Friday, June 7, 2019

အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခြင်းမှာ လက်နီကြီးကြောင့်ဟု တစည ပါတီပြောခွင့်ရသူပြောကြား

အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခြင်းမှာ လက်နီကြီး ကြောင့်ဟု တစညပါတီပြောခွင့်ရ ဒေါက်တာကျော်ဆွေက ပြောကြား လိုက်သည်။ ဇွန် ၅ ရက် နေပြည်တော်တွင် ကျင်းပသည့် လက်တလောဖြစ် ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းကအထက်ပါ အတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းသက်သာ သုံးကြိမ်ပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားရှိ ထောင်များတွင် ထောင်ဆူပူမှုများဖြစ်ပေါ်ခဲ့ ပြီး ယင်းဆူပူမှုများသည် လက်မည်း ကြီးကြောင့် မဟုတ်ကြောင်း ဒေါက်တာကျော်ဆွေက ဆိုသည်။



''လက်မည်းကြီးကြောင့် ထောင် ဆူတာမဟုတ်ပါဘူး။
လက်အနီကြီးကြောင့် ထောင်ဆူတာဖြစ်ပါ တယ်။ ကျွန်တော်တရားဝင်ပြောပါတယ်'' ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ပြောခွင့်ရ ဒေါက်တာကျော်ဆွေကပြောသည်။ ယင်းအပြင်ယင်းဖြစ်စဉ်များ နှင့်ပတ်သက်ပြီး အာဏာပိုင်အဖွဲ့ အစည်းပေါ်မှာသာလျှင် တာဝန် ရှိကြောင်း ၎င်းင်းကပြောသည်။ ''ထောင်ဆူအောင်လုပ်တာ သည် အာဏာပိုင်အဖွဲ့အစည်းပဲ။ အကျဉ်းသားအားလုံး လွတ်ချင် တယ်။ ကိုယ်နဲ့ ပုဒ်မတူ၊ ပြစ်ဒဏ် တူတူဆိုရင် အတူတူအခွင့်အရေး ရချင်တယ်'' ဟု ၎င်းင်းက သတိပေးသည်။

လွတ်ငြိမ်းသက်သာခွင့်သည် နိုင်ငံတော်သမ္မတ၏ ကြီးမြတ်သော ဂုဏ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အခွင့်အရေးပေးထားခြင်းဖြစ် ကြောင်း၊ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည့် တစ်ဦးချင်းစီကို နိုင်ငံတော်သမ္မတက မသိသည်ကို လက်ခံသော်လည်း အချိန်ပေး စိစစ်ရန် လိုအပ်ကြောင်း ၎င်းင်းက ပြောသည်။

အကျဉ်းထောင် ဆူပူမှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများက ထောက်ပြခြင်းသည် လွတ်သင့်သည့် သူလွတ်သွားခြင်းကို ဝမ်းသာ သော်လည်း၊ မလွတ်သင့်သည့်သူ များလည်းရှိနေသည့်အတွက် နောင်တစ်ချိန်တွင် သတိထားနိုင်ရန် သတိ ပေးခြင်းဖြစ်ကြောင်း ဒေါက်တာ ကျော်ဆွေက ပြောသည်။ ထောင်ဆူပူမှုများဖြစ်ပွားသည့် နောက်တွင် ထောင်ဖောက်မှုများ လည်းဖြစ်လာနိုင်သဖြင့် သတိပေး ခြင်းဖြစ်ကြောင်းလည်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment