Friday, June 7, 2019

မုဒိမ်းမှု ပြစ်ဒဏ် ထိုင်းတိုးမြှင့်

ထိုင်းနိုင်ငံမှာ ကလေးသူငယ် လိင်ကုန်ကူးမှုတွေ မြင့်တက်လာနေပြီး ဒီပေါ်က အမြတ်ထုတ်တဲ့ webcam စင်တာတွေ များလာတယ်ဆိုတဲ့ အစီရင်ခံချက်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့ အတူ အဓမ္မပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မျှဝေမှု အတွက် ပြစ်ဒဏ်တွေ တိုးမြှင့်လိုက်ပါတယ်။



ဒီပြောင်းလဲမှုက တနလာင်္နေ့မှာ စတင်သက်ရောက်ခဲ့ပြီး မုဒိမ်းမှုကျူးလွန်သူတွေ အတွက် ထောင်ဒဏ် ၂ ဆ တိုးမြှင့်လိုက်တာမှာ အများစုကတော့ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုတွေကို ကိုယ်တိုင် ဓာတ်ပုံ ဗီဒီယိုနဲ့ ရိုက်ယူပြီး ဖြန့်ဝေသူတွေကိုတော့ ထောင်ဒဏ် နှစ် ၂၀ ကျော် အထိ တိုးမြှင့်လိုက်တာပါ။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူဆီက အမြတ်ထုတ်ဖို့ အတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို မှတ်တမ်းတင်သူ မုဒိမ်းသမားတွေရဲ့ ထောင်ဒဏ်ကိုတော့ သုံးပုံတပုံ တိုးမြှင့်လိုက်ပါတယ်။

သြဇာအာဏာသုံးပြီး မုဒိမ်းမှု ကျူးလွန်ကြသူတွေ၊ ဥပမာ ဆွေမျိုးတွေနဲ့ ဆရာတွေလိုမျိုး မုဒိမ်းသမားတွေရဲ့ ထောင်ဒဏ်ကိုလည်း သုံးပုံတပုံ ထပ်တိုးလိုက်ပါတယ်။

No comments:

Post a Comment