင်တခုကို ဒေသခံတယောက်က မှတ်တမ်းရယူခဲ့ပါတယ်။ အီတလီနိုင်ငံမှာ နွေရာသီ ရောက်ရှိနေပေမယ့် နိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှု အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မိုးသီးကြွေကျတာဟာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ကြာမြင့်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ဦးဝီရသူ ၁ လအတွင်း လာရောက်အဖမ်းခံရန် တရားရုံးအမိန့်ထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ ကို တလအတွင်း လာရောက်အဖမ်းခံဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ တရားရုံးအနေနဲ့  တရားလိုသက်သေ ၉ ယောက်လုံးကို စစ်ဆေးလို့ အပြီးမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၇၊ ၈၈ အရ အမိန့်ချမှတ်ခဲ့တာပါ။ အနောက်ပိုင်းခရိုင် တရားရုံး ဥပဒေအရာရှိ သတင်းပြန်ကြားရေးတာဝန်ခံ ဦးမင်းသန့်က  “အခုလို အမိန့်ချမှတ်လိုက်တာကြောင့် ရဲက ဒီတလအတွင်းမှာ ဦးဝီရသူနေထိုင်ခဲ့တဲ့ကျောင်းတွေ၊ တရားရုံးမှာ အများပြည်သူ ထင်ရှားတဲ့ မြို့နယ်ကျေးရွာ နေရာတွေမှာ လာရောက်ဖြေရှင်းဖို့ စာတွေကို ရဲက လိုက်ကပ်ရမှာပေါ့။

ကုန်တင်ကားထဲ လိုက်ပါလာသည့် ရွှေ့ပြောင်းဒုက္ခသည် ၅၁ ဦးကို မက္ကဆီကိုရဲ ကယ်ဆယ်

မက္ကဆီကိုနိုင်ငံ ဇာကာတိတ်ကတ်စ်ပြည်နယ်မှာ ဇူလိုင် ၇ ရက်နေ့က ကုန်တင်ကား နောက်တွဲတခုထဲမှာ ကျပ်ကျပ်သိပ်သိပ် လိုက်ပါလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၅၁ ယောက်ကို ရဲတွေက ကယ်ဆယ်ခဲ့တယ်လို့ မက္ကဆီကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုန်တင်ကား နောက်တွဲထဲမှာ လူတွေ ပုန်းခိုလိုက်ပါလာတာကို X-ray စစ်ဆေးရေးစက်နဲ့ စစ်ဆေးလိုက်တဲ့အခါ တွေ့ခဲ့ရတာပါ။

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ နေရင်းနိုင်ငံပြန်စရာမလိုဘဲ အမ်အိုယူကတ်လုပ်နိုင်မည်

အလုပ်သမားကတ်သက်တမ်းကုန်တော့မယ့် ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အမ်အိုယူလုပ်သားစနစ်ပြန်ပြောင်းရမှာဖြစ်ပြီး အဲလို ပြောင်းရာမှာ နေရင်းနိုင်ငံကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ဆောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ မနေ့ကကျင်းပသွားတဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ယာယီအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ပရ၀စ်ဝုန်ဆုဝမ်းက  ပြောသွားတာဖြစ်ပါတယ်။

ရန်ကုန်တွင် တီဘီရောဂါ အခမဲ့ကွင်းဆင်း စစ်ဆေးပေးနေ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေက ရပ်ကွက်ထဲကို ကွင်းဆင်းပြီး တီဘီရောဂါအခမဲ့ စစ်ဆေးပေးနေပါတယ်။ တီဘီအခမဲ့စစ်ဆေးပေးတာကိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ တောင်ဥက္ကလာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းပြီး Access To Health Fund ရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို အာဆင်နယ် ခေါ်ယူရန် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ပြင်သစ်ကလပ် စိန့်အက်တီယန် နောက်ခံလူ ဆယ်လီဘာဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆယ်လီဘာကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း ပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိန့်အက်တီယန်အသင်းဘက်ကတော့ ဆယ်လီဘာကို အသင်းမှာပဲ တရာသီ အငှားပြန်ချပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဆယ်လီဘာဟာ အရပ် ၆ ပေ ၄ လက်မ မြင့်မားပြီး ၂၀၁၆ ခုနှစ်ကမှ စိန့်အက်တီယန် အသင်းကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့်ဇင်းကျိုက်မြို့ ၊ ပန်ကုန်းကျေးရွာ အမှတ်(၁၅)ရပ်ကွက်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ပန်ကုန်းကျေးရွာ အမှတ်(၁၅)ရပ်ကွက်အတွင်း ဇူလိုင် ၇ ရက် ညပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး အမိုးလန်ပျက်စီးခြင်း၊ လမ်းဘေးဝဲ/ယာရှိ လမ်းမီးတိုင်များ ကျိုးကျခြင်း၊ ဇင်းကျိုက် ဆံတော်ရှင်ဘုရားမုခ်ဝအနီးရှိ ကုက္ကိုပင်နှင့် သရက်ပင်များကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား ခဲ့သည်။ အဆိုပါလေဆင်နှာမောင်းတိုက်ခတ်ခဲ့ သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော် သားများက သွားရောက်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ကျိုးကျ ပျက်စီးခဲ့သည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 9 July 2019

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲတတန်ကို ၈၄၆၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က တတန်ကို ၉၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ယူကရိန်းသမ္မတသစ်ကို အီးယူခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်နယ်တက်ခ်နဲ့ ယန်း ကဲလို ယွန်းကာ တို့ဟာ ဇူလိုင် ၈ ရက်နေ့က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်လာခဲ့ကြပြီး ယူကရိန်းသမ္မတ ဇေလန်စကီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းခရီးစဉ်မှာ ဥရောပခေါင်းဆောင်နှစ်ဦးဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ယူကရိန်းဒေသတွေဆီကို ငွေကြေးအကူအညီတွေနဲ့ အထောက်အပံ့တွေပေးဖို့ ကတိပြုခဲ့ကြပါတယ်။ ဒါ့အပြင် ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘာ့တ်စ်ဒေသ ပိုမိုငြိမ်းချမ်းရေးအတွက်လည်း ရုရှားကို တိုက်တွန်းခဲ့ပါသေးတယ်။

မိုးထဲရေထဲက ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဆန္ဒထုတ်ဖော်ပွဲ

၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့် ရှောက်ရေးနှင့် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲအား ယနေ့နေ့လည် ပိုင်းတွင် ပြုလုပ်ခဲ့သည်။ လူအင်အား ထောင်ချီပါသည့် ယင်းဆန္ဒထုတ်ဖော်ပွဲအား ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားရှေ့မှ စတင်ကာ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်လမ်းလျှောက်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့တွင် ပြီးဆုံးခဲ့သည်။ လမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ် "ပုဒ်မ ၅၉ (စ) ကာကွယ်စောင့် ရှောက်ရေးအမျိုးဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး၊ ဗုဒဘာသာသာသနာကို ချီးမြှင့်ထောက်ပံ့သော အုပ်ချုပ်သူများ ပေါ်ထွက်လာရေး၊" စသည့် ကြွေးကြော်သံများဖြင့်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားတွင်ကျင်းပမည့် ကြက်တောင်ရိုက်ပြိုင်ပွဲ၌ သက်ထားသူဇာ ဆက်လက်ယှဉ်ပြိုင်မည်

လာမယ့် သြဂုတ်လအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာကျင်းပမယ့် Lagos International Badminton Classics 2019 ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့  မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာက ပြောပါတယ်။  ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသက်ထားသူဇာဟာ ဇူလိုင်လ ၇ ရက်က အိုင်ဗရီကို့စ် နိုင်ငံမှာ  ကျင်းပခဲ့တဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိပြီးနောက် ခုလို နောက်ထပ် နိုင်ငံတကာ ပြိုင်ပွဲတခု ထပ်မံယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

လိင်ကုန်ကူးမှု စွဲချက်များအတွက် အပြစ်မရှိဟု အမေရိကန် ကုဋေကြွယ်သူဌေးကြီး ထွက်ဆို

အမေရိကန် စီးပွားရေးလုပ်ငန်းကြီးတွေကို ငွေကြေးပံ့ပိုးနေတဲ့ ကုဋေကြွယ် သူဌေးကြီး ဂျက်ဖရီ အက်ပ်စတိုင်းဟာ သူ့အပေါ် စွဲဆိုထားတဲ့ လိင်ကုန်ကူးမှု စွဲချက်တွေမှာ အပြစ်မရှိဘူးလို့ ဇူလိုင် ၈ ရက်နေ့က ထွက်ဆိုလိုက်ပါတယ်။ သူဟာ နယူးယောက်နဲ့ ဖလော်ရီဒါ ပြည်နယ်တွေက သူ့အိမ်တွေမှာ အသက် ၁၄ နှစ်ထိငယ်တဲ့ မိန်းကလေးတွေ ဒါဇင်ပေါင်းများစွာကို ဖြားယောင်း ခေါ်ဆောင်ခဲ့ပြီး လိင်မှုဆိုင်ရာ လုပ်ရပ်တွေအတွက် ငွေပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

ကာတာတွင် ကျင်းပနေသည့် အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံး

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အာဖဂန်နစ္စတန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပေမယ့် ပြည်တွင်းမှာတော့ စစ်မီး ဆက်လက်တောက်လောင်နေပါတယ်။ အာဖဂန် လူ့အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်အရာရှိတွေနဲ့ ဇူလိုင် ၈ ရက်က အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် တွေ့ဆုံကြပါတယ်။

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးမင်းကိုခိုင်ကို ခန့်အပ်

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ကော့ကရိတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်ကို ကရင်ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ဇွန် ၂၄ ရက်က ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတထံက ပေးပို့လာတဲ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီးဌာနတိုးချဲ့ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အတည်ပြုခဲ့ပြီးဖြစ်သလို လိုအပ်နေတဲ့ ပြည်နယ်ဝန်ကြီးနေရာကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ကို အမည်စာရင်း တင်ပြ ခဲ့တာပါ။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိခင်ကို သားအရင်းက ခေါင်းအုံးဖြင့်ဖိသတ်

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သားဖြစ်သူက မိခင်ကို ခေါင်းအုံးနဲ့ ဖိသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၊ လမ်းသွယ် ၂ မှာ နေထိုင်တဲ့ ဒေါ်ထွေးကြည်ကို သားအရင်းဖြစ်သူ စိုင်းကြည်မြင့်က ခေါင်းအုံးနဲ့ ဖိသတ်လိုက်တယ်လို့ကြားတာကြောင့် သွားကြည့်ရာမှာ မိခင်ဖြစ်သူကို အိမ်ရှေ့ခန်း အိပ်ရာပေါ်မှာ ဘယ်ဘက်ပါးနဲ့ နား ညိုမဲဒဏ်ရာရပြီး နှာခေါင်းသွေးထွက်ပြီး ပက်လက်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မနေ့ည ၉ နာရီက သေဆုံးသူရဲ့ သမီးကနေ လာရောက်တိုင်တန်းခဲ့တာပါ။

အငြင်းပွား ဥပဒေကြမ်းအား အပြီးတိုင် ရုပ်သိမ်းလိုက်ပြီဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကြေညာ

အကြီးအကျယ် မလိုလားမှုတွေဖြစ်နေတဲ့ တရုတ်ပြည်မကြီးသို့  တရားခံလွှဲပြောင်းခွင့်ပြုမယ့် ဥပဒေကြမ်းဟာ ဇီဝိန်ချုပ်သွားခဲ့ပါပြီလို့  ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့ မှာ ကြေညာလိုက်ပါတယ်။ ဥပဒေပြုကောင်စီမှာ အစိုးရက ဒီဥပဒေကြမ်းကို တကျော့ပြန်တင်လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် အစိုးရရဲ့ သဘောထားအမှန်ကို သံသယရှိနေမှုတွေ အခုထိရှိနေပါသေးကြောင်း၊ ဒါကြောင့် ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ဘာအစီအစဉ်မျိုးမှ မရှိတော့ကြောင်းနဲ့  ဥပဒေကြမ်းဟာ အသက်ဝင်မှာ မဟုတ်တော့ဘဲ နိဂုံးချုပ်သွားပါပြီလို့ ဒီနေရာကနေ မိမိထပ်လောင်းပြောဆိုပါကြောင်း သူမက ဆိုခဲ့ပါတယ်။

မိုင်းတုံမြို့တွင်​ အသက်​ ၆၀ အရွယ်​ အမျိုးသားတ​ဦး​ ခေါင်းဖြတ်​အသတ်​ခံရ

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းတုံမြို့​၊ နောင်​ပါရင်​ရပ်​ကွက်​​​နေ အသက် ၆၀ နှစ်အရွယ်​ရှိ အမျိုးသားတ​ဦး ဒီနေ့ မနက်​ ၁၀ နာရီလောက်က ​တောင်​ယာအတွက် ပေါင်းရှင်းလင်း​နေစဉ် ​ဦး​ခေါင်းဖြတ် အသတ်​ခံခဲ့ရ​တယ်လို့  နယ်မြေရဲ စခန်းမှူးက ပြောပါတယ်။ “သတင်းရရချင်း အခင်းဖြစ်​​နေရာကို​ရောက်​​တော့ လူတ​ဦးကို​ဘေး​စောင်းအ​နေအထားနဲ့ ဦး​ခေါင်းဖြတ်​ အသတ်​ခံထားရတာ​တွေ့ရပြီး ဦး​ခေါင်းကို ချက်​ချင်းရှာမ​တွေ့​ဘဲ တပ်​ဖွဲ့ဝင်​​တွေနဲ့ ဖြန့်​ခွဲရှာ​ဖွေရာက အခင်းဖြစ်​​နေရာရဲ့ တောင်​ဖက်​​ပေ ၂၅၀ လောက်အကွာ​ တောထဲမြက်​ရိုင်းပင်​​ တွေ ကြားက စစ်​တပ်​သုံး​စောင်​ကြားအစိမ်း​ရောင်​နဲ့ ထုပ်​လျက်​ပြန်​​တွေ့ခဲ့ရပြီး တရားခံရဲ့ ပစ္စည်းလို့ ယူဆရတဲ့ ဦးထုပ်၊ ​သွေးစွန်း​နေတဲ့အင်္ကျီ၊ လူသတ်​ရာမှာ အသုံးပြုခဲ့တဲ့ အရှည်​တပေခွဲရှိ ဓားမ တချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်​” လို့ စခန်းမှူး ဒုရဲမှူးသန်းလွင်​က​ ပြောပါတယ်​။

ကေအန်ယူနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တွင်ဆွေးနွေး

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန မှာ ဇူလိုင် ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၈ ကြိမ်မြောက် အဲဒီတွေ့ဆုံပွဲမှာ အစိုးရဘက်ကနေ ပြီးခဲ့တဲ့ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာ အဆိုပြုခဲ့တဲ့  အန်စီအေအဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကြားကာလ ဆောင်ရွက်တွေ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မှာ ဖက်ဒရယ်မူတွေရရှိဖို့၊ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀အလွန်မှာ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးဖက်တွေကြားမှာ အဆင့်လိုက် ဆောင်ရွက်မှာတွေအပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးကို ပြန်လည်ဆွေးနွေး ခဲ့ကြတာပါ။

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် တခုတည်းထားရှိရန် မန္တလေးတွင် ဆန္ဒပြ

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် တခုတည်းသာရှိစေဖို့အတွက် မန္တလေးမြို့ မနောရမ္မံ လူထုဟစ်တိုင်ကွင်းမှာ ဇူလိုင် ၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ တရားဝင် ရွေးချယ်ထားခြင်းမရှိတဲ့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်အား ဖျက်သိမ်းပေးရေး၊ တရားဝင် ရွေးကောက်ခံထားတဲ့ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် တခုတည်းသာ အတည်ပြုပေးရေး၊ မြန်မာ့ခြင်းလုံးလောက စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို အာဏာရှင်ဆန်ဆန် ဖွဲ့စည်းပေးတဲ့ အိုလံပစ်ကော်မတီ တာဝန်ရှိသူတွေကို အရေးယူပေးရေး စတာတွေ တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်မှာ ခြင်းလုံးအားကစားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဆိုပြီး အဖွဲ့ချုပ်နှစ်ဖွဲ့ ရှိနေတာပါ။ ခုလို အဖွဲ့ချုပ်နှစ်ခု ဖြစ်နေတဲ့အတွက် ကစားသမားတွေ အခက်အခဲ ဖြစ်တယ်လို့လည်း မြန်မာ့လက်ရွေးစင် ကိုကောင်းမြတ်သီဟက ပြောပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီး အမှတ်စာရင်းပြန်စစ်လိုသူများ လျှောက်ထားသည့် လျှောက်လွှာ ၅၀ဝ ကျော်ထိ ရှိနေ

တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်း အောင်ခြင်းရှုံးခြင်းနှင့်ပတ်သက်၍ အမှတ်စာရင်း ဂုဏ်ထူးရဘာသာများ၏ ရမှတ်စာရင်းများအား ပြန်လည်စိစစ်လိုသော လျောက်လွှာများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇွန်လ ၁၀ ရက်နေ့ မှယခု ဇူလှိုင် ပထမပတ်ထိ လာရောက်လျှောက်ထားကြရာမှာ ယခုအခါ လျှောက်သူပေါင်း(၅၀ဝ)ဦး ကျော်ခန့်ရှိနေပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) မှ သိရသည်။

မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ဒေသခံတစ်ဦးကို KNU ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU တပ်မဟာ ၆ တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၅ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ KNU မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်က မြေယာသိမ်းတာတွေ၊ နှိပ်စက်တာတွေလုပ်ခဲ့တယ်ဆိုပြီး ဒေသခံတချို့က တိုင်ကြားတာကြောင့် KNU တပ်မဟာ ၆ က ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရကြောင်း ကျိုက်မရောမြို့နယ် NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းဦးက RFA ကို ပြောကြားပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် စတင်တော့မည်

ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ ပူးပေါင်းအကောင်အထည်ဖော်မယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအသစ်ကို အကောင်အထည်ဖော်မယ့်အကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ဒီကနေ့ ကြေညာမယ်လို့ သတင်းရရှိပါတယ်။ အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မယ့် အဲဒီစီမံကိန်းကို ဆောင်ရွက်ဖို့ ၂ဝ၁၅ ခုနှစ်မှာ သုံးနိုင်ငံအကြား သဘောတူညီချက် ရေးထိုးခဲ့ပါတယ်။

အိုးဘိုထောင်မှာ အောင်သပြေရွာသား သေဆုံးမှုကို လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်

ကိုထွန်းမြင့်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ညိုမဲဒဏ်ရာများစွာကိုတွေ့ရှိရတယ်လို့ မိသားစုကပြောပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာနက သေဆုံးမှုကို စစ်ဆေးမယ်လို့ ထပ်မံထုတ်ပြန်ခဲ့တာပါ။ အိုးဘိုထောင်မှာ သေဆုံးခဲ့တဲ့ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို ဇူလိုင်လ ၆ရက်နေ့ က လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးညွန့်က ဘီဘီစီကို အတည်ပြုပါတယ်။

AA ခေါင်းဆောင်လေးဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား

ရက္ခိုင့်တပ်တော် AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လက မြောက်ဦးမြို့နယ်က ဒေသခံရွာသား ၁၃ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာရှိပြီး အဲဒီထဲက တစ်ဦးဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားပြီဖြစ်သလို ကျန် ၁၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုထားတာရှိပါတယ်။

မောင်တော တောင်ပိုင်းမှာ မွတ်ဆလင် လှေစီးဒုက္ခသည် ၆၀ ကျော်ဖမ်းမိထား

ရခိုင်ပြည်နယ် ၊မောင်တောမြို့တောင်ပိုင်းမှာ မွတ်ဆလင် လှေစီးဒုက္ခသည် ၆၃ဦးကို နယ်ခြားစောင့်ရဲ တပ်ဖွဲ့က နေ ဇူလိုင် ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးအောင်က အတည်ပြု ပြောကြားပါတယ်။ ' ' မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ မြင်းလွတ်ကင်းစခန်းရှေ့မှာ စက်တပ်လှေတစ်စီးလာတင်တယ်။ လာပြီးရပ်တဲ့အတွက်သွားစစ်တော့ လှေသမား ၄ယောက်တွေ့တယ်။လှေပေါ်ပါတဲ့သူတွေမတွေ့ဘူး။ လိုက်ရှာတော့ အဲဒီနားက ရွာပျက်တွေမှာ ဝင်ပုန်းနေတာ ၆၃ ယောက်တွေ့တယ်။ လှေက ဗိုက်ပေါက်သွား လို့ဝင်ရပ်တာ။''လို့ ဦးစိုးအောင်က ပြောပြပါတယ်။

ထိုင်း ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန် မြန်မာနိုင်ငံသား ၁၀၃၉ ဦး ရှိပြီ

 မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်း နေရာရွှေ့ပြောင်းခဲ့ကြရသူတွေကို ထိုင်းအစိုးရက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကစလို့ မူလနေရပ် ပြန်လည်ပို့ဆောင်ပေးနေရာမှာ အခုထိ ၁၀၃၉ ဦးရှိပြီလို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ ကန်ချနဘူရီ နဲ့ တပ်ခရိုင် မှာရှိတဲ့ ယာယီစခန်းတွေက မြန်မာဒုက္ခသည် ၃၁၀ ကို နောက်ဆုံးအသုတ်အဖြစ် ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းက ဗုဒ္ဓသာသနာစွမ်းဆောင်ရည်ဆု ချီးမြှင့်

နိုင်ငံတကာမှာ ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေး စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ရဟန်း သံဃာနဲ့ လူပုဂ္ဂိုလ်တွေကို  ထိုင်းနိုင်ငံ Media Council for Buddhism အဖွဲ့အစည်းက Cija Jakra Award လို့ခေါ်တဲ့ ဗုဒ္ဓသာသနာစွမ်းဆောင်ရည်ဆု ဂုဏ်ပြု ချီးမြှင့်လိုက်ပါတယ်။  ဆုချီးမြှင့်ပွဲကို ထိုင်းနိုင်ငံ နခွန်းပထုန်ခရိုင် ဗုဒ္ဓဿသနိကနယ်မြေမှာ မနေ့က ကျင်းပခဲ့ပြီး နိုင်ငံတကာကဆု ရရှိသူပေါင်း ၃၈၀ ကျော်ရှိကာ အဲဒီထဲမှာ မြန်မာနိုင်ငံက ရဟန်းရှင်လူပေါင်း ၁၇ ဦး ပါဝင်ပါတယ်။

ဂျော်ဂျီယာနိုင်ငံသို့ ပျံသန်းမည့် ရုရှားလေကြောင်းခရီးစဉ်များ ဆိုင်းငံ့မည့်အမိန့် စတင်အသက်ဝင်

ရုရှားနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံကြား ပျံသန်းနေတဲ့ ရုရှား ခရီးသည်တင် လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့မယ့် သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အမိန့်ဟာ ဇူလိုင် ၈ ရက်နေ့မှာ စတင်အသက်ဝင်လာပါတယ်။ ဇွန်လက ရုရှားအမတ်တယောက် ဂျော်ဂျီယာလွှတ်တော်ကို လာလည်ခဲ့အပြီး ဂျော်ဂျီယာမြို့တော် တီဘလီစီမှာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေကြောင့် မငြိမ်မသက် ဖြစ်ခဲ့တာပါ။ အဲဒီအတွက် ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် စီမံကိန်း စတင်မိတ်ဆက်

အာဖရိက ခေါင်းဆောင်တွေက အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် စီမံကိန်းကို ဇူလိုင် ၇ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီကုန်သွယ်ရေးစီမံကိန်း အောင်မြင်ခဲ့မယ်ဆိုရင် အာဖရိကတိုက်မှာရှိတဲ့ လူပေါင်း ၁ ဒသမ ၃ ဘီလျံ စည်းလုံးညီညွတ်မယ့်အပြင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးရပ်ဝန်းတခု ဖော်ဆောင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်တခုကိုလည်း ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများ ပြည်ပတင်ပို့မှု ထိန်းချုပ်ထားခြင်း ရုပ်သိမ်းရန် ဂျပန်ကို တောင်ကိုရီးယား တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံကို ပို့ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတွေကို ဂျပန်အစိုးရက ပြည်ပတင်ပို့မှု ထိန်းချုပ်ထားတာ ရုပ်သိမ်းဖို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ဇူလိုင် ၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဂျပန်က ကန့်သတ်ကြောင်း ကြေညာအပြီး ပထမဆုံး လူသိရှင်ကြား မှတ်ချက်စကား ဖြစ်ပါတယ်။ တောင်ကိုရီးယား Memory Chips နဲ့ Smartphones တွေ တကမ္ဘာလုံးကို ဖြန့်ဖြူးမှုအတွက် အနှောင့်အယှက်ဖြစ်မယ့် ခြိမ်းခြောက်မှုအဖြစ် မီဒီယာတွေက သုံးသပ်ခဲ့သလို သမ္မတ မွန်းကလည်း ဆက်ဆံဖို့မလွယ်တဲ့ အိမ်နီးချင်းဆီက ရက်စက်တဲ့လုပ်ရပ်လို့ ပြောပါတယ်။

ပဲခူးတိုင်းလွှတ်တော်တွင် ၀န်ကြီးသစ်၏ အမည်စာရင်းတင်သွင်း

အသစ်ဖွဲ့စည်းမယ့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးကို  ပဲခူးတိုင်းဝန်ကြီးချုပ်က လွှတ်တော်မှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဇူလိုင် ၈ ရက်မနက်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကန့်ကွက်လိုပါက ဒီနေ့ညနေ ၄ နာရီအတွင်းမှာ အထောက်အထားခိုင်မာစွာနဲ့ ကန့်ကွက်လွှာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။

နယ်စပ်မြို့ တာချီလိတ်တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဒုစရိုက်မှုလျော့ပါးရေးနှင့် တရားမ၀င်မူးယစ်ဆေးဝါး နှင့် လက်နက်များ သယ်ဆောင်သွားလာမှုများ မရှိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခွင် ပိတ်ဆို့စစ်ဆေးမှုအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ ည(၈)နာရီက စတင်ကာ ည(၁၀)နာရီအထိ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အနီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ်အတွင်း အနုကြမ်းဝင်စီးခံရသည့် တတိယမြောက် ရွှေဆိုင်အဖြစ် ရှင်းမန် & ရှင်းဒါ ရွှေဆိုင် (၂)တွင် ဇူလိုင်(၈)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။

မလေးရှားမှာ ပေါင်မုန့် အစာနင်လို့  ၂ နှစ်သမီးလေး သေဆုံး

မလေးရှားနိုင်ငံမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ပေါင်မုန့်စားရာမှ အစာနင်ပြီး သတိလစ် သွားခဲ့တာကြောင့် ဆေးရုံးတင်ပေးခဲ့ပေမယ့် ကံမကောင်းစွာပဲ သေဆုံးသွားကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဆေးရုံတက်ပြီး ၄ ရက်အကြာ ကြာသပတေးနေ့က သေဆုံးသွားခဲ့တာလို့  သိရပါတယ်။ေ ဆးရုံက တာဝန်ရှိသူတွေထံက ကလေးငယ်ရဲ့ ဆေးကုသမှုမှတ်တမ်း အစီရင်ခံစာကို ရရှိခဲ့ပြီးနောက် ၄င်းသေဆုံမှုမှာ မတော်တဆဖြစ်ရပ်သာဖြစ်ကြောင်း Gombak ပြည်နယ်ရဲချုပ် လက်ထောက်ရဲမင်းကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။

အိန္ဒိယ အဝေးပြေးလမ်းတွင် ဘတ်စ်ကားတစီး လမ်းချော်ပြီး မြောင်းထဲကျ၊ ၂၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံက ကမ္ဘာကျော် တာ့ခ်ျမဟာ ဂူဗိမာန်တည်ရှိရာ အာဂရာမြို့ကို သွားတဲ့ အဝေးပြေးလမ်းမတခုပေါ်မှာ ဇူလိုင် ၈ ရက်နေ့က ဘတ်စ်ကားတစီး လမ်းချော်ပြီး ရေမြောင်းကြီးတခုထဲ ထိုးကျခဲ့တာကြောင့် လူ ၂၈ ယောက်သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် နယူးဒေလီကနေ ထွက်လာတဲ့ အဲဒီဘတ်စ်ကားပေါ်မှာ လူပေါင်း ၄၀ ကျော် လိုက်ပါစီးနင်းလာပြီး ၆ လမ်းသွား အဝေးပြေး လမ်းမကြီးပေါ်မှာ အခုလို မတော်တဆ ဖြစ်ခဲ့တာပါ။

ဗစ်တိုးရီးယားအမှု အမှားအမှန် တရားသူကြီးက စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ရဲမှူးချုပ်ဟောင်းပြော

ဗစ်တိုးရီးယားအမှုမှာ ယာဉ်မောင်းအောင်ကြီးကို ရဲတပ်ဖွဲ့ဘက်က သက်သေအခိုင်အလုံ မရှိဘဲ တရားစွဲလို့မရဘဲ အမှားအမှန်ကို တရားခွင်မှာ တရားသူကြီးက ဆုံးဖြတ်လိမ့်မယ်လို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။ မူကြိုကျောင်းသူ ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတာပါ။  အခုလို တရားစွဲဆိုပြီးနောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်လာသလို စွပ်စွဲခံရသူ မိသားစုဘက်ကလည်း မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒုဗ္ဗစရဟန်းများ တိုးပွားလာပါက သာသနာတော် ဆုတ်ယုတ်ပျက်စီးနိုင်

ဆရာတော်ကြီးတွေရဲ့ ဆုံးမသြဝါဒကို မလိုက်နာတဲ့ ဒုဗ္ဗစရဟန်းတွေ တိုးပွားလာရင် သာသနာတော် ဆုတ်ယုတ်ပျက်စီးနိုင်လို့ သက်ဆိုင်ရာဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးမှာ လျှောက်တင်ပါတယ်။ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့အဖြစ် ဒီနေ့မနက်က ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ ကျင်းပခဲ့ပါတယ်။

စင်ကာပူ ဟိုတယ်မှာ အရက်အမူးလွန်ပြီး ၀တ်လစ်စားလစ် ပြေးလွှားခဲ့တဲ့ ဗြိတိန်လေကြောင်းလိုင်း ၀န်ထမ်းသုံးဦးကို တာဝန်မှ ဆိုင်းငံ့ကာ နေရပ်ပြန်ပို့ 

စင်ကာပူနိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ၀တ်လစ်စားလစ်နဲ့ လျှောက်ပြေးခဲ့ကြတဲ့ ဗြိတိန်လေကြောင်းလိုင်းမှ လေယဉ်ဝန်ထမ်းသုံးဦး ရာထူးတာဝန် ယာယီဆိုင်းငံ့ခံလိုက်ရပြီး အလုပ်ထုတ်ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ေ လယာဉ်ခရီးစဉ် တစ်ထောက်နားနေစဉ် ဟိုတယ်မှာ သောက်ပွဲဆင်ခဲ့ကြမှုအတွက် လေယာဉ်မောင် နှစ်ဦးနဲ့ လေယာဉ်မယ်တစ်ဦးတို့  နေရပ် ပြန်ပို့ခံခဲ့ရကြောင်း လန်ဒန်အခြေစိုက် The Sun သတင်းစာက ဇူလိုင် ၄ ရက်နေ့ မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အရှုံးနှင့်ကြုံတွေ့ချိန် ပြိုင်ဘက်ကို လေးစားမှုရှိရန် မက်ဆီကို ဘရာဇီးနည်းပြ ပြော

မက်ဆီအနေနဲ့ အရှုံးနဲ့ကြုံတွေ့ချိန်မှာ ပြိုင်ဘက်ကို လေးစားမှုရှိဖို့လိုတယ်လို့ ဘရာဇီးနည်းပြ ထိထီက ပြောလိုက်ပါတယ်။ မက်ဆီဟာ ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ အာဂျင်တီးနားက ဘရာဇီးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ရှုံးနိမ့်မှု ကြုံတွေ့နေတဲ့အချိန်မှာ လေးစားမှုတွေ အများကြီးရှိဖို့ လိုအပ်ပြီး  အရှုံးကိုလက်ခံဖို့လည်း လိုအပ်တယ်လို့ ဘရာဇီးနည်းပြက ဝေဖန်သွားပါတယ်။ အာဂျင်တီးနားနဲ့ပွဲမှာ ဘရာဇီးတသင်းလုံး တရားမျှတမှုရှိရှိနဲ့ ကစားသွားခဲ့လို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ နည်းပြ ထိထီက ဆိုပါတယ်။ ဘရာဇီးအသင်းဟာ ဗိုလ်လုပွဲမှာလည်း ပီရူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၀၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကိုပါအမေရိကဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

မြန်မာ့မီးရထားက စက်ခေါင်းလေးလုံးကို ပြည်တွင်းပညာရှင်များဖြင့် တပ်ဆင်ထုတ်လုပ်မည်

 မြန်မာ့မီးရထားက စက် ခေါင်းလေးလုံးကို ပြည်တွင်း ပညာရှင်များဖြင့် ဆက်လက်တပ်  ဆင်ထုတ်လုပ်မည်ဟု နေပြည် တော် စက်ခေါင်းစက်ရုံမှူး ဦးမြင့် နိုင်က ပြောသည်။ြ မန်မာ့မီးရထားသည် ၂၀၁၈မှ ၂၀၁၉ မတ်လအထိ တရုတ် နိုင်ငံမှ ပညာရှင်များ အကူအညီ ဖြင့် စက်ခေါင်း ၁၀ လုံး တပ်ဆင် ထုတ်လုပ်ပြီးနောက် ပြည်တွင်း ပညာရှင်များဖြင့်သာ ဆက်လက် ထုတ်လုပ်ရန် ပြင်ဆင်နေသည်။

စီးပွားရေးတက္ကသိုလ်နှစ်ခုလုံးမှာ ဘာသာရပ် ၈ ခု လုံး ဖွင့်ပေးမယ်

ဒီနှစ်ကစပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေနဲ့ လှိုင်နယ်မြေနှစ်ခုလုံးမှာ ဘာသာရပ်ရှစ်ခုစီ ဖွင့်လှစ်သင်ကြားပေးမယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ပညာသင်နှစ်အထိ ဘာသာရပ်ရှစ်ခုကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီးနယ်မြေမှာ လေးခုနဲ့ လှိုင်နယ်မြေမှာ ဘာသာရပ်လေးခုစီဖွင့်လှစ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ဘာသာရပ်ရှစ်ခုလုံးကို တက္ကသိုလ်နယ်မြေနှစ်ခုလုံးမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအနိုင်ရ ကန်အမျိုးသမီးအသင်း ဌာနေမှာ လှိုက်လှဲစွာကြိုဆို

အမျိုးသမီး ကမ္ဘာ့ဖလား အောင်ပွဲခံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း အမိမြေကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာ့ဖလားကို လေးကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီး ဘောလုံး အသင်း နယူးဂျာစီ ပြည်နယ် Newark လေဆိပ်ကို တနင်္လာနေ့ ၄ နာခွဲမှာ ဆိုက်ရောက်ချိန်မှာတော့ ဂုဏ်ပြု ကြိုဆိုသူတွေက Congratulations Team USA လို့ အော်ဟစ်လို့ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန် အသင်းဟာ ဗိုလ်လုပွဲ ဖိုင်နယ်ပွဲမှာ နယ်သာလန် အမျိုးသမီး အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဘီးလင်းမြစ်​​ရေ (၉၆၀)စင်​တီမီတာတွင်​ ​ရောက်​ရှိ​နေ

Image may contain: plant and outdoorမွန်​ပြည်​နယ်​၊ ဘီးလင်းမြို့ မိုး​လေဝသစခန်း၏ ဇူလိုင်​(၉)ရက်​ နံနက်​(၇)နာရီခွဲအချိန်​ တိုင်းတာချက်​အရ ဘီးလင်းမြစ်​​ရေသည်​ ဘီးလင်းမြို့၏စိုးရိမ်​​ရေအမှတ်​(၁၀၂၂)စင်​တီမီတာ​အောက်​(၉၆၀)စင်​တီမီတာတွင်​ ​ရောက်​ရှိ​နေ​ကြောင်း သိရသည်​။ သထုံမြို့နယ်​နှင့်​ဘီးလင်းမြို့နယ်​ နယ်​စပ်​ ဒုံဝန်း​ကျေးရွာအနီး ဘီးလင်းမြစ်​အတွင်း  တောင်​ကျ​ရေများ စီးဆင်း​နေသည်​ကို ဇူလိုင်​(၉)ရက်​ နံနက်​ပိုင်းက​တွေ့ရစဉ်​။ သထုံမြို့နယ်​နှင့်​ဘီးလင်းမြို့နယ်အတွင်းက ပြည်သူများ အားလုံး သတိဝီရိယ ရှိကြပါစေလို့ အကြောင်းကြားအပ်ပါသည်။

ဒေါ်လာ နှစ်သန်းကျော် သယ်လာသူ တောင်ကိုရီးယား နှစ်ဦး ကမ္ဘောဒီးယားရဲ ဖမ်းဆီး

ခွင့်ပြုချက်မရရှိဘဲ အမေရိကန်ဒေါ်လာ နှစ်သန်း နှစ်သိန်း သယ်ဆောင်လာတဲ့ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးထားတယ်လို့ ကမ္ဘောဒီယား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်ကနေ Siem Reap နိုင်ငံတကာလေဆိပ်ကိုရောက်လာတဲ့ အဲဒီ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ရဲ့ ခရီးဆောင်သေတ္တာထဲမှာပါလာတဲ့ ငွေတွေကို လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူတွေက တွေ့ရှိတာဖြစ်ပြီး ငွေအများစုဟာ ရာတန်တွေဖြစ်ပါတယ်။ ဒေါ်လာတွေသယ်လာတဲ့ ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေပြီး ငွေတွေကိုလည်း သိမ်းလိုက်ပါတယ်။ ဧပြီလတုန်းကလည်း ခွင့်ပြုချက်မရှိဘဲ အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား သုံးယောက်ကို ငွေကြေးခဝါချမှု စွဲချက်တင်ထားပါတယ်။ ပြစ်မှုထင်ရှားရင် ဒီလူတွေဟာ ထောင်ဒဏ် ၁၀ နှစ်က အနှစ် ၂၀ ထိ ကျခံရနိုင်ပါတယ်။

Trumpကို ဝေဖန်ထားတဲ့ ဗြိတိန်သံအမတ်ကြီးကြေးနန်း ပေါက်ကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ၀ါရှင်တန်ဒီစီ၊ ဗြိတိန် သံရုံးက ပေးပို့ခဲ့တဲ့ သံတမန် ကြေးနန်းတစ်စောင် ဗြိတိန်နိုင်ငံအတွင်း ပေါက်ကြားခဲ့ပါတယ်။ သမ္မတ ထရမ့်ကို အသုံးမကျသူ၊ စိတ်ဓါတ် မလုံခြုံသူ၊ အရည်အချင်း မပြည့်ဝသူ တစ်ယောက်အဖြစ် ဝေဖန်ထားတဲ့ ဒီ သံတမန် ကြေးနန်းစာ ဘယ်ကဘယ်လို ပေါက်ကြား ခဲ့သလဲဆိုတာကို ဗြိတိန်အစိုးရက အပူတပြင်း ဖော်ထုတ် ဖို့ ကြိုးစား နေတဲ့အကြောင်း VOA သတင်းထောက် Jeff Custer ပေးပို့ထားတဲ့ သတင်း အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြ ပေးပါမယ်။

အင်တာပိုလ် အကြီးအကဲဟောင်း၏ ဇနီးက အင်တာပိုလ်ကို တရားစွဲ

မိသားစုကိုကာကွယ်ရန်ပျက်ကွက်ခြင်းနှင့် တရုတ်နိုင်ငံ၏ မသမာမှုတွင် ပါဝင်ပတ်သက်ခြင်းတို့အတွက် ဇာတိ တရုတ် နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းထား ခံရသော အင်တာပိုလ်အကြီးအကဲဟောင်း အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ကို ဇနီး ဖြစ်သူက တရားစွဲ ဆိုလိုက်ကြောင်း တနင်္ဂနွေနေ့ကပြောကြောင်း Reuters သတင်းက ဆိုသည်။ သူမ၏ ခင်ပွန်းဖြစ်သူ မုန်ဟုန်ဝေးသည် နိုင်ငံတကာရဲတပ်ဖွဲ့ အခြေစိုက်ရာ ပြင်သစ်နိုင်ငံ နေအိမ်မှ တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်ပြီးနောက် ပျောက်ဆုံးနေကြောင်း ဇနီးဖြစ်သူ ဂရေ့စ်မုန်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ အစောပိုင်းက လူသိရှင်ကြားကြေညာထားပြီး ဖြစ်သည်။

Victoria အတွက် ပြည်သူစိတ်ချမ်းသာရမယ့် တရားစီရင်ရေးဖြစ်မယ်လို့ ဒုတရားသူကြီးကတိပေး

Victoriaအမှုနဲ့ပတ်သက်ပြီး ပြည်သူစိတ်ချမ်းသာရမယ့် တရားစီရင်ရေးဖြစ်စေဖို့ ကတိပေးတယ်လို့ ဒက္ခိဏခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးကပြောပါတယ်။ လာမယ့်ဇူလိုင်လ ၁၅ ရက်မှာ အမှုနဲ့ပတ်သက်လို့ ပထမဆုံးရုံးချိန်းခေါ်ယူထားတာဖြစ်ပါတယ်။ နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ သမီးငယ် Victoria အမှုနဲ့ ပတ်သက်ပြီး ကျူးလွန်olအဖြစ် ကျောင်းအုပ်ချုပ်သူရဲ့ ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ဖဖ်းဆီးထားပါတယ်။

"အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်"

Image may contain: one or more people, car and outdoorပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်နဲ့ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းတို့မှာ ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်ကာ ယာဉ်အသွားအလာ အခက်အခဲများ ကြုံခဲ့ရပါတယ်။ ဝါရှင်တန်ဒီစီမှာ လမ်းမများ ရေလွှမ်းမိုးသွားခဲ့ပြီး မြစ်ချောင်းသဖွယ် ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန် မိုးလေဝသဌာန (National Weather Service) က ရုတ်တရက် ရေကြီးမှုအန္တရာယ် သတိပေးချက်ကို ဝါရှင်တန်ဒီစီမြို့တော်ဧရိယာအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

ဟောင်ကောင်အဆိုတော် ကုလ မှာ တရုတ်ကို ရှုတ်ချ

ဟောင်ကောင်က အမျိုးသမီး ပေါ့ ဂီတ အဆိုတော် Denise Ho က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရအပေါ် ရှုတ်ချပြောဆိုခဲ့ရာမှာ၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က နှစ်ကြိမ်တိုင်တိုင် ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ တနင်္လာနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ Denise Ho က တရုတ်အစိုးရဟာ မတော်မတရားအမှုတွေ အမြဲကျုးလွန်နေတာဖြစ်တဲ့အတွက် ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲက တရုတ်ကို အဖွဲ့ဝင်အဖြစ်က ဆိုင်ငံ့ဖို့နဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်နေချိန်အတွင်း ဟောင်ကောင် လူထုကို ကာကွယ်ဖို့ အရေးပေါ်ညီလာခံ ခေါ်ယူဖို့ ဆောင်ရွက်နိုင် မနိုင် မေးမြန်းခဲ့ပါတယ်။

အိုဘယ့်ပုဂံ...ဂုဏ်ယူမိပါတယ်

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးကနေ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့ သတင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးရဲ့နားထဲကို ချိုချိုဆိမ့်ဆိမ့်လေး စီးဝင်လာခဲ့ပါ တယ်။ ပုဂံဆိုတာ မြန်မာ့ယဉ်ကျေးမှု တစ်ခုလုံးရဲ့ ပြယုဂ်၊ နောက် မြန်မာ့ဗိသုကာရဲ့ အသက်ဝိညာဉ် ခိုအောင်းရာ နေရာလို့လည်း ဆိုနိုင်ပါတယ်။

ကျန်းမာရေးမှာ အလကားမရဟု ဒေါက်တာကျော်စိုးထွန်းပြော

ကျန်းမာရေးသည် အလကားမရသဖြင့် သင့်တင့်လျောက်ပတ်သော အားထုတ်မှုရှိရန်လိုအပ်ကြောင်း ပါမောက္ခဆရာကြီး ဒေါက်တာကျော်စိုးထွန်းက ပြောသည်။ ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တွင် ဇူလိုင်လ ၇ ရက်ကကျင်းပသော ၂၀၁၉ နှင့် အသည်းပြဿနာများဆိုင်ရာ ဟောပြောပွဲတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ “ တစ်ကမ္ဘာလုံးရဲ့ အဓိကအားနည်းချက်က မသိကြဘူး။ မသိကြတာဆိုတာက ဘာလက္ခဏာမှမပြလို့ မစစ်ဆေးကြဘူး။ မစစ်ဆေးကျတော့ မသိဘူး။ မသိတော့နောက်ကျကုန်ရော။ ကုမယ်ဆိုရင်လည်း ကုသနိုင်တဲ့ ဆေးဝါးတွေရှိဖို့လိုအပ်တယ်။ ဆရာပြောသလိုပဲ ကျန်းမာရေးက အလကားမရပါဘူး။

မိုးရွာ၊ရေကြီးမှုကြောင့် ကျောက်တံခါးမြို့နယ်တွင် စာသင်ကျောင်းများ ပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းမှာ ဇူလိုင်(၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး၊ ရွာလမ်းဆက်သွယ်ထားတဲ့ တံတားအချို့ရေစီးနဲ့ မျောပါပျက်စီးတာတွေနဲ့ မြို့နယ်အတွင်းရှိ ဈေးအချို့ပါ ရေတွေဝင်ရောက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ကိုနိုင်ပြီးမက္ကဆီကို ကွန်ကာကပ်ဖ်ဖလား ဆွတ်ခူး

အမေရိကန်ကို ဂျိုနသန် ဒိုဆန်းတို့စ်၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိပြီးနောက်မက္ကဆီ ကိုသည် ၎င်းတို့၏ကွန်ကာကပ်ဖ် (Gold Cup) ဖလားရရှိမှု စံချိန် တင်အရေအတွက် ပိုများလာ သည်။ချီကာဂိုမြို့ရှိ Soldier Field ဘောလုံးကွင်းတွင် အယ်လ်အေ ဂလက်စီကွင်းလယ်လူ ဒိုဆန်း တို့စ်၏ဂိုးဖြင့် မက္ကဆီကိုက အနိုင် ရရှိခြင်းဖြစ်သည်။ ခရစ်ရှန်ပူလစ်ဆစ်သည် စောစောပိုင်းတွင် ကောင်းမွန် သောအခွင့်အရေးတစ်ခု ရရှိခဲ့ သော်လည်း အမေရိကန်နည်းပြ ဂရစ်ဇ်ဘာဟော်လ်တာက မက္က ဆီကိုသည် ပိုကောင်းသောအ သင်းဖြစ်သည်ဟု ပြောသည်။

H1N1 ကြောင့် လူတစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၃၁ ဦးရှိလာ

ရန်ကုန်တိုင်းတွင် လူတစ်ဦးထပ်မံသေဆုံးပြီးနောက် တစ် နိုင်ငံလုံးတွင် ရာသီတုပ်ကွေး (H1N1)ကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိလာကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကယမန်နေ့တွင် သတင်းထုတ်ပြန် သည်။ ယမန်နေ့(ဇူလိုင် ၈ ရက်) အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာသီတုပ်ကွေးရောဂါ သံသ ယလူနာ ၅၀၂ ဦးကို ဓာတ်ခွဲစစ် ဆေးရာ ပိုးတွေ့ရှိသူ ၁၈၀ ဦးရှိ ပြီး ၃၁ ဦးသေဆုံးခဲ့သည်။

ထောင်အတွင်း သေဆုံးခဲ့သော အောင်သပြေရွာသားအမှု ထောင်ဝန်ထမ်းများကို စုံခုံဖွဲ့စစ်ဆေးမည်

မန္တလေးအိုးဘိုအကျဉ်း ထောင်အတွင်း သေဆုံးသည့် အောင်သပြေရွာသားဦးထွန်းမြင့် ၀င်းအမှုကို လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်သောကြောင့် စုခုံဖွဲ့ကာ အိုးဘိုအကျဉ်းထောင် ဘက်ကို  စစ်ဆေးမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအုပ်မျိုး ညွှန့်ကပြောသည်။ ဘိလပ်မြေ စက်ရုံစီမံကိန်းကို ကန့်ကွက်မှုနှင့် ပတ်သက်၍ ဦးထွန်းမြင့်ဝင်း ဇွန်လ ၂ ရက်က ဖမ်းဆီးထိန်း သိမ်းခံရပြီး ဇွန်လ ၅ ရက်တွင် ထောင်အတွင်း၌ သေဆုံးခဲ့ရာ အရက်ကြောင်ရောဂါနှင့် အဖျား ကြီးခြင်းကြောင့် ဖြစ်ကြောင်း ဇွန်လ ၅ ရက်ရဲမှတ်တမ်း၌ ဖော်ပြသည်။

ကျောက်တော် ကစ္ဆပနဒီတံတားအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု AA ပြော

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)တို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့  ကစ္ဆပနဒီတံတားအနီးတွင် ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။ ဇူလိုင် ၈ ရက် နံနက် ၇နာရီ ခွဲကျော်တွင် ကျောက်တော်မြို့အ နီးရှိ ကစ္ဆပနဒီတံတားနှင့် တစ်မိုင် ကျော်အကွာတွင် မိနစ် ၂၀ ကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု ခိုင်သုခက ဆိုသည်။ ‘‘အဲဒီမှာ သွားနေတဲ့စစ် ကြောင်းကို ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်တာ’’ ဟု ခိုင် သုခက ပြောသည်။

ဗစ်တိုးရီးယားအမှု တရားမျှတမှုရစေရေး မန္တလေးနှင့် စစ်ကိုင်းတွင် ဆန္ဒဖော်ထုတ်

 နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ (၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရမှု တရား မျှတမှုရရှိစေရေး ဇူလိုင် ၈ ရက် တွင်မန္တလေးနှင့် စစ်ကိုင်းမြို့၌ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ သက်ငယ်မုဒိမ်းမှု ပပျောက် ရေးအဖွဲ့ (မန္တလေး) ကဦးဆောင် ၍ ဒေသခံငါးထောင်ခန့်သည် ၆၆ လမ်း ၃၅ လမ်းတွင် စုဝေးကာ ၄၁ လမ်း၊ ၆၂ လမ်းရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဗစ်တိုးရီးယားအမှုအတွက် ပြည်သူများက တစ်ပတ်အတွင်း ကျပ်သိန်းတစ်ရာကျော်လှူဒါန်း

ဗစ်တိုးရီးယားအမှု အထောက်အကူဖြစ်ရေးနှင့်  ကလေး ငယ် ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ် ငွေစာရင်း၌ တစ်ပတ်အတွင်း အလွှာအသီးသီးမှ ပြည်သူများလှူ ဒါန်းငွေ ကျပ်သိန်း ၁၆၀ ကျော် လက်ခံရရှိကြောင်း Victoria’s Finance Team က ယမန်နေ့တွင် ထုတ်ပြန်သည်။ ထုတ်ပြန်သော ဘဏ်စာ ရင်းရှင်းတမ်း၌ တစ်ပတ်အတွင်း လှူဒါန်းသူစုစုပေါင်း ၁၈၂ ဦးရှိပြီး ကျပ်တစ်ထောင်ကစ၍ အများ ဆုံး ကျပ်သုံးသိန်းအထိ အသီးသီး လှူဒါန်းထားကြကြောင်း တွေ့ရ သည်။

စိတ္တဇဆန်တဲ့ ဇာတ်ရုပ်နဲ့ တွေ့ရမယ့် နန်းစန္ဒာလှထွန်း

 ဇူလိုင်လကုန်တွင် MRTV- 4 က ရိုက်ကူးမည့် ဆရာလယ်တွင်းသားစောချစ်၏ ‘ကျွန်တော်အမုန်းဆုံးကျွန်တော်’ ရုပ်သံဇာတ်လမ်းတွဲ၌ မအေးဖြူဇာတ် ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သရုပ်ဆောင် နန်း စန္ဒာလှထွန်းက ပြောသည်။ ‘‘ပြင်ဆင်ဖြစ်တာက ၀တ္ထုက ဖတ်ပြီးသွားပြီ။ ဇာတ်ညွှန်းက ဖတ်နေတုန်းပဲ။ မအေးဖြူ ကာ ရိုက်တာက ဒီထဲမှာ စိတ္တဇဖြစ်ပြီး ကိုယ့်ရဲ့ ကလေးကြောင့်၊ ကိုယ့်ရဲ့ယောက်ျားကြောင့် စိတ္တဇဖြစ်သွား တဲ့အခန်းတွေအတွက် နန်းမွေးနေ့ ပြီးတုန်းက စိတ္တဇဆေးရုံသွားပြီး ကာရိုက်တာအတွက် လေ့လာဖြစ်ခဲ့တယ်’’ဟု ၎င်းက ပြောသည်။

တာချီလိတ်တွင် ရွှေဆိုင်တစ်ဆိုင်ကို သေနတ်သမားနှစ်ဦးက အနုကြမ်းဝင်စီး

တာချီလိတ်မြို့ ဗိုလ်ချုပ် လမ်းမပေါ်ရှိ ရှင်းဒါးရွှေဆိုင်ကို သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက အနုကြမ်းဝင် စီးပြီး ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင် မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ တာချီလိတ်မြို့တွင် ဝမ် ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမ ပေါ်တွင်ရှိသည့် ရှင်းဒါးရွှေဆိုင်ကို ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် သေနတ်ပါရှိသော အမျိုးသားနှစ် ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပြီး အနုကြမ်းစီးခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ထုတ်ပြန် သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၃၀ မတိုင်မီ ပို့ကုန်အခြေစိုက်စခန်းဖြစ်လာရန် ဂျပန်ရည်မှန်း

တရုတ်နိုင်ငံက မြန်မာ နိုင်ငံတွင် စီးပွားရေးဩဇာချဲ့ထွင် နေစဉ် ဂျပန်နိုင်ငံက ရပ်ဆိုင်း ထားသည့်ထားဝယ်အထူးစီးပွား ရေးဇုန်ကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး ၂၀၃၀ မတိုင်မီ သင်္ဘောဆိပ်ကမ်းနှင့် အသေးစား စက်မှုလုပ်ငန်းများ အခြေစိုက် စခန်းတစ်ခုဖြစ်လာရန် စီစဉ်နေ သည်ဟု Nikkei Asian ဂျပန်သတင်းဌာနက ဖော်ပြသည်။ အိန္ဒိယကဲ့သို့ ဈေးကွက်များ အတွက်ရည်ရွယ်၍ ပို့ကုန်အခြေ စိုက်စခန်းတစ်ခုဖြစ်လာရန် မြန် မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်အ ထူးစီးပွားရေးဇုန်ကို ပြန်လည်ပြင် ဆင်မည်ဟု ဖော်ပြထားသည်။

ပုဂံဒေသ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၍ အောင်ပွဲအထိမ်းအမှတ်များ ပြုလုပ်မည်

 ရှေးဟောင်းပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ၍ အောင်ပွဲအထိမ်းအမှတ်အနေဖြင့် နေပြည်တော်အပါအဝင် နေရာ သုံးခု၌ ပြုလုပ်ရန်စီစဉ်နေကြောင်း မြန်မာကိုယ်စားလှယ်တစ်ဦးဖြစ် သူ ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက် ညွှန်ကြားမှုဦးစီး ဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော ကြားသည်။ ယခုဇူလိုင်လကုန်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ် နေပြီး ပြည်ထောင်စုလွှတ်တော် တွင်လည်း ထပ်မံပြုလုပ်ရန် စီ စဉ်နေကြောင်း ဦးအောင်အောင် ကျော်က  ယမန်နေ့တွင်  ပြော သည်။

မွေးဖွားချိန် ဗီတာမင်ဒီလျော့နည်းသော ကလေးများ သွေးတိုးရောဂါဖြစ်နိုင်

ဗီတာမင်ဒီချို့တဲ့သော မွေးကင်းစကလေးများနှင့် ကလေးငယ် များသည် ဆယ်ကျော်သက်အရွယ်ကလေးဘ၀နှောင်းပိုင်းတွင် သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအ သစ်တစ်ရပ်ကဖော်ပြသည်။ သုတေသီများက ဘော်စတွန်မြို့ရှိ ကလေးငယ် ၇၇၅ ဦးကို  အသက် (၁၈) နှစ်အထိစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ယင်းကလေး အများစုသည် မြို့ပြဒေသများရှိ ၀င်ငွေနည်းပါးသောမိသားစုများမှ  ဖြစ်သည်။

အစိုးရနှင့် KNU ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့၌ ယနေ့ဆွေးနွေးမည်

အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) ကိုယ်စားလှယ်အ ဖွဲ့အလွတ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ယနေ့ (ဇူလိုင် ၉ ရက်) ပြုလုပ်မည်ဖြစ် ကြောင်း KNU ဗဟိုအလုပ်အမှု ဆောင်ပဒိုမန်းငြိမ်းမောင်က အ တည်ပြုသည်။ KNU ကိုယ်စားလှယ်အဖွဲ့ ကို တွဲဖက်အတွင်းရေးမှူး (၁) ပ ဒိုစောဆဲပွယ် (ခ) စောစတိဖ်က ဦးဆောင်တက်ရောက်မည်ဖြစ် ပြီး စုစုပေါင်း ကိုယ်စားလှယ်ငါး ဦးပါဝင်သည်ဟု ၎င်းကဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်စေချင်တဲ့ နေတိုး

ရှေးဟောင်းလက်ရာ များရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ပုဂံဒေသကဲ့ သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်ပေးသင့်ကြောင်း သရုပ်ဆောင် နေတိုးက ပြော သည်။ ‘‘ရခိုင်ဘုရား၊ ရခိုင်လက် ရာတွေကလည်း တော်တော်လေး အနုပညာမြောက်တယ်။ သက် တမ်းအရလည်း ဒီနယ်မြေကို သတ်မှတ်သင့်တယ်လို့ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။ ပုဂံဒေသသည် ၎င်းကြိုက် နှစ်သက်သည့် နေရာဖြစ်သကဲ့သို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သောကြောင့် ဂုဏ်ယူရသည်ဟု ဆိုသည်။

ဖြိုးကိုကိုတင့်ဆန်းအမှု စီမံချက်ဖြင့်ယခုနှစ်အတွင်း အပြီးသတ်စစ်ဆေးမည်ဟုဆို

တစ်နှစ်ကျော် ကြာပြီဖြစ်သည့် ဖြိုးကိုကိုတင့် ဆန်းအမှုကို ယခုနှစ်(၂၀၁၉) အ တွင်းအပြီးသတ်ရန် စီမံချက်ရေး ဆွဲနေကြောင်း ဒက္ခိဏခရိုင်တရား ရုံးမှ ဒုတိယခရိုင်တရားသူကြီးနှင့် သတင်းမှန်ပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောသည်။ ဖြိုးကိုကိုတင့်ဆန်းကို စွဲဆို ထားသည့်အမှု ၁၄ မှုရှိပြီး ရှစ်ခု တွင် အမှုစစ်ရဲအရာရှိများနှင့် တရားလိုပြသက်သေများကို စစ် ဆေးပြီးဖြစ်၍ တရားခံများကိုစစ် ဆေးမည့်အခြေနေသို့ ရောက်ရှိ နေပြီး ခြောက်မှု၌ ဥပဒေအရာ ရှိများကို စစ်ဆေးရန်သာကျန်ရှိ ကြောင်း ၎င်းက ဆိုသည်။

iMyanmarHouse.com လစဉ်ဝန်ဆောင်မှုပေးနိုင်သည့် တန်ဖိုးကျပ် ၁၀ ဘီလီယံခန့် ရှိဟုဆို

အိမ်ခြံမြေ ရောင်း၊၀ယ် ၀န်ဆောင်မှုပေးသည့် ၀က်ဘ်ဆိုက် iMyanmarHouse.comသည် တစ်လလျှင် ကျပ် ၁၀ ဘီလီယံခန့်အထိ ရောင်းချနိုင်ရန် ၀န်ဆောင်မှု  ပေးနိုင်ခဲ့ကြောင်း iMyanmarHouse.com ၏  မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။ ‘‘ကျွန်တော်တို့ ၀က်ဘ်ဆိုက် ကနေတစ်ဆင့် အရောင်းအ၀ယ်နဲ့ အငှားဖြစ်သွားတဲ့ ၀န်ဆောင်မှုတွေကတော့ တစ်လကို အနည်းဆုံး ခုနစ်ဘီလီယံကနေ ၁၀ ဘီလီယံဝန်းကျင်လောက်ထိ ရှိနေပါတယ်။ ဒါကလည်း ကျွန်တော်တို့တစ်ခုတည်း မဟုတ်ပါဘူး။  လက်တွဲပြီး လုပ်ကိုင်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့အတွက်ပါ’’ဟု ဦးနေမင်းသူက ပြောသည်။

လက်ရှိမြန်မာ့စီးပွားရေးနှင့် ဆက်စပ်အမြင်အချို့

(က)ြေ ခာက်လတစ်ကြိမ် မြန်မာ့မေခရို စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနယ်ပယ်ကြီးတွေကို စောင့်ကြည့်လေ့လာပြီး သုံးသပ်ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့  မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ    (MEM-Myanmar Economic MonitorJune 2019) ကို သေချာလေ့လာဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ၊ ဂလိုဘယ်ဘဏ္ဍာရေးအင်စတီကျူးရှင်းကြီးရဲ့ မြန်မာ့စီးပွားရေးကိုကဏ္ဍအလိုက်စနစ်တကျ သုတေသနပြု လေ့လာဆန်းစစ်တင်ပြချက်တွေ၊ ခန့်မှန်းချက်တွေ၊ အပြုသဘောသုံးသပ်ထောက်ပြချက်တွေဟာ ရေပက်မ၀င် ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုရီပို့မျိုးဆိုတာက အင်မတန်လည်း အရေးကြီးလှတယ်။

မလေးရှားသို့ တရားမ၀င်သွားမည့် မြန်မာလုပ်သားရှစ်ဦးနှင့် ထိုင်းလူကုန်ကူးသူနှစ်ဦးကို ဖမ်းမိ

တရားမ၀င်မြန်မာ ရွှေ့ပြောင်းလုပ်သားများ မြန်မာ နိုင်ငံမှ မလေးရှားသို့ ပို့ဆောင်  နေသည့် လူကုန်ကူးဂိုဏ်းကို နှိမ် နင်းမှုအတွင်း တနင်္လာနေ့က မြန်မာနိုင်ငံသား ရှစ်ဦးနှင့် ထိုင်း နိုင်ငံသားနှစ်ဦးကို တိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။ြ မန်မာလုပ်သမားများသည် ထိုင်းအမျိုးသမီးတစ်ဦးမောင်းနှင်  လာသော ဘက်စုံသုံးဗင်ကားတစ် စီးနောက်ဘက်တွင် ပုန်း၍လိုက် ပါလာကြောင်း၊ အခြားထိုင်းနိုင်ငံ သူတစ်ဦးသည် လူကုန်ကူးသူဟု သံသယရှိနေသူဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောသည်။ ဆောင်ခလာပြည်နယ် ရာ  သန်နာပွန်ဒေသရှိ အဝေးပြေး လမ်းမတစ်ခုပေါ်တွင်ယင်းကား  ရပ်တန့်ရန် ရဲတပ်ဖွဲ့ဝင်များ  ကညွှန်ကြားစဉ်၎င်းတို့အားလုံး ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ယုံကြည်မှုရရှိရေး တရားစီရင်ရေးမဏ္ဍိုင် ကြိုးပမ်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်တိုက်တွန်း

တရားစီရင်ရေးမဏ္ဍိုင် အပေါ် ပြည်သူများ ယုံကြည်မှုရ ရန် ကြိုးပမ်းသင့်ကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းသည်။ ဇူလိုင် ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ရှင်းလင်းပွဲ အခမ်းအနားတွင် ဦးဖြိုးမင်းသိန်း က ‘‘တရားသူကြီးများအနေဖြင့် မိမိ၏ဆင်ခြင်တုံတရား၊ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ ကို လေ့လာဆန်းစစ်ပြီး အကောင်းဆုံးဖြစ်နိုင်သည့် စီရင်ဆုံးဖြတ်ချက် များနှင့် တရားစီရင်ရေးမဏ္ဍိုင် အပေါ် ပြည်သူများ ယုံကြည်မှု ရရေး ကြိုးပမ်းဆောင်ရွက်ရန်’’ အမှာစကား၌ ထည့်သွင်းပြော ကြားသည်။

တိုက်ပွဲဖြစ်ရာမြို့နယ်များ၌ အင်တာနက်ပြန်လည်အသုံးပြုခွင့်ရရေး လွှတ်တော်မှတစ်ဆင့် ကြိုးပမ်းမည်ဟု ရခိုင်အမတ်ပြော ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုသည့်အဆိုများ အစိုးရက အကောင်အထည်ဖော်မှုအားနည်းဟုဆို

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) တို့ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၌ ယာယီဖြတ်တောက်ထားသည့် အင်တာနက်ဝန်ဆောင်မှု ပြန် လည်အသုံးပြုခွင့်ရရှိရေး ပြည်သူ့ လွှတ်တော်မှတစ်ဆင့် ကြိုးပမ်း မည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ(ANP)မှ ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်စောဝေက ပြော သည်။ ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ဇွန်လနောက်ဆုံး ပတ်ကစ၍ မိုဘိုင်းအင်တာနက် လိုင်းယာယီပိတ်ပင်ခဲ့ရာ ယင်း လုပ်ရပ်သည် သတင်းအမှောင်ချ သကဲ့သို့ ဖြစ်နေသည်ဟု ဒေါ်ခင် စောဝေက ပြောသည်။

မီတာခတက်ပြီးနောက် လျှပ်စစ်သုံးစွဲမှု တစ်ရက်လျှင် ပျမ်းမျှယူနစ်ငါးသန်းကျော် လျော့နည်း

လျှပ်စစ်မီတာခ တိုးမြှင့် ပြီးနောက်တစ်ပတ်အတွင်း လျှပ် စစ်သုံးစွဲမှုသည် ယခင်သီတင်း ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ရက် လျှင် ပျမ်းမျှယူနစ် ၅ ဒသမ ၃ သန်းလျော့နည်းခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။ မီတာခများ မြင့်တက်ခဲ့သည့် ဇူလိုင် ၁ ရက်ကစတင်ပြီး နိုင်ငံတစ်ဝန်းတွင် ဓာတ်အားသုံးစွဲမှု တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ယူနစ်ပေါင်း ၆၂ သန်းခန့်ရှိပြီး  ယခင်သီတင်းပတ်က   ပျမ်းမျှ ယူနစ် ၆၇ သန်းကျော် ရှိခဲ့သည်။

မြန်မာ အမျိုးသမီးများသို့ ယူရိုငါးသန်းကူညီရန် ကုလနှင့်အီးယူ စီစဉ်

ဥရောပသမဂ္ဂ (အီးယူ) နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)သည် မြန်မာ အမျိုးသမီးများအတွက် လာမည့် သုံးနှစ်အတွင်း ယူရိုငါးသန်းကူ ညီထောက်ပံ့ရန် စီစဉ်နေသည်။ ‘အမျိုးသမီးများနှင့် မိန်းက လေးများအတွက် ပထမ’ အစီအ စဉ်၏ ဒုတိယပိုင်းစီမံကိန်းကို ကူညီပေးရန် ဥရောပသမဂ္ဂ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ အ ကြီးအကဲဒေါက်တာ Johann Hesse နှင့် ကုလသမဂ္ဂလူဦးရေရန် ပုံငွေအဖွဲ့၏ နိုင်ငံကိုယ်စားလှယ် Mr Rama Balakrishnan သည် ဇူလိုင် ၅ ရက်က စာချုပ်ချုပ်၍ လက်မှတ်ရေးထိုးခဲ့ကြောင်း အီး ယူက ထုတ်ပြန်သည်။

ကျားခေါင်းပါတီ၏ လူထုတွေ့ဆုံပွဲများအတွင်း မူးယစ်ဆေးဝါးပြဿနာ အဓိကဆွေးနွေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါ တီခေါင်းဆောင်များနှင့် လွှတ် တော် ကိုယ်စားလှယ်များသည် ဇူလိုင် ၅ ရက်ကစတင်၍ ရှမ်း ပြည်နယ်တောင်ပိုင်း မြို့နယ်အ ချို့ရှိ ဒေသခံလူထုနှင့်တွေ့ဆုံနေ သည်။ ဇူလိုင် ၅ ရက်ကစ၍ မိုင်း ပန်မြို့နယ်၊ ၇ ရက်တွင်လင်းခေး မြို့နယ်နှင့်  ယမန်နေ့က မောက် မယ်နှင့်မိုးနဲမြို့တို့၌ လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့သည်။ ဆက် လက်၍ ခိုလမ်၊ နမ့်ဆယ်စသည့် မြို့နယ်များသို့လည်း သွားရောက် ရန်ရှိကြောင်း ပါတီတွဲဖက်အ တွင်းရေးမှူး (၁) စိုင်းကျော်ညွန့် က ပြောသည်။

မြိတ်တွင် လျှပ်စစ်ဖြန့်ဖြူးရေးစာချုပ်ချိုးဖျက်ခဲ့သည့် ကုမ္ပဏီသုံးခုကို လုပ်ပိုင်ခွင့်ရပ်စဲသော်လည်း အမည်ပျက်စာရင်းမသွင်းဟု ဝန်ကြီးပြော

 မြိတ်မြို့နယ် လျှပ်စစ် ဖြန့်ဖြူးရေး စာချုပ်ပါစည်းကမ်း ချက်များ ချိုးဖောက်ခဲ့သည့် ကုမ္ပ ဏီသုံးခုကို လုပ်ပိုင်ခွင့်ရပ်စဲသော် လည်း စာချုပ်ပါအတိုင်း အမည် ပျက်စာရင်းမသွင်းရန် အစိုးရအ ဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ဆုံး ဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး ဦးအောင်သူရက ပြော ကြားသည်။  ‘‘စာချုပ်စည်းကမ်းအရပါ တယ်ဆိုပေမယ့်လည်း စာချုပ်ဆို တာ ဥပဒေမဟုတ်ဘူး။ တချို့အ ချက်တွေမှာတော့ အခြေအနေအ ပေါ်မှာ မူတည်ပြီးတော့ ဖြေလျှော့ တဲ့ဟာတွေလည်း ဖြေလျှော့လို့ရ တယ်။ အကုန်လုံးအပေါ်မှာသုံး သပ်ပြီးတော့ လုပ်သင့်လုပ်အပ် တဲ့ဟာတွေ ကျွန်တော်တို့ လုပ် ထားပါတယ်’’ ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် ဝန်ကြီးဌာနသစ် ဖွဲ့စည်းမည့်အစီအစဉ် လွှတ်တော်ပယ်ချ

ရှမ်းပြည်နယ်အစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန တိုးချဲ့ဖွဲ့စည်းမည့် အစီအစဉ်ကို ကန့်ကွက်မဲများသဖြင့် လွှတ် တော်က ပယ်ချခဲ့သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အထူးအ စည်းအဝေး (ပထမနေ့) ဇူလိုင် ၈ ရက်တွင် ၀န်ကြီးဌာန အသစ် တိုးချဲ့ဖွဲ့စည်းမည်ကို  မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ကန့်ကွက်၍ စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ မဲပေးသူ ၁၂၁ ဦးရှိသည့်အနက် ကန့်ကွက် ၈၇ မဲ၊ ထောက်ခံ ၃၂ မဲ၊ ကြားနေ တစ်မဲနှင့် မဲမပေးသူတစ်ဦး ရှိခဲ့သည်။

ကုန်သွယ်ရေးလုပ်ငန်းများအတွက် ချေးငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပုဂ္ဂလိကဘဏ်များ ထုတ်ချေး

 ပြည်တွင်းပုဂ္ဂလိက ဘဏ်များရှိ ချေးငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကုန် သွယ်ရေးလုပ်ငန်းများသို့ ထုတ် ချေးထားကြောင်း ဗဟိုဘဏ်စာရင်းများကဆိုသည်။ ၂၀၁၈ စက်တင်ဘာတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များက ကုန်သွယ်ရေး လုပ်ငန်းများကို ကျပ်ဘီလီယံ ၆,၇၀၀ ကျော်ထုတ် ချေးထားကြောင်း ဖော်ပြထား သည်။ အဆိုပါလတွင် ပုဂ္ဂလိက ဘဏ်များက ထုတ်ချေးငွေစုစု ပေါင်း ကျပ်ဘီလီယံ ၂၁,၀၀၀  ကျော်ရှိကြောင်း ဗဟိုဘဏ်၏ Quarterly Financial Statistics Bulletin 2018 Volume 3 ၌ ဖော်ပြထားသည်။

အစိုးရအဆိုပြု အပစ်ရပ်မူကြမ်းကို KIO အဖွဲ့အတွင်း ဆွေးနွေးနေ

အစိုးရက အဆိုပြုသည့် Bilateral နှစ်ဖက်သဘောတူ အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)အတွင်း ဆွေးနွေးနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ က KIO/KIA ကိုယ်စားလှယ်အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် မိုင်းလားမြို့၌ အလွတ်သဘောတွေ့ဆုံစဉ် အဆိုပြု အပစ်ရပ်မူကြမ်းများကို လက်နက်ကိုင်တစ်ဖွဲ့ချင်းစီသို့ ပေးအပ်ခဲ့သည်။

မြန်မာလုပ်သားကိုးဦးအား ကမ္ဘောဒီးယားသို့ပို့ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးအမှုဖွင့်

 မြန်မာလုပ်သားကိုးဦး အား ကမ္ဘောဒီးယားသို့ တရားမဝင် ပို့ဆောင်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားတစ်ဦးကို  ရန်ကုန်လေ ဆိပ်မှ မထွက်ခွာမီ ဖမ်းဆီးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဦးခင်မောင် သွင်က ပြောသည်။  တရုတ်နိုင်ငံသား ရဲ့ရှင်ကျိုး ဆိုသူက ဇူလိုင် ၇ ရက်တွင် မြန်မာအလုပ်သမားကိုးဦးအား ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ရန်  လေဆိပ်သို့ ခေါ်ဆောင်လာစဉ် တာဝန်ရှိသူ များက မသင်္ကာ၍ စစ်ဆေးရာ အလည်အပတ်ဗီဇာဖြင့် တရား မဝင် ပို့ဆောင်မည့်ဖြစ်ရပ် ပေါ် ပေါက်ခဲ့သည်။

ဘန်ကောက်အဲဝေးလေကြောင်းလိုင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်

ဘန်ကောက်အဲဝေး လေကြောင်းလိုင်းက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ပုဂံသို့ တိုက်ရိုက် ပျံသန်းရန် မြန်မာအစိုးရထံတင် ပြထားပြီး ဟဲဟိုး၊ မြိတ်တို့သို့ လည်း တိုက်ရိုက်ပြေးဆွဲရန် စိတ် ၀င်စားနေကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။ မကြာမီ ရက်ပိုင်းအတွင်း ယူနက်စကိုစာရင်းဝင်ဒေသဖြစ် ခဲ့သည့် ပုဂံဒေသသို့နိုင်ငံတကာ လေကြောင်းခရီးစဉ်အဖြစ်ပျံသန်း ရန် အဆိုပါလေကြောင်းလိုင်းက ဇွန်လဆန်းတွင် လာရောက်တင် ပြထားခြင်းဖြစ်သည်ဟု ပြည် တွင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

အစိုးရ၏ စစ်ရှောင်စခန်းအားလုံးပိတ်သိမ်းရေး မဟာဗျူဟာစီမံကိန်းကို လိုင်ဇာ၌ သုံးသပ်ဆွေးနွေး

 အစိုးရ၏ တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းအားလုံး ပိတ်သိမ်း ရေး မဟာဗျူဟာစီမံကိန်းအပေါ် သုံးသပ်ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ကချင်လက်နက် ကိုင်အဖွဲ့ (KIO/KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း ပြုလုပ် ခဲ့သည်ဟု ကချင်အသိုင်းအ၀ိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြော သည်။ ဇူလိုင်လဆန်းတွင် ကျင်းပ သည့် အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် ဆွေးနွေးမှုများ ရှိသော် လည်း သုံးသပ်ချက်များ၊ အကြံပြု ချက်များ ထွက်ပေါ်လာခြင်းမရှိ သေးကြောင်း  ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်(KBC)မှ ဦးခါးလီ က  ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုနယ်ရဲ့ စိန်ခေါ်မှုသစ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် ဇူလိုင် ၆ ရက်မှာ သတ်မှတ်ခံရပြီး အဲဒီနောက်မှာ တွေ့ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း ခရီးသွားလုပ်ငန်းမှာ ပါဝင် ပတ်သက်သူတွေက ပြောလိုက်ပါတယ်။ သူတို့အမြင်ကို မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရလဒ်ကောင်း မျှော်လင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီပါ အစုအဖွဲ့အသီးသီးက တင်ပြထားတဲ့ ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီတစ်ပတ်အတွင်းမှာ အစီရင်ခံစာအဖြစ် ပြုစုပြီး ဒီလ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ဖို့ ရှိကြောင်း ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။ လောလောဆယ် ရရှိထားတဲ့ စုစည်းချက်တွေဟာ ကော်မတီအဖွဲ့ဝင်တွေ အားလုံးက တက်ညီလက်ညီ ဆောင်ရွက်ထားတဲ့အတွက် ရလဒ်ကောင်းတွေ ရနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မုတ်သုံမိုးဒဏ်ခံရသည့် ရိုဟင်ဂျာဒုက္ခသည်တွေအရေး Guterres စိုးရိမ်

မုတ်သုံရာသီဒဏ်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံ ရာသီဒဏ်ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုနဲ့ လူပေါင်းထောင်ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်က အရေးပေါ် တုံ့ပြန် ဆောင်ရွက်နေကြချိန်မှာဘဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုလို တိုက်တွန်းလိုက်တာပါ။ မသိင်္ဂီထိုက် တင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းအတွက် အိန္ဒိယ အိမ် ၂၀၀ ကျော်လှူဒါန်း

အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိမယ့် ငါးနှစ်ကြာ အထောက်အကူပေးရေး အစီအစဉ်ဖြစ်တဲ့ RSDP ခေါ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အရ အိန္ဒိယနိုင်ငံက ဆောက်လုပ်ပေးမယ်လို့ သဘောတူထားတဲ့ နေအိမ်အလုံးပေါင်း ၂၅၀ အနက် ကျန်ရှိနေတဲ့ နေအိမ်ပေါင်း ၂၀၀ ကျော်ကို မြန်မာနိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ လွှဲပြောင်းအပ်နှံပေးမယ်လို့ အိန္ဒိယက ပြောပါတယ်။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးနိုင်ဖို့ ရေရှည်ခံမယ့်အဖြေရှာရာမှာ ရှေ့ပြေးအစီအစဉ်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာ ၃ ရွာတို့မှာ ဆောက်လုပ်ပေးထားတဲ့ နေအိမ် ၂၅၀ ကို အခုလို ပေးအပ်မှာ ဖြစ်ပါတယ်။

AA ခေါင်းဆောင်တွေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ

မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ငါး ဦးကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကနေ တရားစွဲဆိုတာဖြစ်ပြီး ဇူလိုင်လဆန်းမှာ စစ်တွေခရိုင်တရားရုံးမှာ အမှုဖွင့် ထားတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

ရာသီဥတုဆိုးလို့ ရိုဟင်ဂျာဒုက္ခသည်သိန်းဂဏန်း အခက်ကြုံ

ဘင်္ဂလားဒေ့ရှ်မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း-လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျ ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ သိန်းချီရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ လူသေဆုံး တဲ့အထိ ကြုံတွေ့နေရပြီး နေစရာ စားစရာနဲ့သောက်သုံးရေ အတော်လေးကို အခက်ခဲဖြစ် နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်သူတွေ ကလေးငယ်တွေ အပါအဝင် ဒုက္ခသည်တွေကို ယာယီခိုလှုံရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလနဲ့ နိုင်ငံတကာကူညီပေးရေး အဖွဲ့အစည်းတွေဘက်ကတော့ အရေးပေါ်စားနပ်ရိက္ခာတွေ မပြတ်တောက်ဖို့၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အလျှင်အမြန် ကူညီဆောင်ရွက်ပေးနေကြတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းအရေး ကန်လွှတ်တော်အမတ်အကြံပြုချက် Sheikh Hasina ပယ်ချ

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်မပေးနိုင်တဲ့အတွက် သူတို့အများစု နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လွှဲပြောင်းပေးလိုက်ဖို့ ၀ါရင့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးရဲ့ အကြံပြုချက်ဟာ မှားယွင်းပြီး ဆိုးရွားတဲ့ အဆိုပြုချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြားခဲ့ပါတယ်။