Friday, June 7, 2019

မိုးရွာသွန်းပြီးနောက် ပွင့်ဖြူမြို့နယ် ရိုးကုန်းကျေးရွာရှိ အိမ်ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဒေသခံများစိုးရိမ်

မုန်းချောင်းကမ်း ပါးနှင့်ပေ ၇ဝဝခန့်အကွာရှိ မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေ လှေကျေးရွာအုပ်စု ရိုးကုန်းကျေး ရွာ၌ဇွန် ၂ ရက်၊ ညနေပိုင်းကမိုး ရွာသွန်းပြီးနောက် ကျေးရွာရှိအိမ် ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။ ''ဇွန်၂ဝရက် ညနေ၅နာရီက နေည ၉ နာရီအထိ မိုးသည်းထန် စွာရွာသွန်းခဲ့တယ်။ မိုးရွာပြီးနောက် ပိုင်းမှာတော့ အိမ်ခြေ ၂ဝနီးပါးရဲ့ အိမ်ဝိုင်းတွေမှာမြေကြီးတွေကွဲ အက်ပြီး အက်ကြောင်းတွေဖြစ်ပေါ် လာတယ်''ဟု ရွှေလှေကျေးရွာအုပ် စု ကျေးရွာအုပ်ချုပ်ရေးရုံးမှစာရေး ဦးရာဇာကျော်က ပြောသည်။



အဆိုပါ အက်ကြောင်းများ ၏အကျယ်မှာ တစ်ပေမှတစ်ပေခွဲ နီးပါးခန့်ရှိပြီးအနက်မှာ ၁၅ပေနီး ပါး (ဝါးတစ်လုံးကိုထိုးကြည့်ရာ တွင် အောက်သို့မရောက်)ခန့်အ နက်ရှိကြောင်း ရိုးကုန်းကျေးရွာရွာ ခွဲတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျေး ရွာရှိ မိသားစုများမှာ စိုးရိမ်ပူပန် ကြောက်ရွံ့နေကြပြီး အဆိုပါအက် ကွဲမှုများကြောင့်နေထိုင်မှုအတွက် အန္တရာယ်ရှိမရှိနှင့် မည်သို့ဖြစ်ပေါ် လာရသည်ကို သိရှိလိုကြကာ သက် ဆိုင်ရာတာဝန်ရှိသူများမှ ဝိုင်းဝန်း စဉ်းစား ကူညီပေးစေလိုကြောင်း ရိုးကုန်းကျေးရွာသူရွာသားများက ပြောကြားသည်။

''မနေ့ကအထိအက်ကွဲကြောင်း တွေ ဆက်ဖြစ်နေတယ်။ မနေ့က အထိအိမ်ခြေ ၂ဝအက်ကြောင်း တွေဖြစ်နေတယ်။ ဒီနေ့ဆက်ဖြစ် မဖြစ်မသိရသေးဘူး။ မနေ့က တာ ဝန်ရှိသူတွေလာရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့တယ်။ ပွင့်ဖြူမြို့ နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ တွေကတော့ ဇွန် ၅ ရက် မွန်းလွဲ၂ နာရီက ရိုးကုန်းကျေးရွာပြည်သူနဲ့ တွေ့ဆုံအစည်းအဝေးလုပ်ပါတယ်'' ဟု ရပ်ကျေးစာရေး ဦးရာဇာကျော် က ပြောသည်။ အဆိုပါကျေးရွာ၌ ယခုဖြစ် ပေါ်ခဲ့သည့်အက်ကွဲကြောင်းများ မှာ ယခင်အခါကတစ်ကြိမ်တစ်ခါ မှ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိဘဲ ယခုနှစ် မှသာ စတင်ဖြစ်ပေါ်လာသည့်အ တွက် ဒေသခံများမှာ စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်နေကြောင်းသိရ သည်။

No comments:

Post a Comment