Friday, June 7, 2019

မင်းပြား ရွှေတမာကျေးရွာအနီး တိုက်ပွဲကြောင့် အရပ်သားတစ်ချို့ထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ ရွှေတမာကျေးရွာအနီး ဇွန်လ ၂ ရက်နေ့ နေ့လယ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ လက်နက်ကြီးကျည်စများ ထိမှန်၍ မြောင်းဘွေအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသလို ရှမ်းရွာမှ မူဆလင်သားမိ နှစ်ဦးလည်း ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။ြေ မာင်းဘွေ ဒေသခံ တစ်ဦးက “ မြောင်းဘွေက ဒဏ်ရာရသွားသူက ဒေါ်နှင်းမြရီဖြစ်ပါတယ်။ အိမ်ဝင်းထဲမှာ ရှိနေစဉ် နောက်ကျောကို လာထိတာပါ။ ညနေ ၄ နာရီကျော်လောက်ကပါ။ အခုသူမကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်” ဟု ပြောကြားသည်။



၎င်းပြင် ရှမ်းရွာမူဆလင်ရွာမှ သားမိနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ ရှမ်းရွာက မူဆလင်သားမိနှစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အမေဖြစ်သူကို ကလေးကို ပွေ့ချီထားစဉ် လာထိတယ်လို့ ပြောပါတယ်။ ညနေ ၃ နာရီကျော်လောက်မှာလို့ သိရပါတယ်။ အခု မြောင်းဘွေ တိုက်နယ်ဆေးရုံကို ရောက်ရှိနေပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။

သေနတ်ကျည်ဆံများ၊ လက်နက်ကြီးမျာမှာ မြောင်းဘွေရွာအတွင်းသို့ ကျရောက်ခဲ့မှုများရှိခဲ့ပြီး မြောင်းဘွေဆေးရုံဝင်းအတွင်းရှိ လူနာဆောင်နှင့် ၀န်ထမ်းနေအိမ်အဆောင်များသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးရှိ ရွှေတမာကျေးရွာတွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ဇွန်လ ၂ ရက်နေ့ ညဥ့် ၉ နာရီ အချိန်က ဆက်သွယ်စဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာများမှ အရပ်သား ထိခိုက်မှု အများအပြား ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

No comments:

Post a Comment