Friday, June 7, 2019

နန်းနန်းဘွန်းကျောက်ရွှေဆိုင် နောက်တစ်ဆိုင် အနုကြမ်းစီးခံရ

လွန်ခဲ့တဲ့ ၂လကျော်က ဓားပြတိုက်ခံရတဲ့ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ရဲ့ ဆိုင်ခွဲတစ်ဆိုင်ဖြစ်တဲ့ နန်းနန်းဘွန်းကျောက်ရွှေဆိုင် (၂) ကို ဒီကနေ့ ဇွန်လ ၃ရက် နေ့လည်ပိုင်းက အနုကြမ်းစီးပြီး ရွှေတွေယူသွားတယ်လို့ ကနဦးသတင်းရပါတယ်။ နေ့လည် ၂နာရီခွဲလောက်က မျက်နှာဖုံးစွပ်လူ ၂ဦးက တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ နန်းနန်းဘွန်းကျောက် ၂ ရွှေဆိုင်တွင်းဝင်လာကာ သေနတ်ဖြင့်ချိန်ပြီး ရွှေတွေယူသွားတာ ဖြစ်ပြီး ဆိုင်မှာခင်းကျင်းပြသထားတဲ့ ရွှေ(၈၀)ကျပ်သားခန့် ပါသွားတယ်လို့ သိရပါတယ်
။ အနုကြမ်းဝင်စီးသူ (၂)ယောက် ဆိုင်ကယ်မောင်းနှင်သွားတဲ့ နောက်ကို ပတ်ဝန်းကျင်က လူတစ်ဦးက လိုက်တဲ့အခါမှာ သေနတ်နဲ့ ထုတ်ချိန်တယ်လို့ အနုကြမ်းစီးသူတွေနောက်ကို လိုက်ခဲ့သူက ပြောပါတယ်။ "သေနတ်နဲ့ (၃)ခါထုတ်ချိန်တယ်။ အဲဒါနဲ့ ဆက်မလိုက်ရဲတော့ဘူး" လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း ခ ရပ်ကွက်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို လူ ၆ဦးက ဓားပြတိုက်ခဲ့ပါသေးတယ်။

No comments:

Post a Comment