Wednesday, December 11, 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးဒီဇင်ဘာ- ၁၁ ၊၂၀၁၉

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်အတွက် ငွေလဲနှုန်းတွေ၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကို 7Day TV က နေ့စဉ် နံနက် ၁၁ နာရီမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၀၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၀၉ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၄၀ ကျပ် (ဘဏ်ကအဝယ်)၊၁၆၅၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။စင်ကာပူတစ်ဒေါ်လာကို ၁၀၉၈ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၀၂ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၅၇ ကျပ် (ဘဏ်ကအဝယ်) ၊၃၆၁ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၉ ကျပ် (ဘဏ်ကအဝယ်)၊၅၀ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၈၁၅၀ဝ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၅၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၆၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၅ ကျပ်ဈေးဖြစ်ပါ တယ်