ထိုင်းက ကမ္ဘာ့အကြီးဆုံးလို့ ပြောလို့ရတဲ့ ချာတူချက်ညဈေးမီးလောင်လို့ လူနှစ်ယောက်ဒဏ်ရာရပြီး ဆိုင် ၃၀ လောက်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက အတည်ပြုပါတယ်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့နဲ့ Jor Sor 100ရေဒီယိုတို့က ဈေးမီးလောင်နေတယ်လို့ တနင်္ဂနွေနေ့ည ၉ နာရီလောက်မှာ သတင်းပို့ခဲ့ပြီး တစ်နာရီလောက်အကြာမှာ မီးထိန်းနိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူတော့မရှိခဲ့ပါဘူး။
ဈေးရဲ့ဝင်ပေါက်အမှတ် ၁ မှာ မီးလောင်ခဲ့ပြီး ဘာကြောင့်မီလောင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။
မီးလောင်မှုဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းနေတယ်လို့ ရဲတွေကပြောပါတယ်။
ဒါပေမဲ့ မီးအားဆောင့်တက်လို့ အပူကာပေါက်(short circuit)ပြီး မီးလောင်တာဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှဖော်ပြပါတယ်။
ချာတူချက်ဈေးက ဆိုင်ခန်းပေါင်း ၁၅၀၀၀ လောက်ဆီ တစ်ပတ်ကို လူ ၂ သိန်းလောက်လာရောက်ကြတယ်လို့ ဈေးစီမံခန့်ခွဲရေးအဖွဲ့ကပြောပါတယ်။
No comments:
Post a Comment