Wednesday, June 26, 2019

"ဆန်ဖရန်စစ္စကိုက အီးစီးကရက်ကို ပိတ်ပင်သွားမယ့် ပထမဆုံး အမေရိကန်မြို့ဖြစ်လာ"

ဆန်ဖရန်စစ္စကိုမြို့က အီးစီးကရက် (e-cigarette) ရောင်းချမှုကို ပိတ်ပင်တားမြစ်တဲ့ ပထမဆုံး အမေရိကန်မြို့ကြီး ဖြစ်လာမယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်များကြား အီးစီးကရက် အသုံးပြုမှု လျင်မြန်စွာ မြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် ထိုသို့ ပိတ်ပင်တားမြစ်မှာဖြစ်ကြောင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဆန်ဖရန်စစ္စကို Board of Superisors က အီးစီးရက်ရောင်းချမှု ပိတ်ပင်တားမြစ်မိန့်ကို အင်္ဂါနေ့ (ဇွန် ၂၅ ရက်) မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

H1N1 တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ဟု သံသယရှိ အမျိုးသမီး ၁ ဦး ယနေ့ ရေဝေးတွင် ထပ်မံ သဂြိုလ်

ရန်ကုန် ပြည်သူ့ ဆးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားသော အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာယာဉ်ဖြင့် ရေဝေးသုဿာန်မီးသင်္ဂြိုဟ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)က သတင်းထုတ်ပြန်သည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်း ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်ဟု သံသယရှိသော ရုပ်အလောင်းများကို ကူညီပို့ဆောင်မီးသဂြိုလ်ပေးခဲ့သည်မှာ ယခုအလောင်း အပါအ၀င် သံသယရှိသော ရုပ်အလောင်း(၅)လောင်းတိတိရှိနေပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိန်ခေါ်ပွဲအတွက် အောင်လအန်ဆန် ၂၂၅ပေါင်အထိဝိတ်တင်

Image may contain: 2 people, people smilingယခုနှစ် အောက်တိုဘာတွင် ဂျပန်နိုင်ငံ၌ ထိုးသတ်မည့် ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်စိန်ခေါ်ပွဲအတွက် သတ်မှတ်ထားသည့် ကိုယ်အလေးချိန်ရောက်ရှိအောင် ခန္ဓာကိုယ်အလေးချိန် တင်နိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာ့စပါးကြီးမြွေအောင်လအန်ဆန်က ပြောဆိုခဲ့သည်။

တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ လိုအပ်သူတွေစားသုံးဖို့ Food Box ထားရှိပေး

Image may contain: foodလိုအပ်သူတွေ စားသုံးဖို့အတွက် ရည်ရွယ်ပြီး Food Box တစ်ခုကို တာချီလိတ်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာ ဒီကနေ့ ဇွန်လ (၂၆)ရက်နေ့ နံနက်ပိုင်းက စတင်ထားရှိပေးထားပါတယ်။ "ကျွန်မနဲ့ Facebookသူငယ်ချင်းတွေနဲ့ အသင်းနာမည်တော့ ပေးထားပါတယ်။ ပါရမီရှင် လူငယ်လေးများအသင်း ဆိုပြီး တစ်ချို့ သူငယ်ချင်းတွေက မုန့်တွေလာပေးတယ် အလှူငွေတွေလည်း လာပေးပါတယ်။ အခုလို ထားရှိပေးတာဟာ လိုအပ်သူတွေ အတွက် အဆာပြေစားသုံးရန်ဖြစ်ပြီးတော့ လှူဒါန်းလိုသူတွေ ရှိရင်လည်း မုန့်တွေ လှူဒါန်း ထည့်ပေးနိုင်တယ်။ ကျွန်မဆိုင်မှာလည်း လာရောက်လှူဒါန်းလို့ရပါတယ်" လို့ Food Box အလှူရှင် မနန်းမိုး ကဆိုပါတယ်။

Medicine Box

ဆေးဝါးအကူအညီ လိုအပ်နေသူတွေ အခမဲ့ရယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး Medicine Box (ဆေးပုံး) တခုကို ပဲခူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ စတင်ပြုလုပ်ထားရှိပါတယ်။ အခုတလော မန္တလေးနဲ့ ရန်ကုန်အပါအ၀င် မြို့တချို့မှာ Food Box တွေ ပြုလုပ်ပြီး အစားအသောက်တွေ လိုအပ်နေသူတွေအတွက် လှူဒါန်းနေကြသလို ပဲခူးမြို့မှာတော့ Medicine Box တခုကို ပဲခူး ပြည်သူ့ ဆေးရုံကြီးမှာ ဇွန်လ ၂၄ ရက်က စတင် ပြုလုပ်လိုက်တာပါ။
ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က “ဒီ Medicine Box ကို ၂၄ ရက်နေ့ကမှ စပြီး လုပ်တာပါ။ အခုဆိုရင် လှူဒါန်းလိုသူတွေ များလာသလို ပြည်သူတွေကိုလည်း အများကြီး အထောက်အကူပြုနိုင်မှာဖြစ်လို့ ဒီအစီအစဉ်ကို ရေရှည်လုပ်ကိုင်သွားဖို့ ရှိတယ်”လို့  ပြောပါတယ်။
အခုလာဆေးဝါးတွေလာလှူတဲ့အထဲမှာ တချို့အိမ်တွေက သက်တမ်းမကုန်သေးတဲ့ မသုံးတော့တဲ့ ဆေးတွေကို လာလှူတာတွေ ရှိသလို တချို့ကလည်း တကယ်လို အပ်နေတဲ့ ဆေးတွေကို ဝယ်ပြီးလာလှူတာရှိတယ်လို့ သိရပါတယ်။

"အရူးလိုလိုလူမှ ဘုရားစိန်ဖူးတော်များ လိုက်လံခိုးယူမှုဖြစ်ပွား"

လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး ချမ်းသာကုန်း ကျေးရွာ ရွာဦးကျောင်းအတွင်းတည်ထားကိုးကွယ်သော စေတီတော်နှင့် ကျေးနီရွာအနီးရှိ ကိုးနဝင်းကပ်ကျော်စေတီတော်တို့မှ စိန်ဖူးတော် များအား ၂၅.၆.၂၀၁၉ ရက်နေ့တစ်နေ့တည်းတွင် ခိုးယူဖြုတ်သွားမှုများဖြစ်ပေါ်ခဲ့ပါသည်။ ချမ်းသာကုန်းစေတီတော်မှ စိန်ဖူးတော်ကြီးတစ်လုံးသာရှိ၍ တစ်လုံးသာ ပျောက်ဆုံးခဲ့သော်လည်း ကျေးနီကတ်ကျော်စေတီမှ အရံစေတီတော် အားလုံးရှိစိန်ဖူးတော်များပါ ဖြုတ်ယူခံခဲ့ရကြောင်းတွေ့ရှိ ရပါသည်။

မိုင်းလားအထူးဒေသတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို  ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ ဒီကနေ့ မနက် ကျင်းပရာမှာ NDAA ထိန်းချုပ်နယ်မြေအတွင်းဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။ အခမ်းအနားမှာ ဘိန်းဖြူ ၁၅၈.၅ ကီလို၊ ဘိန်းမဲ ၁၀ကီလို၊ အိုက်စ် ၆၂၇.၂ ကီလို၊ ခရစ္စတယ် ၂၀၀ ကီလို၊ ခတ်ခူး ၄.၃ ကီလို၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါး(၅၉၅၀)ကီလိုဂရမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ကျပ်သန်းနှစ်ထောင်ခြောက်ဆယ်တိတိဖို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NDAA တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ခိုးယူရောင်းချမှုများရှိနေ

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးကြိုးပမ်းနေတဲ့  မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တရားမဝင်ရောင်းချမှုတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။ အမွေအနှစ်တွေဟာ တန်ဖိုးရှိမှန်းသိရက်နဲ့ လောဘသားတွေက ရောင်းဝယ်ဖောက်ကား ကြတာတွေရှိသလို တန်ဖိုးထားရမှန်းမသိဘဲနဲ့ ရောင်းဝယ်ကြာတာတွေကြောင့် ပျောက်ဆုံးမှုတွေ ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုပါတယ်။

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် မာ့ခ်အက်စ်ပါ စတင်တာဝန်ယူ

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်နေ့က ယာယီ ကာကွယ်ရေးဝန်ကြီးသစ် မာ့ခ်အက်စ်ပါဟာ ပထမဆုံးနေ့အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ သမ္မတ ထရမ့်က မာ့ခ်အက်စ်ပါကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဇွန်လ ၂၁ ရက်နေ့မှာ အဆိုပြုခဲ့တာပါ။ အက်စ်ပါဟာ ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲမှာ တာဝန်ထမ်းခဲ့သလို အမေရိကန် ကွန်ဂရက်မှာ လက်ထောက်အဖြစ်လည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေး လက်နက်ကုမ္ပဏီ ရေသီယွန်မှာ အစိုးရဆက်ဆံရေး ဒုဥက္ကဋ္ဌအဖြစ် ၇ နှစ် တာဝန်ထမ်းခဲ့ပါတယ်။ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် အက်စ်ပါကို ခန့်အပ်ဖို့အတွက် အထက်လွှတ်တော် အတည်ပြုချက် လိုအပ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ငါးသားပေါက်ရာသီအတွင်း ငါးဖမ်းခွင့် ပိတ်ပင်

ငါးကောင်ရေ တိုးပွားရေးနဲ့ အလွန်အကျွံငါးဖမ်းမှု ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ မေလ ၂၀ ကနေ ဇူလိုင် ၂၃ ထိ ငါးဖမ်းခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတလွှား ငါးဖမ်းသမားတွေကနေ ငါးဖမ်းသင်္ဘောပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ ငါးစက်ရုံတွေနဲ့ ဝန်ထမ်းတွေပါ အကျိုးသက်ရောက်မှု ခံစားနေရပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ငါးမျိုးစိတ် အများအပြားအတွက် သားပေါက်ရာသီဖြစ်တဲ့ ၆၅ ရက်တာ ကာလကို ငါးမဖမ်းရ ကာလအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပထမဆုံး ပိတ်ပင်တားမြစ်ခဲ့တာပါ။

ပေါ်တူဂီလူငယ် ဂျိုအာဖိလစ်ကို ခေါ်ယူနိုင်ရန် အက်သလက်တီကိုမက်ဒရစ် နီးစပ်နေ

အက်သလက်တီကိုအသင်းဟာ ​​မန်ချက်စတာနှစ်သင်းထက် လက်ဦးမှုရယူပြီး ဂျိုအာဖိလစ်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ​ထိပ်တန်းကလပ်အသင်း အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဂျိုအာဖိလစ်ကို အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့က ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။

ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင်မီးရှို့ဖျက်ဆီး

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ ပဲခူးနဲ့ တခြားဒေသတွေကနေ ဖမ်းဆီးရမိတဲ့ ဘိန်းစာမှုန့်၊ စိတ်ကြွရူးသွပ်ဆေး၊ ICE၊ ဆေးခြောက်စတဲ့ အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက် မနက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နည်းပြရာထူးအတွက် လမ်းပတ်နှင့် ညှိနှိုင်းရန် ချဲလ်ဆီးတာဝန်ရှိသူများ ခွင့်ပြု

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက အသင်းမှာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ကစားသမားဟောင်း ဖရန့်လမ်းပတ်နဲ့ စကားပြောဆိုညှိနှိုင်းဖို့ ခွင့်ပြုလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ချဲလ်ဆီး ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဟာ လက်ရှိမှာ ချန်ပီယံရှစ်တန်းက ဒါဘီအသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်နေတာပါ။ ချဲလ်ဆီးကတော့ အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြ ဆာရီရဲ့နေရာမှာ အစားထိုးနိုင်ဖို့ နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လမ်းပတ်က ချဲလ်ဆီးနည်းပြရာထူးအတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ သူဟာ ကစားသမားဘဝတုန်းက ချဲလ်ဆီးအတွက် ပွဲပေါင်း ၆၄၈ ပွဲ ကစားပေးထားပြီး အသင်းနဲ့အတူ ဆုဖလားပေါင်း ၁၁ ခု ရယူနိုင်ခဲ့ပါတယ်။
စပိန်နိုင်ငံတောင်ပိုင်း ဆန်ရော့ကီမြို့ စက်မှုဇုန်အနီးမှာ ဇွန်လ ၂၅ ရက်နေ့က ဓာတုဗေဒစက်ရုံတခု မီးလောင်လို့ စက်ရုံရှိရာ ဂွယ်ဒါလန်ကီ စက်မှုဇုန်က လူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပြီး မီးခိုးငွေ့ရှူမိတဲ့ လူတယောက်ကို ဆေးရုံပို့ခဲ့ပါတယ်။ မီးဟာ ပလတ်စတစ်တွေ ထုတ်လုပ်တဲ့ အိန္ဒိယကုမ္ပဏီပိုင် အင်ဒိုရားမားစက်ရုံမှာ  စလောင်ခဲ့တာပါ။ အနီးဝန်းကျင် နေထိုင်သူတွေကို မီးခိုးတွေ မဝင်ရောက်စေဖို့ ပြတင်းတံခါးတွေ ပိတ်ထားဖို့ ညွှန်ကြားခဲ့ပေမယ့် ဘေးလွတ်ရာပြောင်းရွှေ့ဖို့တော့ မပြောခဲ့ပါဘူး။ အဲဒီစက်ရုံမီးကို နေ့လယ်ပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်း နိုဝင်ဘာလတွင် ကောက်မည်

အခုနှစ် နိုဝင်ဘာလမှာ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့  စီစဉ်နေပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ေ နပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဇွန် ၂၅ရက်က  ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အသုံးပြုမယ့် မေးခွန်းပုံစံမှာ ထည့်သွင်းဖော်ပြ နိုင်ရေး အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲမှာ  ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

အေးမြတ်သူ၊ အလှမယ်ဟန်တီ၊ မထက်နှင့် အရည်ကြိုတို့ပါဝင်မည့် “၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက်” ဆွေးနွေးပွဲ ကျင်းပမည်

    “၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက်”အမည်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်မှာ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာ လှူုကွန်ရက်မှာရိုက်ခတ်လာနိုင်တဲ့ကောင်းကျိုးတွေကို မြှင့်တင်ဖို့၊ ဆိုးကျိုးတွေကို လျှော့ချဖို့နဲ့ ပြဿနာတွေအတွက် ဖြေရှင်းနည်းလမ်းတွေ၊ အပြုသဘောဆောင်တဲ့ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေကို နယ်ပယ်ပေါင်းစုံမှ အကျိုးပါဝင်ပတ်သက်သူ တွေ၊ ပညာရှင်တွေ ဝိုင်းဝန်း အဖြေရှာသွားကြမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီကို ၃ ရက်ကြာ အလည်အပတ် ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုဟာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ ဇွန်လ ၂၆ ရက်မှာ တွေ့ဆုံပါတယ်။ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးရဲ့ ရှုထောင့်အမျိုးမျိုးအပေါ် အမြင်တွေဖလှယ်ဖို့ ပွန်ပီယိုက မိုဒီကို ဆော်သြပါတယ်။ ကုန်သွယ်ရေးကနေ ရုရှား၊ အီရန်တို့နဲ့ စွမ်းအင်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ ကိစ္စလို သိမ်မွေ့တဲ့အရေးတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

နယ်သာလန်ကလပ်မှ လူငယ်နောက်ခံလူ ဗန်ဒန်းဘာ့ခ်ကို ခေါ်ရန် လီဗာပူး စိတ်အားထက်သန်

လီဗာပူးအသင်းဟာ ဟော်လန်ကလပ် PEC ဇဝိုလာအသင်းက ဗဟိုနောက်ခံလူ ဆပ် ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် နောက်တန်းကစားသမား ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ အေဂျက်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းကလည်း အသက် ၁၇ နှစ်အရွယ် နယ်သာလန် နောက်ခံလူ ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယ်သာလန် ယူ-၁၉ လက်ရွေးစင် ဗန်ဒန်းဘာ့ခ်ဟာ ပြီးခဲ့တဲ့ရာသီက PEC ဇဝိုလာအသင်းအတွက် ၁၅ ပွဲ ကစားပေးထားပါတယ်။ တကယ်လို့ လီဗာပူးကသာ ခေါ်ဖြစ်ရင် ဒီနှစ်နွေရာသီမှာ အသင်းအတွက် ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။

ဆော်ဒီနှင့် တောင်ကိုရီးယားကြား ရင်းနှီးမြှုပ်နှံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ဆော်ဒီအာရေဗျ အထွေထွေ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (SAGIA) နဲ့ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေကြား နားလည်မှုစာချွန်လွှာ ၁၄ ရပ်နဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ SAGIA က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၆ ရက်က ကြေညာပါတယ်။ ဘဏ္ဍာရေး၊ မီဒီယာ၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံဓာတုနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ အပါအဝင် ကျယ်ပြန့်တဲ့ကဏ္ဍတွေမှာ သဘောတူညီချက်တွေ ရခဲ့တာလို့ SAGIA ရဲ့ ရင်းနှီးမြှုပ်နှံသူ ဆွဲဆောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဒု-အုပ်ချုပ်ရေးမှူး စူလ်တန် မိုဖတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ပွဲဖြစ်သဖြင့် ပုဏ္ဏားကျွန်း ဆင်သီကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူပေါင်း ၂၈၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးလာနေကြတယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ သဘာဝနဒီ ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ ဇွန်လ ၂၅ ရက် မနက်ပိုင်း ၁၀ နာရီလောက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာရဲ့အထက်ဘက် ၁ မိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့  ကျေးရွာသားတွေက ရွာလုံးကျွတ် ထွက်ပြေးလာတာပါ။

ဘန်ကောက်ရှိ စာတိုက်တခုတွင် ပါဆယ်ထုပ်အတွင်းမှ မြွေအရှင် ထွက်လာ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်းခဲနယ်မြေ ဖားဆီကျလွန်း စာတိုက်ကြီးမှာ စာပို့ကားနဲ့ ရောက်ရှိလာတဲ့ ပါဆယ်တထုပ်ထဲကနေ မြွေအရှင်တကောင် ထွက်လာပါတယ်။ စာတိုက်ဝန်ထမ်းတဦးဟာ မနေ့မနက်က အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ပါဆယ်ထုပ်တွေကို လိပ်စာအလိုက် ခွဲပြီးစုပုံနေစဉ် မိုးရေစိုပြီး ပေါက်ပြဲနေတဲ့ အထုပ်တခုကို ရွှေ့လိုက်ရာမှာ အရှည် ၂ မီတာလောက်ရှိတဲ့ မြွေတကောင် လျှောထွက်လာတာကြောင့် စာတိုက်ထဲကလူတွေ အားလုံး ထိတ်လန့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။

အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု မြန်မာ့လုပ်ငန်းရှင် ၁၀ ဦးရရှိ

၂၀၁၉ ခုနှစ် အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုအား ရန်ကုန်နှင့် မန္တလေးမြို့မှ အမျိုးသမီးလုပ်ငန်းရှင် ၁၀ ဦးက ရရှိခဲ့ပြီး ယခုနှစ်မှာ အများဆုံးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်ရှိ SP bakery မှ CEO ဒေါ်သင်းသင်းကျော်၊ A1 Group of companies မှ Executive Director ဒေါ်ရည်ဝိုင်းဦး၊ မန္တလေးမြို့ရှိ New Technical Group Computing ကုမ္ပဏီမှ ဒေါ်သီရိခေတ်၊ Unique Generation Group (ဦးဂျမ်းလုံချည်ဖြန့်ဖြူးရောင်းချရေး) မှ ဒေါ်ခင်ဝင်းဆွေ၊ New Starlight Group of Companies မှ ဒေါ်မေရင်၊ Shwe Myanmar Garment ကုမ္ပဏီမှ ဒေါ်နွယ်နီသိန်းနှင့် အောင်ခန့်ထည်ကုမ္ပဏီမှ ဒေါ်အေးအေးအောင်တို့အပါအဝင် ၁၀ ဦး ရရှိခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်ရှိ လေလွင့်ခွေးများကို ဖမ်းဆီးကာ သဘာဝဘေးမဲ့တောသို့ ပို့

ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားမြို့နယ်၊လေလွင့်ခွေးများကို ဖမ်းဆီးခြင်း လုပ်ငန်းကို ယနေ့ ဇွန် ၂၆)ရက်နေ့က စည်ပင်တာဝန်ရှိသူများနှင့် လေလွင့်ခွေး ကင်းစင်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းသို့ လေလွင့်ခွေးများ ဖမ်းဆီးရာ၌ ရန်ကုန်စည်ပင် တိ/ကုဌာနတာဝန်ရှိသူများက ခွေးအား ပိုက်ကွန်ဖြစ်ပစ်ဖမ်း၊ဖမ်းဆီးရမိသည့် ခွေးအား မေ့ဆေးထိုးခြင်း၊ ကြိုးဖြင့် ချည်နှောင်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း လေလွင့်ခွေး ကင်းစင်ရေးအဖွဲ့မှ ကိုကျော်ကျော်လွင်ကပြောသည်။

၂၀၂၄ အိုလံပစ်ပွဲမှာ Breaking အက ပြိုင်ပွဲများ ပါဝင်မည်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပွဲမှာ ဘရိတ်ဒန့်စ်လို့ လူသိများတဲ့ Breaking အကပြိုင်ပွဲ ပါဝင်မယ်ဆိုတဲ့ အကြောင်း ပွဲကျင်းပရေးကောင်စီက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အဖွဲ့အစည်း IOC (International Olympic Committee) ရဲ့ ပြောကြားချက်အရ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ပြုလုပ်မယ့် ၂၀၂၀ အိုလံပစ်မှာ ပြိုင်ပွဲတွေကို ပွဲဦးထွက် ပြိုင်ခိုင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံရှိလို့ဆိုပြီး ဆရာတွေအပေါ် မောက်မာရိုင်းစိုင်းတဲ့ ကျောင်းသူလေးကို ကြိမ်နဲ့ဆော်တဲ့ဆရာ”

မလေးရှားနိုင်ငံမှာ အဟော့ဆုံးသတင်းတစ်ခုကတော့ ကျောင်းသူတစ်ယောက်ကို ဆရာက ကြိမ်နဲ့ ပြင်းပြင်းထန်ထန် ဆော်ပလော်တီးခဲ့တဲ့အဖြစ်ပါ။ အရင်ဆုံး သတင်းစဖြန့်သူကတော့ ကျောင်းသူကိုယ်တိုင်ဖြစ်ပြီး၊ သူမကို ဆရာက ရိုက်တဲ့အကြောင်း၊ တရားစွဲပြီး ဆရာကို ထောင်ချပစ်မယ်လို့ လူမှုကွန်ရက်မှာ ဆိုထားပါတယ်။ ဆရာဖြစ်သူကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အဆိုပါ ကျောင်းသူက သူ့ကို ” အခြောက်ကြီး၊ ဂန္ဓူးကြီး၊ မိန်းမလို မိန်းမရလူကြီး “လို့ ကျောင်းသားတွေရဲ့ရှေ့မှာ ပက်ပက်စက်စက် ဆဲခဲ့ပါသတဲ့။ ကျောင်းသားတွေကို မေးမြန်းတဲ့အခါမှာလည်း ကျောင်းသူဘက်က ဘယ်သူမှ မရပ်တည်ကြပါဘူး။

အမေရိကန်မှာ အလုပ်ထုတ်ခံရသူက ကုမ္ပဏီကို သေနတ်နဲ့ ဝင်ပစ်

အမေရိကန်ပြည်ထောင်စု၊ မြောက် ကယ်လီဖိုးနီးယား ဖို့ဒ် ကားအရောင်းပြခန်းမှာ အလုပ်ထုတ်ခံရသူ တစ်ဦး ရောက်လာပြီး သေနတ်နဲ့ပစ်လို့ အလုပ်သမား နှစ်ဦး သေဆုံးပြီး သေနတ်သမားလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ရဲတွေရောက်လာချိန်မှာ ကိုယ့်ကိုယ်ကို ပစ်ခတ်ထားပုံရတဲ့ လူတစ်ဦး လဲနေတာ တွေ့ကြောင်း၊ သူ့လက်ထဲမှာလည်း သေနတ်တစ်လက် ကိုင်ထားကြောင်း ရဲတပ်ကြပ် ဘီလ် နော်မန်က ပြောပါတယ်။ အဆောက်အဦထဲမှာလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ နှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ သေနတ်သမားနဲ့ သေဆုံးသူတွေ ဘယ်သူဆိုတာကို ရဲက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အဲဒီမှာ အလုပ်လုပ်သူ တစ်ယောက်ကတော့ သေနတ်သမားဟာ အရင်က အလုပ်သမားဟောင်း တစ်ဦးဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ကန်ဒေါ်လာ သန်း ၁၅၀ကျော်တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေကို ဖျက်ဆီး

အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါး နဲ့ဆက်စပ်ပစ္စည်းတွေကို ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် ၊တောင်ကြီးမှာ မီးရှို့ ဖျက်ဆီးလိုက်ပါတယ်။ ဒီကနေ့မှာကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖျက်ဆီးခဲ့တာပါ။ ဖျက်ဆီးလိုက်တဲ့မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ် အတွင်း ဖမ်းမိခဲ့တာလို့ သိရပါတယ်။

မန္တလေးတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ နှင့်မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးပွဲကို ၂၀၁၉ ခုနှစ်၊ဇွန်လ(၂၆)ရက်၊နံနက်ပိုင်းက မန္တလေးမြို့ ရွှေမန်းတောင်အားကစားကွင်းတွင် ပြုလုပ်စဉ်။ အဆိုပါအခမ်းအနားတွင် မြန်မာကျပ်ငွေသန်းပေါင်း (၆၃၂၇၂)သန်း ကျော်၊ အမေရိကန်ဒေါ်လာ(၄၂)သန်း ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါး အမျိုးအစားပေါင်း(၃၂)မျိုးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

အိုင်အက်စ်အကျဥ်းသားများအပေါ် တရားစွဲဆိုရေး အီရတ်ဝန်ကြီးချုပ်နှင့် ကုလတာဝန်ရှိသူများ ဆွေးနွေး

ဆီးရီးယားနိုင်ငံ အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ အိုင်အက်စ် အကျဥ်းသားတွေအပေါ် တရားစွဲဆိုရေးကိစ္စ အီရတ်ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဇွန်လ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အိုင်အက်စ် အကျဉ်းသားတွေကို တရားစွဲဆိုမလားဆိုတဲ့ မေးခွန်းကို အီရတ်ဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီက အစိုးရအနေနဲ့ နည်းလမ်းတွေ ရှာကြံပြီး တွေ့ရှိချက်တွေကို ကုလသမဂ္ဂထံ တင်ပြထားတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့် အဆိုပြုသည့် လူ့စွမ်းအားအရင်းအမြစ်နှင့် လူ့ဝန်ကြီးဌာနသစ် ဖွဲ့စည်းရေး ရခိုင်လွှတ်တော်ပယ်ချ

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အားလုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းရေး သမ္မတဦးဝင်းမြင့်က အဆိုပြုထားမှုကို ရခိုင်ပြည်နယ် လွှတ်တော်က ယနေ့ ပယ်ချလိုက်သည်။ ပြည်နယ်/တိုင်း ၁၄ ခု စလုံးတွင် အသစ်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက အဆိုပြုခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူများသည့်အတွက် မဖွဲ့စည်းနိုင်တော့ပေ။

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ အထူးဒေသ(၄) ဒေသတည်ထောင်ခြင်း နှစ် (၃၀)ပြည်အထိမ်းအမှတ်ပွဲ

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ အထူးဒေသ(၄) ဒေသတည်ထောင်ခြင်း နှစ် (၃၀)ပြည်အထိမ်းအမှတ်ပွဲကို ဇွန်လ (၂၆) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိ မိုင်းလားမြို့တွင် ကျင်းပမည် ဖြစ်သည်။ ယနေ့ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကာလတန်းဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးအမျိုးအမျိုးကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနား ပြုလုပ်ခဲ့သည်။

ငပုတောတွင် တည်ဆောက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းကြောင့် ထိခိုက်မှု အများကြီး မရှိနိုင်ဟုဆို

ငပုတောမြို့ နယ်၊နံသာပုကျေးရွာအုပ်စုတွင်တည်ဆောက်မည် ကမ်းလွန်ထောက်ပံ့ရေးစခန်း ကြောင့် ထိခိုက်မှုအများကြီးမရှိနိုင်ကြောင်း MPRL E&P Group of Companies ကုမ္ပဏီမှ Executive Director ဦးတင့်ဆွေကပြောသည်။ “ကမ်းလွန်ရေနံတူးနေတယ်။ တွင်းတွေကို အထောက်အကူပေးဖို့ ဆောက်တဲ့စခန်းဆိုတော့ ပေ၃၀၀လောက်ရှိတယ်။ သင်္ဘောတွေလာမှာ ကျွန်တော်ထင်တယ် တစ်ပတ်တောင် နှစ်စီးလာဖို့  မလွယ်ဘူး။

ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ဆုကို ပြင်သစ် စားသောက်ဆိုင်တစ်ဆိုင် ရရှိ

 ဇွန်လ ၂၅ ရက်က စင်ကာပူမှာ ပြုလုပ်တဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ဆုချီးမြင့်ပွဲအခမ်းအနားတစ်ခုမှာ ပြင်သစ်နိုင်ငံက Mirazur စားသောက်ဆိုင်က ကမ္ဘာ့အကောင်းဆုံးဆု ရရှိသွားတယ်လို့ သိရပါတယ်။ နှစ်စဉ် ချီးမြှင့်နေကျ အဆိုပါ ကမ္ဘာ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ စာရင်းမှာတော့ ယင်း Mirazur က နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မော်ရို ကိုလာဂရီကို အမည်ရ အာဂျင်တီးနား စားဖိုမှူးတစ်ဦးဖြစ်တဲ့ ဦးဆောင်လုပ်ကိုင်နေတဲ့ Mirazur ကတော့ ယင်းရဲ့ ထူးခြားကောင်းမွန်တဲ့ ဟင်းပွဲတွေအတွက် နာမည်ရလျက် ရှိပါတယ်။

(ယာယီ) တာမွေဈေး ပြန်လည်အဆင့်မြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆို

ဓာတ်ပုံ-ထွန်းထွန်းဝင်းရန္ကုန္တိုင္းေဒသျကီး တာမွေမြို့နယ်အတွင်းရှိ (ယာယီ)တာမွေဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)မှ ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်မှု၌  ပွင့်လင်းမြင်သာမှုမရှိကြောင်း ဈေးသူဈေးသားများက ပြောသည်။အဆိုပါဈေး အဆင်မြှင့်တင်မှုအတွက် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တာမွေဈေး(ယာယီဈေး)မှ ဈေးသူဈေးသားများက သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။"အဓိကအကြောင်းအရင်းက ဈေးသူဈေးသားတွေ မသိဘဲနဲ့ မသိတောင်မသိသေးပါဘူး။ဒီဂျာနယ်မှာ ပါလာတယ်။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 26 June 2019

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၄၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲကြီး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၂၅၀၀ ကနေ ၁၀၂၇၀၀ အထိ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၀၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၇၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကယားပြည်နယ်တွင်း မြေယာသိမ်းမှုပြဿနာ ဒေသခံတောင်သူများ ရှင်းလင်း

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြေယာသိမ်းဆည်းမှုပြဿနာနဲ့ မြေလွတ်မြေရိုင်း ပြဿနာတွေနဲ့ ပတ်သက်လို့  စိန်ခေါ်မှု အခက်အခဲတွေကို ဒေသခံတောင်သူတွေက ဒီမနက် လွိုင်ကော်မြို့ရှိ ကရင်နီပြည် တောင်သူလယ်မားသမဂ္ဂရုံးမှာ မီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းပြောကြားလိုက်ပါတယ်။ လက်ရှိ မြေယာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့  လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေကျေးရွာနဲ့ ဖရူဆိုမြို့နယ်က ဒေသခံ တောင်သူတွေက သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို ရှင်းလင်းပြောဆိုခဲ့ကြတာပါ။

သြစတြေးလျတွင် နေအိမ်တလုံး မီးလောင်၊ ကလေး ၃ ဦး သေဆုံး

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆင်ဂယ်တန်မြို့မှာ ဇွန်လ ၂၆ ရက် အစောပိုင်းက နေအိမ်တလုံး မီးလောင်ပြီး ကလေး ၃ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ကလေးတွေဟာ ၅ နှစ်အရွယ် အမြွှာညီအစ်မနှစ်ယောက်နဲ့ သူတို့ရဲ့ ၁၁ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ဖြစ်ပါတယ်။ အဲဒီ မီးလောင်ရာနေအိမ်ကနေ ကလေးတွေရဲ့ မိခင်ဖြစ်သူနဲ့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ကို အိမ်နီးချင်းတွေက ကယ်ဆယ်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာတော့ အိမ်နီးချင်းတွေက မီးကို ငြှိမ်းသတ်ပေးနေတယ်လို့ စုံစမ်းရေးမှူးတွေက ဆိုပါတယ်။ မီးတောက်ပြင်းတဲ့အတွက် မီးသတ်သမားတွေဟာ မီးကို အိမ်ထဲမှာ ဆက်မငြှိမ်းသတ်နိုင်ဘဲ အိမ်ပြင်ကနေပဲ ငြှိမ်းသတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် Indoor Skydiving တွင် အလွတ်ခုန် လေထီး (အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်း လေ့ကျင့်ခန်း လေ့ကျင့်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေး

Image may contain: 8 people, people standingတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံတို့လိုက်ပါပြီး ဇွန်လ ၂၄ ရက်၊ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၉)မိုင်၊ တော်ဝင်လမ်းရှိ Indoor Skydiving အတွင်းရှိ Vertical Wind Tunnelတွင် အလွတ်ခုန်လေထီး(အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁)မှ အရာရှိ၊ စစ်သည်များ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်းလေ့ကျင့်ခန်း လေ့ကျင့်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

လက်နက်စွန့်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့(MPDF) ဆက်ဆံရေးရုံးသို့ သတင်းအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်ဦးဆောင်၍ အမှတ်(၆) ပညာရေးတပ်မှအရာရှိစစ်သည်အင်းအား ၄+၄၀ ဦးခန့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်တို့ ၂၄.၆.၂၀၁၉ရက်နေ့ နေ့လည် ၁၂နာရီချိန်ခန့်၌ တရားမဝင်လက်နက်ခဲယမ်းများဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။

တရားမဝင် ငါးခိုးဖမ်းသည့် စည်းကမ်းပျက် လှေ ၅ စီးနှင့် ရေလုပ်သား ၃၅ ဦးကို ဖမ်းဆီး

ငါးဖမ်းမရ ရာသီ သတ်မှတ်ထားချိန်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် စည်းကမ်းပျက်လှေ ၅ စီးနှင့် ရေလုပ်သား ၃၅ ဦးတို့ကို တပ်မတော် (ရေ) မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၁ ရက်နေ့တွင် စစ်ရေယဉ်မှူး ဗိုလ်ကြီး ဇော်မျိုးကိုကို ဦးစီးသော အဖွဲ့သည် စစ်ရေယာဉ် အမှတ် (၄၂၅)ဖြင့် ဇာဒက်ကြီးကျွန်း၊ ပလော်ကာဂျန်ကျွန်း အနောက်မြောက် ၁ ဒဿမ ၇ (nautical mile) အကွာတွင် လှေ ၅ စီးကို ညဖက်၌ ဝင်ရောက် ငါးခိုးနေစဉ် ဖမ်းစီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုယ့်လူကိုယ် ရွေးကောက်ပွဲကော်မရှင်အဖြစ်ခန့်ထားမှု SNLD ဝေဖန်

ကိုယ့်လူကိုယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်ထားမှုမှာမဖြစ်သင့်ကြောင်း SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန်လွင်က ဝေဖန်လိုက်သည်။ ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သည့် SNLD ပါတီမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ “ကိုယ့်လူတွေနဲ့ကိုယ် ပြန်ပြီးတော့ ရွေးကောက်ပွဲကော်မရှင် လုပ်ကြတာပါပဲ၊ ရင့်ကျက်တဲ့နိုင်ငံရေးပါတီတွေ ဖြစ်လာပြီဆိုရင် ကျော်လွှားသင့်တယ်လို့ ထင်ပါတယ်။ သိက္ခာသမာဓိရှာပြီးတော့ ဘက်မလိုက်တဲ့ဥပဒေကို တိတိကျကျ လိုက်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ အငြိမ်းစားတွေ လက်ရှိပညာရှင်တွေ အများကြီး ရှိပါတယ်။ သုံးမယ်ဆို လူပြောသူပြောကင်းတာပေါ့နော်၊ ကိုယ့်ပါတီနဲ့ပတ်သက်ပြီး ကိုယ်ခန့်ထားတယ်ဆို အခုလိုပြဿနာတွေ ပေါ်လာတဲ့အခါကျတော့ ပြောစရာဖြစ်တာပေါ့”ဟု ဦးစိုင်းညွန်လွင်ကပြောသည်။

H1N1လူနာသတ်လတ်ပိုင်းအမျိုးသမီးနဲ့ကလေးငယ်တစ်ဦးထပ်မံသေဆုံး

အခုဇွန်လ၂၅ရက်နေ့အထိ H1N1ပိုးတွေ့လူနာ ထဲကနေ ၉ဦးသေဆုံးပြီးဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကသတင်းရရှိပါတယ်။ ရန်ကုန်တိုင်းအပါအဝင်စစ်ကိုင်းတိုင်းဒေသကြီးတို့မှာH1N1နဲ့သေဆုံးတဲ့လူနာ၇ဦးရှိကြောင်းဇွန်လ၂၃ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ၂၄ နဲ့ ၂၅ရက်အတွင်းမှာရန်ကုန်တိုင်းဒေသကြီးက သတ်လတ်ပိုင်းအမျိုးသမီးတစ်ဦးနဲ့အသက်၁နှစ်ကျော်ကျော်ကလေးငယ်တစ်ဦးတို့ထပ်မံဆုံးပါးတယ်လို့ဆိုပါတယ်။

အငယ်တန်းစာရေးရာထူးနှင့် အင်ဂျင်နီယာဘွဲ့ မည်သို့မျှမအပ်စပ်ဟု မှော်ဘီနည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ပြော

လူမှုဖူလုံရေးအဖွဲ့မှ အငယ်တမ်းစာရေးရာထူးခေါ်ယူရာတွင် အင်ဂျင်နီယာဘွဲ့သတ်မှတ်ချက်များ ပါဝင်ခြင်းကြောင့် အင်ဂျင်နီယာဘာသာရပ်အပေါ်သိမ်ငယ်မိကြောင်း မှော်ဘီနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကေသီလွင်က ပြောလိုက်သည်။ ဇွန်လ ၂၁ ရက်ကမြန်မာ့အလင်းသတင်းစာတွင် လူမှုဖူလုံရေးအဖွဲ့မှ အငယ်တမ်းစာရေးရာထူး ၈၄ နေရာ ခေါ်ယူခဲ့ကြောင်း၊ ၄င်းအတွက် ပညာအရည်အချင်းသက်မှတ်ချက်တွင် BE (EC)၊ BE (EP) ၊BE (IT)ဘွဲ့တို့ ပါဝင်သည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

လန်ဒန်မြေအောက်ဘူတာတွင် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ်တွန်းချခဲ့သူကို ထောင်တသက် ချမှတ်

လူစည်ကားတဲ့ လန်ဒန် မြေအောက်ဘူတာရုံမှာ အသက် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ် တွန်းချခဲ့သူကို ဇွန်လ ၂၄ ရက်နေ့က ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်လိုက်ပါတယ်။ လူသတ်ရန် ကြိုးပမ်းမှု နှစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ပြီးနောက် ပေါလ် ခရော့စ်လေ ဆိုသူကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူဟာ အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ် ကျခံရမယ်လို့ ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ခရော့စ်လေဟာ ပြစ်ဒဏ်ချမှတ်မခံရခင် လပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ခံယူခဲ့ပါတယ်။

မုံရွာတွင် နေ့ခင်းကြောင်တောင် အိမ်နှစ်လုံး သူခိုးဝင် ခိုး ခံရ

မုံရွာမြို့တွင် ယနေ့ ဇွန် ၂၅ ရက် တစ်ရက်တည်း တိုက်အိမ် ၂လုးံနေ့ခင်းကြောင်တောင် သူခိုး ဝင်ခိုး ခံခဲ့ရကြောင်း အိမ်ရှင်များက ပြောသည်။ မြို့သစ်ရပ်ကွက် ရောင်ခြည်သစ် မျက်မမြင်ကျောင်းအနီးနေအိမ်တစ်အိမ်နှင့် စီးပွားရေးတက္ကသိုလ်အနီး နေအိမ် တစ်အိမ်တို့ ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်သည်။ "ခုပါသွားတာက ကိစ္စမရှိဘူး။လမ်းပေါက်သွားပြီး ထပ်လာမှာ ကြောက်တာ။လူ အန္တရာယ်ပေးခဲ့မှာလည်း စိုးရိမ်တာ"ဟု မြို့သစ်ရပ်ကွက်မှ အိမ်ရှင်က ပြောသည်။

ပီရူးကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နှလုံးရောဂါဖြင့် သေဆုံး

ပီရူးကာကွယ်ရေးဝန်ကြီး ဟိုဆေးဝယ်သာဟာ ဇွန်လ ၂၄ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ကာကွယ်ရေးဝန်ကြီး ဝယ်သာဟာ အမေဇုန်ဒေသကို လုပ်ငန်းတာဝန်နဲ့သွားရင်း သေဆုံးခဲ့တာပါ။ အသက် ၇၁ နှစ်အရွယ် ဝယ်သာဟာ ပီရူး-အီကွေဒေါ နယ်စပ်အနီး စီနာပါခရိုင်က လုံခြုံရေး ကင်းစခန်းတွေကို သွားရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အဲဒီနောက် ရဟတ်ယာဉ်ပေါ် အတက်မှာ သူဟာ သေဆုံးခဲ့တယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ပါတယ်။ အဲဒီအတွက် ကာကွယ်ရေးဝန်ကြီး ဟိုဆေးဝယ်သာရဲ့ ရုပ်အလောင်းကို စစ်ဘက်အခမ်းအနားနဲ့ မြို့တော် လီမာဆီ သယ်ဆောင်ခဲ့ပြီး ပီရူးအစိုးရက ဝမ်းနည်းခြင်း အထိမ်းအမှတ် ၂ ရက် သတ်မှတ်ခဲ့ပါတယ်။ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာကာကလည်း ဟိုဆေးဝယ်သာရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အာဆီယံနှင့်မြန်မာ ဆွေးနွေး

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေး ထည့်သွင်းဆွေးနွေးခဲ့ပြီး အဓိက ကတော့ နိုင်ငံမဲ့ဒုက္ခသည်တွေ လူသာချင်းစာနာမှုအကူအညီနဲ့ နေရပ်ပြန်နိုင်ရေးတို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြတာပါ။ ဇွန် ၂၂ ရက်ကနေ ၂၃ ရက်အထိ ၃၄ ကြိမ်မြောက် ASEAN Summit ကို မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့တာပါ။ အာဆီယံအစည်းအဝေးအပြီး အစည်းအဝေးဥက္ကဌရဲ့ အချက် ၅၇ ချက်ပါ ထုတ်ပြန်ချက်မှာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာရေးအပေါ် မြန်မာအစိုးရဆောင်ရွက်မည့် ကတိက၀တ်အပေါ် ထောက်ခံကြောင်း ပါရှိပါတယ်။

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၊ ကာကွယ်ရေးစွမ်းပကားကို ခိုင်မာအောင်တည်ဆောက်နေ၊ ကာကွယ်ရေးစွမ်းပကား လျော့နည်းသွားခြင်းမရှိစေရန် ကာကွယ် ရေးအမြင်ဖြင့်သတိပြုကြရန်လို

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၍ ကာကွယ်ရေး စွမ်းပကားကို ခိုင်မာအောင်တည်ဆောက်နေကြောင်း၊ တပ်မတော်၏အမျိုးသားနိုင်ငံရေးကဏ္ဍ ပျောက်ပျက်သွား အောင်၊ မျိုးချစ်စိတ်ဓာတ်များ ပျက်ပြားသွားအောင် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှု လွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန်နှင့် ကာကွယ်ရေး စွမ်းပကား လျော့နည်းသွားခြင်းများမရှိစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုကြရန် လိုကြောင်း၊ ကာကွယ်ရေးစွမ်းအားကို တည်ဆောက်နေရုံဖြင့်မရဘဲ ခိုင်မာထက်မြက် နေအောင်လည်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျဉ်ပုံကြီးတပ်နယ်ရှိအရာရှိ၊ စစ်သည်များအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားသို့ အဆိုတော် စိုင်းဆိုင်မောတက်ရောက်

လူမှုကွန်ရက်တွင် သေဆုံးသွားပြီဟု မကြာခဏ သတင်းထွက်ပေါ်နေသော ဝါရင့်အဆိုတော် စိုင်းဆိုင်မော ကို ဇွန်လ ၂၅ ရက်နေ့ညက မိုင်းလားမြို့ရှိ တည်းခိုရာ ဟိုတယ်တွင် တွေ့ရှိခဲ့ရသည်။ အဆိုတော် စိုင်းဆိုင်မောသည် အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတွင် သီဆို ဖျော်ဖြေမည် ဖြစ်ပြီး အဆိုတော် စိုင်းဆိုင်မော သည် အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း နှင့် ကျောင်းနေဖက် သူငယ်ချင်းလည်းဖြစ်သည်။

ရေချိုးခန်းအတွင်းဝင်ရောက်ချိန်တွင် မီးစက်အား ဖွင့်၍ တံခါးပိတ်ထားရာမှ အောက်ဆီဂျင်ပြတ်လပ်၍ အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနသို့ ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အမျိုးသမီးအလောင်းတစ်လောင်းရောက်ရှိနေကြောင်း သတင်းအရ အမှတ် (၆) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်မျာက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မကွေးတိုင်းဒေသကြီး၊ အိုင်မကျဉ်းကျေးရွာနေ မဥမ္မာမိုး (၁၉) နှစ် ဖြစ်ကြောင်း သိရှိရသည်။

ဗီဇာစည်းကမ်းချိုးဖောက်ကာ သွားလာခဲ့သော တရုတ်နိုင်ငံသား ၅ ဦးအား ဖမ်းဆီး

နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ဇွန်လ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်မီးကောင်(အာခါ)ကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ နိုင်ရတနာရွှေတြိဂံသတ္တုရှာဖွေရေး ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ ကန့်သတ်နယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော ဟူနန်ပြည်နယ်၊ အီယမ်မြို့နေ Mr.Chen Yuejin (၄၈) နှစ်ပါ တရုတ်နိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ၎င်းတို့သည်မေလ ၈ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်အမှတ် (၁) ချစ်ကြည်ရေးတံတားမှ တာချီလိတ်မြို့သို့ တရားဝင် ဝင်ရောက်ခဲ့သော်လည်း နိုင်ငံခြားသားများ မသွားရနယ်မြေဖြစ်သည့် ဝမ်မီးကောင် (အာခါ) ကျေးရွာအနီးသို့ ခွင့်ပြုချက်မရှိဘဲ သွားလာခဲ့ပြီး ဗီဇာစည်းကမ်းချိုးဖောက်ခဲ့ကြောင်းသိရှိရသောကြောင့် Mr.Chen Yuejin ပါ ၅ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲလာတဲ့ အမျိုးသမီးကို သူကြိုက်တဲ့ ပုံစံထဲက မဟုတ်ဟုဆိုကာ ထရန့် က ငြင်းဆို

၁၉၉၀ ခုနှစ်က နယူးယောက်မြို့ စတိုးဆိုင်တစ်ခုက အ၀တ်လဲခန်းထဲမှာ ထရန့် က သူမကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် အမျိုးသမီးရဲ့ စွပ်စွဲမှုကို အမေရိကန် သမ္မတထရန့် က တနင်္လာနေ့ မှာ အခိုင်အမာနဲ့  ငြင်းဆိုသွားခဲ့ပြီး သူမဟာ သူကြိုက်တဲ့ ပုံစံထဲက မဟုတ်ပါဘူးလို့  ပြောဆိုသွားခဲ့ပါတယ်။ အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲလာတဲ့ အမျိုးသမီးကို သူကြိုက်တဲ့ ပုံစံထဲက မဟုတ်ဟုဆိုကာ ထရန့် က ငြင်းဆို ၁၉၉၀ ခုနှစ် နှစ်လယ်ပိုင်းလောက်က အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ကြောင်း အီ ဂျန်ကာရိုးလ်က သူမ အသစ်ထုတ်လိုက်တဲ့ စာအုပ်မှာ ရေးသားစွပ်စွဲခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးသတင်းဌာနတစ်ခုဖြစ်တဲ့ The Hill နဲ့  အင်တာဗျူးရာမှာ ထရန့် က ငြင်းချက်ထုတ်သွားခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးဖို့ အမေရိကန်က ကမ်းလှမ်းတာဟာ လိမ်လည်နေတာလို့ အီရန်သမ္မတ ပြော

အီရန်ရဲ့ ထိပ်တန်းသံတမန် မိုဟာမတ်ဂျာဗက်ဇာရစ် အပါအဝင် အကြီးတန်း တာဝန်ရှိသူတွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာဟာ အမေရိကန်ဖက်က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းနေတာက အလိမ်အညာ ဖြစ်တယ်ဆိုတာကို ပြသနေကြောင်း အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။

ဗီယက်နမ်အစိုးရဖြုတ်ချရေးကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံသား ထောင် ၁၂ နှစ်ချမှတ်ခံရ

အစိုးရ ဖြုတ်ချရန် အားထုတ်မှုစွဲချက်ဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ဗီယက်နမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။ အသက် ၅၅ နှစ်အရွယ် မိုက်ကယ် ငုယင်သည် မြို့တော် ဟနွိုင်းနှင့် နိုင်ငံတောင်ပိုင်း ဟိုချီမင်း စီးတီးတို့တွင် အစိုးရဌာနများကို တိုက်ခိုက်ရန် အခြားသူများကိုပါ အားပေးလှုံ့ဆော်ခဲ့ကြောင်း နိုင်ငံပိုင် တူအိုင် ထရီ သတင်းစာက ဇွန် ၂၅ ရက်တွင် ဖော်ပြသည်။ ဟိုချီမင်းစီးတီးတွင် ဇွန် ၂၄ ရက်က ရုံးထုတ်ကြားနာကာ စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံသား အသက် ၂၃ နှစ်အရွယ် ဟူယင် ဒူ သပ် ဘင်နှင့် အသက် ၂၁ နှစ်အရွယ် ထရန် လောင်ဖီတို့လည်း အလားတူစွဲချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ရှစ်နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

တရုတ်ကုမ္ပဏီက မြန်မာပြည်မှာ သံမဏိစက်ရုံတည်ဆောက်မည်

တရုတ်နိုင်ငံပိုင် ကူမင်းသံမဏိလုပ်ငန်းက မြန်မာနိုင်ငံထဲမှာ တနှစ်ကို တန်ချိန် လေးသန်းထွက်မယ့် စက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ရထားပြီလို့ ဒီကနေ့ထုတ် ဒေသတွင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ စက်ရုံဆောက်ပြီး တဲ့အခါ မြန်မာနိုင်ငံမှာ ကုန်ကြမ်းကနေ ကုန်ချောအထိ တနေရာထဲမှာ အပြီးထုတ်လုပ်နိုင်မယ့် ပထမဦးဆုံး သော သံမဏိလုပ်ငန်းဖြစ်လာမှာပါ။ ယူနန်ပြည်နယ်အခြေစိုက် ကူမင်းသံမဏိလုပ်ငန်းဟာ သွင်းကုန်အားပြုနေရတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရည်ရွယ်နဲ့ တနှစ်ကို တန်ချိန် နှစ်သန်းထွက်မယ့် လျှပ်စစ်သံရည်ကြို စက်ရုံ နှစ်ရုံ တည်ဆောက်မယ်လို့ ဆိုပါတယ်။

နယ်သာလန်တွင် ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုကြောင့် အရေးပေါ်ဖုန်းလိုင်းများပါ ရပ်ဆိုင်း

ဇွန် ၂၄ ရက်က နယ်သာလန်တွင် နိုင်ငံသမိုင်းတစ်လျှောက် အဆိုးဆုံး ဆက်သွယ်ရေးစနစ် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်း အရေးပေါ် ဖုန်းလိုင်းများပါ ရပ်ဆိုင်းသွားခဲ့သည်။ နိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်း ရွိုင်ရယ် ကေပီအင်န်က အစပြုကာ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဆက်စပ်နေသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏ လိုင်းများပါ လေးနာရီကြာ ပြတ်တောက်သွားခဲ့သည်။

အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်လာစဉ် အပြန်အလှန် ထိန်းချုပ်ကြဖို့ တရုတ် တိုက်တွန်း

အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို အရှိန်မြင့်လာနေစဉ် နှစ်ဘက်စလုံးအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်အတွက် တရုတ်က ဇွန်လ ၂၅ ရက်မှာ တိုက်တွန်းသွားပါတယ်။ ဒါဟာ အီရန်အပေါ် ဆန်ရှင်သစ်တွေ ချမှတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြီးနောက်ပိုင်း နှစ်ဘက်အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

MIU မှ စာကြည့်တိုက်မှူး ​ကျော်​ဇင်​ဝင်း ​​သေဆုံးမှု ​ဆေးစာအ​​ပေါ်တည်၍ ​ဆက်​လက်​လုပ်​​ဆောင်​ရမည်​​ဟု မိသားစုဝင်​များ ဆို

လိင်စိတ်ကွဲပြားသူဟု စွပ်​စွဲခံရသဖြင့်​ အဆုံးစီရင်ခဲ့သော MIU မှ Libra rian ​ကျော်​ဇင်​ဝင်း ​သေဆုံးမှုနှင့်​ပတ်​သက်​၍ ​ဆေးစာထွက်​ရှိလာမှုအ​ပေါ်မူတည်​ပြီး ရှေ့ဆက်​လက်​လုပ်​​ဆောင်​ရမည်​ဟု ကို​ကျော်​ဇင်​ဝင်း၏ မိသားစုဝင်​များက​ပြောသည်​။ "အခုလက်​ရှိမှာ ကျွန်​မတို့​မောင်​​လေးအတွက်​ အရမ်းခံစား​နေရပါတယ်​။ မနက်​ဖြန်​ အသုဘချဖို့အတွက်​ စီစဉ်​​နေရတာ​တွေနဲ့ အားလုံးပင်​ပန်း​နေကြပါပြီ။ အခုထိ​ဆေးစားအ​ဖြေမထွက်​​သေးပါဘူး။ ​ဆေးစာအ​ဖြေသိပြီးနောက်​ပိုင်း ​မောင်​​လေးရဲ့ရက်​လည်​ပြီးရင်​ ​ဒီကိစ္စနဲ့ပတ်​သက်​ပြီး ဘာဆက်​လုပ်​ရမယ်​ဆိုတာကို ကျွန်​မတို့စဉ်းစားမှာပါ"ဟု ​သေဆုံးသူ၏ အစ်မဝမ်းကွဲဖြစ်သူ မစန်းစန်းမြင့်က News Watch သို့​ပြောသည်။

မိုဘိုင်းခေတ်တွင် Android ၏နောက်၌ ကျန်နေခဲ့မှုသည် မိုက်ခရိုဆော့၌ သူ၏အကြီးဆုံးအမှားဟု ဘီဂိတ်ပြောကြား

မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ဘီဂိတ်က မိုက်ခရိုဆော့ဖ်၌ ရှိနေစဉ် သူ၏အကြီးဆုံးအမှားမှာ Google ၏ Android ကို လွှမ်းမိုးကြီးထွားခွင့်ပေးခဲ့မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ မိုက်ခရိုဆော့ဖ်၏ ၄၄ နှစ်ကြာ သမိုင်းတွင် Windows စနစ်သည် ကုမ္ပဏီ၏ ပင်မအစိတ်အပိုင်း ဖြစ်နေခဲ့သည်။ သို့သော်လည်း မိုဘိုင်းစနစ်တွင် မိုက်ခရိုဆော့ဖ်သည် ခေါင်းဆောင်မှုနေရာကို အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ မိုဘိုင်းစနစ်များတွင် Google နှင့် Apple တို့၏နောက်၌ မိုက်ခရိုဆော့ဖ်က ကျန်နေခဲ့သည်။

စီးပွားရေးကျဆင်းနေချိန် မီတာခတိုးကောက်ခြင်းမှာ အရှိုက်ကိုထိုးသလိုဖြစ်ဟု ဒေါက်တာနေဇင်လတ် ပြော

စီးပွားရေးကျဆင်းနေချိန်၌ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံခြင်းမှာ အရှိုက်ကိုထိုးလိုက်သကဲ့သို့ ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က သုံးသပ်ပြောကြားသည်။ ယခု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်ကာ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်ချက်အပေါ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

မန္တလေးတွင် ၁၀ တန်းအောင် လူငယ်များကို မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း အခမဲ့ပေးမည်

 မန္တလေးတိုင်းကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) နှင့်တရုတ် နိုင်ငံ တဟုန်းပြည်နယ် ကုန်သည် အသင်းတို့ပူးပေါင်း၍ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသော လူ ငယ်များအား မိုဘိုင်းဖုန်းပြုပြင် ရေးဆိုင်ရာ သင်တန်း အခမဲ့ သင် ကြားမည်ဖြစ်ကြောင်း   သိရ သည်။ ‘‘မိုဘိုင်းဖုန်းပြုပြင်ရေးနဲ့ပတ် သက်ပြီး အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုရရှိအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးကို ဖြုတ်တာ၊ တပ် တာတွေ၊ ဘယ်လိုပြင်ဆင်ရမလဲ၊ Software တွေ Update ဘယ်လို လုပ်ရမလဲ စတဲ့နည်းလမ်းတွေအ ကုန်လုံးကို တရုတ်ပြည်က ဆရာ ကိုယ်တိုင် ဒီမှာလာသင်ပေးမှာ ပါ’’ ဟု MRCCI အထွေထွေအ တွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

ကွယ်လွန်သူ မစိမ့်ထက်ကို ရည်စူး၍ ဖုန်ရင်ချောင်းတွင် တံတားဆောက်လုပ်လှူဒါန်းမည်

ဖန်ဂရန်ရာဇီရေခဲတောင် ပေါ်တွင် ပြုတ်ကျသေဆုံးသည့် မစိမ့်ထက်ကို ရည်စူး၍ ဖုန်ရင်ရာ ဇီ၊ ဖန်ဂရန်ရာဇီရေခဲတောင်သို့ သွားရာ၌ ဖြတ်သန်းရသည့် ဖုန် ရင်ချောင်းတွင် တံတားတစ်စီး ဆောက်လုပ်လှူဒါန်းမည်ဟု တံ တားဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ပူတာအိုဒေသခံ ကိုမိုး မင်းသိန်းက ပြောသည်။ေ ဒသခံများနှင့် တောင်တက် ခရီးသွားများသည် ဖုန်ရင်ရာဇီရေ ခဲတောင်နှင့် ဖန်ဂရန်ရာဇီရေခဲ တောင်သို့ သွားရောက်ရာတွင် ဖုန်ရင်ချောင်းကို မဖြစ်မနေဖြတ်သန်းရပြီး ဖုန်ရင်ချောင်းသည်မိုးရွာချိန် တောင်ကျရေကြီးလာ ပါက အလွန်အန္တရာယ်များသဖြင့် တောင်ကျရေနှင့် မျောပါကာ ဒေသခံများအသက်ဆုံးရှုံးရသည်များ ရှိသည်။

မီတာခတက်ပြီ ၀န်ဆောင်မှုကောင်းမွန်ရေး ဓာတ်အားပြတ်တောက်မှုမရှိစေရေး တာဝန်ယူပေးရန် တောင်းဆိုမှုများရှိနေ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု တိုးချဲ့ရေး၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီးမရရှိသေးသည့်ဒေသများ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျှပ်စစ်မီတာခနှုန်းထားများကို တိုးမြှင့်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာသည်။ ထိုသို့ တိုးမြှင့်ရန် နယ်ပယ်အသီးသီးမှ ကိုယ် စားလှယ်များနှင့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးကာအကြံပြုချက် ရယူဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

'ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်မိုးအကုန်မှာ ရိုက်ဖို့ မဖြစ်ဖြစ်အောင် ကြိုးစားမယ်' လူမင်း

'ဗိုလ်ချုပ်အောင်ဆန်း'' ရုပ်ရှင်ဇာတ်ကားအား ယခုနှစ်မိုးအကုန်ကာလတွင် စတင်ရိုက်ကူးနိုင်ရန်အတွက် မဖြစ်ဖြစ်အောင်ကြိုးစားနေကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား တာဝန်ယူပုံဖော်ရိုက်ကူးသွားမည့် ဒါရိုက်တာလူမင်းက ပြောပါတယ်။ ''ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြင်ဆင်ရတာတွေက အရမ်းကိုများပါတယ်။ တာဝန်လည်းကြီးတယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းတွေက ရာနှုန်းပြည့်တော့ မပြီးသေးပါဘူး။ ဒီနှစ်မိုးတွင်းအကုန်လောက်တော့ မဖြစ်ဖြစ်အောင် စရိုက်နိုင်ဖို့တော့ အသည်းအသန်ကြိုးစားနေပါတယ်'' လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း စိုးရိမ်စရာ မရှိကြောင်း တရုတ်ကုမ္ပဏီမှ ပညာရှင်များ ပြည်နယ်လွှတ်တော်တွင် လာရောက်ပြောဆို

မြစ်ဆုံစီမံကိန်း ရပ်တန့်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ကချင်ပြည်နယ် လွှတ်တော်ထဲအထိ တရုတ်ကုမ္ပဏီမှ ပညာရှင်လေးဦးမှ မြစ်ဆုံစီမံ ကိန်းသည် ငလျင်ဒဏ် စိုးရိမ်စရာမရှိကြောင်း လာရောက် ပြောဆို ခွင့်ရခဲ့ခြင်းကြောင့် စီမံကိန်း ပြန်စရန် စိုးရိမ်မှုများဖြစ်ပေါ်နေ ကြောင်း ၊ မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ ထုတ်ပြန်ချက်အရသိရသည်။ ဇွန် ၇ရက်က ကချင်ပြည်နယ် လွှတ်တော် သို့ တရုတ်ကုမ္ပဏီမှပညာရှင်လေးဦးမှ Dam & Safety ခေါင်း စဉ်ဖြင့် ငလျင်ဒဏ်စိုးရိမ်စရာမရှိ ကြောင်း ဟောပြောခွင့်ရခဲ့သည့်အ ပေါ် ယင်းကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်းသိရသည်။

ကမ္ဘာကျော် မက္ကဆီကို ရှာဖွေကယ်ဆယ်ရေးခွေးလေး ဖရီဒါ တာဝန်မှ အနားယူ

၂၀၁၇ က မက္က ဆီကိုနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်တစ်ခုအပြီး နိုင်ငံတကာ တွင် အောင်မြင်ကျော်ကြားခဲ့ သည့် ရှာဖွေကယ်ဆယ်ရေးခွေး လေး ဖရီဒါသည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အ နားယူတော့မည်ဖြစ်သည်။ လာဘရာဒေါအမျိုးအစား ယင်းရွှေရောင်ခွေးလေး ဖရီဒါ အား ဂုဏ်ပြုသောအခမ်းအနား တစ်ခုကို ဇွန်လ ၂၄ ရက်တွင်မက္ကဆီကို ရေတပ်ပိုင်ခွေးများ ဌာနက ကြီးမှူးကျင်းပပေးခဲ့ သည်။ေ ခွးမလေး ဖရီဒါသည် မက္က ဆီကို၊ ဂွာတီမာလာ၊ ဟေတီနှင့် အီကွေဒေါနိုင်ငံတစ်ဝန်း ရှာဖွေ ကယ်ဆယ်ရေးစစ်ဆင်ရေး ၅၃ ခု တာဝန်ထမ်းဆောင်ခဲ့သည်။

အမေရိကန်နှင့် ဆွီဒင်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်

အသင်းခေါင်းဆောင် ရာပီ နို၏ ပင်နယ်တီနှစ်လုံးနှင့်အတူ စပိန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး နောက် လက်ရှိ ချန်ပီယံ အမေရိ ကန်သည် ကွာတားဖိုင်နယ်တွင် အိမ်ရှင်ပြင်သစ်အသင်းနှင့် ရင် ဆိုင်မည်ဖြစ်သည်။ ဗိုလ်စွဲရန် ရေပန်းစားအသင်းများတွင် ပါဝင်သော ကမ္ဘာ့အဆင့် (၁) အမေရိကန်သည် စပိန်အ သင်း၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ချက် ဖြင့်ရရှိသော ပင်နယ်တီကြောင့် အနိုင်ရခဲ့သည်။

ကိုပါအမေရိက ကွာတားဖိုင်နယ်တွင် ချီလီနှင့် ကိုလံဘီယာ၊ ဘရာဇီးနှင့် ပါရာဂွေး၊ ဥရုဂွေးနှင့် ပီရူးတွေ့ဆုံ

ဇွန်လ ၂၄ ရက်က ကိုပါအမေရိကဖလား အုပ်စုပွဲစဉ် အားလုံးပြီးစီးခဲ့ရာ ကွာတားဖိုင် နယ်တွင် လက်ရှိချန်ပီယံ ချီလီနှင့် ကိုလံဘီယာ၊ အိမ်ရှင် ဘရာဇီးနှင့် ပါရာဂွေး၊ ဥရုဂွေးနှင့် ပီရူးတို့ တွေ့ဆုံပြီး အာဂျင်တီးနားက ဗင်နီဇွဲလားနှင့် ကစားမည်ဖြစ် သည်။ အာဂျင်တီးနားနှင့် ဗင်နီဇွဲ လား သေချာပြီဖြစ်သော်လည်း ကျန်တွဲဆိုင်းများသည် အုပ်စု (D) နောက်ဆုံးပွဲစဉ် ရလဒ်များပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘောဒီးယား တရားရုံးတစ်ခုက တရုတ် နိုင်ငံသားများကို တရားစွဲဆို

 ဆောက်လုပ်ဆဲ အ ဆောက်အအုံပြိုကျပြီး လူ ၂၈ ဦး သေဆုံးပြီးနောက် ကမ္ဘောဒီးယား တရားရုံးတစ်ခုက တရုတ်နိုင်ငံ သားငါးဦးအပါအဝင် လူခုနစ်ဦး ကို ဇွန်လ ၂၅ ရက်တွင် တရားစွဲ ခဲ့သည်။ ဇွန်လ ၂၂ ရက်က ဆီဟာ နော့ခ်ဗီလီကမ်းခြေမြို့ရှိ တရုတ် ပိုင် အဆောက်အအုံတစ်လုံး ပြို ကျမှုတွင် လူ ၂၆ ဦးခန့် ဒဏ်ရာ ရရှိပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သဘာဝဘေး စီမံခန့် ခွဲရေး ထိပ်တန်းအရာရှိတစ်ဦးကို ထုတ်ပယ်ခဲ့သည်။

သစ်တောကြိုးဝိုင်းအတွင်း တရားမ၀င် စိုက်ပျိုးထားသော တစ်သျှူးငှက်ပျောခင်း ဧက ၅၀၀ ကျော်ကို ဖျက်ဆီး

ဝိုင်းမော်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းအတွင်း ကုမ္ပဏီတစ်ခုက တရားမ၀င် စိုက်ပျိုးထားသော တစ်သျှူးငှက်ပျောခင်း ဧက၅၀၀ ကျော်ကို သစ်တောဦးစီး ဌာနက ဘက်ဟိုးဖြင့်ဝင်ရောက် ရှင်းလင်းခဲ့သည်။ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ နန့်ဝါကြိုးဝိုင်းအတွင်း တရားမ၀င်စိုက်ပျိုးထားသော တစ်သျှူးငှက်ပျော ခင်း ဧက ၅၅၀ ခန့်ကို ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့သည်။ ‘‘တရားရုံးကနေ အမိန့်ချ ပြီးသွားတဲ့ စိုက်ခင်းတွေကို ၀င်ရှင်းတာ’’ဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာနဦးစီးမှူး ဦးခင်မောင်ဦးက ပြောသည်။ ယင်းကဲ့သို့ ဖယ်ရှားခြင်း သည် ကချင်ပြည်နယ်တွင် ပထမဆုံးဖြစ်သည်ဟု ဦးခင်မောင်ဦးက ပြောသည်။

ဆဒုံးမြို့နယ်တွင် တောင်ကျရေတိုက်စား၍ လမ်းပိုင်းအချို့ ပျက်စီး၊ ရပ်ကွက်အချို့ ရေနစ်မြုပ်

ကချင်ပြည်နယ် မြို့နယ်အချို့တွင်နေရာကွက် မိုးကြီးနေရာ  ဆဒုံးမြို့နယ်၌ တောင်ကျချောင်းရေ  တိုက်စား၍ လမ်းပိုင်းအချို့ ပျက်စီးပြီး မြေနိမ့်ပိုင်း  ရပ်ကွက်အချို့ ရေ၀င်နစ်မြုပ်ခဲ့သည်။ ဇူလိုင် ၂၅ ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆဒုံးချောင်း ရေတိုက်စားကာ ကမ်းပါးပြိုခြင်း၊ တံတားချဉ်းကပ်လမ်း ပျက်စီးခြင်း၊ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေ၀င်နစ်မြုပ်ခြင်း တို့ ကြုံတွေ့ခဲ့သည်ဟု ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်၏ ဝေဒနာ ခွဲစိတ်ကုသရန်လိုဟု ဆရာဝန်ကြီးထွက်ဆို

ဒေါက်တာလဲ့လဲ့မော်၏ ဘယ်ဘက်ရင်သားနှင့် ချိုင်းအောင့်ရှိအကျိတ်များ ထွက်နေ ခြင်းကို သေချာစွာ ခွဲစိတ်စစ်ဆေးရန် လိုအပ်သည်ဟု ခွဲစိတ်အထူးကုဆရာဝန်ကြီးက ယမန်နေ့တွင်တရားခွင်၌ မှတ်ချက်ပြုထွက်ဆို ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေ ဦးနိုင်လင်းထွန်းက ပြောသည်။ အဂတိအမှုဖြင့် တရားစွဲခံရသော ဒေါက်တာလဲ့လဲ့မော်သည် ကင်ဆာရောဂါခံစားနေရ ခြင်း၊ လက်ရှိတွင် ထောင်တွင်း ချော်လဲသဖြင့် ခြေထောက်နာ ကျင်နေခြင်းတို့ကြောင့် ကျန်းမာရေးအာမခံပေးရန် ဇွန်လ ၁၇ ရက်ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် ၏ အကျိုးဆောင်ရှေ့နေများက ဒုတိယအကြိမ် လျှောက်ထားခဲ့ သည်။

နယ်စပ်တွင် တရုတ်ရဲက ထားခဲ့သော မြန်မာအမျိုးသမီးကို လွယ်ဂျယ်ဒေသခံများ ကယ်တင်

တရုတ်နိုင်ငံတွင် ဖမ်း ဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ တရားမ၀င်ပြန်လည် ပို့ဆောင်ခြင်းခံရသည့် ကျန်းမာရေးမကောင်းသော အမျိုးသမီးတစ်ဦးကို လွယ်ဂျယ်ဒေသခံများက ကယ်တင်ခဲ့သည်။ တရုတ်နိုင်ငံနယ်စပ်နှင့် ထိ စပ်နေသော ကချင်ပြည်နယ် လွယ်ဂျယ်မြို့ တစ်နေရာတွင် ကျန်းမာရေးမကောင်းသော အ သက်(၂၀)ကျော်အရွယ်အမျိုးသ မီးတစ်ဦးကို ဒေသခံများကတွေ့ ရှိပြီး ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အ ကြောင်းကြားခဲ့သည်။

လေးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာသို့ချေးရန် အာရှဖွံ့ဖြိုးရေးဘဏ်လျာထား

၂၀၂၁ ကစတင်ပြီး လေးနှစ်အတွင်း အတိုးနှုန်းသက်သာသော ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ မြန်မာနိုင်ငံသို့ ပေးရန်လျာထားသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဇွန်လ ၂၃ ရက်၌တွေ့ဆုံဆွေးနွေးစဉ် အသိပေး သည်။ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ(အိုဒီအေ)ကဲ့သို့ အတိုးနှုန်းသက်သာ သော ချေးငွေအမျိုးအစားကို တစ်နှစ်လျှင်ဒေါ်လာ သန်း ၄၀၀ ခန့် မြန်မာနိုင်ငံအတွက် လျာထားသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက အသိပေးခဲ့သည်။

မွေးစားကလေးသူငယ်နိုင်ငံသားဖြစ်ခွင့် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ သတ်မှတ်မည်ဖြစ်၍ စိုးရိမ်ရန်မလိုဟု ဝန်ကြီးပြော

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည့် ကလေးသူငယ်အခွင့်အရေးဥပဒေ တွင် ကလေးမွေးစားခွင့်ဆိုင်ရာ ပြင်ဆင်ချက်အပေါ် စိုးရိမ်ပူပန် ခြင်းမပြုရန်နှင့် မွေးစားကလေး များ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများအား ပြောကြားသည်။ ‘‘ဥပဒေနဲ့အညီဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နိုင်ငံသားဖြစ်မှု၊ မဖြစ် မှုဆိုရင် နိုင်ငံသားဥပဒေနဲ့ပဲ ချိန် ထိုးပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဦးဝီရသူအတွက် ဆုတောင်းပွဲများတွင် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ပါဝင်ဦးဆောင်

ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ် စောင်းတန်းအနီး တန်ဆောင်းများ၌ လူလေးယောက်၊ ငါးယောက် တစ်စုစီ ထိုင်နေကြသူများသည်     ‘‘ထွက်ကြတော့လေ...လွတ်တဲ့နေရာမှာ ဝင်ထိုင်ကြ’’ ဟုဆော်ဩသူတစ်ဦး၏ အသံနောက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြ သည်။ ဇွန်လ ၁၂ ရက်၏ တဖြောက်ဖြောက်ကျနေသည့် မိုးစက်မိုးပေါက်များအောက်မှာပင် ထိုလူစုများ ထွက်လာကြကာ အောင်မြေ၌ စုရုံးလိုက်ကြသည်။ ထိုသူတို့ ထွက်လာကြသည့် တန်ဆောင်းချင်း မတူသော်လည်း တူညီသည့်အချက်က ထိုလူအစု တစ်စုစီတွင် ဦးဆောင်ညွှန်ကြားသူတစ်ဦးစီရှိခြင်းဖြစ်သည်။

လုပ်ငန်းခွင် အမှား

လူဆိုတာအမှားနဲ့မကင်းပါဘူး။ တစ်ချို့အမှားက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို လုပ်ငန်းခွင်က ကိုယ့်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကိုပါ ထိခိုက်စေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုအမှားမျိုးလုပ်မိပြီဆိုရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်ရအောင်။

အမှားကိုဝန်ခံပါ။
ကိုယ်လုပ်ခဲ့တဲ့အမှားက ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ထိခိုက်သွားပြီဆိုရင် ကိုယ့်အမှားကို ရဲရဲဝံ့ဝံ့ဝန်ခံတတ်ဖို့ ကြိုးစားပါ။

၂၀၂၀ တိုင်းရင်းသားပါတီများကို ဆဝါးကြည့်ခြင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ် ထွက်လာတော့ တိုင်းရင်းသား ပါတီများအားလုံး၏ မျက်လုံးထဲ တွင် ရခိုင်အမျိုးသားပါတီသည် အားကျအတုယူဖွယ်ရာဖြစ်လာရ သည်။ ဘာကြောင့် အားကျကြ၊ အတုယူကြတာလဲဆိုတော့ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုး သားပါတီသည် တိုင်းရင်းသား ပါတီများအားလုံးထဲတွင် ထူးထူး  ချွန်ချွန် အနိုင်ရရှိခဲ့သောကြောင့် ဖြစ်သည်။

ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်းသော လောဝေါ်အမျိုးသားပါတီ အမတ်လောင်းရွေးချယ်တော့မည်

၂၀၂၀ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရေးဇူလိုင် အတွင်း အစည်းအဝေးလုပ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း လောဝေါ်အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးဒေးဗစ်က ပြော သည်။ အဆိုပါပါတီသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသည့် နေရာများကို ရွေး ချယ်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။

အတိုင်ပင်ခံညွှန်ကြားချက်ဖြင့် ဖွဲ့စည်းသည့်ဖားကန့်ထူထောင်ရေးဗဟိုကော်မတီ ကွင်းဆင်းစစ်ဆေး

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေသော ဖားကန့်ဒေသပြန်လည်ထူထောင်ရေး အကောင်အထည် ဖော်ရန် ပြည်ထောင်စုဝန်ကြီးနှစ် ဦး ပါဝင်သည့်အစိုးရအဖွဲ့သည် ယမန်နေ့(ဇွန်လ ၂၄ ရက်)က ဖား ကန့်သို့ လာရောက်ခဲ့ပြီး ကုမ္ပဏီ လုပ်ကွက်များနှင့် ဒေသသဘာဝ ပတ်ဝန်းကျင်အခြေအနေကို စစ် ဆေးခဲ့သည်။ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအုန်းဝင်းတို့ ဦးဆောင် သောအစိုးရအဖွဲ့က ဖားကန့်ဒေသသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက် စီးမှုဖြစ်နေသော ဖားကန့်ဒေသသို့လာရောက်သည့်ဝန်ကြီးနှစ်ဦး၏ ခရီးစဉ်အခြေအနေကို မေးမြန်းရာ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလာဆိုင်းက ရှင်းရှင်းလင်းလင်းမပြောပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အထူးကိုယ်စားလှယ်ဆွန်ကော်ရှန်း ငြိမ်းချမ်းရေးနှင့်ရခိုင်အရေး ဆွေးနွေး

 နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် တရုတ်အထူးကိုယ် စာလှယ်မစ္စတာဆွန်ကော်ရှန်းကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝနကြီးဌာန၌ လက် ခံတွေ့ဆုံခဲ့သည်။ အထက်ပါတရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာအ ထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ရ ခိုင်ပြည်နယ်အရေးတို့ကို ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သန်စွမ်းသော ကမ္ဘာကြီးဖြစ်ဖို့ရာ

နေ့စဉ်ယူသော သတင်းစာရောက်ပြီ။ လုပ်လက်စအလုပ်များကို ပစ်ချထားလိုက်၍ သတင်းစာကို အ ပြေးအလွှားလှန်ရသည်။ ရှေ့ဆုံး နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များသတင်း၊ ကမ္ဘာနှင့် ကုန်သွယ်ရေးသတင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသတင်း၊ ထို့နောက် အယ်ဒီတာ့အာဘော်ဆောင်းပါး စသည်ဖြင့် အစဉ်လိုက်လှန်သွားရသည်။ ယနေ့ အယ်ဒီတာ့အာဘော် ဆောင်းပါးက ထူးထူးခြားခြား ခေါင်းစဉ်နှင့် ကမ္ဘာ့အိမ်သာများ နေ့ဆိုပဲ။ နိုဝင်ဘာလ ၁၉ ရက် သည် World Toilet Day။ ကျွန်မ ပဲညံ့၍လားမသိ၊ ယခုမှ ကြားဖူး သည်။ စိတ်ဝင်တစား ဆက်ဖတ် သော ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ် ပုံကျော်သည် သန့်ရှင်းသော ယင် လုံအိမ်သာ မသုံးစွဲနိုင်သေးဟု ဆို ထားသည်။ ဖျားသွားလောက် သော အရေအတွက်ပင်။

စည်ပင်ရွေးကောက်ပွဲ မဲရုံတာဝန်ကျ ဆရာမထံမှ ရွှေဆွဲကြိုးလုယက်သူ နှစ်ဦးကိုဖမ်းမိ

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ကျင်းပစဉ် မဲရုံတာဝန်ကျ ကျောင်းဆရာမ တစ်ဦးထံမှ ရွှေဆွဲကြိုး လုယက်ထွက်ပြေး သူနှစ်ဦးကို နှစ်လကျော်အကြာ၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး မိခဲ့သည်။ ရန်ကုန် စည်ပင်ရွေးကောက်ပွဲကျင်းပသည့် မတ်လ၃၁ ရက် နံနက်က အဆိုပါကျောင်းဆရာမသည် မဲရုံစောင့်ရန် တာဝန်ကျနေရာသို့သွားစဉ် လမ်း၌ လုယက်ခံရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် နယ်မြေနှစ်ခုစလုံး၌ ဘာသာရပ်လေးခုစီ တိုးမြှင့်ဖွင့်လှစ်မည် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၂၀ နှင့်အထက် ရသူများ လျှောက်ထားနိုင်

ယခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီး နယ်မြေနှင့် လှိုင်နယ်မြေတို့၌ ဘာသာရပ် လေးခုစီ အသစ်တိုးဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေး ပွဲရမှတ် ၄၂၀ နှင့်အထက် ရသူများ လျှောက်ထားနိုင်သည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန ဌာနမှူး ဦးသန်း စိုးဦးက ပြောသည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် နယ်မြေနှစ်ခုစလုံးတွင် ဘောဂဗေဒ ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ၊ ဖွံ့ဖြိုးရေးပညာ ၊ စာရင်းအင်း၊ လူဦးရေပညာ၊ ၀ါဏိဇ္ဇဗေဒ၊စာရင်းကိုင်ပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင် တန်းရှစ်ခုဖွင့်လှစ်မည်ဖြစ်သည်။

မြို့နယ်ကိုးခု၌ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်ဖြစ်နိုင်ဟု ကုလအထူးကိုယ်စားလှယ် ရန်ဟီးလီသုံးသပ်

ရခိုင်နှင့် ချင်းပြည်နယ် တို့ရှိ မြို့နယ်ကိုးခုကို မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်း သည် သတင်းအမှောင်ချခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖုံးကွယ်ရန်ဖြစ်နိုင်ကြောင်း ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီက ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။ မိုဘိုင်းအင်တာနက် ဖြတ်တောက်ရန် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်ကို ချက်ချင်းပြန်လည် ရုပ်သိမ်းရန်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီက ၎င်း၏ထုတ်ပြန်ချက်မှတစ်ဆင့် တောင်းဆိုသည်။

ဇာတ်ကားရိုက်ကူးရေးနားထားတဲ့ မင်းမော်ကွန်း

ဇာတ်ကားရိုက်ကူးရေး နားထားသောကြောင့် ကျန်းမာ ရေးဦးစားပေးကာ Gym ကစား နေကြောင်း သရုပ်ဆောင်မင်းမော် ကွန်းက ပြောသည်။ ‘‘ကျွန်တော်အခုလောလော ဆယ်နားပြီး Gym ကောင်း ကောင်းကစားဖြစ်တယ်။ စာအုပ် တွေ ကောင်းကောင်းဖတ်ဖြစ် တယ်။ ရုပ်ရှင်တွေ ကြည့်ဖြစ် တယ်။ ကျွန်တော့်ကျန်းမာရေး အတွက် Gym  ပြန်ကစားတာပါ။ အဓိကက ဗိုက်ချနေတာပါ။ ကာ ရိုက်တာအရတော့မဟုတ်ဘူး။ ကားရိုက်နားတုန်းလေး လုပ်စရာ ရှိတာအကုန်လုပ်တဲ့သဘောပါ။ မိသားစုနဲ့အတူတူနေတယ်။ တ ခြားကားရိုက်တွေနဲ့ အလုပ်ရှုပ်နေ တဲ့အချိန် မလုပ်ဖြစ်တာတွေ အ ကုန်လုပ်ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ဦးဝီရသူအမှု တရားလိုပြသက်သေသုံးဦးကို စတင်စစ်ဆေး

မျက်ကွယ်တွင် စစ်ဆေးနေသော ဦးဝီရသူ၏ အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ သုံးဦးကို ယမန်နေ့က စတင်စစ်ဆေးခဲ့သည်။ ဦးဝီရသူအမှုတွင် တရားလိုပြသက်သေ ကိုးဦးတင်သွင်းထားပြီး သုံးဦးကို စတင်စစ်ဆေးခြင်း ဖြစ်သည်။  တရားလိုပြသက်သေအဖြစ် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် သီဟလှိုင်၊ မြို့တော်ခန်းမရှိ စည်ပင်ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်အောင်နှင့် ကျောက်တံတားမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးတန်းစာရေး ဦးဝေမင်းဖြိုးတို့ကို စစ်ဆေးခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးပြောရေးဆိုခွင့်ရှိသူ ဒုခရိုင်တရားသူ ကြီး (၃) ဦးမင်းသန့်ကပြောသည်။

လာမည့် ရုံးချိန်းကို ဇူလိုင် ၂ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့တွင် နောက်ထပ် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးရန် ဆင့်ခေါ်ထားသည်။
 ထို့ကြောင့်​ ရုံးချိန်းတစ်ချိန်း တွင် တရားလိုပြသက်သေ သုံးဦးထိ ဆင့်ခေါ်စစ်ဆေးပါက စုစုပေါင်း ရုံးချိန်း နှစ်ချိန်းသာ စစ်ဆေးရမည် ဖြစ်သည်။

ဇွန်လ ၁၈ ရက်တွင် တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင် ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကို စစ်ဆေးခဲ့သည်။ အဆိုပါရုံးချိန်းတွင် ဦးဝီရသူကို တရားစွဲဆိုရန် နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ တိုင်တန်းတရား စွဲဆိုခြင်းဖြစ်ကြောင်း ဦးစန်းမင်း က တရားခွင်၌ ထွက်ဆိုထားသည်။

ဦးဝီရသူသည် နိုင်ငံတော်အကြီး အကဲများအပေါ် မဖွယ်မရာစကားလုံးများ သုံးနှုန်းပြောဆိုခြင်း နှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် ဦးစန်းမင်းက တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ၁၂၄-က ဖြင့် တရားစွဲဆိုရန် မေလ ၂၈ ရက်တွင် တိုင်တန်းထား

အမတ်လောင်းများ၏ မဲဆွယ်စရိတ် တိုးမြှင့်ခွင့်ပေးရန် ကော်မရှင်စိစစ်နေ

 ရွေးကောက်ပွဲများ၌ ကိုယ်စားလှယ်လောင်း တစ်ဦးအ တွက် မဲဆွယ်အသုံးစရိတ် ကျပ် သိန်း ၁၀၀ ကို တိုးမြှင့်သုံးစွဲခွင့် ပေးရန် စိစစ်နေကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောသည်။ ရန်ကုန်မြို့၌ ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး ပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် တွေ့ဆုံပွဲအပြီးတွင် ၎င်းက သတင်းထောက်များအား အ ထက်ပါအတိုင်း ပြောသည်။

ဒီနှစ်ဘတ်ဂျက်ရှစ်လတာအတွင်း အခွန်ကျပ်ဘီလီယံလေးထောင်ကျော်ရထားပြီ

ဒီနှစ်ဘတ်ဂျက်ရဲ့ ရှစ်လတာ အတွင်း ကျပ်ဘီလီယံလေးထောင်ကျော် ကောက်ခံရရှိပြီးပြီဖြစ်ကာ ဒါဟာ  လျာထားချက်ရဲ့ ၆၅ ကျော် အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘတ်ဂျက်တစ်နှစ်လုံးအတွက် ကောက်ခံဖို့ စုစုပေါင်းလျာထားတဲ့ ပမဏဟာ ကျပ်ဘီလီယံ  ၇၅၀၀ ကျော် ဖြစ်ပါတယ်။ မေလကုန်ပိုင်းအထိ ကောက်ခံရရှိထားတဲ့ အခွန်ဟာ  ပုဂ္ဂလိက ကဏ္ဍ ကအများဆုံးဖြစ်ကာ ကျပ်ဘီလီယံ ၃၃၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ ကျန်တာကတော့ သမဝါယမ ကဏ္ဍ က ကျပ်တစ်ဘီလီယံကျော်နဲ့ နိုင်ငံပိုင် ကဏ္ဍက ကျပ်ဘီလီယံ ၇၅၀ ကျော် ဖြစ်ပါတယ်။  ၀င်ငွေခွန်မှ ကျပ် ၁၆၀၀ ဘီလီယံကျော်၊ ကုန်သွယ်လုပ်ငန်းခွန်က  ကျပ် ဘီလီယံ ၁၃၀၀ ကျော်၊ အထူးကုန်စည်ခွန်မှ ကျပ် ဘီလီယံ ၉၀၀ ကျော်၊ တံဆိပ်ခေါင်းခွန်မှ ကျပ်ဘီလီယံ ၃၀ ကျော်နဲ့ အောင်ဘာလေသိန်းစဆုမှ ကျပ် ဘီလီယံ ၉၀ ကျော်ကောက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်မှာတော့ တစ်နှစ်ပတ်လုံး ကျပ်ဘီလီယံ ခြောက်ထောင်ကျော် အခွန်ကောက်ခံရရှိခဲ့ပါတယ်။

ကုလလူ့အခွင့်ရေးကောင်စီမှာ ရခိုင်အရေး မြန်မာတင်ပြ

 ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီး ထောက်ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

စစ်ရှောင်အခက်အခဲ NLD အလေးထား ဖြေရှင်းသင့်

ကချင်တကျော့ပြန်စစ် (၈)နှစ်ပြည့်ချိန် တိုက်ပွဲတွေရပ်ဖို့ နဲ့ စစ်ရှောင်ဒုက္ခသည်တွေအရေး သရုပ်ဖော်တင်ဆက်ခဲ့တဲ့ ဦးဆောင်ကချင် လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲ ဆိုလိုက်တာဟာ အရပ်သားအစိုးရလက်ထက် နိုင်ငံသားတို့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေ ဖောက်ဖျက်ရာကျတယ်လို့ တရားစွဲခံ ကချင်အမျိုးသမီးက ပြောဆိုလိုက်ပါတယ်။ စစ်ဒဏ်ခံနေရတဲ့ စစ်ဘေးရှောင်တွေက သူတို့အခက်အခဲ ဒုက္ခကို ဖော်ထုတ်ပြသတာကို NLD အစိုးရဘက်က အလေးထားဖြေရှင်းပေးဖို့နဲ့ ဒီလိုဖော်ထုတ်တာကို အာဏာပိုင်တွေဘက်က ပုဒ်မမျိုးစုံနဲ့ အရေးယူ တရားစွဲဆိုနေတာကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာတော့ သူတို့နှစ်ဦးကို ထပ်မံ ရုံးထုတ် စစ်ဆေး တော့မှာဖြစ်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင် အင်တာနက်ဖြတ်တောက်မှု မလုပ်သင့်တဲဖြစ်ရပ်အဖြစ် ဝေဖန်

ရခိုင်ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ အင်တာနက်လိုင်းတွေကို ဒေသတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းရေးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရအနေနဲ့ ဖြတ်တောက်လိုက်တာဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးမားလွန်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်စွာစီးဆင်းခွင့်နဲ့ နိုင်ငံသားတွေရဲ့အခြေခံ အခွင့်အရေးကို ထိခိုက်စေတဲ့အတွက် ပြည်သူ့အစိုးရ လက်ထက်မှာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှု RSF သတိပေး

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ သတင်းလွတ်ခွင့်တို့အတွက် စိုးရိမ်စရာ ဖြစ်စေကြောင်း RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Yanghee Lee အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေး အသိုင်းဝိုင်းကပါ ဝေဖန်မှုတွေ ထွက်ပေါ်လာ အပြီးမှာ RSF ကလည်း အခုလို ထောက်ပြ ဝေဖန်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဖမ်းဆီးခံအရပ်သား သေဆုံးမှု တိုး

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင် လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆယ်နွယ်သူတွေအဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မြောက်ဦးမြို့နယ်က ရွာသားတဦးဟာ ဆိုရင်လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့အတွက် ဒီကနေ့ပဲ သင်္ဂြိုဟ်ခဲ့ရသလို တခြား ဖမ်းဆီးခံရသူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေလည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ Apple စိုးရိမ်

တရုတ် သွင်းကုန်တွေ အပေါ် အမေရိကန်ဘက်က အခွန်တိုးကောက်တာကို ရှောင်ရှားနိုင်ဖို့ Apple ကုမ္ပဏီ အတွက် ပစ္စည်း ထုတ်ပေးနေကြတဲ့ တရုတ်ပြည်တွင်းက စက်ရုံတွေ ပြည်ပကို ရွှေ့ပြောင်းဖို့ အမေရိကန် နည်းပညာ လုပ်ငန်းကြီး Apple က တိုက်တွန်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တရုတ်ပြည်ထုတ် ကုန်ပစ္စည်းတွေ အပေါ် အမေရိကန်တို့ အခွန်တိုးကောက်မှုကို ရှောင်ရှားဖို့ ကုန်ထုတ်လုပ်ငန်းတွေ ပြည်ပ ရွှေ့ပြောင်းမှုနဲ့ အတူ တရုတ်နိုင်ငံမှာတော့ အလုပ်လက်မဲ့နှုန်း ကြီးထွားလာမှုနဲ့ ရင်ဆိုင်နေရပြီလို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ Joyce Huang ရဲ့ သတင်းကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။