Friday, June 7, 2019

ရခိုင် မြို့နယ်ငါးခုတွင် စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ရန် ပြည်နယ် အစိုးရစီစဉ်

ရခိုင်ပြည်နယ် ရှိ မြို့နယ်ငါးခုတွင် စစ်ဘေးရှောင် စခန်းများဆောက်လုပ်ရန် ပြည် နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။ အဆိုပါစခန်းများကို ဘူးသီး တောင်မြို့နယ်တွင် မြောင်းနားကျေး ရွာနှင့် အထက် ကျွဲချိုမော်ကျေး ရွာ၊ ရသေ့တောင်မြို့နယ်တွင် သောင်း ဒရားကျေးရွာနှင့် ရွာသစ်ကေကျေး ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထက် မြတ်လှဲကျေးရွာနှင့် သာစည်ကျေး ရွာ၊ မြောက်ဦးမြို့နယ်တွင် တိမ်ညို ကျေးရွာနှင့် ထမ္မာရာဇ်မြို့သစ်ရပ် ကွက်၊ မင်းပြားမြို့နယ်တွင် နဒင် ကျေးရွာတို့၌ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှသိရသည်။



''စခန်းမှာနေလိုတဲ့သူတွေ၊ အခုဆန္ဒပြုထားတဲ့အတိုင်း အဲဒီ လောက်တော့ အခုလုပ်ပေးမှာ ပေါ့နော်။ နောက်ထပ်ပြီးတော့ နေဖို့ဆန္ဒပြုလာရင်တော့ ဖူလုံမှု ရှိအောင်တော့ လုပ်ပေးသွားဖို့ရှိပါ တယ်''ဟု ရခိုင်ပြည်နယ်အစိုး ရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ အဆိုပါစခန်းများကို ယခုရက် ပိုင်းအတွင်း စတင်တည်ဆောက် သွားမည်ဖြစ်ပြီး စခန်းများအတွက် ကုန်ကျစရိတ်ကို ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်ထောင်စုအစိုးရတို့ မှ ကျခံသွားမည်ဖြစ်ကြောင်း သိရ သည်။

''သုံးစွဲမယ့်ပမာဏကတော့ လိုအပ်ချက်အပေါ်မှာ မူတည်မယ် ထင်တယ်။ အခုလောလောဆယ် တော့ ဘတ်ဂျက်က ပြည်နယ်က တစ်ဘီလီယံစိုက်ထုတ်မယ်။ လို အပ်တာရှိလို့ရှိရင် ပြည်ထောင်စု ကို ထပ်ပြီးတော့ တောင်းဆိုသွား မယ်ဆိုပြီးတော့ အဲလိုတော့ရှိတယ်'' ဟု ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ရာတွင် အလျားပေ ၁ဝဝ၊ အနံ ပေ ၂ဝ ရှိ တန်းလျား အဆောင်၊ အလျား ပေ ၁ဝဝ၊ အနံ ပေ ၃ဝ ရှိ အခန်းတွဲတန်းလျား ၂၃ လုံး၊ စုပေါင်းစားဖိုဆောင် သုံးလုံး၊ ကျန်းမာရေးဆေးပေးခန်း နှစ်ခန်း၊ နှစ်ခန်းတွဲအိမ်သာ ၈၄ လုံး၊ စီမံ ခန့်ခွဲမှုကော်မတီရုံး နှစ်ဆောင်၊ စခန်း လုံခြုံရေးတပ်ဖွဲ့ရုံး နှစ်ဆောင်နှင့် လုံခြုံရေးတပ်ဖွဲ့အိပ်ဆောင် နှစ် ဆောင်တို့ ပါဝင်မည်ဖြစ်သည်။

''ကျွန်မတို့ကတော့ ကယ်ဆယ် ရေးစခန်းမှာထက် ကိုယ့်ရပ်ကိုယ့် ရွာကိုပဲ အေးအေးချမ်းချမ်းပြန်ပြီး လုပ်ကိုင်စားသောက်ချင်ပါတယ်။ ကယ်ဆယ်ရေးစခန်းမှာက ကိုယ့် အိမ်ကိုယ့်ရာလို နေလို့ထိုင်လို့မ ကောင်းဘူးလေ''ဟု ကျောက်တော် မြို့နယ် ဝါးတောင်ကျေးရွာရှိ စစ် ဘေးရှောင်စခန်းမှ ဒေါ်မလှဦး က ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်များတွင် စစ် ဘေးရှောင်သူဦးရေ လေးသောင်း ကျော်ရှိနေပြီဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment