Sunday, May 5, 2019

လမ်းဘေးရပ်ယာဉ်ကို ကားတစီးက နောက်မှဝင်တိုက်၊ ယာဉ်မောင်း သေဆုံး

59163420_402306410354573_4680524079210430464_nပဲခူးမြို့ နယ် ဘူးလယ်အင်းကျေးရွာအနီး ရန်ကုန် – မန္တလေး ကားလမ်းဘေး မိုင်တိုင်အမှတ် ၄၀/၁ မှာ မနေ့ မနက် ၄ နာရီခွဲလောက်က လမ်းဘေးရပ်ထားတဲ့ကားတစီးကို နောက်မှ ကားတစီးက ၀င်တိုက်မိတဲ့အတွက် ကားသမား နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ မေလ ၄ ရက်နေ့ မနက်စောစောက ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း အောင်စိုးဝင်း မောင်းနှင်လာတဲ့ YGN 1Q/3176 Hino Profia အစိမ်းရောင်ကားဟာ ဂီယာညပ်ပြီး ဂီယာထိုးမရတဲ့အတွက် လမ်းဘေးမှာချပြီး ဂီယာထိုးနေစဉ် လားရာတူ နောက်ကနေ ယာဉ်မောင်း ရိုင်းမောင်မောင် ၀မ်းဘဲအင်း နေသူမောင်းလာတဲ့ OROPOX YGN BB/1251 ကနေ နောက်က ၀င်တိုက်မိတာပါ။

အပူ​ရှောင်သည့်အနေဖြင့် နမ့်ဗေး​ရေတံခွန်​တွင် လာ​ရောက်​အပန်း​ဖြေသူ များပြား

နွေရာသီ အလွန်​ပူပြင်းတဲ့အချိန်​မှာ အပူ​ရှောင်​တဲ့အ​နေနဲ့ ​တောင်​ကြီးမြို့နယ်​ နမ့်​​ဗေးရွာ အနီး နမ့်​​ဗေး​ရေတံခွန်​မှာ လာ​ရောက်​အပန်း​ဖြေ ​ရေကစားသူ ပိုမိုများပြား​နေပါတယ်​။ ​တောင်​ကြီးမြို့​တောင်​ဘက်​ မိုင်​တိုင်​ ၃၀ ​ကျော်​ရှိ နမ့်ဗေး​ရေတံခွန်​ဟာ အလွန်​သာယာ​ အေးမြတဲ့​ရေ​တွေ​ကြောင့်​ လာ​ရောက်​အပန်း​ဖြေသူ များ​နေတာပါ။ ​​ရေတံခွန်မှာ လာ​ရောက်​အပန်း​ဖြေသူအတွက်​​ ရေကစားရာမှာ ​နမ့်ဗေး​ရွာသား​​တွေက ၅ ​ယောက်​ အဖွဲ့ဖွဲ့ပြီး ရှစ်ဖွဲ့ကို အလှည့်ကျ​​ကယ်​ဆယ်​​ရေး​နဲ့ လုံခြုံ​ရေး​တွေ ထား​ပေးပါတယ်​။

စပါးအုံမြွေကြီး မြိုထားသည့် ဆိတ်ပေါက်လေးကို ကယ်ဆယ်ရန်ကြိုးပမ်း

ထိုင်းနိုင်ငံ တောင်ပိုင်းက ကယ်ဆယ်ရေးဝန်ထမ်းတွေက သုံးမီတာရှည်တဲ့ မြွေကြီးတကောင် မြိုထားတဲ့ ဆိတ်ပေါက်လေးတကောင်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘူးလို့ coconuts.co သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်နိုင်ငံဆတ်တန်ခရိုင် တန်ယောင်ပိုးဒေသမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တာပါ။ နိုင်ငံတောင်ပိုင်းမှာ ပုံမှန်မြင်တွေ့နေကြ စပါးအုံးမြွေကြီးတကောင်က ရာဘာစိုက်ခင်း အလုပ်သမားတွေ မွေးမြူထားတဲ့ ဆိတ်ပေါက်လေးတကောင်ကို မြိုဖို့ကြိုးစားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားတွေက ဒီဆိတ်လေးကိုကယ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကရိန်းယာဉ် ၂ စီး၊ လိုက်ထရပ်ယာဉ် ၁ စီးတို့ဖြင့် ဂက်စ်ပိုက်လိုင်း ခိုးယူသူ ၆ ဦး ဖမ်းမိ

Image may contain: sky and outdoorဝေါမြို့နယ်မှာ ကရိန်းယာဉ် ၂ စီး၊ လိုက်ထရပ် ၁ စီးတို့နဲ့အတူ ဂက်စ်ပိုက်လိုင်းတွေ ခိုးယူသူ ၆ ဦးကို ဝေါရဲစခန်းက ဖမ်းဆီးမိခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရှမ်းစုကျေးရွာရဲ့ အနောက်ဘက် ကွင်းထဲမှာ ရန်ကုန်သန်လျင်ကနေ အရင်စစ်တောင်းစက္ကူစက်ကို ပေးပို့သွယ်တန်းထားတဲ့ ဂက်စ် ပိုက်လိုင်းတွေ ဖြတ်တောက်ခိုးယူနေတာကို မေ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ တရားခံတွေ ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးနေတယ်လို့ ဝေါမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲလွန်က ဒီဗွီဘီကို ပြောပါတယ်။

မြိတ်တွင် ဆိုင်ကယ်တက္ကစီမောင်းသူအား လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ၂ ဦး ဖမ်းမိ

Image may contain: one or more people, people sitting, table and indoorတနင်္သာရီတိုင်း မြိတ်မြို့မှာ ဆိုင်ကယ်တက္ကစီမောင်းသူအား လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက မနေ့ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်မှာ မေလ ၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်တက္ကစီမောင်းသူ ဦးဝင်းနိုင်ဆိုသူကို ဆိုင်ကယ်ငှားစီးလာသူ ၂ ဦးက အနောက်ကနေ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ကာ ထွက်ပြေးတိမ်းရှောင်သွားတာပါ။

မ​ကွေးမြို့ တိုးဂိတ်​အနီးတွင် ကွန်​တိန်​နာတွဲကားတ​စီး မီး​လောင်

မ​ကွေးမြို့ ​တောင်​တွင်းလမ်း တိုးဂိတ်​အနီးမှာ ​မေ ၄ ရက်​​နေ့ ​နေ့လယ်​ပိုင်းက ​ရှေ့ဘရိတ်​ရှူးငြိပြီး အပူလွန်​ကဲရာက​နေ ကွန်​တိန်​နာ တွဲကားတ​စီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ ရန်​ကုန်​ကနေ မင်းဘူးကို ​စောဇင်​​ မောင်း​နှင်​လာတဲ့ ၁၈ ဘီး FUSO အမျိုးစား ကွန်​တိန်​နာတွဲကားဟာ အချိန်​ကြာမြင့်စွာ​မောင်းနှင်​လာလို့ ​ရှေဘရိတ်​ရှူး ငြိပြီး အပူလွန်​ကဲကာ မီး​လောင်​မှုဖြစ်​ပွားခဲ့တာပါ။ မီး​လောင်​ကျွမ်းတဲ့ ​နေရာကို မ​ကွေးခရိုင်​ မီးသတ်တာဝန်ရှိသူတွေက မီးသတ်​ယာဉ်​ ၄ စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြပါတယ်။ မီး​လောင်​မှု​ကြောင့် ကွန်​တိန်​နာ(တွဲ)ကား ​ခေါင်းခန်း နဲ့​ ရှေ့တာယာ​တွေ မီးလောင်​ကျွမ်းခဲ့ပြီး ကျပ်​ ၁၅ သိန်းဖိုးလောက် ပျက်​စီးဆုံးရှုံးခဲ့တယ်​လို့ မ​ကွေးနယ်​​မြေစခန်းမှူးက ဒီဗွီဘီကို ​ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ယာဉ်​​မောင်း ​စောဇင်​ကို မ​ကွေးနယ်​​မြေရဲစခန်းမှာ မီး​ပေါ့ဆမှု ရာဇသတ်​ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့သိရပါတယ်​။

ခြောက်နှစ်ကြာအောင်တည်ဆောက်ခဲ့ရသော ကမ္ဘာ့အကြီးဆုံးငှက်ရုပ်ကြီး

Image may contain: outdoor and natureအိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးငှက်ရုပ်ကြီးကို ခြောက် နှစ်ကြာအောင် အချိန်ယူတည်ဆောက်ခဲ့ ရသည်ဟု သိရသည်။ အလျားပေ ၂၀၀၊ အမြင့်ပေ ၇၀ နှင့် တောင်ပံဖြန့်ကြက်မှုပေ ၁၅၀ ရှိသောငှက် ရုပ်ကြီးကို ရုပ်ရှင်ထုတ်လုပ်သူနှင့်ပန်းပုဆ ရာတစ်ဦးဖြစ်သော Rajiv Anchal က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Rajiv Anchal မှာ ဒဏ္ဍာရီလာငှက် Jatayu ကို အသက်ပြန်သွင်းနိုင်ရန် အမြဲစိတ်ကူးယဉ် နေခဲ့သူဖြစ်သည်။ ဟိန္ဒူဒဏ္ဍာရီအရ Jatayu ငှက်သည် မိစ္ဆာဘုရင် Ravana ကဖမ်းဆီးသွားသောမင်းသမီး Sita ကို တွေ့ရှိကာ ကယ်တင်ရန်ကြိုးပမ်းရာမှ တောင်ပံတစ်ဖက်မှာ ဓားဖြင့်ခုတ်ဖြတ်ခံခဲ့ ရသည်။

တနင်္သာရီတံတား စံချိန်စံညွှန်းမီ တည်ဆောက်ရန် သမ္မတ ပြော

သမ္မတ ဦးဝင်းမြင့်ဟာ မေ ၄ ရက် ညနေပိုင်း၊ တနင်္သာရီတံတားတည်ဆောက်မှုကို စစ်ဆေးပြီး ဘဏ္ဍာငွေ အလေ့အလွင့်ရှိစေဖို့နဲ့ စံချိန်စံညွှန်းမီ တည်ဆောက်ဖို့ မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ ၄ မှ တာဝန်ယူ တည်ဆောက်နေတဲ့ တနင်္သာရီတိုင်း တနင်္သာရီ တံတားတည်ဆောက်ရေး စီမံကိန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာလို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

လျှပ်စစ်စကူတာကြောင့် ၂ လအတွင်း လူ ၂၇၀ ကျော် ထိခိုက်ဒဏ်ရာရနေ

အမေရိကန်မှ လျှပ်စစ်စကူတာ စီးနင်းမှု အကြိမ် ၁ သိန်း တိုင်းမှာ လူ ၂၀ နှုန်း ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ ဆိုပါတယ်။ အများပြည်သူ ကျန်းမာရေးနဲ့ ပို့ ဆောင်ဆက်သွယ်ရေး ဌာနတွေမှာ လုပ်ခဲ့တဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်ရေးဌာန CDC ရဲ့ လေ့လာမှုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး ၂၀၁၈ စက်တင်ဘာ ၅ ရက်ကနေ နိုဝင်ဘာ ၃၀ အတွင်း စကူတာ စီးနင်းတာနဲ့ ဆက်စပ်ပြီး လူပေါင်း ၂၇၁ ဦး ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်လေးလအတွင်း ရေသန့်လုပ်ငန်း ၃ဝ ကျော်စစ်ဆေးခဲ့ပြီး ထက်ဝက်ကျော်မှာ ကောင်းမွန်သောထုတ်လုပ်မှုမဟုတ်၍ ပိတ်သိမ်းခဲ့ရ

Image may contain: 1 person, standing and outdoorရန်ကုန်တိုင်းဒေသကြီးရှိ ရေသန့်လုပ်ငန်းလုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ များကို ၂ဝ၁၉ ခုနှစ် စီမံချက်ကာလအဖြစ် စစ်ဆေးရာတွင် ၄ လအတွင်း ရေသန့်လုပ် ငန်း ၃ဝ ကျော် စစ်ဆေးပြီးစီးခဲ့ပြီး ယင်း တို့အနက် ထက်ဝက်ခန့်သည့် စည်းကမ်း လိုက်နာခြင်းမရှိသဖြင့် ပိတ်သိမ်းခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA (ရန်ကုန်)မှ သိရသည်။

"မလေးရှားမှာ ကားတိုက်မှုအတွင်း မိသားစုနှစ်ခုမှ ကလေးသုံးဦးအပါအဝင် လူခြောက်ဦးသေဆုံး"

Image may contain: car, night and outdoorကားတစ်စီးရဲ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်သွားပြီးနောက် ၎င်းရဲ့ကားက ဆန့်ကျင်ဘက်ယာဉ်ကြောကို ရောက်ရှိသွားခဲ့ရာမှ ကားနှစ်စီးတိုက်မိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကားနှစ်စီးတိုက်မိခဲ့မှုအတွင်း မိသားစုနှစ်ခုမှ ကလေးငယ်သုံးဦး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ပြီး အခြား လူငါးဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

မန္တလေးကျုံးအရှေ့တွင် ဆိုင်ကယ်စီးအုပ်စုက ရဲဒင်းဖြင့်ခုတ်မှု ဖြစ်ပွား

Image may contain: one or more people and people sittingမန္တလေးမြို့ ကျုံးအရှေ့ဘက် (၆၆)လမ်း ၊ ၁၈ လမ်း နှင့် ၁၉ လမ်းကြားတွင် ဆိုင်ကယ်စီးနေသည့် လူ (၃) ဦးအား ဆိုင်ကယ်စီးအုပ်စုက ရဲဒင်းဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ဖြစ်စဉ်မှာ ရေသန့်စက်ရုံ အလုပ်သမားများဖြစ်ကြသည့် လူငယ် (၃) ဦးသည် ဆိုင်ကယ်စီး၍ အပန်းဖြေနေစဉ် ဆိုင်ကယ် (၃) စီး လူ (၈) ဦးက ရဲဒင်းဖြင့်ခုတ်၍ ထိုးကြိတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ``သူတို့ ပြောပုံအရတော့ သူတို့က အပန်းဖြေဆိုင်ကယ်စီးနေရင်း ဒီလိုလုပ်ခံလိုက်ရတာ ။ တစ်ယောက် က နောက်စေ့ ခုတ်ခံလိုက်ရတယ် ။ ကျန်တဲ့သူတွေက ပွန်းပဲ့ ဖူးယောင် ဒဏ်ရာလောက်ပဲတွေ့ရတယ်။

စအိုအတွင်း တားမြစ်ဆေးထည့်ပြီး အကျဉ်းထောင်တွင်းသယ်သူအား ထပ်မံအရေးယူ

မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ထဲသို့ စအိုအတွင်း တားမြစ်ဆေးထည့်၍ သယ်သူအကျဉ်းသူအား မေလ ၃ ရက်နေ့က အကျဉ်းထောင်ဥပဒေဖြင့်ထပ်မံအရေးယူထားကြောင်း သိရသည် ။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေ ၁၆(ဂ)/၂၁ ဖြင့် မန္တလေးအိုးဘိုထောင်အတွင်း ချုပ်ခံရသူ မမေနိုင်ခေါ် (ခ) မြတ်နိုး (၂၇) နှစ် အား ချမ်းမြသာစည်မြို့နယ်တရားရုံးမှ အမှုရင်ဆိုင် ရုံးထုတ်ခဲ့သည် ။

နော်ဝေတွင်တွေ့ရသည့် ကင်မရာပါ ဝေလငါး ထောက်လှမ်းရေးအတွက် လွှတ်လိုက်တာလား

နော်ဝေနိုင်ငံရဲ့မြောက်ဘက်ကမ်းလွန်မှာ beluga ဝေလငါးဖြူတစ်ကောင် ရောက်ရှိနေပြီး ဒီဝေလငါးက လောက်လှမ်းရေးအတွက် သုံးတာလား ဒါမှမဟုတ် သူ့ဘာသာသူ ဒီနေရာက ပြန်မထွက်သွားတတ်တာလား ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေတာဝန်ရှိသူတွေကြားမှာ ဝေခွဲရခက်နေကြပါတယ်။ ဒီဝေလငါးကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ဂျော်ဟက်စ်တန်ရဲ့ ငါးဖမ်းလှေအနီးမှာ တွေ့ခဲ့ရပါတယ်။

ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးပညာ ကျွမ်းကျင်အောင်ကြိုးစားရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

Image may contain: 1 person, outdoorခေတ်စနစ်နဲ့အညီ မီးငြှိမ်းသတ်ရေးပညာကို ကျွမ်းကျင်အောင် ကြိုးစားဆောင်ရွက်ထားကြ ဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်က မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ ဒီနေ့ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးအတွင်း အသုံးပြုဖို့ အသစ်ရောက်ရှိထားတဲ့ ပိုလန်နိုင်ငံထုတ် မီးသတ်ကားတွေရဲ့ စွမ်းရည်သရုပ်ပြခြင်း နဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လာချိန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်တာတွေကို ထပ်တိုးပြသခဲ့ပါတယ်။

ဖါနီ ဆိုင်ကလုန်းကြောင့် သေသူ ၁၅ ဦး ရှိပြီ

Image may contain: snow and outdoorအိန္ဒိယနိုင်ငံအတွင်း သောကြာနေ့က ၀င်ရောက်လာတဲ့ တစ်နာရီကို ၁၅၅မိုင်နှုန်းရှိ ရာစုနှစ်အတွင်း အကြီးဆုံးတိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖါနီ မ၀င်ရောက်ခင် လူတစ်သန်းကျော်ကို ရွှေ့ပြောင်းမှုတွေ အပါအ၀င် မုန်တိုင်းအတွက် ပြင်ဆင်မှုပေါင်းများစွာ ပြုလုပ်ခဲ့တာကြောင့် အသေအပျောက် အလွန်နည်းခဲ့ပါတယ်။

တောင်ငူမြို့ သမိုင်းဝင်မြစည်းခုံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

Image may contain: 7 people, people standingပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သမိုင်းဝင်မြစည်းခုံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ တောင်ငူမြို့ မြစည်းခုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဒီဃဘာဏက ဒီဃနိကာယကောဝိဒ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိ မလသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးဗိသုကာ ဂန္ထဝင်စာပေပညာရှင်ဆရာကြီး ဒဂုန်တာရာနှစ် ၁၀၀ပြည့်မွေးနေ့ပွဲကျင်းပ

ငြိမ်းချမ်းရေးဗိသုကာ ဂန္ထ၀င် စာပေပညာရှင် ဆရာကြီး ဒဂုန်တာရာ နှစ် ၁၀၀ပြည့်မွေးနေ့ ဂါရဝဂုဏ်ပြုပွဲကို ယနေ့ ( မေ ၅)နံ နက်ပိုင်းက ရန်ကုန်မြို့၊ စာပေဗိမ္မာန် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါမွေးနေ့ပွဲအခမ်းအနားတွင် စာရေးဆရာ၊ဆရာမများနှင့် စာပေဝါသနာပါသူ ၅၀ဦးခန့်တက်ရောက်ခဲ့ပြီး ဆရာ ပါမောက္ခ ဒေါက်တာသန်းဝင်း၊ စာရေးဆရာကိုလေးမြတ်၊ စာရေးဆရာမ ကြူကြူသင်း၊ စာရေးဆရာမ စမ်းစမ်းနွှဲ(သာယာဝတီ)နှင့် စာရေးဆရာ၊ ဆရာမအချို့က အမှတ်တရဂုဏ်ပြုစကားပြောကြားခဲ့သည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ကချင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးကိစ္စ တရားဝင် မဆုံးဖြတ်ရသေး

လိုင်စင်မဲ့ယာဉ်များအ သုံးပြုကာ ကချင်လက်နက်ကိုင် အဖွဲ့ (KIA) က အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လာနိုင် ကြောင်း သုံးသပ်ရသည်ဆိုကာ ကချင်ပြည်နယ်အတွင်းရှိ လိုင် စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေး ယူရန် လူမှုကွန်ရက်၌ ပျံ့နှံ့နေ သည့်စာမှာ တရားဝင်ထုတ်ပြန် ချက်မဟုတ်ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့ဝန်ကြီးအချို့က ပြောသည်။ အဆိုပါစာသည် ကချင်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ထံ တင်ပြ ထားသည့် အဆင့်၌သာ ရှိသေး ပြီး မည်ကဲ့သို့ ပျံ့နှံ့လာသည်ကို မသိရှိသေးဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအားတီရောဟန် က ပြောသည်။

ဖားကန့်တွင် ကျောက်ကမ်းပါးယံပြိုကျပြီး ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဖားကန့်တွင် ကျောက်ကမ်းပါးယံပြိုကျပြီး ၂ ဦးသေ ၂ ဦးဒဏ်ရာရမှု ယမန်နေ့ ညနေ ပိုင်းကဖြစ်ပွားခဲ့သည်။ မေ ၄ ရက်နေ့ ညနေ ၅နာရီခန့်က ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး ဇာဗွေ ၁၆ သက်တမ်းကုန်လုပ်ကွက်ဟောင်းအနီးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမြင့်ပေ ၃၀၀ ခန့်ရှိသည့် ကျောက်ကမ်းပါးယံတွင် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး သည် လက်လုပ်ကျင်းတူး၍ ရေမဆေးကျောက်ရှာနေစဉ် ၎င်းတို့ အပေါ်ဘက်ရှိ အမြင့်ပေ ၅၀၀ ခန့်ရှိ ကမ်းပါးယံပြိုကျ၍ မြေစာများနှင့်အတူမျှောပါခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်အတွင်း စက်လှေနစ်မြုပ်ခဲ့မှုမှ တိမ်းရှောင်နေသော စက်လှေမောင်းသမားကို ဖမ်းမိ

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း သင်္က࿿န်ြအကြတ်နေ့က ဖြစ်ပွားခဲ့သော လူ ၉ ဦး သေဆုံးခဲ့သည့် စက်လှေနစ်မြုပ်ခဲ့မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် စက်လှေမောင်းသမားကို မေ ၄ ရက်က ဖမ်းဆီးရမိခဲ့သည်။ " စက်လှေနစ်ပြီးကတည်းက စုံစမ်းတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာ သူ ရွာကို ပြန်ရောက်နေတယ်လို့ သတင်းရရခြင်း သွားရောက်ဖမ်းဆီးခဲ့တာပါ " ဟု မုံရွာမြို့မရဲစခန်း၊ ဒုရဲအုပ် နေဇော်က မဇ္ဈိမသို့ ပြောသည်။

အစ္စရေး- ဂါဇာအကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်ဖြစ်

ဂါဇာကမ်းမြှောင်ရှိ စစ်သွေးကြွတွေက ယမန်နေ့ မေ ၄ ရက်မှာ အစ္စရေးဘက်ခြမ်းကို ဒုံးကျည် အစင်း ၂၀ဝ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် အစ္စရေးတို့ကလည်း ပါလက်စတိုင်း နယ်မြေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ တင့်ကား ပစ်ခတ်မှုတွေနဲ့အတူ ပြန်လည် လက်တုန့်ပြန်ခဲ့ပါတယ်။ ယင်း အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဂါဇာဘက်ခြမ်းက ဟားမားစ် စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးတစ်ဦး ဗုံးဆန်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ တစ်ဘက်မှာလည်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်နဲ့ ကလေး သားအမိနှစ်ဦးအပါအဝင် ပါလက်စတိုင်း လေးဦး သေဆုံးသွားကြောင်း ဂါဇာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ဟု မြောက်ကိုရီးယား ထုတ်ပြန်

 တာဝေးပစ် အမျိုးအစားစုံ ဒုံးကျည်လောင်ချာတွေနဲ့ တာတိုပစ် ပဲ့ထိန်းလက်နက်တွေကို စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုတွေကို မေလ ၄ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယား မီဒီယာ KCNA က ပြောပါတယ်။

အမျိုးသားတစ်ဦး AirPod နားကြပ်တစ်ဖက် မတော်တဆမြိုချမိ … ရှာကြည့်လိုက်မှ ဗိုက်ထဲ ရောက်နေမှန်းသိ

ထိုင်ဝမ်အမျိုးသားတစ်ဦးဟာ Apple AirPod ကို မတော်တဆမြိုချမိသွားပါတယ်။ ပျောက်နေတဲ့ နားကြပ်ကို ရှာကြည့်တဲ့အခါ နားကြပ်ဟာ အလုပ်လုပ်နေသေးတယ်လို့ သိရပါတယ်။ Ben Hsu လို့အမည်ရတဲ့ ထိုင်ဝမ်အမျိုးသားဟာ နားကြပ်တစ်စုံနဲ့ အိပ်ပျော်သွားပေမယ့် ပြန်နိုးလာချိန်မှာ နားကြပ်တစ်ဖက်ကို ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနောက်မှာ သူက iPhone tracking feature ကို အသုံးပြုပြီး ရှာကြည့်တဲ့အခါမှာ ပျောက်နေတဲ့ နားကြပ်တစ်ဖက်ဟာ သူ့ရဲ့ အခန်းထဲမှာပဲရှိနေပြီး သီချင်းတစ်ပုဒ်ကို ဖွင့်ကြည့်တဲ့အခါမှာ အသံမြည်တာကို ကြားခဲ့ရပါတယ်။

ဗီယက်နမ်က စွန့်ပစ် ရေပန်းဥယျာဉ် ခရီးသွားတွေကို အထူးဆွဲဆောင်နေ

  ဗီယက်နမ်နိုင်ငံ ဟွေမြို့က ဂရပ်ဖစ်တီ လက်ရာတွေ နေရာအနှံ့ ပြည့်နှက်နေလျက်ရှိတဲ့ ရေပန်းဥယျာဉ်ဟောင်းတစ်ခုကတော့ ယခုအခါ ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်လာနေလျက် ရှိပါတယ်။ ဟွေမြို့စွန်မှာ ရှိတဲ့ အဆိုပါ အပန်းဖြေ ဥယျာဉ်ကိုတော့ လွန်ခဲ့တဲ့ ၂၀ဝ၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ယင်းနောက် ခုနှစ်နှစ်အကြာမှာပဲ ဘဏ္ဍဍာရေးအခက်အခဲကြောင့် ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ခရီးသွားတွေဟာ “ဧည့်သည့် မဝင်ရ” ဆိုတဲ့  ဆိုင်းပုဒ်နဲ့ အဓိက ဂိတ်ပေါက်က လုံခြုံရေးဂိတ်စောင့်တို့ကို လျစ်လျူရှုပြီး ဘေးဘက်ခြမ်း ဝင်ပေါက်တစ်ခုကနေတဆင့် ယင်း စွန့်ပစ်ဆိုဒ်ထဲကို ဝင်ရောက်လည်ပတ်ကြည့်ရှုနေကြလျက် ရှိပါတယ်။

ခရီးသွားတွေအတွက်ကတော့ Instagram အတွက် ပုံကောင်းကောင်း ရနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်လို့ နေပါတယ်။ “ ဒီထဲ ရောက်တော့  ကျောချမ်းသလိုကြီး ခံစားရပါတယ်၊ တကယ် ကြောက်ဖို့လည်း ကောင်းပါတယ်၊ ဒါပေမယ့် ဝင်မကြည့်ပဲနဲ့လည်း မနေနိုင်ပြန်ပါဘူး” လို့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ငုရင် သီဒယူ က ပြောပါတယ်။ ယင်း ဥယျာဉ်ထဲက ရေကန်တစ်ခု အလယ်ရှိ ကွန်ကရစ် နဂါးရုပ်တုကြီးကတော့ ခရီးသွားအများစု စိတ်ဝင်အစားဆုံး နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးလ် v ဘာစီလိုနာပွဲမှာ ဆာလာ ကစားနိုင်ဖွယ်ရှိပြီး ဖာမီနို လွဲချော်မယ်

နယူးကာဆယ်နဲ့ ပွဲမှာ ဦးခေါင်းဒဏ်ရာရသွားတဲ့ ဆာလာဟာ လာမယ့် အင်္ဂ࿿ါနေ့မှာ ဘာစီလိုနာနဲ့ ပွဲမှာ ကစားနိုင်လိမ့်မယ်လို့ လီဗာပူးလ်အသင်းက မျှော်လင့်နေပေမယ့် တိုက်စစ်မှူး ဖာမီနိုမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်လိမ့်မယ်လို့ ဆိုပါတယ်။ ဆာလာဟာ နယူးကာဆယ်ကို ၃-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ တိုးတိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ၃-ဝ အရှုံးကို ပြောင်းပြန်လှန်ပြီး အန်ဖီးလ်မှာ ဗိုလ်လုပွဲတက်ရောက်ဖို့အတွက် ဘာစီလိုနာကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။

ပြင်သစ်ရှိ လယ်ကွက်ထဲကနေ ရှာတွေ့ခဲ့တဲ့ ဘီစီ ၆ ရာစုခေတ် အဖိုးတန်ရတနာပစ္စည်းများကို လေလံတင်မည်

  ပြင်သစ်နိုင်ငံရှိ လယ်ကွက်တစ်ကွက်ထဲကနေ တူးဖော်ရရှိခဲ့တဲ့ ရှေးခေတ် တန်ဖိုးကြီး ရတနာပစ္စည်းတွေကိုတော့  ယခုအခါ လေလံတင်ရောင်းချသွားတော့မယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ Tavers နယ်မြေရှိ လယ်သမားတစ်ဦးရဲ့ လယ်ကွက်ထဲကနေရှာတွေ့ခဲ့တဲ့ ယင်းတန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ လက်နက်တွေကတော့ ဘီစီ ၆ ရာစုခေတ်က လက်ရာပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေကိုတော့ ပြင်သစ်တို့ရဲ့ အမျိုးသား အဖိုးတန်ရတနာပစ္စည်းတွေ ဖြစ်တယ်လို့ ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောထားပါတယ်။ အဆိုပါ ရှေးဟောင်း အဖိုးတန် ပစ္စည်းပေါင်း ၆၅ ခုကိုတော့ ယခုအခါ လေလံတင်ရောင်းချသွားတော့မှာ ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် ယူရို ၅၀,ဝ၀ဝ ကနေ စတင်သတ်မှတ်သွားမယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၅၃ဝဝ ကျော် ဆုံးရှုံးခဲ့ရ ဟု ဒုတိယဗိုလ်ချုပ်ကြီးပြော

မြန်မာတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၅၃ဝဝ ကျော် ဆုံးရှုံးခဲ့ရပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်ထက် ၈ ဆအထိ လျော့ကျလာသည့် ပမာဏဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။ ၂ဝ၁၈ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေမှာ ၁၇၃၉ ကြိမ်ထိရှိပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၃ဝဝ ကျော်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း မီးလောင်မှုမှာ ၁၈၃၂ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၄ရဝဝဝ ကျော် ရှိခဲ့ကာ ယင်းပမာဏနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂ဝ၁၈ ခုနှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ၂ဝ၁၇ ခုနှစ်ထက် ၈ ဆကျော်ထိ လျော့ကျသွားကြောင်းတွေ့ရသည်။

နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးကျင်းပတဲ့ ထိုင်းဘုရင် နန်းတက်ပွဲ

Image may contain: 1 personထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း ခုနစ်ခုစာအတွင်း ပထမဆုံး ဆင်ယင်ကျင်းပတဲ့ ဘုရင်မင်းမြတ် နန်းတက်ပွဲကို မေ ၄ ရက်မှာ စတင်ကျင်းပပြီ ဖြစ်ပါတယ်။ သုံးရက်တာ ကျင်းပမယ့် အခု နန်းတက်ပွဲ စတင်ကျင်းပရာမှာ ၁၀ ဆက်မြောက် ရာမဘုရင်အဖြစ် စိုးစံမယ့် ဘုရင် မဟာဝါဇီရလောင်ကွန်းဟာ ဦးစွာ ဘိသိက်ရေစင်ကို ကိုယ်တိုင်ကိုယ်ကျ သွန်းလောင်းပါတယ်။ ၁၉၅၀ မှာ ဘုရင်ဘူမိဘော နန်းတက်ပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ဒီနန်းတက်ပွဲမှာ ဘုရင်ဝါဇီရလောင်ကွန်းဟာ စိန်စီသော ရွှေမကိုဋ်ကို ဆောင်းရင်း နန်းတက်ပွဲကို ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ ဓလေ့ထုံးစံတွေနဲ့အညီ ကျင်းပတာ ဖြစ်ပါတယ်။

FREE COMIC BOOK DAY မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပ

Image may contain: one or more people, people sitting and indoor၂၀၀၂ ခုနှစ်မှ စတင်၍ နိုင်ငံတကာတွင် ကျင်းပခဲ့သော FREE COMIC BOOK DAY ရုပ်ပြဆိုင်ရာလှုပ်ရှားအထိမ်းအမှတ်နေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့ကျင်းပသည်။ ရန်ကုန်မြို့ သံဈေးရှိ Yangon Book Plaza တွင် ကျင်းပခြင်းဖြစ်ပြီး၊ ရုပ်ပြရေးဆွဲသူ ပညာရှင်များ၏ ရုပ်ပြအရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရုပ်ပြလောကအခြေအနေများကို တင်ပြဆွေးနွေးကြသည်။ အဆိုပါ FREE COMIC BOOK DAY တွင် ရုပ်ပြစာအုပ်အသစ်ကို ၂၀ရာခိုင်နှုန်းလျှော့ဈေးဖြင့်ရောင်းချပေးခြင်း၊ ရုပ်ပြစာအုပ်အချို့ကို တစ်အုပ် ၅၀၀ကျပ်ဖြင့်ရောင်းချပေးခြင်း၊ ရှားပါးရုပ်ပြစာအုပ်အဟောင်းများရောင်းချပေးခြင်း၊ ရုပ်ပြရေးဆွဲသူ White Marek မှ Comic E-Book လက်ဆောင်ပေးခြင်းနှင့် ရုပ်ပြစာအုပ် အသစ်ရရှိမည့် ဥာဏ်စမ်းGame အစီအစဉ်များလည်းပါရှိသည်။ FREE COMIC BOOK DAY အစီအစဉ်ကို Yangon Book Plaza တွင် ယနေ့နှင့် နက်ဖြန် ၂ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သြစတြေးလျရှိ သက်ကြီးလင်မယားထံသို့ ICE မူးယစ်ဆေးများ လိပ်စာမှားယွင်းပြီးရောက်ရှိခဲ့

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ရှိ သက်ကြီးလင်မယားထံသို့ သြစတြေးလျဒေါ်လာ ၁၀သန်းခန့်(ကန်ဒေါ်လာ ၇သန်း)တန်ဖိုးရှိ ICE မူးယစ်ဆေး ကီလို ၂၀ခန့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လိပ်စာ မှားယွင်းရောက်ရှိလာခဲ့သည်။ ပါဆယ်ထုတ်ဖြင့် မှားယွင်းရောက်ရှိလာခြင်းဖြစ်ပြီး ဖွင့်ကြည့်သောအခါတွင် မူးယစ်ဆေးများကိုတွေ့ရှိသဖြင့် အဆိုပါ လင်မယားက ရဲတပ်ဖွဲ့အား ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ဆိုင်ကလုန်းဖန်နီကြောင့် အိန္ဒိယတွင် ၁၂ ဦးခန့်သေဆုံး၊ ၁၅၀ခန့် ဒဏ်ရာရဟု ကနဦးသိရ

ဆိုင်ကလုန်းဖန်နီကြောင့် အိန္ဒိယနိုင်ငံ အရှေ့သြရိဿပြည်နယ်တွင် လူ ၁၂ ဦးခန့်သေဆုံးကြောင်း ယနေ့ညနေပိုင်းက သိရသည်။ ယင်းတို့အနက် ၄ ဦးမှာ သစ်ပင်ပိ၍ သေဆုံးကြခြင်းဖြစ်သည်ဆို၏။ ဒဏ်ရာရရှိသူ ၁၅၀ထက်မနည်းရှိကြောင်း သိရပြီး စာရင်းအတိအကျကိုမူ မသိရှိရသေးချေ။ ပျက်စီးဆုံးရှုံးမှု စာရင်းကိုလည်း အတိကျမသိရသေးချေ။

တီးတိန်မြို့နယ်အတွင်းတွင် တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Image may contain: outdoorတီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကျေးရွာအပိုင်နယ်မြေအတွင်းတွင် တရားမ၀င်သယ်ဆောင်လာသော သစ် ၃ တန်ခန့်ကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းချင်းပြည်နယ်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ရိဒ်နယ်မြေ စခန်းမှူးဦးစီးသည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရီခေါဒါရ်မြို့မှ တီးတိန်မြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးမှုများပြုလုပ်နေစဉ် တီးတိန်မြို့နယ်ဘက်မှ ရိခေါဒါရ်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးသည် စစ်ဆေးမှုများပြုလုပ်နေသည့် နေရာနှင့် ၁ ဖာလုံခန့်အကွာတွင် တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကျေးရွာမှ မြန်မာ-အိန္ဒိယ နယ်စပ် ဇင်သဲကျေးရွာသို့သွားသော မြေသားလမ်းအတွင်းသို့ ချိုးကွေ့သွားခဲ့သည်ကိုတွေ့ရသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုတို့အား တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မှုပြုလုပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုတို့အား မေလ(၈)ရက်နှင့် (၉)ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် စမ်းသပ်လည်ပတ်မှုပြုလုပ်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ အသိပေးကြေညာထားသည်။

Notre Dame ဘုရားကျောင်းကြီး ပြန်လည်ပြုပြင်ရန် ငါးနှစ်သာ သတ်မှတ်ပေးခြင်းကို ပြန်လည်စဉ်းစားပေးဖို့ ပြင်သစ်သမ္မတအား ကျွမ်းကျင်သူပညာရှင်များတိုက်တွန်း

မီးသင့်လောင်ကျွမ်းခဲ့တဲ့ Notre Dame ဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်ဖို့အတွက် ၅နှစ်သတ်မှတ် အချိန်ပေးထားတာကို ပြန်လည်စဉ်းစားပေးဖို့ ပြင်သစ်သမ္မတ အန်မန်နျူယယ်လ် မိုက်ခရွန်ကို ပိသုကာပညာရှင်တွေနဲ့ ရှေးဟောင်းအနုပညာကျွမ်းကျင်သူ ၁၀၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။ အဲဒီလို တောင်းဆိုလိုက်တဲ့ စာကို ကျွမ်းကျင်သူပညာရင် ၁၁၇၀ က လက်မှတ်ထိုးပြီး ပြင်သစ်သမ္မတဆီပေးပို့ခဲ့တယ်လို့ အဲဒီလက်မှတ်ထိုးသူပညာရှင်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Art Philippe de Montebello ပြတိုက်က ဒါရိုက်တာဟောင်း တစ်ဦးကပြောတာပါ။

ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ငလျင်သည် ၂၀၁၉ ခုနှစ်၊ မေ ၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ၊ ၃၄ မိနစ်၊ ဝ၁ စက္ကန့်အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၁၂၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၆ ဒသမ ၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၇၀ ဒီဂရီ၊ အနက် ၉၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်နေ့လျှင် လူ ၅၀ဝ ကျော်အထိ ရှိနေဟုဆို

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်နေ့လျှင် လူဦးရေ ၅၀ဝ ကျော်အထိရှိနေပြီး ဆေးရုံ တက်ကုသမှုနှင့် လူသေဆုံးမှု အများဆုံးစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ “ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာက ၂၀၁၃ ခုနှစ်မှာ တစ်နေ့ကို ၂၉၁ ဦးရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၅၁၆ ဦးအထိ တက်လာတယ်။ သေဆုံးမှုနှုန်းကလည်း ၂၀၁၃ ခုနှစ်တုန်းက ကိုးဦးကနေ အခု ၁၆ ဦးလောက် နေ့စဉ်သေဆုံး နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ကုန်းမြင့်ဒေသများတွင် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လို

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ကုန်းမြင့်ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးကပြောကြားသည်။ “မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် အထက်ပိုင်းဒေသတွေ၊ ကုန်းမြင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဒေသတွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်တာဆိုတော့ မြေပြိုမှု အန္တရာယ်ကို သတိပြုသင့်တယ်။ မုန်တိုင်းက တဖြည်းဖြည်း မုန်တိုင်းငယ်အဖြစ်နဲ့ အားပျော့ ပျက်ပြယ်သွားမယ့် အနေအခြေအနေရှိတယ်”  ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

တပ်မတော်အား ပြည်သူလူထု အထင်မှားစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ နိုင်ငံတကာမှ အထင်အမြင် မှားစေရန် မမှန်မကန် ဖော်ပြခြင်းနှင့် ပုတ်ခတ်ပြောဆို ရေးသားခြင်းများကို လက်ခံမည်မဟုတ်ဟုဆို

တပ်မတော်မှ မှန်မှန်ကန်ကန် ဆောင်ရွက်နေသည့် အချိန်တွင် တပ်မတော်အပေါ် ပြည်သူလူထု အထင်မှားစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် နိုင်ငံတကာမှ အထင်အမြင်မှားစေရန် မမှန်မကန် ဖော်ပြခြင်းနှင့် ပုတ်ခတ်ဖော်ပြ ပြောဆိုရေးသားခြင်းများအား လက်ခံမည် မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။ေ နပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ မေ ၃ ရက်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ထွန်းထွန်းညီက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟင်္သ࿿ာတမြို့နယ် တာဂွကျေးရွာရှိ မူလတန်း ကျောင်းဆောင်သစ် တည်ဆောက်မှုအပြီး လပိုင်းအတွင်း အက်ကွဲကြောင်းများဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သ࿿ာတမြို့နယ် တာဂွကျေးရွာရှိ မူလတန်းကျောင်းဆောင်သစ် တည်ဆောက်အပြီး လပိုင်းအတွင်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီက ပညာရေးဌာနထံ အပ်နှံပြီးနောက် ရှစ်လခန့်အကြာတွင် ကျောင်းနံရံနှင့် ကြမ်းပြင်၌ အက်ကွဲကြောင်းများ သိသိသာသာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့လတုန်းက ကျောင်းကို တိုင်းက စစ်ဆေးရေးတွေလာတယ်။ အပြီးသတ်လာစစ်တာလို့ ဆရာမကြီးက ပြောတယ်။ လူကြီးတွေက ကျောင်းကို လှည့်ပတ်ပြီး ကြည့်ရှုစစ်ဆေးသွားတယ်။

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း လှိုင်သာယာ-ပါရမီလမ်းကြောင်း ဧရိယာအတွင်း မေ ၆ ရက်နောက်ပိုင်း အဆောက်အအုံအသစ် တည်ဆောက်၊ ပြုပြင်တိုးချဲ့ခြင်း၊ မြေယာလွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ပါက လျော်ကြေးနှင့် ကရုဏာကြေးရရှိမည် မဟုတ်ကြောင်း မြို့တော်စည်ပင် ထုတ်ပြန်

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း လှိုင်သာယာ-ပါရမီ လမ်းကြောင်း ဧရိယာအတွင်း မေ ၆ ရက်နောက်ပိုင်း အဆောက်အအုံအသစ် တည်ဆောက်ပြုပြင် တိုးချဲ့ခြင်း၊ မြေယာလွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ပါက လျော်ကြေးနှင့် ကရုဏာကြေး ရရှိမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အမိန့်ကြော်ငြာ စာအမှတ် (၃၂/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို မြို့တော်ဝန် ဦးမောင်မောင်စိုးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင် လူသတ်မှုတွင် ကျူးလွန်သူ ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး ရွှေချောင်းများ ပြန်လည်သိမ်းဆည်း ရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ပြောကြား

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂ္လာလမ်း၊ အမှတ်(၁၁၈)၊ ခြင်္သ࿿နှေ့စ်ကောင် ကျောင်းလမ်းကြားနှင့် မင်္ဂ္လာရာမကျောင်း အနီးရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်အမှု ကျူးလွန်သူကွင်းဆက် တရားခံ ဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်နေပြီး ဖွက်ထားသော ရွှေချောင်းများ ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း မေ ၃ ရက်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးက အတည်ပြုပြောကြားသည်။

မေ ၃ ရက်တွင် နောက်ဆက်တွဲအနေဖြင့် ကျူးလွန်သူ ထွက်ဆိုချက်အရ ရွှေချောင်း ငါးချောင်းကို ကျောက်မဲမြို့ရှိ နေအိမ်တွင် ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး၊ အမှုမှကျူးလွန်သူ ကွင်းဆက်တရားခံ ဖမ်းဆီးရမိနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှုနောက်ဆက်တွဲအနေနဲ့ ထွက်ဆိုချက်အရ ရွှေချောင်းငါးချောင်း ထပ်ရတာပေါ့။ ကွင်းဆက်တရားခံ ရှိပါသေးတယ်။ ကွင်းဆက်တရားခံကိုလည်း ဖော်ထုတ်နေပါတယ်။ ပစ္စည်းတွေကို ပြန်လာလွှဲပေးမယ်။ တရားရုံးစွဲတင်တော့ တပေါင်းတစည်းတည်း ဖြစ်အောင်ပေါ့။ လာပို့မှာပေါ့။ ထပ်ရတာက ရွှေချောင်း ငါးချောင်း ထပ်ရတာပေါ့” ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ခင်မောင်ဦးက ပြောကြားသည်။


 ပြန်လည် သိမ်းဆည်းရမိခဲ့သော ရွှေချောင်းများကို တွေ့ရစဉ် အဆိုပါ မြင်းဖြူနှစ်ကောင် ဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေ၏ မောင်ဝမ်းကွဲဖြစ်သူ တင်အုန်း(ခ) အိုက်အုံးသည် သားဖြစ်သူ အမွေရနည်းမည်ကို စိုးရိမ်သဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက် နံနက် ၇ နာရီတွင် တရားခံတင်အုန်း (ခ) အိုက်အုံးအား ကျောက်မဲမြို့နယ်၊ အထက်မြင်းကွင်း ကျေးရွာရှိ  ゞင်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး၊ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာနီးပါးခန့်နှင့် ငွေကျပ် ၇၂၀ဝ၀ဝ တို့ကို ゞင်း၏ နေအိမ်မှ မေ ၁ ရက်တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး၊ မေ ၃ ရက်တွင် နောက်ထပ်ရွှေချောင်း ငါးချောင်းကို ပိုက်ဆံအိတ်အတွင်းမှ ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သံဖြူဇရပ် - ရေး ကားလမ်းပေါ်၌ မော်တော်ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

သံဖြူဇရပ်မြို့ နယ်၊  စခန်းကြီးကျေးရွာ၊ သံဖြူဇရပ် - ရေး ကားလမ်းပေါ်၌ မေလ ၄  ရက်၊  မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က မော်တော်ယာဉ် ၂  စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁  ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ နယ်၊ ကွင်းကြီးကျေးရွာနေ ယာဉ်မောင်း ဇော်ဝင်းဦး  မောင်းနှင်လာသော YGN – 4D/- - - -  Mitsubishi Fuso အမျိုးအစား (၁၂) ဘီးယာဉ်သည် သံဖြူဇရပ်မြို့ ဘက်မှ ရေးမြို့ ဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်မောင်းနှင်လာစဉ် သံဖြူဇရပ်မြို့ နယ်၊ စခန်းကြီးကျေးရွာ၊ မရှိခဏ တံတားအနီး လမ်းကွေ့ မိုင်တိုင်အမှတ် (၄၉/၃) နှင့် (၄၉/၄) ကြားအရောက်တွင် လမ်းမပေါ်၌ မိုးရွာထား၍ လမ်းစလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ

တောင်ငူရဲစခန်းရှေ့ သက်သေခံ မော်တော်ယာဉ်အတွင်းမှ ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ်နှစ်ဦး အလောင်းအားတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းရှေ့ရှိ သက်သေခံအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ် အတွင်းမှ ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ် နှစ်ဦး၏ အလောင်းအား မေ ၅ ရက် နံနက်ပိုင်းက တွေ့ ရှိခဲ့ပြီး အဆိုပါ အလောင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း တောင်ငူမြို့  အမှတ်(၂)နယ်မြေရဲစခန်းမှ သိရသည်။

ပြည်ပကြွေးမြီများကို လျာထားချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် စီမံကိန်း၏ ကုန်ကျစရိတ်ကို တိုးမြင့်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု

ပြည်ပကြွေးမြီများကို လျာထားချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် စီမံကိန်း၏ ကုန်ကျစရိတ်ကို တိုးမြင့်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာ ပြည်ထောင်စု၏ ဘဏ္ဍဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းစဉ် ယင်းသို့မှတ်ချက် ပြုထားခြင်းဖြစ်သည်