Friday, June 7, 2019

အီစတာ ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ သီရိလင်္ကာ မူဆလင်ဝန်ကြီးများ အစုလိုက်အပြုံလိုက် နုတ်ထွက်

သီရိလင်္ကာနိုင်ငံမှ မူဆလင်ဝန်ကြီးများသည် ဗုဒ္ဓဘာသာအများအပြားရှိသောနိုင်ငံတွင် အီစတာဆန်းဒေး ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကြောင့် ၎င်းင်းတို့၏ လူမှုအသိုက်အဝန်းအပေါ် အမုန်းစကား ဖြင့်တိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့်ရှိလာသည့်အတွက် ဇွန် ၃ ရက်တွင် အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြကြောင်းသိရသည်။



သမ္မတ မိုင်သရီပါလသီရိသေနကိုထောက်ခံသော ဗုဒ္ဓဘာသာဘုန်း တော်ကြီးနှင့် လွှတ်တော်အမတ်တစ်ဦးက ထိပ်တန်းမူဆလင်နိုင်ငံရေး သမားသုံးဦးကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီးနောက် အစိုးရဥပဒေ ပြုလွှတ်တော်အမတ်ကိုးဦးနှင့် အစိုး ရအဖွဲ့ထဲမှ မူဆလင်ဝန်ကြီးများမှာ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ် သည်ဟုဆိုသည်။

နိုင်ငံအလယ်ပိုင်းရှိ ဘုရားဖူးများအလာများသော ကန်ဒီမြို့တွင် လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပြီးနောက် ဘုန်းတော် ကြီး အသူရာလီယဲရာတာနာက ပြည်နယ်နှစ်ခုမှ အုပ်ချုပ်ရေးမှူး များနှင့် ကက်ဘိနက်အဖွဲ့ဝင်ဝန် ကြီးတစ်ဦးတို့ကို ဗုံးဖောက်ခွဲမှုများ ကိုလုပ်ဆောင်ခဲ့သည့် ဂျီဟဒ်ဝါဒီ များနှင့် ဆက်နွှယ်မှုရှိသည်ဟုဆိုကာ အလုပ်ထုတ်ပစ်ရန် တိုက် တွန်းခဲ့ခြင်းဖြစ်သည်။ မြို့တော် ကိုလံဘိုအရှေ့ဘက် ၁၁၅ ကီလိုမီ တာအကွာရှိ ယင်းမြို့တွင် ဈေးဆိုင် နှင့်ရုံးခန်းများကို ပိတ်ထားသော် လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး နှစ်ဦးမှာ ရာထူးမှဆင်းသွားပြီဖြစ် ကြောင်း သမ္မတရုံးကပြောဆိုခဲ့သည်။

ယင်းနောက် နာရီပိုင်းအတွင်း မူဆလင်အသိုင်းအဝိုင်း၊ အဓိကပါတီများနှင့် ဆက်စပ်နေသော ဥပဒေပြုလွှတ်တော် အမတ် ကိုးဦး တို့သည်လည်း ရာထူးမှ နုတ်ထွက်စာတင်ခဲ့ပြီး အီစတာတိုက်ခိုက်မှု အတွင်း လွတ်လပ်စွာစုံစမ်းစစ် ဆေးမှုတွင်ပါဝင်ရန် ၎င်းင်းတို့အတွက် နာမည်စာရင်းပေးထားမှုကို လက် လျှော့ခဲ့ကြသည်။ နုတ်ထွက်သွား သည့် ဥပဒေပြုအမတ်များထဲတွင် ဘုန်းကြီးရာတာနာက အလုပ်ထုတ်ပေးရန် တောင်းဆိုထားသည့် စီးပွားကူးသန်းဝန်ကြီး ရစ်ဟတ်လဘတ်သီဒန်ပါဝင်သည်။ သီရိလင်္ကာလူဦးရေ ၂၁ သန်း၏ ၁ဝ ရာခိုင်နှုန်းရှိသော မူဆလင်အသိုင်း အဝိုင်းသည် ဗုံးဖောက်ခွဲမှုများကို အစ္စလာမ္မစ်အစွန်းရောက်များက လုပ်ဆောင်ခဲ့ပြီးနောက် အကြမ်းဖက် မှု၊ အမုန်းစကားနှင့် အနိုင်ကျင့်စော်ကားမှုတို့၏ ဓားစာခံဖြစ်လာခဲ့ ကြောင်း မူဆလင်ခေါင်းဆောင်များ က ပြောကြားခဲ့သည်။

No comments:

Post a Comment