Friday, June 7, 2019

''ကာရိုက်တာအတွက် လိုအပ်လို့ ရေကူးဝတ်စုံ ဝတ်လိုက်ရတာပါ '' အိချောပို

'Lady Boy''ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အိချောပိုကို အခုလိုမေးမြန်း ဖြစ်ခဲ့ပါတယ်။
မေး-မကြာခင်ရုံတင်တော့မယ့် Lady Boy ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
ဖြေ-ပရိသတ်တွေလည်း ဒီဇာတ်ကားလေးကို လက်ခံမယ်လို့ထင်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင် တွေရော အဖွဲ့သားတွေ အကုန်လုံးရော သေသေ ချာချာလေး ကြိုးစားပြီးတော့ ရိုက်ကူးထားကြ တယ်။ ဇာတ်ကလည်း ဟာသလေးရော အက်ရှင် တွေပါ ပါတာကြောင့် ပရိသတ်တွေ ကြိုက်မယ် လို့ထင်ပါတယ်။



မေး-ဒီဇာတ်ကားမှာ ထိုင်းစကား ရော ပြောရသေးလား။

ဖြေ-ထိုင်းစကားကတော့ တချို့အခန်းလေးတွေ မှာတော့ ပြောရတာ တွေရှိပါတယ်။ ဟို က စကားပြန်က သေချာသင်ပြပေး ပါတယ်။ ကိုယ် လည်းကြိုးစားသင် ယူပြီးတော့ ပြော ထားပါတယ်။

မေး-ဒီဇာတ်ကားမှာ ရေကူးဝတ်စုံဝတ်ရတာ နဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ-မလိုအပ်ရင်တော့ မဝတ်ဖြစ်ပါဘူး။ ကိုယ်ပုံမှန်သွားလာနေကျ ပုံစံကလည်း အဲဒီလိုပုံစံ မျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုအပေါ်မှာ ကာရိုက်တာအရ လိုအပ်တယ်ဆို ရင် လုပ်ပေးတယ်။ အဲဒါကြောင့် ဒီဇာတ်ကားက နိုင်ငံခြားမှာရောက်နေတဲ့ မော်ဒယ် တစ်ယောက်ရဲ့ကာရိုက်တာမျိုးဆို တော့ ဒီလိုမျိုးလေးတော့ ဝတ်ဖို့လို တယ်လို့ပြောတာကြောင့် ကိုယ့်ဘက် က အတတ်နိုင်ဆုံး ကာရိုက်တာနဲ့ လိုက်အောင် ဝတ်ဖြစ်တာ ဖြစ်ပါ တယ်။

မေး-ကိုယ်တိုင်ကရော အဝတ်အစားဆိုရင် ဘယ်လို မျိုးဝတ်ရတာကြိုက်လဲ။

ဖြေ-အမှန်တိုင်းပြောရ ရင်တော့ ကိုယ်က အဲဒီလိုမျိုး ဝတ် ရတာတွေ သိပ်မကြိုက်ပါဘူး။ အပြင်သွားရင်လည်း ဂျင်း အရှည်ဝတ်ဖြစ်တာ များတယ်။ မိန်းကလေး ဆန်ဆန် သိပ်မဝတ်ဖြစ် ပါဘူး။ ပွဲတွေရှိမှသာ ဝတ်ဖြစ်တာပါ။

မေး-လက်ရှိရော ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ-လက်ရှိကတော့ ခရီးထွက်ပြီးတော့ ဇာတ်ကား တစ်ကားရိုက်ဖို့ရှိပါတယ်။

မေး-ဦးကျော်သူရိုက်တဲ့ ''ဒဏ္ဍာရီပင်လယ်''ဇာတ် ကားမှာ ရေသူမကာရိုက်တာနဲ့ပါဝင်ခဲ့ရတယ် ဆိုတော့ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့လဲ။

ဖြေ-အတွေ့အကြုံကတော့ အများကြီးရ ပါတယ်။ ဒီကာရိုက်တာက ကိုယ်လည်းတစ်ခါ မှမလုပ်ဖူးပါဘူး။ ရေထဲမှာ ရိုက်ရတာ ဖြစ်တာ ကြောင့် ကိုယ့်အတွက်လည်း ခက်ခဲသလို ပါဝင်တဲ့ သရုပ်ဆောင်တွေအတွက်လည်း တော်တော်လေး ခက်ခက်ခဲခဲရိုက်ရတဲ့ ကာရိုက်တာမျိုး ဖြစ်ပါတယ်။ ရေတက်ရေကျကို ကြည့်ပြီးတော့မှ ရိုက်ရတာ ကြောင့် တစ်ခါတလေကိုယ်ရိုက်ချင်တဲ့အချိန်မှာ ရေတက်နေတာကြောင့် မရိုက်ရဘူး။ အဲ့ဒါကြောင့် ရေကျတဲ့အချိန်မှာ ရိုက်တော့လည်း ညလုံးပေါက် ရိုက်ရတာမျိုးလေးတွေလည်းရှိခဲ့ပါတယ်။ ရေသူမ ဝတ်စုံဝတ်လိုက်တော့ ခြေထောက်တွေက လှုပ် လို့ မရတော့ပါဘူး။ ကိုယ်ကိုပွေ့ပြီး ရေထဲချပေး ရတယ်။ ကျောက်ဆောင်တွေနဲ့ခြစ်မိတာ တိုက်မိ တာကြောင့် ဒဏ်ရာတွေလည်း ရပါတယ်။

မေး-ဒီဇာတ်ကားမှာ ရေသူမ ကာရိုက်တာကို တချို့ပရိသတ်တွေက နည်းနည်းဝေဖန်ကြတာကို ရော ဘယ်လိုပြောချင်လဲ။

ဖြေ-ဒါကတော့ ဇာတ်ကားထွက်လာရင်တော့ သိ ရမှာ။ ဇာတ်ကားကိုကြိုက်တဲ့သူတွေလည်း ရှိသ လို မကြိုက်တဲ့သူတွေလည်း ရှိမှာပါပဲ။ အဲ့ဒါကိုလည်း လက်ခံပါတယ်။ ဒါကတော့လည်း ပြောမှာ ပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက် ချင်း မတူဘူး။ ပြောပိုင်ခွင့်ရှိပါတယ်။ အိချောတို့ ကလည်း ပရိသတ်တွေ ထောက်ပြတဲ့အထဲမှ မှန် တာတွေဆိုရင်လည်း ပြုပြင်သွားမှာပါ။

No comments:

Post a Comment