Friday, June 7, 2019

သိန္နီမြို့တွင် ငွေကျပ် သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

သိန္နီမြို့မှာ ငွေကျပ်သိန်းပေါင်း ၃၇၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွတ်ဆေးပြား တွေကို ဇွန်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ ၃ ရက်နေ့ ည ၁၁း၃၀ အချိန်က သိန္နီမြို့ အိုရီယမ်တယ် တိုးဂိတ်အနီး ၊ မူဆယ် -မန္တလေး သွားကားလမ်းမကြီးပေါ်မှာ လွင်မျိုးအောင်(ခ) အိုက်ပီး မောင်းနှင်ပြီး ရန်စန်းဆိုသူ လိုက်ပါလာတဲ့ တိုယိုတာ လန်ခရုဇာ ကားအမျိုးအစားကို ရပ်တန့် စစ်ဆေးရာမှ အဆိုပါ ကျပ်သိန်း သုံးသောင်းကျော်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ။


ကားကို ရပ်တန့်စစ်ဆေးစဉ် ရန်စန်း မှာ ထွက်ပြေးသွားပြီး ကားအနောက်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၅၀၀၀၀ ပြား၊ ငွေကျပ် ၂သိန်းနဲ့ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ လွင်မျိုးအောင်(ခ) အိုက်ပီး ၃၃ နှစ် နဲ့ ရန်စန်း ၅၀ နှစ် ( ထွက်ပြေးတိမ်းရှောင်) တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment