Saturday, May 11, 2019

မြောက်ဦးကို ချမ်းသာပေးရန် လက်နက်ကိုင်များကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌ

တပ်မတော်နဲ့ ရက္ခိုင့်တပ်အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ယူနက်စကိုဝင်နိုင်ရေး ကြိုးပမ်းနေကြတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ချမ်းသာပေးကြဖို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက မေတ္တာရပ်ခံလိုက်ပါတယ်။ မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ အသည်းနှလုံးဖြစ်သလို ရခိုင်သမိုင်းတလျှောက် ရခိုင်လူမျိုးတွေ နေထိုင်ခဲ့ပုံကို ဖော်ပြနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောရွက်အကြောင်း တစေ့တစောင်း

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက်လေးအကြောင်းပြောပြပေးချင်ပါတယ်။

မြန်မာနိုင်ငံက အစပြုတယ်လို့ နာမည်ကြီးနေတဲ့ ပိုးဟပ် challenge

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထူးထူးဆန်းဆန်း Challenge တွေ အင်တာနက်မှာ အထူးခေတ်စားခဲ့ပါတယ်။ အခုလည်း အထူးတကာ့ အထူးဆန်းဆုံး Challenge တခုခေတ်စားလို့ လာပြန်ပါတယ်။ အဲ့ဒါကတော့ ပိုးဟပ်အရှင်တွေကို မျက်နှာပေါ်တင်ပြီး ဆဲလ်ဖီဆွဲကာ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေနေခြင်းပဲဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းကို ၈ ဂိုးသွင်းယူပြီး ဟော်ကီစွမ်းရည် ပြသခဲ့သည့် ရုရှားသမ္မတ

မေလ ၁၀ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုချီမြို့မှာ ပြုလုပ်တဲ့ Night Hockey League ပြိုင်ပွဲမှာ သမ္မတ ဗာလာဒီမာ ပူတင်က ပြိုင်ဘက်အသင်းကို ၈ ဂိုးသွင်းယူပြီး သူရဲ့ ဟော်ကီစွမ်းရည်ကို ပြသခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှယ်ဂူ၊ ရုရှား ဟော်ကီကစားသမား အကျော်အမော်တွေနဲ့အတူ ပူတင်ဟာ သူ့အသင်းကို ၁၄ ဂိုး – ၇ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မုံရွာတွင် တွဲကားတစီး လမ်းဘေးထိုးကျ၊ ယာဉ်နောက်လိုက် ပြုတ်ကျပြီး ဘီးဖြင့် အကြိတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်း၊ တင်ဝင်းထွန်းသစ်ပါးလွှာစက်ရုံအနီးမှာ မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက တွဲကား ၁ စီးက အရှိန်မထိန်းဘဲ လမ်းဘေးရေမြောင်းထဲထိုးကျရာမှ ယာဉ်နောက်လိုက် ပြုတ်ကျပြီး တွဲကားနောက်ဘီးနဲ့ တက်ကြိတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ဖြိုးဇင်ဦး (၂၀ နှစ်) မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ကားကြိတ်ခံရလို့ နေရာတင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဝင်းနိုင်မှာ ခန္ဓာကိုယ် နာကျင်ဒဏ်ရာတွေရခဲ့လို့ မုံရွာဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ မေးခွန်းမမေးရန် စာပို့ပြီးမှ ဝန်ကြီးချုပ်က ပြန်လည်ရုပ်သိမ်း

မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးတွင် ပြည် နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက် တာအောင်နိုင်ဦးအနေဖြင့် မေးခွန်းမေးမြန်းခြင်းမပြုလုပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က စာပေးပို့ခဲ့ကြောင်း မွန်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က ပြောသည်။ ယင်းစာကို မေလ ၉ ရက်တွင် လွှတ်တော်သို့ ပေးပို့သော်လည်း မေလ ၁၀ ရက် နံနက်တွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။ 

"Best Special Performance ဆုရခဲ့တဲ့ မိုရီဆာကီဝင်းကို ဆုတံဆိပ်နှင့် ဆုငွေများ ပြန်လည်လွှဲပြောင်း"

Star Awards ဆုပေးပွဲတွင် ဇာတိမြေ ဇာတ်ကားဖြင့် Best Special Performance ဆုရရှိခဲ့သည့် မိုရီဆာကီဝင်းကို ဆုတံဆိပ် နှင့် ဆုငွေများ ပြန်လည်လွှဲပြောင်းပေးသည့် အခမ်းအနားကို မေလ ၁၀ ရက်က ပါ့ခ်ရိုင်ရယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ဆုပေးပွဲအခမ်းအနားပြုလုပ်သည့် အချိန်က မိုရီဆာကီဝင်း မြန်မာနိုင်ငံတွင်မရှိသောကြောင့် ဇာတိမြေဇာတ်ကား၏ထုတ်လုပ်သူ ဒေါ်နန်းမောက်လောဝ်ဆိုင်က ဆုလက်ခံယူခဲ့ခြင်းဖြစ်ပြီး ယင်းဆုကို အခမ်းအနားပြုလုပ်ကာပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်း အခမ်းအနား၌ မိုရီဆာကီဝင်း အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ထားသည့် Win's Show Time Season 2 ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ပရိသတ်တွေ အတွက် သရုပ်ဆောင်ဖြစ်ချင်တဲ့ မေဘရဏီသော်

“ပန်းနှစ်ပွင့်စီးချင်း” ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ အလှမယ် မေဘရဏီသော်က ပရိသတ်တွေအသိအမှတ်ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ လက်ရှိအချိန်ထိ ကြိုးစားနေဆဲဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ အစောပိုင်းကတော့ သရုပ်ဆောင်ဖြစ်ဖို့ ယုံကြည်မှု မရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှု ကို တခဲနက် ရလာချိန်မှတော့ သရုပ်ဆောင်ကောင်းဖြစ်ဖို့ ကြိုးစားချင်စိတ်တွေ ဖြစ်လာတယ်လို့ မေဘရဏီသော်က ပြောပါတယ်။

အမေရိကန် လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်း ဦးတည်သွားနေသည့်ရုပ်သံ ထုတ်ပြန်

Image may contain: ocean, outdoor and waterအမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟမ်လင်ကွန်းက အရှေ့အလယ်ပိုင်းဆီ ဦးတည်သွားနေတဲ့ ဗွီဒီယိုဖိုင်ကို အမေရိကန်ရေတပ်က မေ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောအုပ်စုဟာ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီးနောက်မှာတော့ ဆူးအက်တူးမြောင်းကနေတဆင့် တောင်ပိုင်းကို စုန်ဆင်းခဲ့တာပါ။ အဲဒီသင်္ဘောအုပ်စုဟာ အမှတ် (၆) ရေတပ်သင်္ဘောစုကနေ ထွက်ခွာပြီး အမှတ် ၅ ရေတပ်သင်္ဘောစု စစ်ဆင်ရေးနယ်မြေဆီ ၀င်ရောက်လာတာပါ။

ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိ ဈာပနမပြုဘဲ ထာဝရပူဇော်ထားရှိမည်

No photo description available.ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးဘဒ္ဒန္တစန္ဒိမာ၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးသဂြိုဟ်ခြင်း မပြုလုပ်တော့ဘဲ ရုပ်တော်အတိုင်း ထာဝရပူဇော်သွားမည်ဖြစ်ကြောင်း ဈာပနတော် ကျင်းပရေးကော်မတီထံမှ သိရသည်။ ဆရာတော်ကြီးသည် ဧပြီ ၂၇ ရက်၊ ည ၁၁ နာရီက ရန်ကုန်မြို့၊ အာရှတော် ဝင်ဆေးရုံတွင် ဘဝနတ်ထံပျံလွန်တော်မူ ခဲ့ပြီး မေလ ၅ ရက်တွင် အန္တိမအဂ္ဂိဈာပန ကျင်းပရန်စီစဉ်ခဲ့သော်လည်း ဆရာတော်ကြီး၏ ကျန်ရှိရုပ်ကလာပ်မှာ ထူးခြားနေသောကြောင့် မေ ၅ ရက်တွင် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် စမ်းသပ်ကြည့်ရာ၌ ကိုယ်ခန္ဓာအပူချိန်သည် ၁၃ ဒီဂရီအထိ ပူနွေးနေဆဲရှိကြောင်း သိရှိရသည်။ ထို့ ကြောင့် ဈာပနကျင်းပမည့်ရက်ကို မေ ၁၂ ရက်သို့ပြောင်းရွှေ့ခဲ့သည်။

လစ်ဗျားအစိုးရ သစ္စာခံတပ်များ ထရီပိုလီမြို့ကို ချီတက်

Image may contain: 1 person, sky and outdoorကုလသမဂ္ဂကျောထောက်နောက်ခံပြု လစ်ဗျားအစိုးရအပေါ် သစ္စာခံတဲ့ တပ်တွေဟာ မေလ ၁၀ ရက်နေ့က မစ်ရာတာမြို့ကနေ ထရီပိုလီမြို့ကို ချီတက်လာပါတယ်။ ဖေးယက်ဆေရက်ဂ်ျဦးဆောင်တဲ့ တပ်တွေဟာ လစ်ဗျားအမျိုးသားတပ် (LNA) အပေါ် ဆင်နွှဲနေတဲ့ တိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ ချီတက်လာတာပါ။ စက်သေနတ်တွေ တပ်ဆင်ပြီး တိုက်ခိုက်ရေးသမား ဒါဇင်ချီ တင်ဆောင်လာတဲ့ ယာဉ်တန်းကြီးဟာ မေ ၁၀ ရက်နေ့ မနက်ပိုင်း မစ်ရာတာမြို့ကနေ ထွက်ခွာလာခဲ့တာပါ။

ကျိုင်းတုံတွင် တစ်ကိုတော် လမ်းလျှောက် ဆန္ဒဖော်ထုတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ငြိမ်းစုစီု ဥပဒေခွင့်ပြုချက်ဖြင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ပထမဆုံးအကြိမ် တစ်ကိုယ်တော်လမ်းလျှောက် ချီတက်ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်တွင် ဂေါက်သီးအရွယ် မိုးသီးများ ကြွေကျ၊ မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာသွန်း

အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်း တက္ကဆက်ပြည်နယ်ကနေ လူဝီစီယားနားအထိ မေ ၁၀ ရက်နေ့က ဂေါက်သီးအရွယ် မိုးသီးကြွေတာပြီး မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအတွက် အဝေးပြေးလမ်းမတွေ ရေကြီးတာ၊ ဓာတ်အားလိုင်း ပြတ်ကျတာနဲ့ ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ ရာသီဥတုဆိုးတာကြောင့် စာသင်ကျောင်း ၂၈၀ ကို ပိတ်ပစ်မယ်လို့ တက္ကဆက်ပြည်နယ်ရဲ့ အကြီးဆုံး ပညာရေးအဖွဲ့အစည်းက ပြောပါတယ်။

မြောင်းမြတွင် ဆိုင်ကယ်နှင့် ခရီးသည်တင်ယာဉ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူသေဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သတင်းရသည်။ ရန်ပိုင်စိုးမောင်းနှင်သည့် လပွတ္တာ- ရန်ကုန်ပြေးဆွဲသော “မြတ်ကောင်းကင်" ခရီးသည်တင် မော်တော်ယာဉ်နှင့် ကျော်ဦး မောင်နှင်သည့် ဆိုင်ကယ်တို့မှာ မြဟေမာရပ်ကွက် မြောင်းမြ-အိမ်မဲကားလမ်း မိုင်တိုင် အမှတ် (၄၇/၁) နှင့် (၄၇/၂) ကြား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ သောင်ရင်းမြစ်ကမ်းအနီးရှိ လူနေအိမ် ၂၀၀ ခန့်အား ဖယ်ရှားခိုင်းမှုကို ဖြေရှင်းပေးရန် တောင်းဆို

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဝါးတောရပ်ရှိ မြန်မာ-ထိုင်း နယ်ခြား သောင်ရင်းမြစ်ကမ်းအနီး အမှတ် ၁၀ ဂိတ်ဝင်းတွင် ကာစီနိုလောင်းကစားရုံနှင့် တိုက်ခန်းတန်းလျားများ တည်ဆောက်ရန်အတွက်ဟုဆိုကာ ဂိတ်ဝင်း အ တွင်းရှိ လူနေအိမ် (၂၀၀)လုံးခန့်အား ဖယ်ရှားခိုင်းမှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများအနေဖြင့် လာရောက် ဖြေရှင်းပေးရန် ဝင်းအတွင်းနေထိုင်သူများက မေလ ၁ဝ ရက်(ယမန်နေ့)တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကာ တောင်းဆိုလိုက်သည်။

ပီရူးက အမျိုးသမီးအကျဉ်းထောင်မှာ မိခင်များနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသူမိခင်တွေ ဖက်ရှင်လျှောက်ပွဲ ကျင်းပ

Image may contain: 6 people, people smiling, weddingပီရူးနိုင်ငံ လီမာမြို့က အမျိုးသမီးအကျဉ်းထောင်မှာ မိခင်များနေ့ အထိမ်းအမှတ် ကျင်းပခြင်းအဖြစ် အကျဉ်းသူတွေဟာ ဖက်ရှင်ပြပွဲကို မေ ၁၀ ရက်က ကျင်းပပြုလုပ်ကြပါတယ်။ေ က်ာရီလိုအမျိုးသမီးအကျဉ်းထောင်က အကျဉ်းသူတွေဟာ ထောင်ထဲမှာ သူတို့ သင်ကြားတတ်မြောက်လာတဲ့ ဖက်ရှင်ဒီဇိုင်းပညာကို လက်စွမ်းကုန် ထုတ်သုံးပြီး အခု ဖက်ရှင်လျှောက်ပွဲကို ကျင်းပတာပါ။ နှစ်စဉ် မေလရဲ့ ဒုတိယတနင်္ဂနွေမှာ ကျရောက်မြဲဖြစ်တဲ့ မိခင်များနေ့ဟာ ဒီနှစ် ၂၀၁၉ မှာ မေ ၁၂ ရက်မှာ ကျရောက်တာ ဖြစ်ပါတယ်။

မေးခွန်းများအား အစိုးရအဖွဲ့မှ တိကျစွာဖြေကြားရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်ပေးပို့ပြီးမေးမြန်းထားသည့် မေးခွန်းများကို အစိုးရအဖွဲ့ဝင်များအနေဖြင့် တိကျသေချာစွာ ဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က တိုက်တွန်းပြောဆိုလိုက်သည်။ “အုပ်ချုပ်ရေးမဏ္ဍိုင်မှတာဝန်ရှိသူ ဝန်ကြီးများအားလုံးတို့သည် မေးခွန်းကိုလည်း ကြိုတင်ရထားလျက်နဲ့ တိကျသေချာ မှန်ကန်တဲ့မြေပြင်အနေအထားနဲ့ ထင်ဟပ်သောအဖြေများကို ဖြေပေးဖို့ ကျွန်မပြောကြားလိုပါတယ်” ဟု ဒေါ်တင်အိက ဆိုသည်။

ရခိုင်ပြည်နယ်တည်ငြိမ်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေဟု ၀န်ကြီးချုပ်ပြော

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆို လိုက်ပါတယ်။ေ မ ၁၀ ရက်နေ့ ညနေပိုင်းက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးလို့အပြီး မီဒီယာတွေနဲ့ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူတွင် ရေဆင်နှာမောင်း(Waterspout)တစ်ခု ယနေ့ပေါ်ပေါက်ခဲ့

စင်ကာပူတွင် ယနေ့(မေ ၁၁) နံနက်ပိုင်းက ရေဆင်နှာမောင်း(Waterspout)တစ်ခု ပေါ်ပေါက်ဖြစ်ပွားခဲ့ရာ မြင်လိုက်ရသူအချို့မှာ လေဆင်နှာမောင်း(Tornado)ဟု ထင်မှတ်ကာ ထိတ်လန့်ခဲ့ကြသည်။ အဆိုပါ ရေဆင်နှာမောင်းသည် စင်ကာပူနိုင်ငံ Tanjong Pagar Terminal အနီးရေပြင်တွင် ယနေ့ နံနက် ၉ နာရီခန့်က ပေါ်ပေါက်ခဲ့ပြီး၊ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့သည်။ မာရီနာဘေးနှင့် နိုဗင်နာ ဧရိယာမှ လူများလည်း ယင်း ရေဆင်နှာမောင်းကို မြင်လိုက်ကြရကြောင်းသိရသည်။ မြင်တွေ့လိုက်ရသူများက ဗီဒီယိုများ နှင့် ဓာတ်ပုံများရိုက်၍ လူမှုကွန်ရက်တွင် တင်ခဲ့ကြသည်။ ယင်းရေဆင်နှာမောင်းကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ ဖွင့်လှစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မန္တလေးရုံးခွဲဖွင့်ပွဲကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ဗာဂျီးနီးယား ဆေးလုပ်ငန်းစက်ရုံဝန်းအတွင်းရှိ အဆိုပါရုံး အဆောက်အဦ၌ ယနေ့နံနက် ၈နာရီအချိန်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဦးဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ UNDP နှင့် UNODC မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ် ဘားအံတောင်ကလေးအကျဉ်းထောင်အတွင်း ဆူပူမှုကြောင့် အပြင်စည်းလုံခြုံမှုကို ရယူထားရပြီးနောက် တည်ငြိမ်မှုရှိလာ

မေ ၈ ရက်ကဖြစ်ပွားခဲ့သည့်ဘားအံ (တောင်ကလေး)အကျဉ်းထောင်အတွင်းဆူပူ သောင်းကျန်းမူဖြစ်ပွားခဲ့သည့်အတွက် ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက အပြင်စည်းလုံခြုံမှုကို ရယူထားရပြီးနောက် မေ ၁၀ ရက် နံနက်ပိုင်း တွင် တည်ငြိမ်မှုရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ “အဓိကသူတို့တောင်းဆိုတာက နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသားအားလုံးတန်းတူညီမျှရရှိစေဖို့သူတို့က တောင်းဆိုတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ အကျယ်အကျယ်မဖြစ်ပွားဖို့ ဖျောင်းဖျပြောဆိုရတာပေါ့။

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်တွင်မေးမြန်း

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်းသိရသည်။ နေပြည်တော်၌ မေ ၁၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂  ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman ဘင်္ဂ္လားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စတင်စစ်ဆေနေပြီဖြစ်ပြီး လေဆိပ်လေယာဉ်ပြေးလမ်း ပျက်စီးမှုကိုလည်း လေကြောင်းလိုင်းမှပေးလျော်ရမည်ဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman ဘင်္ဂ္လားဒေရှ့်လေကြောင်းလိုင်း လေယာဉ်ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းပြင် ရန်ကုန်လေဆိပ်လေယာဉ်ပြေးလမ်း ပျက်စီးမှုများအတွက် ရန်ကုန်လေဆိပ်၏ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် YACL ထံသို့ ဘင်္ဂ္လားဒေရှ့်လေကြောင်း လိုင်းမှ ပေးလျော်သွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၈ ခုနှစ် နှစ်လယ်အထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေကျပ် ၂၉၆၀၆ ဘီလျံ၊ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ်ဘီလျံ ၁၀ဝ၄၀ ရှိပြီး ယခင်ခြောက်လနှင့် နှိုင်းယှဉ်ပါက ပုဂ္ဂလိကဘဏ်များ၌ အပ်ငွေရရှိမှု ကျပ်ဘီလျံ ၂၂၄၀ ကျော်မြင့်တက်

၂၀၁၈ ခုနှစ် နှစ်လယ်အထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၂၉၆၀၆ ဘီလျံ၊ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၁၀ဝ၄၀ ဘီလျံရှိပြီး ယခင်ခြောက်လနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိရမှု ကျပ်ဘီလျံ ၆၅၀ ကျော် လျော့နည်းသွားသော်လည်း ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၂၂၄၀ ကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ၂၀၁၉ ခုနှစ်အတွက် ပထမဦးဆုံး ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။

လွှတ်တော်ဒုတိယဥက္ကဋ္ဌ အနေဖြင့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းခြင်းမှာ မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်လွှတ်တော်သို့ စာပေးပို့ခဲ့ဟုသိရ

လွှတ်တော် ဒုတိယဥက္ကဋ္ဌဌအနေဖြင့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်း ခြင်းမှာ မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၉ ရက် ညနေပိုင်းက မွန်လွှတ်တော်သို့ စာပေးပို့ ခဲ့ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဌ ဒေါ်တင်အိ၏ ပြောကြားချက်အရ သိရသည်။ “မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဌဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးဟာ ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအ မှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးခွင့်ရှိပါတယ်။ လွှတ်တော် ဒုဥက္ကဋ္ဌဌလည်း ကိုယ်စားလှယ်ပဲလေ။ ကိုယ်စား လှယ်တိုင်းဟာ မေးခွန်းမေးခွင့်ရှိပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဌဖြစ်သူ ဒေါ်တင်အိက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် CNG သုံးမော်တော်ယာဉ်များ အဆင်ပြေစေရန်အတွက် CNG အရောင်းဆိုင်အားလုံး ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် CNG သုံးမော်တော်ယာဉ်များ အဆင်ပြေစေရန်အတွက် CNG အရောင်းဆိုင်အားလုံးကို ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။ မေ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် CNG သုံးမော်တော်ယာဉ်များ အခက်အခဲကြုံတွေ့နေရခြင်းများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နှင့် သဘာဝထိန်းသိမ်းနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ရန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေရေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မေ ၁၀ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ ပြုလုပ်သည့် “မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် သစ်တော့ပြုန်းတီးမှု၊ သစ်တောအတန်းအစား ကျဆင်းမှု ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ် Myanmar REDD + Program မှ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲအခမ်းအနားမှ သိရသည်။ “သစ်တောကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောက နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေက နိုင်ငံ၏ ၁၀ ရာခိုင်နှုန်း တိုးတက်ရမယ်ဆိုပြီး စီမံချက်ချ ဆောင်ရွက်လျက်ရှိပါတယ်” ဟု သစ်တောသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ဦးက ပြောကြားသည်။

ထန်းတပင်စက်မှုဇုန်အပါအဝင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်း ၁၉ ခုအတွက် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် MOU ရေးထိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင်စက်မှုဇုန်အပါအဝင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်း ၁၉ ခုအကောင်အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ Lotte Hotel ၌ မေ ၁၀ ရက်က ကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါစီမံကိန်း ၁၉ ခုတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ဇရပ်ကွင်း စက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ New City Light Industrial Park Project၊ Yangon City Renewal Project၊ Yangon Construction Materials Trade Centre၊ Pho Sein Highrise Project၊ Yangon Financial Tower Project၊ Crossborder E-commerce Project Platform စသည်ဖြင့် စီမံကိန်းများကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရွမ်းကူရွာတွင် ကျောင်းမျက်နှာကြက် ပြိုကျမှုဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရွမ်းကူရွာတွင် မေ ၁၀ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဒုတိယအကြိမ်မြောက် ကျောင်းမျက်နှာကြက်ပြိုကျသဖြင့် လာမည့်ကျောင်းဖွင့်ရာသီအတွက် စိုးရိမ်နေကြရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။ “ဒီရက် နေ့ခင်း ၁ နာရီကျော်အချိန်က မိုးတအားရွာတော့ ကျောင်းပြိုတယ်ဆိုလို့ သွားကြည့်တာ အရင်တစ်ခါက ပြိုတဲ့ဟာတွေပဲ။ အမိုးက ကာထားတဲ့ဟာ။ ကျောင်းတက်ချိန်ဆို ကလေးတွေထိရင် အနာဖြစ်မယ်။ အခုက ကျောင်းပိတ်ချိန်မို့လေ” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ မမူသိမ့်က ပြောကြားသည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ တွင်းမှ စုစုပေါင်း ရေနံစိမ်းစည် သုံးသန်းကျော်နှင့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၆၂၃၀ဝ၀ ကျော် ထုတ်လုပ်နိုင်ခဲ့

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆၂၃၀ဝ၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဗိုလ်တထောင်မြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူ တစ်ဦး ထိခိုက်ဒဏ်ရာရ

Image may contain: 5 people, people standing, child and outdoorရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်း လမ်းထောင့်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ဟွန်ဒါဖစ်ခဲရောင် အိမ်စီးကားနှင့် လန်ခရူဇာ အိမ်စီးကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဟွန်ဒါဖစ်ယာဉ်မှာ ယာဉ်၏ဦးခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါလာသူ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုထောင်ဆူစဉ် Live လွှင့်သူအပါအဝင် အကျဉ်းသားသုံးဦးကို အမှုဖွင့် မိုဘိုင်းဖုန်းသွင်းသည်ဆိုသော ဝန်ထမ်းငြင်းဆိုနေ၍ ထိန်းသိမ်းစစ်ဆေးနေဆဲ

ရွှေဘိုအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်တင်သည့် အကျဉ်းသားအပါအဝင် သုံးဦးကို ရွှေဘိုမြို့မရဲစခန်း၌ ယမန်နေ့က တားမြစ်ပစ္စည်းဆိုင်ရာအကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့်ထားသည် ဟု အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။ ‘‘သုံးယောက်ပေါ့။ Live လွှင့် တဲ့သူနဲ့ ရိုက်တင်တဲ့ သူတွေရော ပေါ့’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။ အမှုဖွင့်ထားသည့် အကျဉ်းသားများ သည် အသက်(၁၉)နှစ်အရွယ်ဖြစ် သည်ဟု ဦးမင်းထွန်းစိုးက ဆို သည်။

ပြည်အကျဉ်းထောင်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များကို တာဝန်ချထားဟုဆို

 ပြည်အကျဉ်းထောင်ရှေ့ တွင် ရဲတပ်ဖွဲ့ဝင်များကို တာဝန် ချထားကြောင်း ပြည်ခရိုင်ရဲတပ် ဖွဲ့မှ ရဲမှူးစိုးမြင့်က ပြောသည်။ အကျဉ်းထောင်များတွင် ဆန္ဒပြမှု ဖြစ်ပေါ်နေသောကြောင့် ပြည်အကျဉ်းထောင်၏ အခြေအ နေကို စောင့်ကြည့်ပေးရခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ ‘‘ပြည်အကျဉ်းထောင်က တော့ အေးအေးဆေးဆေးရှိပါ တယ်။ အတွင်းပိုင်းမှာတော့ အ ကျဉ်းဦးစီးက တာဝန်ယူထားပါ တယ်။ အပြင်ပိုင်းမှာ ရဲတပ်ဖွဲ့က စောင့်ကြည့်ပေးတဲ့ သဘောပါ’’ ဟု ရဲမှူးစိုးမြင့်က မေလ ၁၀ ရက် နံနက်၌ ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းသားတွေရဲ့တောင်းဆိုချက်တွေကို ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြထား

မြစ်ကြီးနားအကျဉ်းထောင်မှာ မေ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကျဉ်းသားတွေရဲ့ တောင်းဆိုချက် လေးချက်ကို ၀န်ကြီးချုပ်ဆီတင်ပြထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အကျဉ်းသားတွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် ၊ မီဒီယာတွေနဲ့တွေ့ဆုံခွင့်၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခွင့်ဆိုပြီး အချက်လေးချက်ရရှိရေးအတွက် ကြွေးကြော် တောင်းဆိုခဲ့ကြတာပါ။ မနေ့က မနက်ပိုင်းက မြစ်ကြီးနာအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တန်းတူးမရဘူးဆိုတဲ့အချက်ကို အကြောင်းပြကာ ထောင်ဆူခဲ့တာပဲဖြစ်ပါတယ်။

အရက်အတူသောက်စဉ် စကားများရာမှ သံတုတ်ဖြင့် ရိုက်ခံရသူသေဆုံး

ထန်းတပင်မြို့နယ်၌ အရက်အတူ သောက်နေစဉ် စကားများရန်ဖြစ်ရာမှ သံတုတ် ဖြင့် ရိုက်နှက်၍ လူသေဆုံးမှုဖြစ် ပွားကြောင်း မေလ ၁၀ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် သည်။  သေဆုံးသူသည် ထန်းတပင် မြို့နယ် ကမြိုင်အုပ်စု ညောင်လေး ပင်ကျေးရွာနေ (၃၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး မေလ ၉ ရက် နံနက် ၇ နာရီက ကမြိုင်ရွာအ နောက်ရှိ လယ်တောအတွင်း ဦးခေါင်း၊ ခြေထောက်ပေါက်ပြဲ စုတ်ပြတ်ဒဏ်ရာများဖြင့် သတိလစ်လဲကျနေသည်ကို ဒေသခံ တစ်ဦးက တွေ့ရှိအကြောင်းကြား ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ 

မွေးနေ့တိုင်း အလှူတွေနဲ့ ဖြတ်သန်းဖြစ်တယ်ဆိုတဲ့ ဟိန်းဝေယံ

 မေလ ၁၂ ရက်တွင် ကျ ရောက်မည့်မွေးနေ့၌ ရန်ကုန် ဆေးရုံကြီးတွင် အာဟာရဒါနပြု ရန် အစီအစဉ်ရှိကြောင်း သရုပ် ဆောင်ဟိန်းဝေယံက ပြောသည်။ ‘‘မွေးနေ့တိုင်းကို အလှူတွေ နဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။ မနှစ် က ရန်ကုန်ဆေးရုံကြီးမှာ လှူဖြစ် သလို တခြားနေရာတွေမှာလည်း လှူဖြစ်ပါတယ်။ ဒီနှစ်လည်း ရန် ကုန်ဆေးရုံကြီးမှာ မနက်စာလှူ ဒါန်းမှာပါ’’ ဟု ဟိန်းဝေယံက ပြောသည်။ အသက်တစ်နှစ်ကြီးလာ သည်နှင့်အမျှ ယခင်ထက်ရင့် ကျက်တည်ငြိမ်မှုရှိလာကာ အ မှားနည်းရန် ကြိုးစားနေထိုင် ကြောင်း ၎င်းကဆိုသည်။

ချောက်မြို့တွင် အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန် ၊ တစ်နေ့တည်း မြို့လေးမြို့ အပူစံချိန်သစ်တင်

 မြန်မာနိုင်ငံဒေသအ ချို့တွင် အပူချိန်ပြန်လည်မြင့် တက်နေပြီး ချောက်မြို့အပါအ၀င်  မြို့လေးမြို့၌ တစ်နေ့တည်း အပူ ချိန်စံချိန်သစ် တစ်ပြိုင်နက်တင်ခဲ့ သည်။ ချောက်၊ ကျောက်ဆည်၊ ဂန့်ဂေါနှင့် လွိုင်ကော်မြို့တွင် အ ပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြား   မှုဦးစီးဌာနက ယမန်နေ့ (မေလ  ၁၀ ရက်)က သတင်းထုတ်ပြန် သည်။ မကွေးတိုင်းဒေသကြီးရှိ ချောက်မြို့သည် မတ်လဆန်းက စတင်ကာ အပူချိန်သိသိသာသာ မြင့်တက်ပြီး ကျန်းမာရေးအရသတိပြုရန်လိုအပ်သည့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၆ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနေခဲ့သည်။ မေလ ၉ ရက်တွင် အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ  မြင့်တက်ပြီး စံချိန်သစ်တင်ခြင်းဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တွင် လမ်းစီမံကိန်းကိစ္စ တင်ဒါမခေါ်ခြင်းသည် ၀န်ကြီးချုပ်နှင့်သာသက်ဆိုင်ဟု အမတ်တစ်ဦး တင်ပြ

မွန်ပြည်နယ် ရေး မြို့နယ်ရှိ အောင်သပြေ-နှစ်က ရင်ကျေးရွာချင်းဆက် လမ်းစီမံ ကိန်းကို တင်ဒါမခေါ်ခြင်းသည် ၀န်ကြီးချုပ်နှင့်သာ သက်ဆိုင် ကြောင်း မော်လမြိုင်ကိုယ်စား လှယ်ဦးမင်းထင်အောင်ဟန်က လွှတ်တော်သို့ တင်ပြသည်။ မေလ ၉ ရက်ကကျင်းပ သည့် လွှတ်တော်အစည်းအဝေး တွင် အဆိုပါလမ်းကိစ္စစီမံကိန်းကို တင်ဒါမခေါ်ခြင်းသည် ၀န်ကြီး ချုပ်နှင့်သာသက်ဆိုင်ပြီး ဒေါ် အောင်ဆန်းစုကြည်ကို ကာဗာ လုပ်၍ စွပ်စွဲပြောခြင်းသာဖြစ် ကြောင်း ဦးမင်းထင်အောင်ဟန် က ဆိုသည်။

ရိုးမားနည်းပြ ရာနီရေရီ ယခုရာသီကုန်လျှင် အသင်းမှထွက်ခွာမည်

ရိုးမားနည်းပြရာနီရေရီ က ယခုရာသီကုန်ချိန်တွင်အသင်း မှ ထွက်ခွာမည်ဟု အတည်ပြု ပြောကြားသည်။ ၂၀၁၆ က လက်စတာနှင့် အတူ ပရီးမီးယားလိဂ်ဖလားရရှိခဲ့ သော အီတလီနိုင်ငံသားရာနီရေရီ သည် ဖူလ်ဟမ်၏ ထုတ်ပယ်ခြင်း ခံရပြီးနောက် မတ်လက မွေးရပ် မြို့ကလပ်ရိုးမားကို စတင်ကိုင် တွယ်ခဲ့သည်။ ရာနီရေရီသည် ယခုရာသီ ကုန်ချိန်အထိ ရိုးမားနှင့်စာချုပ် ချုပ်ဆိုထားပြီး ယင်းထက်ကျော် လွန်၍ စာချုပ်သက်တမ်းတိုးရန် ဖြစ်နိုင်သော်လည်း ရိုးမားမှ ထွက် ခွာမည်ဖြစ်ကြောင်း သောကြာ နေ့က အတည်ပြုသည်။ လက်ကျန်သုံးပွဲပြီးလျှင် ရိုး မားအသင်းနှင့် မိမိ၏အလုပ်တာ ၀န် ပြီးဆုံးမည်ဖြစ်ကြောင်း ရာနီ ရေရီက ပြောသည်။

ဟားခါးတွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်း ရှိ၊ မရှိ ဆန်းစစ်ရေး ကုမ္ပဏီများကို ဖိတ်ခေါ်

ချင်းပြည်နယ် ဟားခါး မြို့နယ်ရှိ မြေဧကတစ်သောင်း ကျော်တွင် ဘိလပ်မြေထုတ်လုပ် ရန် ဖြစ်နိုင်စွမ်းရှိ၊ မရှိ လေ့လာ ဆန်းစစ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဘူမိဗေဒလေ့လာ ရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနက ဖိတ်ခေါ်သည်။ အဆိုပါ မြေနေရာကိုပြီးခဲ့ သည့် ဖေဖော်ဝါရီတွင် ပထမအ ကြိမ် တင်ဒါခေါ်ယူသော်လည်း လျှောက်ထားသည့် ကုမ္ပဏီသည် နိုင်ငံတော်ကိုပေးဆပ်ရန် အကြွေးကျန်ရှိနေသော ကုမ္ပဏီဖြစ်၍ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

‘ပြုံးရွှင်ရေပျော်ရဲ့လား’ ရုပ်ရှင်မှာ အကယ်ဒမီမှန်းပေးကြလို့ ပျော်ရွှင်နေတဲ့ အေးမြတ်သူ

 ‘ပြုံးရွှင်ရေပျော်ရဲ့လား’ ရုပ်ရှင်ဇာတ်ကားတွင် စိန်တင်ဇာတ်ရုပ်ဖြင့် အကယ်ဒမီမှန်းပေး ကြသဖြင့် ကျေးဇူးတင်ကြောင်း သရုပ်ဆောင်အေးမြတ်သူက ပြောသည်။ ‘‘စိန်တင်အဖြစ်နဲ့ အားထုတ် ခဲ့ရတဲ့ဟာလေးတွေကို အသိအ မှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ကိုယ့်ကားရုံ တင်တာနဲ့ အကယ်ဒမီမှန်းပေး ကြတယ်။ ဒါပေမဲ့ စောပါသေး တယ်။ စိန်တင်အဖြစ်နဲ့ အသိအ မှတ်ပြုပေးတဲ့အတွက် အားလုံး အားလုံးကိုကျေးဇူးတင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဒီဇယ်ဆီနှစ်မျိုး ဈေးအနည်းငယ် ပြန်လည်ကျဆင်း

 ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ယခုရက်ပိုင်းအ တွင်း ဒီဇယ်ဆီနှစ်မျိုးတစ်လီတာ လျှင် ၁၀ ကျပ်စီပြန်လည်ကျဆင်း လာသည်။ ပြည်တွင်း စက်သုံးဆီဈေး နှုန်းများသည် မတ်လဆန်းကစ၍ ဆက်တိုက်မြင့်တက်နေရာ မေလ ဒုတိယပတ်တွင် ဒီဇယ်ဆီနှစ်မျိုး ဈေးပြန်ကျဆင်းလာသည်။ စက်သုံးဆီရန်ကုန်အထိုင် ဈေးကွက်ရှိ ဆိုင်အများစုတွင် မေ လ ၁၀ ရက်က အောက်တိန်း-92 တစ်လီတာလျှင် ၈၉၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာ လျှင် ကျပ် ၉၇၀၊ ဒီဇယ်တစ်လီ တာလျှင် ကျပ် ၁,၀၀၀ နှင့် ပရီမီ ယံဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၀၁၀ နှုန်းဖြင့် ရောင်းချခဲ့သည်။ အဆိုပါဈေးနှုန်းများအရ ဒီ ဇယ်ဆီနှစ်မျိုးသည် ဧပြီ ၃၀ ရက် ကထက် တစ်လီတာလျှင် ၁၀ ကျပ်စီကျဆင်းပြီး အောက်တိန်း ဆီနှစ်မျိုး  ဈေးနှုန်းတည်ငြိမ်နေ သည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း စီမံကိန်း ၁၉ ခု လက်မှတ်ရေးထိုး

ယမန်နေ့က စတင်ပြု လုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် တိုင်းအစိုးရက စီမံကိန်း တစ်ခုအပါအ၀င် ပုဂ္ဂလိကလုပ် ငန်းစီမံကိန်း ၁၉ ခုကို လက်မှတ် ရေးထိုးခဲ့သည်။ ဒုတိယအကြိမ်မြောက် ရန် ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပနေခြင်းဖြစ်သည်။ အဆိုပါဖိုရမ်တွင် ရန်ကုန် တိုင်းအစိုးရနှင့် ဟောင်ကောင်၊ တိုင်ပေအပါအ၀င် ကုမ္ပဏီသုံးခု က ကန်ဒေါ်လာသန်း ၅၀၀ တန် ရန်ကုန်-ထန်းတပင်နည်းပညာ ဥယျာဉ်စီမံကိန်းကို နားလည် မှုစာချွန်လွှာ ရေးထိုးခြင်းအပါ အ၀င် ပုဂ္ဂလိက ကုမ္ပဏီများက နားလည်မှုစာချွန်လွှာနှင့် သဘော တူညီမှုစာချွန်လွှာစုစုပေါင်း ၁၉ ခု လက်မှတ်ရေးထိုးသည်။

ပရိသတ်ကို လက်သီးဖြင့်ထိုးခဲ့သည့် နေမာ သုံးပွဲပယ်ခံရ

ပီအက်စ်ဂျီတိုက်စစ်မှူးနေ မာသည် ပြင်သစ်ဖလားဗိုလ်လုပွဲ တွင် ၎င်း၏အသင်းရှုံးနိမ့်ပြီး နောက် ရန်းနက်စ်အသင်းပရိ သတ်တစ်ဦးကို လက်သီးဖြင့်ထိုး ခြင်းကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသည်။ ယင်းပွဲတွင် မက်ဘီထုတ် ပယ်ခံရသည့် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီသည် စတာဒီဒီဖရန့်စ် ဘောလုံးကွင်း၌ ရန်းနက်စ်နှင့် နှစ်ဂိုးစီသရေကျပြီးနောက် ပင် နယ်တီအဆုံးအဖြတ်တွင် ၉-၈ ဂိုးဖြင့် ရှုံးကာ ၎င်းတို့၏ ပြည်တွင်း ဖလားနှစ်လုံး မျှော်လင့်ချက် ပျောက်ဆုံးခဲ့သည်။ ယင်းနောက် နေမာသည် ဒုတိယဆု ရယူရန်သွားရောက်စဉ် ပရိသတ်တစ်ဦးကို  တိုက်ခိုက်ခဲ့ သည်ဟု ဗီဒီယိုဖိုင်များ၌ မြင်ရ သည်။

လူမှုဖူလုံရေးအာမခံအလုပ်သမားများ OSC အထူးကုဆေးရုံတွင် မေလ ၁၁ ရက်ကစ၍ ဆေးကုသခွင့်ရမည်

လူမှုဖူလုံရေးအာမခံ  အလုပ်သမားများသည် မြောက် ဥက္ကလာပမြို့နယ်ရှိ OSC အထူး ကုဆေးရုံတွင် မေလ ၁၁ ရက်(ယနေ့)ကစ၍ ဆေးကုသခွင့်ရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်အေးက ပြောသည်။ လူမှုဖူလုံရေးအဖွဲ့နှင့် OSC အထူးကုဆေးရုံတို့ဆေးဝါးကုသ မှုဆိုင်ရာသဘောတူစာချုပ်ချုပ် ဆိုပြီးနောက် ရှေ့ပြေးစီမံချက်အ နေဖြင့် ယင်းဆေးရုံအနီးတစ်ဝိုက်  တွင် နေထိုင်သည့်လူမှုဖူလုံရေး အာမခံအလုပ်သမားများသည်  ပြင်ပလူနာအဖြစ်ဆေးကုသမှုစ တင်ခံယူနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

မိုးနဲမြို့နယ်မှ ပအိုဝ်းရွာသား ၁၉ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်ဟုဆို

ရှမ်းပြည်နယ် တောင် ပိုင်း မိုးနဲမြို့နယ် ဟိုနားကျေးရွာ အုပ်စု လွယ်လွန်းကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ၁၉ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဖမ်းဆီးခေါ် ဆောင်ခံရသူများ ပြန်လည်လွတ် မြောက်ရေး ကူညီဆောင်ရွက်နေ သည့် ပအိုဝ်းတိုင်းရင်းသားတစ်ဦး က ပြောသည်။  မေလ ၈ ရက်ညက ရှမ်းစကားပြောသည့် လက်နက်ကိုင် အဖွဲ့တစ်ခုက ရွာသို့ လာရောက် ခေါ်ဆောင်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောကြားကြောင်း အဆိုပါပအိုဝ်းတိုင်းရင်းသားက ပြန်လည်ရှင်းပြသည်။

သားသမီးနှစ်ယောက်ရပြီးမှ စေ့စပ်ကြတဲ့ မက်သရူးကိုမာနဲ့ ဟီလာရီဒပ်ဖ်

Younger  ရုပ် ရှင်မှ မင်းသမီးဟီလာရီဒပ်ဖ် သည် ချစ်သူသက်တမ်းနှစ်များ စွာကြာပြီဖြစ်သော  ဂီတပညာ ရှင်မက်သရူးကိုမာနှင့် တရားဝင် စေ့စပ်ခဲ့သည်။ ၎င်းတို့စုံတွဲသည် ယင်းသ တင်းကို လူမှုမီဒီယာတွင် ဖော်ပြခဲ့ ပြီးမက်သရူးက မိမိကိုလက်ထပ် ခွင့်တောင်းခဲ့ကြောင်း ဟီလာရီ ဒပ်ဖ်က ပရိသတ်များအား အသိ ပေးသည်။ ဟီလာရီဒပ်ဖ်၏ စေ့စပ် လက်စွပ်တွင် ပါဝင်သည့်စိန် သည် ခြောက်ကရက်ခန့်ရှိမည့် ပုံပေါ်ပြီးတန်ဖိုးကန်ဒေါ်လာ နှစ် သိန်းရှိသည်။ ၂၀၁၇ ကတည်းကလက်တွဲ ခဲ့သော ၎င်းတို့စုံတွဲ၏ချစ်ခရီး လမ်းတွင်ကွဲလိုက်၊ ပြန်တွဲလိုက် ဖြစ်ရပ်များရှိခဲ့ကာ ပြီးခဲ့သည့် ဆောင်းဦးရာသီက သမီးလေး တစ်ဦးမွေးဖွားပြီး သားဖြစ်သူ လူကာကွမ်ရီနှင့်ဆိုပါက မိသား စု ၀င်လေးဦးရှိလာပြီးမှ စေ့စပ်ခြင်း ဖြစ်သည်။

ဝိုင်ဘီအက်စ် (၃၉)ယာဉ်တစ်စီး မီးလောင်၊ ထိခိုက်ဒဏ်ရာရမှုမရှိ

လှိုင်မြို့နယ် အုတ်ကျင်း မှတ်တိုင်၌ ၀ိုင်ဘီအက်စ် (၃၉) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ယာဉ်အနောက်ဘက် အင်ဂျင်ခန်းဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မှတ်တိုင်တွင် ခရီးသည် တင်၊ချ ပြုလုပ်နေစဉ် မီးလောင် ကျွမ်းခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။ ‘‘သူက ကားမှတ်တိုင်မှာရပ် ထားတုန်း ကားနောက်ခန်းကနေ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးခိုးတွေ ထွက်လာတော့ ဆင်းကြည့်တယ်။ ပြီးတော့ မီးလောင်တာပါ။ ခရီး သည်တွေတော့ ဖြစ်ဖြစ်ချင်း ပြေး ဆင်းကြတော့ ဘာမှမဖြစ်ပါဘူး။ အဲဒီမှာက လှိုင်မီးသတ်တပ်ဖွဲ့နဲ့ နီးတော့ မီးငြှိမ်းနိုင်ခဲ့ပါတယ်’’ ဟု ၎င်းကပြောသည်။

ပြည်ထောင်စုအစိုးရဦးဆောင်မှုအောက် တပ်မတော်ရှိ၊ မရှိမေးခွန်း နှုတ်ဖြင့်မေးခွင့် ရုပ်သိမ်းခံရ

တပ်မတော်သည် ပြည်ထောင်စုအစိုးရ၏ ဦးဆောင် မှုအောက်တွင် ရှိ၊ မရှိနှင့်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ပဋိပက္ခ ဖြစ်ပွားခြင်း ရှိ၊ မရှိမေးခွန်းကို နှုတ်ဖြင့်မေးမြန်းခွင့်  ရုပ်သိမ်းခံ ရသည်။  ကိုယ်စားလှယ်များထံကြို တင်ဖြန့်ဝေထားသည့် အစည်းအ ဝေးအစီအစဉ်လျာထားချက်၌ မေလ ၁၀ ရက်ပြည်သူ့လွှတ်တော်   တွင် အထက်ပါမေးခွန်းမေးမြန်း ရန်ပါဝင်သော်လည်း အမှန် တကယ်ကျင်းပချိန်၌ မူယင်းအစီ အစဉ်ပါဝင်လာခြင်းမရှိပေ။

AA က ရန်ကုန်-စစ်တွေကားလမ်း၌ လေးလကျော်အတွင်း (၁၆)ကြိမ် မိုင်းထောင်ခဲ့ဟု တပ်မတော်ထုတ်ပြန်

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အနေဖြင့် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမ၌ မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်နေရာ ဇန်နဝါရီမှ မေလ ၁၀ ရက်အထိ (၁၆) ကြိမ် မိုင်းထောင်ခဲ့ကြောင်းနှင့် မိုင်း ၄၆ လုံးကို တပ်မတော်စစ် ကြောင်းများက ဖော်ထုတ်ဖောက် ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ယမန်နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်သည်။ မေလ ၁၀ ရက်က လမ်း ကြောင်းလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်စစ်ကြောင်းကို ကျောက်တော်မြို့အဝင်တွင် AA ကအဝေးထိန်း ရီမုဒ်မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်စဉ် ထိုသို့ ထည့်သွင်းဖော်ပြသည်။

ကျပ်တစ်ထောင်တန်အောင်ဘာလေထီကိုယ်စားလှယ်အချို့ သုံးလဆက်တိုက် ၀ယ်ယူရန်ပျက်ကွက်

ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ကိုယ်စား လှယ်အချို့က ၀ယ်ယူရန်ပျက် ကွက်မှုသည် မတ်လမှ မေလအ ထိ သုံးလဆက်တိုက်ဖြစ်ပေါ်နေ ကြောင်း အဆိုပါဌာနထုတ်ပြန် ချက်များက ဆိုသည်။ အဆိုပါကျပ်တစ်ထောင် တန်ထီကို ၀ယ်ယူခွင့်ရရှိထား သည့်ထီကိုယ်စားလှယ်အချို့က မတ်လကစတင်၍ သတ်မှတ်အ ရေအတွက်အတိုင်း ၀ယ်ယူခြင်း မရှိသည့်အပြင် ယခုမေလအ တွက်လည်း ၀ယ်ယူရန်ပျက်ကွက် မှုများရှိနေကြောင်း အောင်ဘာ လေသိန်းဆုဌာနခွဲက မေလ ၁၀ ရက်တွင် ကြေညာသည်။

ဘိလပ်မြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ လျှပ်စစ်မီး မရသဖြင့် ကုန်ထွက်နည်း၍ ဈေးတက်ခြင်းဖြစ်ဟုဆို

သင်္ကြန်မတိုင်မီက တစ်အိတ်လျှင် ကျပ်ငါးထောင်ခန့် သာရှိသော ဘိလပ်မြေဈေးနှုန်း သည် မေလပထမပတ်ကစတင် မြင့်တက်ပြီး မေလ ၁၀ ရက်တွင် တစ်အိတ်လျှင် ယခင်ဈေးထက် ကျပ်တစ်ထောင်ခန့် မြင့်တက်ခဲ့ ကြောင်း အောင်လံမြို့နယ်ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်ရှင်များက ပြောသည်။ ဈေးကွက်အတွင်း အသုံး များသည့် အယ်လ်ဖာနှင့် ကြံ့နှစ် ကောင်တံဆိပ် ဘိလပ်မြေသည် ယခင် ကျပ်ငါးထောင်ခန့်သာရှိ ရာမှ ယခုရက်ပိုင်း ကျပ်ခြောက် ထောင်ခန့်အထိ ဈေးမြင့်လာ ကြောင်း ၎င်းတို့ကဆိုသည်။

တစ်နိုင်ငံလုံးတွင် စာသင်ဆောင် လေးသောင်းကျော်နှင့် ကျောင်းဆရာဦးရေ ကိုးသောင်းနီးပါး လိုအပ်နေ

 တစ်နိုင်ငံလုံးတွင် ပေ ၆၀×၃၀ ရှိ စာသင်ဆောင် လေးသောင်းကျော် (၄၅,၉၉၃)နှင့် ဆရာ၊ ဆရာမ ၈၇,၉၃၄ ဦး ခန့် အပ်ရန်လိုအပ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယမန် နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ပြောသည်။ ဆရာ၊ ဆရာမ လိုအပ်ချက် သည် မူလတန်းအတွက် ၅၀,၈၂၀ဦး၊ အလယ်တန်းအတွက် ၂၄,၀၃ဦး၊ အထက်တန်းအတွက် ၁၃,၀၇၆ဦးဖြစ်သည်ဟု ဝန်ကြီးက ရှင်းပြ သည်။

လျှပ်စစ်တစ်ယူနစ် ကျပ် ၁၁၀ အထက်ပေးနိုင်လျှင် မီးမပြတ်အောင် ဝန်ဆောင်မှုပေးမည့်ကုမ္ပဏီများရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

 လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၁၁၀ နှင့်အထက်ပေးနိုင်မည်ဆိုပါက မီးပြတ်တောက်မှုမရှိဘဲ စိတ်ကြိုက်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီများရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်း လျှပ် စစ်မီးပြတ်တောက်ရခြင်းနှင့် ပတ် သက်ပြီး မေလ ၁၀ ရက်၌ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အထက် ပါအတိုင်း ဝန်ကြီးချုပ်က ပြော ကြားသည်။ ‘‘အဲဒီဈေးနှုန်းကို ပေးနိုင်မယ်ဆိုရင် မီးကို ကြိုက်သလောက် သုံးပါ၊ များများသုံးပါ တိုက်တွန်း မယ့်ကုမ္ပဏီတွေ အများကြီးရှိ တယ်၊ ပေးချင်လွန်းလို့။ မြန်မာ နိုင်ငံကို လျှပ်စစ်ကုမ္ပဏီတွေ ဘာ ကြောင့် စိတ်ဝင်စားလဲ မီးခဏ ခဏပြတ်လို့ စိတ်ဝင်စားတယ်။ မီးမှန်နေရင် ဘယ်သူမှ စိတ်မဝင် စားဘူး’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ဖြည့်ရန် တရုတ်နိုင်ငံမှ ဓာတ်အားရယူမည်

နိုင်ငံ၏ဓာတ်အား လိုအပ်ချက်အရ ၂၀၂၁ မတိုင်မီ တရုတ်နိုင်ငံမှ လျှပ်စစ်မဂ္ဂါဝပ်  ၁,၀၀၀ သယ်ယူရန် ဆောင်ရွက် နေသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။ ‘‘ပြောရရင် BRI (တရုတ်ဦး ဆောင်၍ ကမ္ဘာ့နိုင်ငံများနှင့် ချိတ် ဆက်ရန် စီစဉ်နေသောရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခုစီမံ ကိန်း)နဲ့လည်း ဆက်စပ်မှုရှိပါ တယ်။ China Southern Power Grap အနေနဲ့ နဂိုကတည်းက ၀န်ကြီးဌာနနဲ့ တိုင်းတာမှုတွေလုပ် တာရှိပါတယ်။

မန္တလေးအိုးဘိုထောင်နှင့် အကျဉ်းစခန်း ငါးခုသို့ လူ့အခွင့်အရေးကော်မရှင် သွားရောက် စစ်ဆေးမည်

အကျဉ်းထောင်အချို့ ဆူပူမှုဖြစ်နေ၍ တာဝန်ရှိသူများ က ထိန်းသိမ်းနေစဉ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင် တာဝန်ရှိသူအချို့  မန္တလေး အိုးဘိုထောင်နှင့် အကျဉ်းစခန်း ငါးခုသို့ သွားရောက်စစ်ဆေးမည် ဖြစ်သည်။ မန္တလေးအိုးဘိုထောင်၊ ကျောက်ဆည်မြို့နယ်ရှိ ဘဲလင်း (၁)နှင့် ဘဲလင်း(၂) အကျဉ်းစခန်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ထုံးဘို(၁)၊ ထုံးဘို(၂)၊ ထုံးဘို(မ)အကျဉ်း စခန်းများသို့ သွားရောက်စစ်ဆေး မည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မကွေးတိုင်းပြည်သူလူထု တွေ့ဆုံပွဲသို့ လူ ၂,၀၀၀ ခန့် တက်ရောက်

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မကွေးတိုင်းပြည်သူလူထုနှင့် တွေ့ဆုံပွဲကို မကွေးမြို့တော်ခန်းမတွင် ကျင်းပရာ ပြည်သူ ၂,၀၀၀ ခန့် တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲကို မေလ ၉ ရက် ညနေ ၅ နာရီခန့်တွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ ခန်းမအတွင်း ပြည်သူလူထု ၁,၀၀၀ ကျော်နှင့် ခန်းမအပြင် ဘက်၌ ၈၀၀ ကျော် တက်ရောက် ခဲ့သည်။

တစ်နှစ်ကျော်အရွယ် ကလေးကို ညှဉ်းပန်းသည့် အဘွားနှင့် အဒေါ်ကို စတင်ရုံးထုတ် သက်ဆိုင်ရာက တရားလို ဆက်လုပ်စေလိုဟု အမှုတိုင်ကြားသူပြော

တစ်နှစ်နှင့်ကိုးလအရွယ် ကလေးငယ်ကို ညှဉ်းပန်းနှိပ်စက် သည့် အဘွားနှင့်အဒေါ်ကိုထောင် ဒဏ် ၁၀ နှစ်မှ တစ်ကျွန်းအထိ ကျခံနိုင်သည့်ပုဒ်မဖြင့် မြောက် ဥက္ကလာပမြို့နယ် တရားရုံးတွင် မေလ ၁၀ ရက်က ရုံးထုတ်ခဲ့ သည်။ ကလေးငယ်ကို ကျောက် စည်ကန်အတွင်း ရေနှစ်နေသည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင် ပျံ့နှံ့ လာပြီးနောက် နှိပ်စက်ညှဉ်းပန်း သူအဘွားနှင့်အဒေါ်ကို မြောက် ဥက္ကလာပရဲစခန်းက ဧပြီ ၂၁ ရက် တွင် ဖမ်းဆီးပြီး ကလေးသူငယ် ဥပဒေဖြင့် ကနဦးအမှုဖွင့်ခဲ့သည်။

အမတ်နှင့် လူထုတွေ့ဆုံပွဲများ၌ စရဖသတင်းလိုက်လံရယူမှု မေးခွန်းထုတ်

လွှတ်တော်ကိုယ် စားလှယ်နှင့် မဲဆန္ဒရှင်တွေ့ဆုံပွဲ များတွင် စစ်ဘက်ရေးရာ လုံခြုံ ရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ စောင့်ကြည့် သတင်းယူခြင်း ကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု ခံစားနေရကြောင်း အမတ်အချို့ ကပြောသည်။ စရဖတပ်ဖွဲ့ဝင်များ၏ ထိုသို့  ဆောင်ရွက်မှုများသည် နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနှင့် ညီ ညွတ်မှုရှိ၊ မရှိယမန်နေ့က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်အမတ် ဦးခင်ဇော်က မေးခွန်းထုတ်သည်။

အာရှ၏နောက်ဆုံးစီးပွားရေးဥပစာဖြစ်သော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပလုပ်ငန်းရှင်များကို အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

အာရှ၏ နောက်ဆုံးစီး ပွားရေးဥပစာဖြစ်သော မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ ခြားသားလုပ်ငန်းရှင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖိတ် ခေါ်သည်။ ယမန်နေ့က ပြုလုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ တွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့်ပြောကြားသော အမှာ စကားတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းဖြစ်သည်။  ‘‘လုပ်သာကိုင်သာရှိသော၊ လွယ်ကူချောမွေ့သော၊ ကြိုတင် ခန့်မှန်းနိုင်သော ပွင့်လင်းမြင်သာ မှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခု ကို ကျွန်မတို့ဖန်တီးပေးဖို့ အခိုင် အမာပြောကြားလိုပါတယ်’’ ဟု နိုင်ငံခြားသား စီးပွားရေးလုပ်ငန်း ရှင်များစွာတက်ရောက်သည့် ဖို ရမ်တွင် ဒေါ်အောင်ဆန်းစုကြည် က အမှာစကား၌ ထည့်သွင်း ပြောကြားသည်။

ကျောက်တော်မြို့အနီး ပေါက်ကွဲမှုဖြစ် တဦးအသေဖမ်းဆီး

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ဗုံးခွဲတိုက်ခိုက်သူ AA တပ်ဖွဲ့ဝင်ကို အသေဖမ်းဆီးခဲ့တဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က ညနေပိုင်းမှာလည်း ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာ တပ်မတော်စစ်ကြောင်း ဗုံးခွဲတိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုမရှိဘူးလို့ တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

Biman လေယာဉ်လမ်းချော်မှု မြန်မာ့လေကြောင်းဦးစီး စုံစမ်းစစ်ဆေး

ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်းလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ပြေးလမ်းကျော်မှုဟာ လေယာဉ်ဘီးနဲ့ ပြေးလမ်းထိရမယ့်နေရာမှာ မထိတဲ့အတွက် အရှိန်မထိန်းနိုင်ပုံရတယ်လို့ လေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က VOA မြန်မာပိုင်းကို ပြောပါတယ်။ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၃၅ ယောက်ပါတဲ့ လေယာဉ် အဆင်းမှာ လမ်းချော်ပြီး အပိုင်းလိုက်ကျိုးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ လေကြောင်းဦးစီးဌာန ဒုညွှန်ချုပ် ဦးရဲထွဋ်အောင်က ပြောကြားခဲ့တာပါ။ လေယာဉ်လမ်းချော်တာနဲ့ ပတ်သက်လို့ နောက်ဆုံး သိထားတာနဲ့ပါတ်သက်လို့ လေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကို မစုမြတ်မွန်က မေးတဲ့အခါ သူကအခုလို စဖြေပါတယ်။

ကုလ ကူညီရေးအရာရှိ ရခိုင်၊ကချင် ပဋိပက္ခဒေသများ သွားမည်

Ursula Mueller ရဲ့ ၂၀၁၈ တုန်းက ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)လူသားခြင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီနေ့ရန်ကုန်မြို့ကို ရောက်လာပြီး မနက်ဖြန်မှာတော့ ရခိုင်ဒေသ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိနေပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပဋိပက္ခတွေ အခြေအနေတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားဖို့ ရည်ရွယ်ထားတဲ့ခရီးစဉ်တခုဖြစ်ပါတယ်။ ကိုဇော်ထက် ရန်ကုန်ကနေပေးပို့ထားပါတယ်။

ကျောက်တန်းကျေးရွာက ဖမ်းဆီးခံ အရပ်သားတွေအရေး ကုလစိုးရိမ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်းထားစဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုက်က ဆက်လက် တင်ပြပေးပါမယ်။

မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ်းရှိ အမှိုက်ပုံအနီး၌ ကျည်ဆံ ၇၈၂ တောင့် တွေ့ရှိသိမ်းဆည်း

မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်းအရှေ့ဘက်၊ ကျောက်သားဥယျာဉ်အုတ်နံရံဘေး၊ အမှိုက်ပုံအနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က MA(အမ်မ်အေ)(၁၊ ၂၊ ၃၊ ၄)လက်နက်သုံး ကျည်ဆံ ၇၈၂ တောင့်အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆေးသုတ်နေ့စားအလုပ်သမားဖြစ်သူ မောင်ကိုဦးသည်ယနေ့နံနက်ပိုင်းက အလုပ်ဆောင်ရွက်နေစဉ် ကျည်ဆံများတွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဆင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ

အကျဉ်းသားကိုဖုန်း ရောင်းတဲ့ ရွှေဘိုထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေး

အကျဉ်းထောင်အတွင်းက အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းနေပါတယ်။
ပြီးခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ သူ အကျဉ်းသားကို အရေးယူထားပြီး ဖုန်းရောင်းတဲ့ ထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေးနေတယ် လို့ ရွှေဘိုအကျဉ်းထောင် ထောင်မူး က ရွှေဘိုအကျဉ်းထောင် ရှေ့ မှာ သတင်းထောက် တွေကို ဒီနေ့မနက်က ပြောလိုက်ပါတယ်။ေ ရွှဘိုအကျဉ်းထောင် ထောင်မှူး ဦးဇော်ထွန်း ကို ဒီသတင်းနဲ့ပက်သက်လို့ တိုက် ရိုက် ဆက်သွယ် မေးမြန်း ခဲ့ပြီး သူကမှတ်ချက်တစုံရာမပေးလို ဘူးလို့ ဘီဘီ စီကို ပြောပါတယ်။

ထောင်ဆူပူမှုများနှင့် အမြင်အမျိုးမျိုး

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေး သွားမယ်လို့ မနေ့တုန်းကထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ အကျဉ်းသားတွေ သောင်းနဲ့ချီ မကြာခင်က ပြန်လွှတ်ပေးတဲ့အပေါ် မျှတမှုမရှိဘူးလို့ အကျဉ်းသားတွေက ပြောနေကြတာပါ။ အခုလိုဆူပူမှုတွေနဲ့ အာဏာပိုင်တွေရဲ့ကိုင်တွယ်မှုတွေအပေါ် အမြင်တွေကလည်း အမျိုးမျိုးရှိနေပါ တယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်ဆက်ပြောပါလိမ့်မယ်။

နှစ်မကုန်ခင် လျှပ်စစ်မီးလိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ၅ဝ ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးဖို့ မျှော်မှန်းထားပါတယ်။ ဒ့ါအပြင် နောက် ၃ နှစ်အတွင်းမှာ အပြည့်အဝရရှိဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မကွေးဒေသခံပြည်သူတွေနဲ့ မနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့ အလှည့်ကျ မီးပေးစနစ် ဇွန်လလယ်မှာ အဆင်ပြေနိုင်မည်

NLD အစိုးရရဲ့ တတိယ ၁ နှစ်ကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနသုံးခုက ၂၀၁၉ ဧပြီ ၉ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ် /Photo: Win Ko Ko Latt/RFA
ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး လာမယ့် ဇွန်လလယ်မှာ အဆင်ပြေနိုင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး က ပြောလိုက်ပါတယ်။

ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိပဲခူးကလပ်အဆောက်အအုံကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်

  ၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြ၏ အမွေအနှစ်များအဖြစ် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမအား ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့ပြီး ဗဟိုအမျိုးသမီး ဆေးရုံအား ၂၉ ခုမြောက်အဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့ရာ အခု ၃၀ မြောက်အဖြစ် ပဲခူးကလပ် အဆောက်အအုံကို ဆက်လက်တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်စီမံကိန်း အရာရှိ ဦးသူရိန်အောင်က ပြောသည်။

ဖမ်းဆီးခံ လက္ကာရွာသား သုံးဦး သေဆုံးမှု အဖြစ်မှန်စုံစမ်းပေးဖို့ မိသားစုဝင်တွေ တောင်းဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာ စစ်တွေတပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။ သေဆုံးသူမိသားစုဝင်တွေကို RFA က မနေ့က သီးသန့်တွေ့ဆုံရာမှာ အခုလို တောင်းဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီတွေနဲ့ အစိုးရကော်မတီ ဆွေးနွေး

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် အကြောင်းအရာ ကန့်သတ်ချက်မရှိပဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖမ်းဆီးခံ အရပ်သားတွေ သေဆုံးမှု စုံစမ်းဖော်ထုတ်ဖို့ ရခိုင်အမတ်တွေတိုက်တွန်း

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဆက်လက် ဖမ်းဆီးခံ ထားရသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ရခိုင်နိုင်ငံရေး အသိုင်းအ၀န်းက တိုက်တွန်းလိုက်ကြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တပ်မတော်ကပါ စုံစမ်းဖော်ထုတ်ဖို့ စီစဉ်နေချိန်မှာပဲ အခုလို တိုက်တွန်းလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

Facebook ကုမ္ပဏီ ၂ ခြမ်းကွဲတော့မလား

ကမ္ဘာ့ အကြီးဆုံးလူမှုကွန်ယက် Facebook ကိုတည်ထောင်သူ Mark Zuckerberg ရဲ့ အခန်းဖော်ဖြစ်ခဲ့ဖူးသူ Facebook ကုမ္မဏီ တွဲဖက် တည်ထောင်သူ Chris Hughes က ကုမ္မဏီ ခွဲထွက်လိုကြောင်း ကို မနေ့ ကြာသပတေးနေ့ထုတ် New York Times သတင်းစာ အတွေးအမြင် ဆောင်းပါးတပုဒ် မှာ ရေးသား ဖော်ပြပါတယ်။ ကုမ္မဏီ တခုထဲက လက်ဝါးကြီးအုပ် ချုပ်ကိုင်တာကို ဆန့်ကျင်ပြီး နည်းပညာ ကုမ္မဏီ ကြီးတွေကို ခွဲထုတ်ဖို့ တိုက်တွန်းနေကြတဲ့ လွှတ်တော်အမတ်တွေ အကြိုက် Hughes ကဒီလို ပြောတာပါ။

တရုတ်-မြန်မာရထားလမ်းအတွက် ယူနန်မှာ လှိုဏ်ခေါင်းဖောက်နေ

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ ရထားလမ်းဖောက်လုပ်ဖို့အတွက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ လှိုဏ်ခေါင်းတစ်ခု စတင်ဖောက်လုပ်နေပြီလို့ တရုတ်မီးရထားဌာနက ပြောဆိုကြောင်း ဒီကနေ့ထုတ် တရုတ်ဆင်ဟွာသတင်း တပုဒ်မှာဖော်ပြထားပါတယ်။ လှိုဏ်ခေါင်းအရှည် မီတာ ၃၇ဝဝ ( ၂ မိုင်) ကျော်ဆောက်လုပ်ပြီးနေပြီလို့ မီးရထားဌာန Dalin မီးရထားလမ်း စီမံကိန်း အမှတ် ၁ဝ အင်ဂျင်နီယာဌာန ကပြောပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ အဲဒီ Dali-Lincang လှိုဏ်ခေါင်းဟာ ကီလိုမီတာ ၂ဝဝ (၁၂၄ မိုင်) ရှည်ပြီး ၂ဝ၂၁ ခုနှစ်မှာ အပြီးတည်ဆောက်မယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ် တွေ နောက် စရဖ လိုက်တာ ဥပဒေနဲ့ အညီပါလို့ ဒုဝန်ကြီး ရှင်း

အလွယ် တကူ သတင်းရ ယူနိုင်တဲ့ ကိစ္စတွေ ဖြစ်လို့ ဒီကိစ္စ ပေါ် သတင်းရယူခြင်း ဟာဥ ပဒေ ချိုးဖောက်ရာ မရောက်ဘူးလို့ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ဖြေခဲ့ပါတယ် လွှတ်တော် ကိုယ်စားလှယ်တွေနောက်ကို စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ယောင်ခံလိုက် သတင်းယူနေမူတွေဟာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မေလ ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ရှင်းလင်းသွားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမူ့များအပေါ် စရဖလို့ခေါ်တဲ့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ညီမညီ ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြည်သူ့လွှတ်တော်မှာ မေးလိုက်တာပါ ။

ရန်ကုန်တွင် အမှိုက်ရှင်းလင်းပြီးနေရာများ ပြန်လည်စည်းကမ်းမဲ့ အမှိုက်ပစ်မှုများရှိနေ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ ရေမြောင်းအတွင်းကို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က CleanYangonအဖွဲ့မှ စေတနာဝန်ထမ်းများက စုပေါင်းပြီး အမှိုက်ရှင်းလင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာ ရှင်းလင်းထားတဲ့ ရေမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေ ပြန်ပြီး တွေ့နေရပါတယ်။ ဒီလိုမျိုး စည်းကမ်းမဲ့ အမှိုက်ပြန်လည်စွန့်ပစ်မှုတွေကို တဖြည်းဖြည်းအရေးယူသင့်တယ်လို့ မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။

မန်ချက်စတာ မက်ထရိုပိုလစ်တန်တက္ကသိုလ်မှ ကိုယ်စားလှယ်များ အတွေ့အကြုံဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ်

မန်ချက်စတာ အခြေစိုက် မန်ချက်စတာ မက်ထရိုပိုလစ်တန်တက္ကသိုလ်(Manchester Metropolitan University/MMU)မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အခြေအနေများအား ယခုရက်သတ္တပတ်အတွင်းက လာရောက်လေ့လာခဲ့ပြီးနောက် ယင်းတို့၏ အတွေ့ကြုံ ဖလှယ်ပွဲတစ်ရပ်ကို ယနေ့ ၄ နာရီခန့်က ရန်ကုန်မြို့ အလုံမြို့နယ်ရှိ AYA Bank ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး

  ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ တွင် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှုများ အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီး မြို့နယ် အတွင်း မေ ၇ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဖျောက်မြို့၊ (၁)ရပ်ကွက်ပါ (၄)ရပ်ကွက်နှင့် ငါးလာချောင်းကျေးရွာပါ (၃) ရွာတို့၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၂၈၉) လုံး အမိုးလန် ၊ နေအိမ် (၂၀) လုံးနှင့် ဘာသာရေးအဆောက်အဦး (၂) လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ ပါတီ အစိုးရဖွဲ့နိုင်

ထိုင်းစစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ကျန်အိုချာ ဝန်ကြီးချုပ် ဆက်ဖြစ်လာမယ်လို့ မျှော်လင့်ရ
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီကို ထိန်းသိမ်းမယ်ဆိုပြီး ကတိပြုထားတဲ့ ရွေးကောက်ပွဲနောက်ပိုင်း စစ်တပ်က အားပေးထောက်ခံတဲ့ ပါတီ အစိုးရဖွဲ့ မယ်လို့ မျှော်လင့်ရပါတယ်။ေ ရွးကောက်ပွဲပြီးလို့ တလခွဲအကြာမှာ ရွေးကောက်ပွဲကော်မရှင်က အချိုးကျရွေးကောက်ပုံစနစ်အရ ရွေးချယ်တဲ့ အမတ်နေရာ ၁၅၀ အတွက် ရွေးချယ်ခံရသူ အမည်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အခုရလဒ်ကြောင့် စစ်တပ်က ကျောထောက်နောက်ခံပေးနေတဲ့ ပလန်ပရာချာရတ်ပါတီဟာ နောက်တက်မယ့် ဝန်ကြီးချုပ်ကို ရွေးချယ်နိုင်ဖို့ အခွင့်သာသွားပြီဖြစ်ပါတယ်။