Friday, June 7, 2019

အင်း​တော်​မြိုနယ်​ ပင်​ဝယ်​​ကျေးရွာတွင်​အမျိုးသားတစ်​ဦး အရက်​​သေစာမူးယစ်​​သောက်​စားပြီး ဓားကိုင်​ရမ်းကား

စစ်​ကိုင်းတိုင်း​ဒေသကြီး အင်းတော်​မြို့နယ်​ပင်​ဝယ်​​ကျေးရွာတွင်​ အမျိုးသားတစ်​ဦး အရက်​​သေစာမူးယစ်​​သောက်​စားပြီး ဓားကိုင်​ရမ်းကား​နေသဖြင့် အ​ရေးယူနိုင်​ခဲ့သည်​ ။ ဖြစ်​စဉ်​မှာ ဇွန်​ ၁ရက်​​ ​နေ့လယ်​ ၁၂နာရီခွဲက ရဲတပ်​သားညီညိစိုးပိုင်​ သက်​​သေပင်​ဝယ်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးဦးထွန်းလင်း​အောင်​ ဦး​အောင်​နို​င်​ ဦးမွန်း​အောင်​ အဖွဲ့တို့နှင့်အတူ နယ်​​မြေလှည့်ကင်းဆောင်​ရွက်​​နေစဉ်​ ပင်​ဝယ်​​ကျေးရွာကချင်​စုရပ်​ကွက်​အတွင်းရှိ လမ်းမ​ပေါ်တွင် ​လူတစ်​​ယောက်​မူးပြီးဓားကိုင်​ရမ်းကား​နေ​ကြောင်း သတင်းအရ သွား​ရောက်​ရာ ၎င်းမှာပင်​ဝယ်​​ကျေးရွာကချင်​စုရပ်​ကွက်​​နေ အဖဦး​ကျော်​ဝင်း၏သား သန်းစိုး ၃၃နှစ်​ဖြစ်​ပြီးလမ်းမ​ပေါ်တွင်​ အရက်​​သေစာ​သောက်​စားမူးယစ်ပြီး အရိုးအသွား၁၀ လက်မခန့်ရှိ သော သစ်​သားရိုးတပ်​ ဓားဦးချွန်​အားကိုင်​​ဆောင်​၍ ရမ်းကား​သောင်းကျန်းနေ​ကြောင်း​တွေ့ရှိရသဖြင့် သက်​​သေများ​ရှေ့​မောက်​တွင်​ ရှာ​ဖွေပုံစံဖြင့်သိမ်းဆည်းကာ ရဲအုပ်​ဝင်းကိုမှ တရားလိုပြုလုပ်​၍တိုင်​တန်းခဲ့​ကြောင်း သိရသည်​ ။ ဖြစ်​စဉ်​​ကြောင့် အရက်​​သေစာ​သောက်​စားမူးယစ်​ပြီး အများသူငှာသွားလာရာ​နေရာတွင်​ ဓားကိုင်​ရမ်းကားသူ သန်းစိုး ၃၃နှစ်​အား ​မော်​လူးနယ်​​မြေရဲစခန်က အမှုဖွင့်အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်းသိရသည်​။

No comments:

Post a Comment