Friday, June 7, 2019

'ကိုယ်က ချစ်ပြီ ကြိုက်ပြီ ဆိုရင် ဘေးစကား ခေါင်းထဲ မထည့်ဘူး။ ကိုယ့်ကောင်လေး ဘက်မှာပဲ ရှိတယ်' ပက်ထရစ်ရှာ

မကြာမီ ရုံတင်ပြသတော့မည့် ''ကောင်းကင်တစ်ခုအလိုရှိ သည်''ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ပက်ထရစ်ရှာနှင့် တွေ့ဆုံမေးမြန်းခြင်း..။
မေး-''ကောင်းကင်တစ်ခုအလိုရှိသည်''ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ-ဒီဇာတ်ကားကို ရိုက်ထားတာ လွန်ခဲ့တဲ့သုံးနှစ်ကျော် လောက်ကပါ။ ရုံတင်တာက တော်တော်လေးကြာတော့ မတင် တော့ဘူးလို့တောင်ထင်ခဲ့တာလေ။ အတတ်နိုင်ဆုံးတော့ ဖက်ရှင်ကို ဘယ်ခေတ်မှာဖြစ်ဖြစ် မရိုးသွားအောင် ရိုးရိုးလေးပဲ ဝတ်ဆင်ထားပါတယ်။ ကြည့်လို့အဆင်ပြေအောင် ဝတ်ဆင် ထားပါတယ်။



မေး-ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးမြင် တွေ့ရမလဲ။

ဖြေ-ဒီဇာတ်ကားမှာ ညီမကာရိုက်တာက ချမ်းသာတဲ့အသိုင်းအဝိုင်းကကောင်မ လေးတစ်ယောက်တော့မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာနေတယ်။ ကိုယ်နဲ့ငယ် ငယ်ကတည်းက ပေါင်းလာတဲ့သူငယ် ချင်းနဲ့ချစ်သူတွေပြန်ဖြစ်ကြတယ်ပေါ့။ အဲဒီလိုပုံစံမျိုးပါ။ ကာရိုက်တာပုံစံလေး ကတော့ ဆတ်ဆတ်ထိမခံ ဂျစ်ကန်ကန် ကောင်မလေးပါ။

မေး-သရုပ်ဆောင်အောင်ရဲလင်းနဲ့တွဲဖက် သရုပ်ဆောင်ရတာရော ဘယ်လိုရှိလဲ။

ဖြေ-ကိုအောင်ရဲလင်းနဲ့တွဲဖက်အလုပ်လုပ် ရတာအဆင်ပြေပါတယ်။ ဖိအားပေးတာ မရှိပါဘူး။ ကိုယ့်ညီမတစ်ယောက်လို လိုအပ်တာတွေသင်ပေးပါတယ်။ပေါ့ပေါ့ပါးပါးရိုက်ကူးရတာပျော်ပါတယ်။

မေး-ဒီဇာတ်ကားက အချစ်ကားနော်။

ဖြေ-အချစ်ကားဆိုပေမယ့် အတွဲတစ်တွဲနဲ့တစ်တွဲပုံစံကမတူပါဘူး။နှစ်တွဲစလုံးမှာ စိတ်ညစ်စရာတွေရှိတယ်။ တစ်ဖက်က အတွဲက ကောင်မလေးက သူဌေးသမီးဆိုပေမယ့် မာန်မာနတွေရှိတယ်။ တစ်ခု ခုဆိုရင်စိတ်ဆိုးမယ်။ လွယ်လွယ်ဆုံးဖြတ်တတ်တယ်။ နှစ်တွဲစလုံးက တော့ ချစ်ကြတယ်ပေါ့။

မေး-ဒီဇာတ်ကားမှာချစ်သူကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက် ဆိုတော့ ကိုယ့်ရဲ့အပြင်က အချစ်ရေးအပိုင်းမှာကျတော့ရော ဘယ်လိုစိတ်ထားလဲ။

ဖြေ-တချို့တွေက ဦးနှောက်နဲ့ ဆုံးဖြတ်ကြပေမယ့် ညီမက နှလုံးသားနဲ့ ဆုံးဖြတ်ပါတယ်။ ကိုယ်က ချစ်ပြီကြိုက်ပြီဆိုရင် အဲဒီကောင် လေးက ပိုက်ဆံရှိရှိ၊ မရှိရှိပေါ့။ သိပ်ဂရုမစိုက်ဘူး။ သူများပြောတာ တွေ သိပ်ခေါင်းထဲမထည့် ဘူး။ ကိုယ် ဒီကောင်လေးကို ချစ်ပြီဆိုရင် နင့်ရည်းစားက ကပ်စေးနှဲကြီးနော်လာပြော။ ဒီကောင့်ကို မကြိုက်နဲ့ ပြောလည်းမရဘူး။ ကိုယ့်ခေါင်းထဲမဝင်ဘူး။ ဘေးစကား ခေါင်းထဲ မထည့်ဘူး။ ကိုယ့်ကောင်လေးဘက်မှာပဲရှိတယ်။

မေး-လက်ရှိ ထိုင်းဒါရိုက်တာနဲ့ရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောပြပါဦး။

ဖြေ-မဖဲဝါက သရဲကားပါ။ သရဲကားဆိုပေမယ့် ဟာသနဲ့ ကြောက် ဖို့ကောင်းတာကို ရောထားတာပါ။ ထိုင်းတွေနဲ့ ရိုက်ကူးရလို့လည်း အတွေ့အကြုံသစ်တွေလည်းရပါတယ်။ သရဲကားမို့ မဖဲဝါဆိုတဲ့ သရဲ နာမည်ပေးထားတာပါ။ ညီမဒီဇာတ်ကားမှာ သူဌေးသမီး လေယာဉ် မယ်လေးတစ်ယောက်ပါ။ ကိုယ့်ချစ်သူကတော့ ထိုင်းကပေါ့။

No comments:

Post a Comment